တစ္ႀကိမ္မွာတစ္ခုသာ ၿပီးျပတ္ေအာင္လုပ္ေဆာင္ပါ

တစ္ႀကိမ္မွာတစ္ခုသာ ၿပီးျပတ္ေအာင္လုပ္ေဆာင္ပါ

တစ်ကြိမ်မှာတစ်ခုသာ ပြီးပြတ်အောင်လုပ်ဆောင်ပါ

အလုပ္ၿပီးေျမာက္မႈနဲ႔ပတ္သက္လာရင္ ကၽြန္ေတာ္တို႔အားလံုးမွာ တူညီတဲ့စိန္ေခၚမႈရွိတတ္ပါတယ္။ တစ္ရက္မွာ (၂၄)နာရီပဲရွိတယ္ဆိုတဲ့ အခ်က္ပဲျဖစ္ပါတယ္။ အေကာင္းဆံုးစိတ္ကူးေတြက အေကာင္အထည္ ေဖာ္ေဆာင္ရြက္ႏိုင္စြမ္း မရွိရင္ အလဟႆျဖစ္သြားတတ္တာေၾကာင့္ စီးပြားေရးလုပ္ေဆာင္ရာမွာ သင့္ရဲ႕အခ်ိန္ကို ဘယ္လိုထိထိေရာက္ေရာက္ အက်ိဳးရွိရွအသံုးခ်မလဲဆိုတာက အေရးႀကီးပါတယ္။

တစ္ခ်ိဳ႕လူေတြမွာ သူမ်ားေတြထက္ အခ်ိန္ေတြ ႏွစ္ဆေလာက္ပိုရွိေနတတ္သလို ေတြ႕ရတဲ့အတြက္ အလုပ္ၿပီးေျမာက္မႈရဲ႕လ်ိဳ႕၀ွက္ခ်က္မ်ားရွိမလားလို႔ အံ့ၾသမိပါတယ္။ ဒါေပမယ့္ တကယ္တမ္းက်ေတာ့ သင့္မွာရွိတဲ့ အခ်ိန္(၂၄)နာရီကို အေကာင္းဆံုးအသံုးခ်ႏိုင္ဖို႔ နည္းလမ္းေတြရွာေဖြတာကလြဲၿပီး အျခားနည္းလမ္းေကာင္းေတြ မရွိဘူးဆိုတာ ေသခ်ာပါတယ္။

ဒီေတာ့ အလုပ္ေတြကို အခ်ိန္ရွိတုန္းမွာ ၿပီးေျမာက္သြားဖို႔ အေကာင္းဆံုးနဲ႔ အလြယ္ဆံုးနည္းလမ္းတစ္ခုကို ေျပာျပခ်င္ပါတယ္။ ဒီနည္းလမ္းကေတာ့ ဘယ္အရာကိုမွာ ႏွစ္ခါျပန္မလုပ္ဖို႔ပါပဲ။

ဟုတ္ပါတယ္။ ဘယ္အရာကိုမွ ႏွစ္ခါျပန္လုပ္ဖို႔ မေတြးပါနဲ႔။ အလကားသက္သက္အခ်ိန္ျဖဳန္းတီးရာ ေရာက္ပါတယ္။ အီးေမးလ္တစ္ခုပဲျဖစ္ျဖစ္ ဖုန္းေခၚဖို႔ပဲျဖစ္ျဖစ္ စိတ္ကူးရတုန္းမွာ တစ္ခါတည္းလုပ္လိုက္ပါ။ ေနာက္မွလုပ္မယ္ဆိုၿပီး အခ်ိန္မဆိုင္းလိုက္ပါနဲ႔။ အာ႐ုံရတုန္း တစ္ခါတည္း လုပ္စရာရွိတာတစ္ခါတည္း လုပ္လိုက္ပါ။

ဒါကိုအေကာင္အထည္ေဖာ္ဖို႔အတြက္ လုပ္ေဆာင္ရမွာက လုပ္စရာရွိတာေတြထဲက မလုပ္ခ်င္ဆံုးအလုပ္၊ အခက္ဆံုးအလုပ္ကို အရင္ဆံုးလုပ္ဖို႔ပါပဲ။ မလုပ္ခ်င္တဲ့အလုပ္ကို ဒီအတိုင္းမလုပ္ပဲထားရင္ မၿပီးမွာစိုးရိမ္ေနရၿပီး အခ်ိန္ကုန္စိတ္ပင္ပန္းျဖစ္ေနပါလိမ့္မယ္။ အရင္ဆံုးၿပီးျပတ္ေအာင္ လုပ္လုိက္မယ္ဆိုရင္ေတာ့ ကိုယ့္ကိုယ္ကို ေက်နပ္ၿပီး ေနာက္အလုပ္ေတြကို စိတ္အားတက္ၾကြစြာ လုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။

