ဆြဲေဆာင္မႈရွိေစဖို႔ သိပံၸနည္းက် မဟာဗ်ဴဟာမ်ား

ဆြဲေဆာင္မႈရွိေစဖို႔ သိပံၸနည္းက် မဟာဗ်ဴဟာမ်ား

ဆွဲဆောင်မှုရှိစေဖို့ သိပ္ပံနည်းကျ မဟာဗျူဟာများ

သင့္အေနနဲ႔ မိန္းကေလးေတြကို ပိုၿပီးဆြဲေဆာင္ႏိုင္ဖို႔အတြက္ နာမည္ႀကီးရုပ္ရွင္မင္းသားတစ္ေယာက္နဲ႔ တူဖို႔မလိုပါဘူး။ အခုေဖာ္ျပမယ့္ မဟာဗ်ဴဟာ (၁၈)ခုကို အသံုးခ်ၾကည့္လိုက္ပါ။

၁။ အေပါင္းအသင္းေတြနဲ႔ သြားလာပါ။

ဘယ္ေနရာကိုပဲသြားသြား၊ ဘာကိုပဲလုပ္လုပ္ အေပါင္းအသင္းႏွစ္ေယာက္ေလာက္ေတာ့ ပါဖို႔လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူေတြဟာ အုပ္စုလိုက္ေနရင္ ပိုၿပီးဆြဲေဆာင္မႈရွိတယ္လို႔ ထင္ရတာေၾကာင့္ ျဖစ္ပါတယ္။ အဲဒီျဖစ္စဥ္ကို Cheerleader effect လို႔ေခၚၿပီး အဖြဲ႕နဲ႔သြားလာလႈပ္ရွားခ်ိန္မွာ ရိုက္တဲ့ ဓာတ္ပံုနဲ႔ တစ္ကိုယ္တည္းရိုက္တဲ့ ဓာတ္ပံုမွာေတာင္ အဖြဲ႕နဲ႔က ပိုၿပီးဆြဲေဆာင္မႈရွိတယ္လို႔ ဆိုပါတယ္။

၂။ ကေလးခ်စ္တတ္ပါေစ။

ကေလးေတြနဲ႔ လိုက္ေလ်ာညီေထြေနတတ္တဲ့ အမ်ိဳးသားေတြဟာ မေနတတ္တဲ့သူေတြထက္ အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရးေပးျခင္းကို သံုးဆပိုမိုရရွိႏိုင္တယ္လို႔ ေလ့လာမႈတစ္ခုက ဆိုပါတယ္။ အမ်ိဳးသမီးေတြဟာ ကေလးခ်စ္တတ္တဲ့ အမ်ိဳးသမီးေတြကို ပိုၿပီးဆြဲေဆာင္မႈရွိတယ္လို႔ ထင္တတ္ၾကၿပီး ကေလးကို ေခ်ာ့ျမဴတာ၊ စကားေျပာတာမ်ိဳးေတြလုပ္တတ္သူေတြကို အမွတ္ေတြေပးတတ္ၾကပါတယ္။

၃။ မုတ္ဆိတ္ရိတ္ဓားကို အနားေပးပါ။

အမ်ိဳးသမီးေတြဟာ ၁၀ ရက္ေလာက္ မုတ္ဆိတ္ေတြ၊ ပါးသိုင္းေမႊးေတြ မရိတ္ပဲထားတဲ့ အမ်ိဳးသားေတြကို အေျပာင္ရိတ္ထားသူ၊ မုတ္ဆိတ္ေမႊးထူတဲ့သူေတြထက္ ခန္႔ညားတယ္လို႔ ျမင္တတ္ၾကပါတယ္။ မုတ္ဆိတ္ေမႊး၊ ပါးသိုင္းေမႊး မတိုမရွည္နဲ႔သူေတြဟာ ပိုၿပီးေယာကၤ်ားဆန္တဲ့ပံုစံေပါက္ပါတယ္။ ဒါ့ေၾကာင့္ တစ္ခါတစ္ေလ သင့္ရဲ႕မုတ္ဆိတ္ရိတ္ဓားကို အနားေပးထားဖို႔လိုပါတယ္။

