လက္တကမ္းမွ ေအာင္ျမင္မႈ

လက္တကမ္းမွ ေအာင္ျမင္မႈ

လက်တကမ်းမှ အောင်မြင်မှု

က်႐ႈံးမႈျဖစ္စဥ္ေတာ္ေတာ္မ်ားမ်ားရဲ႕အဓိကအေၾကာင္းရင္တစ္ခုက ခဏတာအခက္အခဲကိုမေက်ာ္လႊားႏိုင္ပဲ အလြယ္တကူအ႐ႈံးေပးလိုက္တာပဲျဖစ္ပါတယ္။ ဒီလိုအမွားမ်ိဳးကို လူတိုင္းေလာက္နီးပါးက တစ္ေကြ႔မဟုတ္ တစ္ေကြ႕မွာ က်ဴးလြန္ခဲ့ဖူးပါတယ္။ R.U. Darby ရဲ႕ ဦးေလးတစ္ေယာက္ဟာ ေရႊတူးေရႊေၾကာရွာတဲ့ အလုပ္ကိုလုပ္ဖို႔ စိတ္အားထက္သန္စြာနဲ႔ လုပ္ေဆာင္ခဲ့ပါတယ္။ ခရီးလမ္းကခက္ခဲၾကမ္းတမ္းေပမယ့္ သူ႔ရဲ႕ ေရႊကို တပ္မက္တဲ့စိတ္ကို မဟန္႔တားႏိုင္ခဲ့ပါဘူး။

သီတင္းပတ္ေပါင္းမ်ားစြာ ပင္ပင္ပန္းပန္းရွာေဖြတူးေဖာ္ၿပီးတဲ့ေနာက္မွာ ေျပာင္ေျပာင္လက္လက္နဲ႔ ေရႊေၾကာတစ္ခုကို ေတြ႕ရွိခဲ့ပါတယ္။ ဒီေရႊေၾကာကေရႊေတြကို တူးထုတ္ဖို႔အတြက္ စက္ယႏၱရားေတြလိုအပ္ ပါတယ္။ ဒါ့ေၾကာင့္ သူဟာ သူ႔ရဲ႕ေရႊတြင္းကို အသာ၀ွက္ထားခဲ့ၿပီး ေမြးရပ္ေျမကိုျပန္လာကာ မိသားစုေဆြမ်ိဳး ေတြနဲ႔ အိမ္နီးခ်င္းမိတ္ေဆြေတြထံကေန ေငြေခ်းၿပီး စက္ယႏၱရားေတြ ၀ယ္ယူၿပီး ေရႊတြင္းရွိရာကို တင္ပို႔ခဲ့ပါတယ္။ သူ႔ဦးေလးနဲ႔ အတူ Darby လည္း ေရႊတြင္းဆီကို လုိက္ပါသြားခဲ့ပါတယ္။

ေပ်ာ္ရႊင္၀မ္းေျမာက္မႈမ်ားစြာနဲ႔ တူ၀၇ီးႏွစ္ေယာက္ ေရႊတြင္းရွိရာကို ေရာက္ရွိသြားခ်ိန္မွာေတာ့ ေရႊေၾကာႀကီးက ရွိမေနေတာ့ပါဘူး။ သူတို႔လည္း ဇြဲမေလွ်ာ့ပဲ အနီးတ၀ိုက္ဆက္လက္တူးေဖာ္ရွာေဖြခဲ့ေပမယ့္ ေရႊေၾကာကိုေတာ့ လံုး၀မေတြ႕ရေတာ့ပါဘူး။ ဒီလိုနဲ႔ သူတို႔ေတြ စိတ္ပ်က္လက္ပ်က္နဲ႔ လက္ေလွ်ာ့လိုက္ဖို႔ ဆံုးျဖတ္ၿပီး နယ္ခံတစ္ေယာက္ကို စက္ယႏၱရားေတြကို ေအာက္ေစ်းနဲ႔ ေရာင္းပစ္ခဲ့ၾကပါတယ္။ နယ္ခံက လူအတစ္ေယာက္ မဟုတ္ပါဘူး။ သတၱဳတြင္းအင္ဂ်င္နီယာတစ္ေယာက္ကို ေခၚၿပီး တြက္ခ်က္စစ္ေဆးမႈေတြ လုပ္ေဆာင္ေစခဲ့ ပါတယ္။ အင္ဂ်င္နီယာရဲ႕တြက္ခ်က္မႈေတြအရ မူလကေတြ႕ရွိခဲ့တဲ့ ေရႊေၾကာဟာ ေျမလႊာျပတ္ေရြ႕ေၾကာေၾကာင့္ ေနရာေရြးသြားတာျဖစ္ၿပီး Darby တို႔ တူ၀ရီးႏွစ္ေယာက္ ဆက္မတူးေတာ့ပဲ ရပ္လုိက္ၾကတဲ့ ေနရာကေန ()ေပ အကြာမွာ တည္ရွိေနေၾကာင္း အေျဖထြက္လာခဲ့ပါတယ္။

