ထိပ္တန္းေအာင္ျမင္မႈရရွိဖို႔ အရည္အေသြး(၄)ခု

ထိပ္တန္းေအာင္ျမင္မႈရရွိဖို႔ အရည္အေသြး()ခု

ထိပ်တန်းအောင်မြင်မှုရရှိဖို့ အရည်အသွေး(၄)ခု

အျမင့္မားဆံုးဆိုတဲ့ ထိပ္တန္းေအာင္ျမင္မႈကို ရရွိဖို႔ဆိုရင္ ပင္ကိုယ္ပါရမီနဲ႔ အရည္အခ်င္းေတြျပည့္စံု႐ုံနဲ႔တင္ မလုံေလာက္ေတာ့ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ ေအာင္ျမင္သူအမ်ားစုမွာ ဒီအခ်က္ေတြက သာတူညီမွ်ျပည့္စံုေနတတ္တာေၾကာင္ျဖစ္ပါတယ္။ ထိပ္ဆံုးကိုေရာက္လာတာနဲ႔အမွ် ေအာင္ျမင္မႈဟာလည္း ကြဲျပားျခားနားလာပါတယ္။ သင့္ကိုယ္သင္ အျခားသူေတြနဲ႔ ထူးကဲျခားနားေနမွ ေအာင္ျမင္သူေတြထက္ ေအာင္ျမင္သူျဖစ္လာမွာျဖစ္ပါတယ္။ ဒီလိုျဖစ္လာဖို႔အတြက္ သင္ဘယ္လိုလူမ်ိဳးလဲ၊ လူေတြကို ဘယ္လိုဆက္ဆံသလဲ၊ သင္ရဲ႕ယုံၾကည္မႈ၊ စိတ္ေနသေဘာထား စတာေတြနဲ႔ ပတ္သက္လာပါတယ္။ ေျပာရမယ္ဆိုရင္ ထိပ္တန္းေအာင္ျမင္မႈဆိုတဲ့ အေျခအေနကိုေရာက္ရွိဖို႔ ကိုယ္စိတ္ကို အေကာင္းဆံုးနားလည္ဖို႔ လိုပါတယ္။

Click more info

 

၁။ သီးျခားျဖစ္တည္မႈ

သီးျခားျဖစ္တည္မႈဟာ အရည္အခ်င္းတူသူေတြၾကားထဲမွာ သင့္ကိုေပၚလြင္ထင္ရွားလာေစမယ့္ ကိုယ္ရည္ကိုယ္ေသြးတစ္ခုျဖစ္ပါတယ္။ အားလံုးထက္ေရွ႕ကိုေရာက္ဖို႔အတြက္ သင့္ရဲ႕စိတ္ကူးသစ္ေတြကို ထုတ္ေဖာ္ျပသဖို႔ စိုးရိမ္မေနပါနဲ႔။ ဘယ္သူမွာမွမရွိႏိုင္တဲ့ စိတ္အားထက္သန္မႈနဲ႔ စိတ္ဓာတ္ၾကံ႕ခိုင္မႈေတြ ရွိဖို႔ လိုပါတယ္။ သင့္ရဲ႕အတြင္းစိတ္ရည္ရြယ္ခ်က္ကို ယုံၾကည္မႈရွိၿပီး သူမတူတဲ့စိတ္ဓာတ္နဲ႔ အေတြးေတြ ရွိေနရမွာ ျဖစ္ပါတယ္။

သင့္ကိုသီးျခားျဖစ္တည္မႈကို ေဖာ္ျပဖို႔အတြက္ သင့္အလုပ္ကို သင္တာ၀န္ယူရဲဖို႔ လုိပါတယ္။ အခ်ိန္ကို အေကာင္းဆံုးအသံုးျပဳၿပီး ဘယ္ကိစၥမဆို စြဲစြဲျမဲျမဲလုပ္ေဆာင္တတ္ရာမွာပါ။ တစ္ခ်ိန္တည္းမွာပဲ ျဖစ္ေပၚလာတဲ့အေျခအေနေပၚကို မူတည္ၿပီး အလုိက္သင့္ေျပာင္းလဲႏိုင္ဖို႔လည္း ျပင္ဆင္ထားရမွာ ျဖစ္ပါတယ္။