၄။ အမ်ားအက်ိဳးလုပ္ေဆာင္ပါ။

ကိုယ္က်ိဳးစြန္႔ၿပီး အမ်ားအက်ိဳးအတြက္ လုပ္ေဆာင္တတ္တဲ့အမ်ိဳးသားေတြ၊ ပရဟိတလုပ္ငန္းေတြလုပ္ဖို႔ တက္ၾကြေနသူမ်ိဳးေတြကို အမ်ိဳးသမီးေတြက ေရရွည္လက္တြဲဖို႔ စဥ္းစားတတ္ၾကပါတယ္။ ကိုယ္က်ိဳးမၾကည့္ တတ္တာဟာ အျခားလူေတြအတြက္ ေတြးေပးတတ္တဲ့သေဘာျဖစ္တာေၾကာင့္ ျဖစ္ပါတယ္။

၅။ ရယ္စရာဟာသေတြေျပာတတ္ပါေစ။

ဟာသဉာဏ္ရွိတာဟာ ဉာဏ္ေကာင္းျခင္း၊ ဖန္တီးႏိုင္မႈရွိျခင္း စတာေတြရဲ႕ သရုပ္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသမီးေတြဟာ အဓိပၸါယ္ရွိရွိ ဟာသေတြေျပာတတ္၊ လုပ္တတ္တဲ့လူမ်ိဳးေတြကို ပိုၿပီးသေဘာက်တတ္ ၾကပါတယ္။

၆။ အၾကမ္းပတမ္းခံႏိုင္ဖို႔လည္း လိုပါတယ္။

ေလ့လာမႈတစ္ခုအရ အမ်ိဳးသမီးေတြဟာ ေက်ာက္ေတာင္ေတြတက္တာ၊ ျမစ္ေတြကို ျဖတ္ကူးတာစတဲ့ ၾကမ္းၾကမ္းတမ္းတမ္းကိစၥေတြကို လုပ္ေဆာင္ႏိုင္တဲ့အမ်ိဳးသားေတြကို ဆြဲေဆာင္မႈရွိတယ္လို႔ ျမင္ၾကတယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ အၾကမ္းပတမ္းခံႏိုင္တာဟာလည္း အမ်ိဳးသမီးေတြကို ဆြဲေဆာင္ႏိုင္တဲ့ အေၾကာင္း အခ်က္တစ္ခုပဲျဖစ္ပါတယ္။

၇။ စကားလံုးအသံုးအႏႈန္းဆင္ျခင္ပါ။

စကားေျပာရာမွာပဲျဖစ္ျဖစ္၊ မက္ေဆ့ဂ်္ပို႔ရာမွာပဲျဖစ္ျဖစ္ ၀ါသနာနဲ႔ပတ္သက္တဲ့စကားလံုးေတြ၊ သာယာ နာေပ်ာ္ဖြယ္ စကားလံုးေတြကိုပဲ ေရြးခ်ယ္သံုႏႈန္းသင့္ပါတယ္။ စကားေျပာေကာင္းတဲ့ အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြရဲ႕ စိတ္အာ႐ုံကို ပိုၿပီးလႊမ္းမိုးႏိုင္စြမ္းရွိပါတယ္။

၈။ ညင္ညင္သာသာျပံဳးပါ။

ညင္ညင္သာသာျပံဳးတတ္သူေတြဟာ ပိုၿပီးယုံၾကည္စိတ္ခ်ရသူေတြ အျဖစ္အမ်ားကယုံၾကည္ၾကပါတယ္။ ဒါ့ေၾကာင့္ ျမန္ျမန္ဆန္ဆန္ျပံဳးျပလိုက္တာမ်ိဳးထက္ ညင္သာစြာျပံဳးျပတာက တဖက္လူရဲ႕စိတ္ႏွလံုကို တစ္ခါတည္း သိမ္းပိုက္လိုက္ႏိုင္မွာျဖစ္ပါတယ္။