ေနာက္ထပ္အေရးႀကီးတာက အေဆာတလွ်င္ၿပီးျပတ္ရမယ့္ ကိစၥေတြကို ကၽြမ္းကၽြမ္းက်င္က်င္ ကိုင္တြယ္ေျဖရွင္းတတ္ဖို႔ပါပဲ။ အေရးႀကီးကိစၥေတြ ၿပီးျပတ္ဖို႔လုပ္ေဆာင္ရာမွာ အခုခ်က္ခ်က္ၿပီးရမယ့္ ကိစၥအေသးအမႊားေလးေတြကို ကိုင္တြယ္တတ္ဖို႔ လိုပါတယ္။ ဒီကိစၥကို ေျဖရွင္းဖို႔က အေရးမႀကီးတဲ့ကိစၥ အေသးအမႊားေတြကို ဖ်က္ဖို႔ ဒါမွမဟုတ္ အျခားတစ္ေယာက္ကို လႊဲေပးလိုက္ဖို႔ပါပဲ။ တကယ့္ကိစၥႀကီးကို ၿပီးေျမာက္ေအာင္ျမင္ဖို႔အတြက္ အေရးမႀကီးတာေတြကို ဖ်က္သင့္တာဖ်က္၊ တာ၀န္လႊဲေပးသင့္တာကို လႊဲေပးတတ္ရမွာ ျဖစ္ပါတယ္။

အျငင္းစကားကို ပိုင္ပိုင္ႏိုင္ႏိုင္အသံုးခ်တတ္ဖို႔လည္း လိုပါတယ္။ ျငင္းရမယ့္အခ်ိန္မွာ အျပတ္သားဆံုး ျငင္းဆိုတတ္ရမွာ ျဖစ္ပါတယ္။ အားနာၿပီးျငင္းဆိုဖို႔ ခက္ခဲေနေလေလ၊ စိတ္ဖိစီးမႈပိုမ်ားၿပီး စိတ္က်ေ၀ဒနာခံစားရႏိုင္ေခ် မ်ားေလေလပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ျငင္းတတ္ေအာင္ သင္ယူပါ။ အသံုးခ်ပါ။ အလုပ္ၿပီးေျမာက္မႈကို အထိခိုက္မခံပါနဲ႔။

တခ်ိန္တည္းမွာ အလုပ္ေတြအမ်ားႀကီးလုပ္တာကိုလည္း ေရွာင္ရမွာျဖစ္ပါတယ္။ ဒီလိုလုပ္ေဆာင္တာဟာ အလုပ္ၿပီးေျမာက္မႈရဲ႕ ရန္သူျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာ အလုပ္တစ္ခုတည္းကို လုပ္တာက အလုပ္အမ်ားႀကီးကို လုပ္တာထက္ အလုပ္ၿပီးေျမာက္မႈႏႈန္းပိုမ်ားပါတယ္။ အလုပ္ႏွစ္ခုသံုးခုကို တၿပိဳင္နက္လုပ္ေနသူေတြဟာ အာ႐ုံစူးစိုက္ႏိုင္စြမ္းနည္းသြားတတ္တဲ့အတြက္ ျဖစ္ပါတယ္။

ကၽြန္ေတာ္တို႔ရဲ႕ ဦးေႏွာက္ကလည္း တစ္ႀကိမ္မွာ တစ္ခုတည္းကိုပဲ အာ႐ုံစိုက္ႏိုင္တာျဖစ္တဲ့အတြက္ အလုပ္ေတြ အမ်ားႀကီးကို တၿပိဳင္နက္လုပ္တာက ကၽြန္ေတာ္တို႔အလုပ္ရဲ႕ အက်ိဳးသက္ေရာက္မႈနဲ႔ လုပ္ငန္းစြမ္းေဆာင္ရည္ကို ေလ်ာ့နည္းသြားေစပါတယ္။ တစ္ႀကိမ္တည္းမွာ ႏွစ္ခုလုပ္ေဆာင္တဲ့အခါမွာ ဦးေႏွာက္က ႏွစ္ခုစလံုးကို ေအာင္ျမင္စြာ လုပ္ေဆာင္ႏုိင္စြမ္းမရွိေတာ့ပါဘူး။ ဒါ့ေၾကာင့္ ဘယ္အရာကိုကို ႏွစ္ခါ မလုပ္ပါနဲ႔ ဆိုတာက တစ္ႀကိမ္မွာ တစ္ခုပဲ လုပ္ပါလို႔လည္း အဓိပၸါယ္ရပါတယ္။


တစ်ကြိမ်မှာတစ်ခုသာ ပြီးပြတ်အောင်လုပ်ဆောင်ပါ

အလုပ်ပြီးမြောက်မှုနဲ့ပတ်သက်လာရင် ကျွန်တော်တို့အားလုံးမှာ တူညီတဲ့စိန်ခေါ်မှုရှိတတ်ပါတယ်။ တစ်ရက်မှာ (၂၄)နာရီပဲရှိတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အကောင်းဆုံးစိတ်ကူးတွေက အကောင်အထည် ဖော်ဆောင်ရွက်နိုင်စွမ်း မရှိရင် အလဟဿဖြစ်သွားတတ်တာကြောင့် စီးပွားရေးလုပ်ဆောင်ရာမှာ သင့်ရဲ့အချိန်ကို ဘယ်လိုထိထိရောက်ရောက် အကျိုးရှိရှအသုံးချမလဲဆိုတာက အရေးကြီးပါတယ်။