အျခားဘယ္သူတစ္ဦးတစ္ေယာက္နဲ႔မွ တူညီဖို႔မႀကိဳးစားပဲ ကိုယ့္အရည္အခ်င္းနဲ႔ ကိုယ္ပိုင္ဟန္နဲ႔ လုပ္ေဆာင္ႏိုင္ေအာင္ ႀကိဳးစားပါ။ အျခားသူေတြရဲ႕ ေ၀ဖန္မႈေတြကိုလည္း ခံႏိုင္ရည္ရွိဖို႔လိုပါတယ္။ ေ၀ဖန္မႈေတြ ၾကံဳေတြ႕ရၿပီဆိုရင္ သင့္မွာ ဘယ္လိုမွမပ်က္ယြင္းႏိုင္တဲ့ ယုံၾကည္မႈရွိၿပီး မလိုစကားေျပာတာေတြအားလံုးကို မခံခ်င္စိတ္နဲ႔အေကာင္းဆံုးႀကိဳးစားျပတတ္ရမွာျဖစ္ပါတယ္။ တကယ္ေတာ့ ဒီလို ကဲ့ရဲ႕ျပစ္တင္စကား ေျပာသူေတြေၾကာင့္ ေအာင္ျမင္မႈကို မျဖစ္မေနရယူဖို႔ ခြန္အားေတြရရွိလာတတ္ပါတယ္။ ဒါ့ေၾကာင့္ သူတို႔ကို ေက်းဇူးေတာင္တင္ရဦးမွာျဖစ္ပါတယ္။ ဒီလိုႏွိမ္ခ်ကဲ့ရဲ႕စကားေတြသာမၾကားရရင္ ေအာင္ျမင္ခ်င္စိတ္က အားနည္းေနႏိုင္တာေၾကာင့္ပဲ ျဖစ္ပါတယ္။

Click more info

၂။ ရဲစြမ္းသတၱိ

သင့္မွာရဲစြမ္းသတိၱရွိမွသာ သင္ေရြးခ်ယ္တဲ့လမ္းကို အဆံုးထိေရာက္ေအာင္ ေလွ်ာက္လွမ္းႏိုင္မွာ ျဖစ္ပါတယ္။ ရဲစြမ္းသတိၱရွိသူတစ္ေယာက္အေနနဲ႔ ေယာက်ၤား၊မိန္းမကြဲျပားမႈေတြ၊ ရုပ္ရည္၊ အသားအေရာင္၊ လူမႈေရးေနာက္ခံ စတဲ့ဘယ္အရာကမဆို အတားအဆီးျဖစ္ေနမွာမဟုတ္ပါဘူး။ ကိုယ့္ယုံၾကည္ခ်က္နဲ႔ကိုယ္ အကန္႔အသတ္မဲ့ရွင္သန္ႏိုင္ၿပီဆိုရင္ အျခားသူေတြကိုလည္း သူတို႔ဘ၀အတြက္ ဘယ္လိုရွင္သန္ရမလဲဆိုတာကို လမ္းျပေပးႏိုင္မွာျဖစ္ပါတယ္။ သင့္မွာ ရဲစြမ္းသတိၱအျပည့္ရွိေနမယ္ဆိုရင္ တီထြင္ဖန္တီးဖို႔၊ အခြင့္အေရးမွန္သမွ်ကို ဖမ္းဆုပ္ရယူဖို႔ကို ေနာက္တြန္႔ေနမွာမဟုတ္ပါဘူး။ ဘယ္လို အခက္အခဲမ်ိဳးကိုပဲျဖစ္ျဖစ္ အခိုင္မာဆံုးေသာ ဆံုးျဖတ္ခ်က္ေတြ၊ ယုံၾကည္မႈေတြနဲ႔ ျဖတ္ေက်ာ္ႏိုင္မွာ ျဖစ္ပါတယ္။

ရဲစြမ္းသတိၱရွိသူေတြအေနနဲ႔ ဘယ္လိုစိန္ေခၚမႈမ်ိဳးကိုပဲျဖစ္ျဖစ္၊ ဘယ္လို ဆံုး႐ႈံးမႈမ်ိဳးကိုပဲျဖစ္ျဖစ္ အေကာင္းဆံုး ျပန္လည္ရင္ဆိုင္ေက်ာ္ျဖတ္သြားႏိုင္မွာျဖစ္သလို ႀကီးက်ယ္ေကာင္းျမတ္တဲ့ ေအာင္ျမင္မႈဆီကို ကိုယ္တိုင္ လမ္းေဖာက္ေလွ်ာက္လွမ္းသြားႏိုင္မွာျဖစ္ပါတယ္။