နယ္ခံပုဂိၢဳဟ္ကေတာ့ ေရႊတြင္းကေန ေဒၚလာသန္းေပါင္းမ်ားစြာရရွိသြားၿပီး အရင္ေတြ႕ခဲ့တဲ့ Darby တို႔ကေတာ့ စက္ယႏၱရားေတြ ၀ယ္ယူခဲ့တဲ့အေၾကြးေတြကို ႏွစ္အေတာ္ၾကာေအာင္ ေပးဆပ္လိုက္ၾကရပါတယ္။ ဒီကိစၥႀကံဳၿပီး တဲ့ေနာက္မွာ Darby ဟာ သူ႔အလုပ္မွာ ဘယ္လိုအခက္အခဲမ်ိဳးပဲျဖစ္ျဖစ္ ေနာက္မဆုတ္ဖို႔ဆံုးျဖတ္ခဲ့ပါတယ္။ သူဟာ အသက္အာမခံေရာင္းတဲ့အလုပ္ကို လုပ္ကိုင္ၿပီး လူေတြက မ၀ယ္ဘူးေျပာတဲ့အခါတိုင္း ေရႊေၾကာႀကီးတစ္ခုလံုးကို သံုးေပအကြာနဲ႔ လက္လႊတ္ခဲ့ရတယ္ဆိုတဲ့ မခံခ်င္စိတ္နဲ႔ ႀကိဳးစား လုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ Darby ဟာ ႏွစ္စဥ္ အသက္အာမခံ ေဒၚလာတစ္သန္းဖို႔ေရာင္းရတဲ့ လူအနည္းငယ္ထဲမွာ ပါ၀င္လာခဲ့ပါတယ္။ သူဟာ ေရႊေၾကာရွာေဖြစဥ္က အလြယ္တကူအေလွ်ာ့ေပးမိတဲ့ လုပ္ရပ္ကေနသင္ခန္းစာယူၿပီး ႀကိဳးစားခဲ့တဲ့အတြက္ ေအာင္ျမင္ခဲ့တာလည္းျဖစ္ပါတယ္။


လက်တကမ်းမှ အောင်မြင်မှု

ကျရှုံးမှုဖြစ်စဉ်တော်တော်များများရဲ့အဓိကအကြောင်းရင်တစ်ခုက ခဏတာအခက်အခဲကိုမကျော်လွှားနိုင်ပဲ အလွယ်တကူအရှုံးပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီလိုအမှားမျိုးကို လူတိုင်းလောက်နီးပါးက တစ်ကွေ့မဟုတ် တစ်ကွေ့မှာ ကျူးလွန်ခဲ့ဖူးပါတယ်။ R.U. Darby ရဲ့ ဦးလေးတစ်ယောက်ဟာ ရွှေတူးရွှေကြောရှာတဲ့ အလုပ်ကိုလုပ်ဖို့ စိတ်အားထက်သန်စွာနဲ့ လုပ်ဆောင်ခဲ့ပါတယ်။ ခရီးလမ်းကခက်ခဲကြမ်းတမ်းပေမယ့် သူ့ရဲ့ ရွှေကို တပ်မက်တဲ့စိတ်ကို မဟန့်တားနိုင်ခဲ့ပါဘူး။