၉ ။ ၾကံ႕ခိုင္က်စ္လစ္ေနပါေစ။

ခႏၶာကိုယ္အခ်ိဳးအစား က်စ္က်စ္လစ္လ်စ္နဲ႔ ၾကံ႕ခိုင္သန္စြမ္းတဲ့အမ်ိဳးသားေတြဟာ ပိန္သြယ္သြယ္အမ်ိဳးသား ေတြ၊ အရမ္းႀကီးမားတဲ့ခႏၶာကိုယ္ပိုင္ရွင္ေတြထက္ ပိုၿပီးႏွစ္လိုဖြယ္ရာျဖစ္တယ္လို႔ အမ်ိဳးသမီးေတြက ထင္ျမင္ ယူဆၾကပါတယ္။ ဒါ့ေၾကာင့္ ၾကြက္သားေတြနဲ႔ ဗလေတာင့္ေနဖို႔မလိုသလို ပိန္ေနလို႔လည္း မျဖစ္ပါဘူး။

၁၀။ မ်က္ႏွာေပၚက အနာရြတ္ကို ေဖာ္ျပထားပါ။

အမ်ိဳးသမီးေတြဟာ စင္းလံုးေခ်ာမ်က္ႏွာမ်ိဳးရွိတဲ့ အမ်ိဳးသားေတြထက္ မ်က္ႏွာမွာ အနာရြတ္တစ္ခုခုရွိတဲ့ အမ်ိဳးသားေတြက ပိုၿပီးေယာကၤ်ားပီသ ခန္႔ညားတယ္လို႔ ယူဆၾကပါတယ္။

၁၁။ ဒီေနရာေတြကို ထိပါ။

မိန္းကေလးတစ္ေယာက္နဲ႔ တြဲကဖို႔ပဲျဖစ္ျဖစ္၊ သူ႔ဆီက ဖုန္းနံပါတ္ေတာင္းတဲ့အခ်ိန္မွာပဲျဖစ္ျဖစ္ လက္ေမာင္းကို ကိုင္ၿပီးေျပာမယ္ဆိုရင္ သေဘာတူလိုက္ေလ်ာဖို႔အခြင့္အေရးပိုမ်ားပါတယ္။ ဒီလို ထိသင့္တဲ့ေနရာေတြကို ထိေတြ႕တာဟာ ပိုမိုရင္းႏီွးမႈရရွိေစမွာ ျဖစ္သလို စိတ္ထဲမွာလည္း စြဲထင္ေနမွာျဖစ္ပါတယ္။

၁၂။ Selfies ပံုေတြမသံုးပါနဲ႔။

သင့္ရဲ႕ Social Media ေတြမွာ Selfies ပံုေတြတင္မယ့္အစား သူငယ္ခ်င္းတစ္ေယာက္ေယာက္ကို အကူအညီေတာင္းၿပီး ရိုက္ခိုင္းထားတဲ့ ပံုေတြတင္သင့္ပါတယ္။ အျပင္႐ႈခင္းေတြနဲ႔ ႐ိုက္ထားတဲ့ အမ်ိဳးသားတစ္ေယာက္ရဲ႕ပံုက အမ်ိဳးသမီးေတြကို ဆြဲေဆာင္ႏိုင္ပါတယ္။