၃။ စိတ္ရွည္သည္းခံမႈ

စိတ္ရွည္သည္းခံမႈဆိုတာကေတာ့ သင္လုပ္သမွ်အရာအားလံုးက ဂႏၱ၀င္ေျမာက္မျဖစ္ႏိုင္ဘူးဆိုတာနဲ႔ သင့္စိတ္ကူးတိုင္းက အျမဲတမ္းအလုပ္မျဖစ္ႏိုင္ဘူးဆိုတာကို သိထားျခင္းပဲျဖစ္ပါတယ္။ ဘာကိုမဆို ႀကိဳးစားၾကည့္ခ်င္တဲ့စိတ္ျဖစ္ပါတယ္။ သင့္ရဲ႕စိတ္ကူးအေကာင္းဆံုးျဖစ္လာဖို႔အတြက္ ေအာင္ျမင္သည္အထိ ထပ္ကာထပ္ကာႀကိဳးစားေနႏိုင္ရမွာျဖစ္ပါတယ္။ ဘယ္အလုပ္ကိုမဆို ေအာက္ေျခကေန စတင္လိုစိတ္ရွိၿပီး တဆင့္ခ်င္းလုပ္ေဆာင္သြားတတ္တာမ်ိဳးကို စိတ္ရွည္သည္းခံတတ္တယ္လို႔ ဆိုႏိုင္ပါတယ္။ အေျခအေနေကာင္းကို ဘယ္လိုေစာင့္စားရမယ္ဆိုတာကို ေသခ်ာသိၿပီဆိုရင္ သင္ေအာင္ျမင္ဖို႔ ေသခ်ာေနပါၿပီ။ ဒါေပမယ့္ စိတ္ရွည္သည္းခံမႈဟာ ေကာင္းတာေတြျဖစ္လာဖို႔ ေမွ်ာ္လင့္ၿပီး အခ်ိန္ကုန္ခံေစာင့္ဆိုင္းေနတာမ်ိဳးကို ဆိုလိုတာေတာ့ မဟုတ္ပါဘူး။ အသိတရားနဲ႔ယွဥ္ၿပီး ႀကိဳးစားအားထုတ္ဖို႔နဲ႔ အေကာင္းဆံုးရလဒ္ေတြဟာ ခ်ိန္သားကိုက္ေရာက္ရွိလာမယ္ဆိုတာကို နားလည္လက္ခံထားဖို႔ပဲျဖစ္ပါတယ္။

၄။ ေကာင္းျမတ္မႈ

သင့္ရဲ႕ရည္ရြယ္ခ်က္နဲ႔ တီထြင္ဆန္းသစ္မႈေတြက လူသားပီသမႈဆီကို ဦးတည္ေနရမွာျဖစ္ပါတယ္။ လူသားေကာင္းတစ္ေယာက္ျဖစ္ဖို႔ သင့္ရဲ႕ႏွလံုးသားကို တည္ေဆာက္ႏိုင္ရမွာျဖစ္ပါတယ္။ ကမာၻႀကီးကို ပိုေကာင္းလာေစခ်င္တဲ့ စိတ္ဆႏၵ၊ ဦးတည္ခ်က္ေတြ ရွိေနရမွာပါ။ အမ်ားအက်ိဳးအတြက္ သင့္ရဲ႕အခ်ိန္နဲ႔ ေပးဆပ္မႈေတြကပဲ သင့္ကိုေကာင္းျမတ္မႈေတြ ေဆာင္က်ဥ္းေပးႏိုင္မွာျဖစ္ပါတယ္။