သီတင်းပတ်ပေါင်းများစွာ ပင်ပင်ပန်းပန်းရှာဖွေတူးဖော်ပြီးတဲ့နောက်မှာ ပြောင်ပြောင်လက်လက်နဲ့ ရွှေကြောတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒီရွှေကြောကရွှေတွေကို တူးထုတ်ဖို့အတွက် စက်ယန္တရားတွေလိုအပ် ပါတယ်။ ဒါ့ကြောင့် သူဟာ သူ့ရဲ့ရွှေတွင်းကို အသာဝှက်ထားခဲ့ပြီး မွေးရပ်မြေကိုပြန်လာကာ မိသားစုဆွေမျိုး တွေနဲ့ အိမ်နီးချင်းမိတ်ဆွေတွေထံကနေ ငွေချေးပြီး စက်ယန္တရားတွေ ဝယ်ယူပြီး ရွှေတွင်းရှိရာကို တင်ပို့ခဲ့ပါတယ်။ သူ့ဦးလေးနဲ့ အတူ Darby လည်း ရွှေတွင်းဆီကို လိုက်ပါသွားခဲ့ပါတယ်။

ပျော်ရွှင်ဝမ်းမြောက်မှုများစွာနဲ့ တူ၀ရီးနှစ်ယောက် ရွှေတွင်းရှိရာကို ရောက်ရှိသွားချိန်မှာတော့ ရွှေကြောကြီးက ရှိမနေတော့ပါဘူး။ သူတို့လည်း ဇွဲမလျှော့ပဲ အနီးတဝိုက်ဆက်လက်တူးဖော်ရှာဖွေခဲ့ပေမယ့် ရွှေကြောကိုတော့ လုံးဝမတွေ့ရတော့ပါဘူး။ ဒီလိုနဲ့ သူတို့တွေ စိတ်ပျက်လက်ပျက်နဲ့ လက်လျှော့လိုက်ဖို့ ဆုံးဖြတ်ပြီး နယ်ခံတစ်ယောက်ကို စက်ယန္တရားတွေကို အောက်ဈေးနဲ့ ရောင်းပစ်ခဲ့ကြပါတယ်။ နယ်ခံက လူအတစ်ယောက် မဟုတ်ပါဘူး။ သတ္တုတွင်းအင်ဂျင်နီယာတစ်ယောက်ကို ခေါ်ပြီး တွက်ချက်စစ်ဆေးမှုတွေ လုပ်ဆောင်စေခဲ့ ပါတယ်။ အင်ဂျင်နီယာရဲ့တွက်ချက်မှုတွေအရ မူလကတွေ့ရှိခဲ့တဲ့ ရွှေကြောဟာ မြေလွှာပြတ်ရွေ့ကြောကြောင့် နေရာရွေးသွားတာဖြစ်ပြီး Darby တို့ တူဝရီးနှစ်ယောက် ဆက်မတူးတော့ပဲ ရပ်လိုက်ကြတဲ့ နေရာကနေ (၃)ပေ အကွာမှာ တည်ရှိနေကြောင်း အဖြေထွက်လာခဲ့ပါတယ်။

နယ်ခံပုဂ္ဂိုဟ်ကတော့ ရွှေတွင်းကနေ ဒေါ်လာသန်းပေါင်းများစွာရရှိသွားပြီး အရင်တွေ့ခဲ့တဲ့ Darby တို့ကတော့ စက်ယန္တရားတွေ ဝယ်ယူခဲ့တဲ့အကြွေးတွေကို နှစ်အတော်ကြာအောင် ပေးဆပ်လိုက်ကြရပါတယ်။ ဒီကိစ္စကြုံပြီး တဲ့နောက်မှာ Darby ဟာ သူ့အလုပ်မှာ ဘယ်လိုအခက်အခဲမျိုးပဲဖြစ်ဖြစ် နောက်မဆုတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ အသက်အာမခံရောင်းတဲ့အလုပ်ကို လုပ်ကိုင်ပြီး လူတွေက မဝယ်ဘူးပြောတဲ့အခါတိုင်း ရွှေကြောကြီးတစ်ခုလုံးကို သုံးပေအကွာနဲ့ လက်လွှတ်ခဲ့ရတယ်ဆိုတဲ့ မခံချင်စိတ်နဲ့ ကြိုးစား လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ကြောင့် Darby ဟာ နှစ်စဉ် အသက်အာမခံ ဒေါ်လာတစ်သန်းဖို့ရောင်းရတဲ့ လူအနည်းငယ်ထဲမှာ ပါဝင်လာခဲ့ပါတယ်။ သူဟာ ရွှေကြောရှာဖွေစဉ်က အလွယ်တကူအလျှော့ပေးမိတဲ့ လုပ်ရပ်ကနေသင်ခန်းစာယူပြီး ကြိုးစားခဲ့တဲ့အတွက် အောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။

Related Posts

%%footer%%