၁၃။ ဂစ္တာတစ္လက္ေလာက္ ေဆာင္ထားပါ။

အမ်ိဳးသမီးတစ္ေယာက္န႔ဲ စကားေျပာတဲ့အခါမွာ ဂစ္တာတစ္လက္ကိုင္ထားတဲ့အမ်ိဳးသားကို ပိုၿပီးအခြင့္အေရး ေတြ ေပးခ်င္ၾကတယ္လို႔ ေလ့လာမႈေတြက ဆိုပါတယ္။ ဂစ္တာကိုင္ထားတာဟာ ေတးဂီတကိုခ်စ္ျမတ္ႏိုးတဲ့ သရုပ္ျဖစ္ၿပီး အမ်ိဳးသမီးေတြလက္တြဲေဖာ္ေရြးခ်ယ္ရာမွာ ထည့္သြင္းစဥ္းစားေလ့ရွိတဲ့ အရည္အခ်င္းႏွစ္ခုျဖစ္တဲ့ ဉာဏ္ရည္နဲ႔ ဗီဇေကာင္းေၾကာင္း ေထာက္ခံေပးေနတာေၾကာင့္ ျဖစ္ပါတယ္။

၁၄။ ေလးနက္ပြင့္လင္းစြာ စကားဆိုပါ။

စကားေျပာတဲ့အခါမွာ ေလးေလးနက္နက္နဲ႔ ပြင့္ပြင့္လင္းလင္းရွိတဲ့ အမ်ိဳးသားေတြကို အမ်ိဳးသမီးေတြက ပိုၿပီး သေဘာက် တတ္ၾကပါတယ္။ ေပါ့ပ်က္ပ်က္စကားဆိုတတ္သူေတြကို ဉာဏ္နည္းၿပီး မယုံၾကည္ရသူေတြလို႔ ထင္တတ္ၾကပါတယ္။

၁၅။ ခန္႔ခန္႔ညားညား ထိုင္ပါ။

ေျခေထာက္ေတြအေနေတာ္ကားၿပီး လက္ေမာင္းေတြဖြင့္ၿပီး ထိုင္တတ္တဲ့အမ်ိဳးသားေတြကို ပိုၿပီးဆြဲေဆာင္မႈ ရွိတယ္လို႔ ထင္တတ္ၾကပါတယ္။ ခန္႔ညားစြာ ထုိင္တာဟာ လႊမ္းမိုးႏိုင္စြမ္းကို ျပသတာျဖစ္ၿပီး အေနက်ံဳ႕ၿပီး ခပ္႐ုိ႕ရို႕အေနအထိုင္မ်ိဳးကို အမ်ိဳးသမီးေတြက သိပ္သေဘာက် ေလ့မရွိပါဘူး။

၁၆။ ပန္းစည္းလက္ေဆာင္၀ယ္ေပးပါ။

ပန္းေတြအနားမွာ ရွိေနတဲ့အခါမွာ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြကို ပိုၿပီးညႈိ႕ငင္အားေကာင္းၿပီး ဆြဲေဆာင္မႈရွိတယ္လို႔ ထင္တတ္ၾကပါတယ္။ ပန္းအမ်ိဳးမ်ိဳးဟာ အမ်ိဳးသမီးေတြရဲ႕စိတ္ကို ႏူးညံ့ေစၿပီး စိတ္ခံစားခ်က္ေတြကို အရွိန္ျမွင့္ေပးႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။


ဆွဲဆောင်မှုရှိစေဖို့ သိပ္ပံနည်းကျ မဟာဗျူဟာများ

သင့်အနေနဲ့ မိန်းကလေးတွေကို ပိုပြီးဆွဲဆောင်နိုင်ဖို့အတွက် နာမည်ကြီးရုပ်ရှင်မင်းသားတစ်ယောက်နဲ့ တူဖို့မလိုပါဘူး။ အခုဖော်ပြမယ့် မဟာဗျူဟာ (၁၈)ခုကို အသုံးချကြည့်လိုက်ပါ။