အမွန္တကယ္ ေအာင္ျမင္သူတိုင္းဟာ အျခားသူေတြအတြက္ စဥ္းစားေပးတတ္ၾကၿပီး သူတို႔ရဲ႕ကိုယ္ပိုင္ေအာင္ျမင္မႈဟာ အျခားသူေတြကို ကူညီမွ ရရွိမယ္ဆိုတာကို နားလည္ၾကပါတယ္။ ဒါေပမယ့္ လူတိုင္း မေကာင္းႏိုင္ၾကတာကို သိထားၿပီး အၾကင္နာတရားနဲ႔ဆက္ဆံႏိုင္စြမ္းရွိရမွာျဖစ္ပါတယ္။ ထိပ္တန္း ေအာင္ျမင္သူတစ္ေယာက္ျဖစ္ဖို႔အတြက္ လြတ္လပ္တဲ့စိတ္ကူးေတြကို ေတြးေခၚႏိုင္စြမ္းရဖို႔ လိုပါတယ္။ သင္နဲ႔ တကြ အျခားသူေတြအားလံုးကို ပိုၿပီးေကာင္းလာေအာင္၊ ပိုၿပီး ခြန္အားရွိလာေအာင္၊ ပိုၿပီး သတိၱရွိလာေအာင္၊ ပိုၿပီး ရက္ေရာၾကင္နာတတ္လာေအာင္ လုပ္ေပးႏိုင္တဲ့ စိတ္ကူးကို အ႐ူးအမူးျဖစ္ေနဖို႔ လိုပါတယ္။


ထိပ်တန်းအောင်မြင်မှုရရှိဖို့ အရည်အသွေး(၄)ခု

အမြင့်မားဆုံးဆိုတဲ့ ထိပ်တန်းအောင်မြင်မှုကို ရရှိဖို့ဆိုရင် ပင်ကိုယ်ပါရမီနဲ့ အရည်အချင်းတွေပြည့်စုံရုံနဲ့တင် မလုံလောက်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် အောင်မြင်သူအများစုမှာ ဒီအချက်တွေက သာတူညီမျှပြည့်စုံနေတတ်တာကြောင်ဖြစ်ပါတယ်။ ထိပ်ဆုံးကိုရောက်လာတာနဲ့အမျှ အောင်မြင်မှုဟာလည်း ကွဲပြားခြားနားလာပါတယ်။ သင့်ကိုယ်သင် အခြားသူတွေနဲ့ ထူးကဲခြားနားနေမှ အောင်မြင်သူတွေထက် အောင်မြင်သူဖြစ်လာမှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် သင်ဘယ်လိုလူမျိုးလဲ၊ လူတွေကို ဘယ်လိုဆက်ဆံသလဲ၊ သင်ရဲ့ယုံကြည်မှု၊ စိတ်နေသဘောထား စတာတွေနဲ့ ပတ်သက်လာပါတယ်။ ပြောရမယ်ဆိုရင် ထိပ်တန်းအောင်မြင်မှုဆိုတဲ့ အခြေအနေကိုရောက်ရှိဖို့ ကိုယ်စိတ်ကို အကောင်းဆုံးနားလည်ဖို့ လိုပါတယ်။

၁။ သီးခြားဖြစ်တည်မှု

သီးခြားဖြစ်တည်မှုဟာ အရည်အချင်းတူသူတွေကြားထဲမှာ သင့်ကိုပေါ်လွင်ထင်ရှားလာစေမယ့် ကိုယ်ရည်ကိုယ်သွေးတစ်ခုဖြစ်ပါတယ်။ အားလုံးထက်ရှေ့ကိုရောက်ဖို့အတွက် သင့်ရဲ့စိတ်ကူးသစ်တွေကို ထုတ်ဖော်ပြသဖို့ စိုးရိမ်မနေပါနဲ့။ ဘယ်သူမှာမှမရှိနိုင်တဲ့ စိတ်အားထက်သန်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ ရှိဖို့ လိုပါတယ်။ သင့်ရဲ့အတွင်းစိတ်ရည်ရွယ်ချက်ကို ယုံကြည်မှုရှိပြီး သူမတူတဲ့စိတ်ဓာတ်နဲ့ အတွေးတွေ ရှိနေရမှာ ဖြစ်ပါတယ်။

သင့်ကိုသီးခြားဖြစ်တည်မှုကို ဖော်ပြဖို့အတွက် သင့်အလုပ်ကို သင်တာဝန်ယူရဲဖို့ လိုပါတယ်။ အချိန်ကို အကောင်းဆုံးအသုံးပြုပြီး ဘယ်ကိစ္စမဆို စွဲစွဲမြဲမြဲလုပ်ဆောင်တတ်ရာမှာပါ။ တစ်ချိန်တည်းမှာပဲ ဖြစ်ပေါ်လာတဲ့အခြေအနေပေါ်ကို မူတည်ပြီး အလိုက်သင့်ပြောင်းလဲနိုင်ဖို့လည်း ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

အခြားဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ တူညီဖို့မကြိုးစားပဲ ကိုယ့်အရည်အချင်းနဲ့ ကိုယ်ပိုင်ဟန်နဲ့ လုပ်ဆောင်နိုင်အောင် ကြိုးစားပါ။ အခြားသူတွေရဲ့ ဝေဖန်မှုတွေကိုလည်း ခံနိုင်ရည်ရှိဖို့လိုပါတယ်။ ဝေဖန်မှုတွေ ကြုံတွေ့ရပြီဆိုရင် သင့်မှာ ဘယ်လိုမှမပျက်ယွင်းနိုင်တဲ့ ယုံကြည်မှုရှိပြီး မလိုစကားပြောတာတွေအားလုံးကို မခံချင်စိတ်နဲ့အကောင်းဆုံးကြိုးစားပြတတ်ရမှာဖြစ်ပါတယ်။ တကယ်တော့ ဒီလို ကဲ့ရဲ့ပြစ်တင်စကား ပြောသူတွေကြောင့် အောင်မြင်မှုကို မဖြစ်မနေရယူဖို့ ခွန်အားတွေရရှိလာတတ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို ကျေးဇူးတောင်တင်ရဦးမှာဖြစ်ပါတယ်။ ဒီလိုနှိမ်ချကဲ့ရဲ့စကားတွေသာမကြားရရင် အောင်မြင်ချင်စိတ်က အားနည်းနေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

၂။ ရဲစွမ်းသတ္တိ

သင့်မှာရဲစွမ်းသတ္တိရှိမှသာ သင်ရွေးချယ်တဲ့လမ်းကို အဆုံးထိရောက်အောင် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ရဲစွမ်းသတ္တိရှိသူတစ်ယောက်အနေနဲ့ ယောင်္ကျား၊မိန်းမကွဲပြားမှုတွေ၊ ရုပ်ရည်၊ အသားအရောင်၊ လူမှုရေးနောက်ခံ စတဲ့ဘယ်အရာကမဆို အတားအဆီးဖြစ်နေမှာမဟုတ်ပါဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် အကန့်အသတ်မဲ့ရှင်သန်နိုင်ပြီဆိုရင် အခြားသူတွေကိုလည်း သူတို့ဘဝအတွက် ဘယ်လိုရှင်သန်ရမလဲဆိုတာကို လမ်းပြပေးနိုင်မှာဖြစ်ပါတယ်။ သင့်မှာ ရဲစွမ်းသတ္တိအပြည့်ရှိနေမယ်ဆိုရင် တီထွင်ဖန်တီးဖို့၊ အခွင့်အရေးမှန်သမျှကို ဖမ်းဆုပ်ရယူဖို့ကို နောက်တွန့်နေမှာမဟုတ်ပါဘူး။ ဘယ်လို အခက်အခဲမျိုးကိုပဲဖြစ်ဖြစ် အခိုင်မာဆုံးသော ဆုံးဖြတ်ချက်တွေ၊ ယုံကြည်မှုတွေနဲ့ ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။

ရဲစွမ်းသတ္တိရှိသူတွေအနေနဲ့ ဘယ်လိုစိန်ခေါ်မှုမျိုးကိုပဲဖြစ်ဖြစ်၊ ဘယ်လို ဆုံးရှုံးမှုမျိုးကိုပဲဖြစ်ဖြစ် အကောင်းဆုံး ပြန်လည်ရင်ဆိုင်ကျော်ဖြတ်သွားနိုင်မှာဖြစ်သလို ကြီးကျယ်ကောင်းမြတ်တဲ့ အောင်မြင်မှုဆီကို ကိုယ်တိုင် လမ်းဖောက်လျှောက်လှမ်းသွားနိုင်မှာဖြစ်ပါတယ်။