၁။ အပေါင်းအသင်းတွေနဲ့ သွားလာပါ။

ဘယ်နေရာကိုပဲသွားသွား၊ ဘာကိုပဲလုပ်လုပ် အပေါင်းအသင်းနှစ်ယောက်လောက်တော့ ပါဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ အုပ်စုလိုက်နေရင် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ထင်ရတာကြောင့် ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကို Cheerleader effect လို့ခေါ်ပြီး အဖွဲ့နဲ့သွားလာလှုပ်ရှားချိန်မှာ ရိုက်တဲ့ ဓာတ်ပုံနဲ့ တစ်ကိုယ်တည်းရိုက်တဲ့ ဓာတ်ပုံမှာတောင် အဖွဲ့နဲ့က ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ဆိုပါတယ်။

၂။ ကလေးချစ်တတ်ပါစေ။

ကလေးတွေနဲ့ လိုက်လျောညီထွေနေတတ်တဲ့ အမျိုးသားတွေဟာ မနေတတ်တဲ့သူတွေထက် အမျိုးသမီးတွေရဲ့ အခွင့်အရေးပေးခြင်းကို သုံးဆပိုမိုရရှိနိုင်တယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ အမျိုးသမီးတွေဟာ ကလေးချစ်တတ်တဲ့ အမျိုးသမီးတွေကို ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ထင်တတ်ကြပြီး ကလေးကို ချော့မြူတာ၊ စကားပြောတာမျိုးတွေလုပ်တတ်သူတွေကို အမှတ်တွေပေးတတ်ကြပါတယ်။

၃။ မုတ်ဆိတ်ရိတ်ဓားကို အနားပေးပါ။

အမျိုးသမီးတွေဟာ ၁၀ ရက်လောက် မုတ်ဆိတ်တွေ၊ ပါးသိုင်းမွှေးတွေ မရိတ်ပဲထားတဲ့ အမျိုးသားတွေကို အပြောင်ရိတ်ထားသူ၊ မုတ်ဆိတ်မွှေးထူတဲ့သူတွေထက် ခန့်ညားတယ်လို့ မြင်တတ်ကြပါတယ်။ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေး မတိုမရှည်နဲ့သူတွေဟာ ပိုပြီးယောင်္ကျားဆန်တဲ့ပုံစံပေါက်ပါတယ်။ ဒါ့ကြောင့် တစ်ခါတစ်လေ သင့်ရဲ့မုတ်ဆိတ်ရိတ်ဓားကို အနားပေးထားဖို့လိုပါတယ်။

 

၄။ အများအကျိုးလုပ်ဆောင်ပါ။

ကိုယ်ကျိုးစွန့်ပြီး အများအကျိုးအတွက် လုပ်ဆောင်တတ်တဲ့အမျိုးသားတွေ၊ ပရဟိတလုပ်ငန်းတွေလုပ်ဖို့ တက်ကြွနေသူမျိုးတွေကို အမျိုးသမီးတွေက ရေရှည်လက်တွဲဖို့ စဉ်းစားတတ်ကြပါတယ်။ ကိုယ်ကျိုးမကြည့် တတ်တာဟာ အခြားလူတွေအတွက် တွေးပေးတတ်တဲ့သဘောဖြစ်တာကြောင့် ဖြစ်ပါတယ်။

၅။ ရယ်စရာဟာသတွေပြောတတ်ပါစေ။

ဟာသဉာဏ်ရှိတာဟာ ဉာဏ်ကောင်းခြင်း၊ ဖန်တီးနိုင်မှုရှိခြင်း စတာတွေရဲ့ သရုပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေဟာ အဓိပ္ပါယ်ရှိရှိ ဟာသတွေပြောတတ်၊ လုပ်တတ်တဲ့လူမျိုးတွေကို ပိုပြီးသဘောကျတတ် ကြပါတယ်။

၆။ အကြမ်းပတမ်းခံနိုင်ဖို့လည်း လိုပါတယ်။

လေ့လာမှုတစ်ခုအရ အမျိုးသမီးတွေဟာ ကျောက်တောင်တွေတက်တာ၊ မြစ်တွေကို ဖြတ်ကူးတာစတဲ့ ကြမ်းကြမ်းတမ်းတမ်းကိစ္စတွေကို လုပ်ဆောင်နိုင်တဲ့အမျိုးသားတွေကို ဆွဲဆောင်မှုရှိတယ်လို့ မြင်ကြတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် အကြမ်းပတမ်းခံနိုင်တာဟာလည်း အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တဲ့ အကြောင်း အချက်တစ်ခုပဲဖြစ်ပါတယ်။

၇။ စကားလုံးအသုံးအနှုန်းဆင်ခြင်ပါ။

စကားပြောရာမှာပဲဖြစ်ဖြစ်၊ မက်ဆေ့ဂ်ျပို့ရာမှာပဲဖြစ်ဖြစ် ဝါသနာနဲ့ပတ်သက်တဲ့စကားလုံးတွေ၊ သာယာ နာပျော်ဖွယ် စကားလုံးတွေကိုပဲ ရွေးချယ်သုံနှုန်းသင့်ပါတယ်။ စကားပြောကောင်းတဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ စိတ်အာရုံကို ပိုပြီးလွှမ်းမိုးနိုင်စွမ်းရှိပါတယ်။

၈။ ညင်ညင်သာသာပြုံးပါ။

ညင်ညင်သာသာပြုံးတတ်သူတွေဟာ ပိုပြီးယုံကြည်စိတ်ချရသူတွေ အဖြစ်အများကယုံကြည်ကြပါတယ်။ ဒါ့ကြောင့် မြန်မြန်ဆန်ဆန်ပြုံးပြလိုက်တာမျိုးထက် ညင်သာစွာပြုံးပြတာက တဖက်လူရဲ့စိတ်နှလုံကို တစ်ခါတည်း သိမ်းပိုက်လိုက်နိုင်မှာဖြစ်ပါတယ်။

၉ ။ ကြံ့ခိုင်ကျစ်လစ်နေပါစေ။

ခန္ဓာကိုယ်အချိုးအစား ကျစ်ကျစ်လစ်လျစ်နဲ့ ကြံ့ခိုင်သန်စွမ်းတဲ့အမျိုးသားတွေဟာ ပိန်သွယ်သွယ်အမျိုးသား တွေ၊ အရမ်းကြီးမားတဲ့ခန္ဓာကိုယ်ပိုင်ရှင်တွေထက် ပိုပြီးနှစ်လိုဖွယ်ရာဖြစ်တယ်လို့ အမျိုးသမီးတွေက ထင်မြင် ယူဆကြပါတယ်။ ဒါ့ကြောင့် ကြွက်သားတွေနဲ့ ဗလတောင့်နေဖို့မလိုသလို ပိန်နေလို့လည်း မဖြစ်ပါဘူး။

၁၀။ မျက်နှာပေါ်က အနာရွတ်ကို ဖော်ပြထားပါ။

အမျိုးသမီးတွေဟာ စင်းလုံးချောမျက်နှာမျိုးရှိတဲ့ အမျိုးသားတွေထက် မျက်နှာမှာ အနာရွတ်တစ်ခုခုရှိတဲ့ အမျိုးသားတွေက ပိုပြီးယောင်္ကျားပီသ ခန့်ညားတယ်လို့ ယူဆကြပါတယ်။

၁၁။ ဒီနေရာတွေကို ထိပါ။

မိန်းကလေးတစ်ယောက်နဲ့ တွဲကဖို့ပဲဖြစ်ဖြစ်၊ သူ့ဆီက ဖုန်းနံပါတ်တောင်းတဲ့အချိန်မှာပဲဖြစ်ဖြစ် လက်မောင်းကို ကိုင်ပြီးပြောမယ်ဆိုရင် သဘောတူလိုက်လျောဖို့အခွင့်အရေးပိုများပါတယ်။ ဒီလို ထိသင့်တဲ့နေရာတွေကို ထိတွေ့တာဟာ ပိုမိုရင်းနှီးမှုရရှိစေမှာ ဖြစ်သလို စိတ်ထဲမှာလည်း စွဲထင်နေမှာဖြစ်ပါတယ်။