၃။ စိတ်ရှည်သည်းခံမှု

စိတ်ရှည်သည်းခံမှုဆိုတာကတော့ သင်လုပ်သမျှအရာအားလုံးက ဂန္တဝင်မြောက်မဖြစ်နိုင်ဘူးဆိုတာနဲ့ သင့်စိတ်ကူးတိုင်းက အမြဲတမ်းအလုပ်မဖြစ်နိုင်ဘူးဆိုတာကို သိထားခြင်းပဲဖြစ်ပါတယ်။ ဘာကိုမဆို ကြိုးစားကြည့်ချင်တဲ့စိတ်ဖြစ်ပါတယ်။ သင့်ရဲ့စိတ်ကူးအကောင်းဆုံးဖြစ်လာဖို့အတွက် အောင်မြင်သည်အထိ ထပ်ကာထပ်ကာကြိုးစားနေနိုင်ရမှာဖြစ်ပါတယ်။ ဘယ်အလုပ်ကိုမဆို အောက်ခြေကနေ စတင်လိုစိတ်ရှိပြီး တဆင့်ချင်းလုပ်ဆောင်သွားတတ်တာမျိုးကို စိတ်ရှည်သည်းခံတတ်တယ်လို့ ဆိုနိုင်ပါတယ်။ အခြေအနေကောင်းကို ဘယ်လိုစောင့်စားရမယ်ဆိုတာကို သေချာသိပြီဆိုရင် သင်အောင်မြင်ဖို့ သေချာနေပါပြီ။ ဒါပေမယ့် စိတ်ရှည်သည်းခံမှုဟာ ကောင်းတာတွေဖြစ်လာဖို့ မျှော်လင့်ပြီး အချိန်ကုန်ခံစောင့်ဆိုင်းနေတာမျိုးကို ဆိုလိုတာတော့ မဟုတ်ပါဘူး။ အသိတရားနဲ့ယှဉ်ပြီး ကြိုးစားအားထုတ်ဖို့နဲ့ အကောင်းဆုံးရလဒ်တွေဟာ ချိန်သားကိုက်ရောက်ရှိလာမယ်ဆိုတာကို နားလည်လက်ခံထားဖို့ပဲဖြစ်ပါတယ်။

၄။ ကောင်းမြတ်မှု

သင့်ရဲ့ရည်ရွယ်ချက်နဲ့ တီထွင်ဆန်းသစ်မှုတွေက လူသားပီသမှုဆီကို ဦးတည်နေရမှာဖြစ်ပါတယ်။ လူသားကောင်းတစ်ယောက်ဖြစ်ဖို့ သင့်ရဲ့နှလုံးသားကို တည်ဆောက်နိုင်ရမှာဖြစ်ပါတယ်။ ကမ္ဘာကြီးကို ပိုကောင်းလာစေချင်တဲ့ စိတ်ဆန္ဒ၊ ဦးတည်ချက်တွေ ရှိနေရမှာပါ။ အများအကျိုးအတွက် သင့်ရဲ့အချိန်နဲ့ ပေးဆပ်မှုတွေကပဲ သင့်ကိုကောင်းမြတ်မှုတွေ ဆောင်ကျဉ်းပေးနိုင်မှာဖြစ်ပါတယ်။

အမှန်တကယ် အောင်မြင်သူတိုင်းဟာ အခြားသူတွေအတွက် စဉ်းစားပေးတတ်ကြပြီး သူတို့ရဲ့ကိုယ်ပိုင်အောင်မြင်မှုဟာ အခြားသူတွေကို ကူညီမှ ရရှိမယ်ဆိုတာကို နားလည်ကြပါတယ်။ ဒါပေမယ့် လူတိုင်း မကောင်းနိုင်ကြတာကို သိထားပြီး အကြင်နာတရားနဲ့ဆက်ဆံနိုင်စွမ်းရှိရမှာဖြစ်ပါတယ်။ ထိပ်တန်း အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် လွတ်လပ်တဲ့စိတ်ကူးတွေကို တွေးခေါ်နိုင်စွမ်းရဖို့ လိုပါတယ်။ သင်နဲ့ တကွ အခြားသူတွေအားလုံးကို ပိုပြီးကောင်းလာအောင်၊ ပိုပြီး ခွန်အားရှိလာအောင်၊ ပိုပြီး သတ္တိရှိလာအောင်၊ ပိုပြီး ရက်ရောကြင်နာတတ်လာအောင် လုပ်ပေးနိုင်တဲ့ စိတ်ကူးကို အရူးအမူးဖြစ်နေဖို့ လိုပါတယ်။

Related Posts

%%footer%%