၁၂။ Selfies ပုံတွေမသုံးပါနဲ့။

သင့်ရဲ့ Social Media တွေမှာ Selfies ပုံတွေတင်မယ့်အစား သူငယ်ချင်းတစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ရိုက်ခိုင်းထားတဲ့ ပုံတွေတင်သင့်ပါတယ်။ အပြင်ရှုခင်းတွေနဲ့ ရိုက်ထားတဲ့ အမျိုးသားတစ်ယောက်ရဲ့ပုံက အမျိုးသမီးတွေကို ဆွဲဆောင်နိုင်ပါတယ်။

၁၃။ ဂစ်တာတစ်လက်လောက် ဆောင်ထားပါ။

အမျိုးသမီးတစ်ယောက်နဲ့ စကားပြောတဲ့အခါမှာ ဂစ်တာတစ်လက်ကိုင်ထားတဲ့အမျိုးသားကို ပိုပြီးအခွင့်အရေး တွေ ပေးချင်ကြတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဂစ်တာကိုင်ထားတာဟာ တေးဂီတကိုချစ်မြတ်နိုးတဲ့ သရုပ်ဖြစ်ပြီး အမျိုးသမီးတွေလက်တွဲဖော်ရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားလေ့ရှိတဲ့ အရည်အချင်းနှစ်ခုဖြစ်တဲ့ ဉာဏ်ရည်နဲ့ ဗီဇကောင်းကြောင်း ထောက်ခံပေးနေတာကြောင့် ဖြစ်ပါတယ်။

၁၄။ လေးနက်ပွင့်လင်းစွာ စကားဆိုပါ။

စကားပြောတဲ့အခါမှာ လေးလေးနက်နက်နဲ့ ပွင့်ပွင့်လင်းလင်းရှိတဲ့ အမျိုးသားတွေကို အမျိုးသမီးတွေက ပိုပြီး သဘောကျ တတ်ကြပါတယ်။ ပေါ့ပျက်ပျက်စကားဆိုတတ်သူတွေကို ဉာဏ်နည်းပြီး မယုံကြည်ရသူတွေလို့ ထင်တတ်ကြပါတယ်။

၁၅။ ခန့်ခန့်ညားညား ထိုင်ပါ။

ခြေထောက်တွေအနေတော်ကားပြီး လက်မောင်းတွေဖွင့်ပြီး ထိုင်တတ်တဲ့အမျိုးသားတွေကို ပိုပြီးဆွဲဆောင်မှု ရှိတယ်လို့ ထင်တတ်ကြပါတယ်။ ခန့်ညားစွာ ထိုင်တာဟာ လွှမ်းမိုးနိုင်စွမ်းကို ပြသတာဖြစ်ပြီး အနေကျုံ့ပြီး ခပ်ရို့ရို့အနေအထိုင်မျိုးကို အမျိုးသမီးတွေက သိပ်သဘောကျ လေ့မရှိပါဘူး။

၁၆။ ပန်းစည်းလက်ဆောင်ဝယ်ပေးပါ။

ပန်းတွေအနားမှာ ရှိနေတဲ့အခါမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေကို ပိုပြီးညှို့ငင်အားကောင်းပြီး ဆွဲဆောင်မှုရှိတယ်လို့ ထင်တတ်ကြပါတယ်။ ပန်းအမျိုးမျိုးဟာ အမျိုးသမီးတွေရဲ့စိတ်ကို နူးညံ့စေပြီး စိတ်ခံစားချက်တွေကို အရှိန်မြှင့်ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

Related Posts

%%footer%%