တစ်ချို့လူတွေမှာ သူများတွေထက် အချိန်တွေ နှစ်ဆလောက်ပိုရှိနေတတ်သလို တွေ့ရတဲ့အတွက် အလုပ်ပြီးမြောက်မှုရဲ့လျို့ဝှက်ချက်များရှိမလားလို့ အံ့ဩမိပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ သင့်မှာရှိတဲ့ အချိန်(၂၄)နာရီကို အကောင်းဆုံးအသုံးချနိုင်ဖို့ နည်းလမ်းတွေရှာဖွေတာကလွဲပြီး အခြားနည်းလမ်းကောင်းတွေ မရှိဘူးဆိုတာ သေချာပါတယ်။

ဒီတော့ အလုပ်တွေကို အချိန်ရှိတုန်းမှာ ပြီးမြောက်သွားဖို့ အကောင်းဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းတစ်ခုကို ပြောပြချင်ပါတယ်။ ဒီနည်းလမ်းကတော့ ဘယ်အရာကိုမှာ နှစ်ခါပြန်မလုပ်ဖို့ပါပဲ။

ဟုတ်ပါတယ်။ ဘယ်အရာကိုမှ နှစ်ခါပြန်လုပ်ဖို့ မတွေးပါနဲ့။ အလကားသက်သက်အချိန်ဖြုန်းတီးရာ ရောက်ပါတယ်။ အီးမေးလ်တစ်ခုပဲဖြစ်ဖြစ် ဖုန်းခေါ်ဖို့ပဲဖြစ်ဖြစ် စိတ်ကူးရတုန်းမှာ တစ်ခါတည်းလုပ်လိုက်ပါ။ နောက်မှလုပ်မယ်ဆိုပြီး အချိန်မဆိုင်းလိုက်ပါနဲ့။ အာရုံရတုန်း တစ်ခါတည်း လုပ်စရာရှိတာတစ်ခါတည်း လုပ်လိုက်ပါ။

ဒါကိုအကောင်အထည်ဖော်ဖို့အတွက် လုပ်ဆောင်ရမှာက လုပ်စရာရှိတာတွေထဲက မလုပ်ချင်ဆုံးအလုပ်၊ အခက်ဆုံးအလုပ်ကို အရင်ဆုံးလုပ်ဖို့ပါပဲ။ မလုပ်ချင်တဲ့အလုပ်ကို ဒီအတိုင်းမလုပ်ပဲထားရင် မပြီးမှာစိုးရိမ်နေရပြီး အချိန်ကုန်စိတ်ပင်ပန်းဖြစ်နေပါလိမ့်မယ်။ အရင်ဆုံးပြီးပြတ်အောင် လုပ်လိုက်မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ကျေနပ်ပြီး နောက်အလုပ်တွေကို စိတ်အားတက်ကြွစွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

နောက်ထပ်အရေးကြီးတာက အဆောတလျှင်ပြီးပြတ်ရမယ့် ကိစ္စတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ဖြေရှင်းတတ်ဖို့ပါပဲ။ အရေးကြီးကိစ္စတွေ ပြီးပြတ်ဖို့လုပ်ဆောင်ရာမှာ အခုချက်ချက်ပြီးရမယ့် ကိစ္စအသေးအမွှားလေးတွေကို ကိုင်တွယ်တတ်ဖို့ လိုပါတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့က အရေးမကြီးတဲ့ကိစ္စ အသေးအမွှားတွေကို ဖျက်ဖို့ ဒါမှမဟုတ် အခြားတစ်ယောက်ကို လွှဲပေးလိုက်ဖို့ပါပဲ။ တကယ့်ကိစ္စကြီးကို ပြီးမြောက်အောင်မြင်ဖို့အတွက် အရေးမကြီးတာတွေကို ဖျက်သင့်တာဖျက်၊ တာဝန်လွှဲပေးသင့်တာကို လွှဲပေးတတ်ရမှာ ဖြစ်ပါတယ်။

အငြင်းစကားကို ပိုင်ပိုင်နိုင်နိုင်အသုံးချတတ်ဖို့လည်း လိုပါတယ်။ ငြင်းရမယ့်အချိန်မှာ အပြတ်သားဆုံး ငြင်းဆိုတတ်ရမှာ ဖြစ်ပါတယ်။ အားနာပြီးငြင်းဆိုဖို့ ခက်ခဲနေလေလေ၊ စိတ်ဖိစီးမှုပိုများပြီး စိတ်ကျဝေဒနာခံစားရနိုင်ချေ များလေလေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ငြင်းတတ်အောင် သင်ယူပါ။ အသုံးချပါ။ အလုပ်ပြီးမြောက်မှုကို အထိခိုက်မခံပါနဲ့။

တချိန်တည်းမှာ အလုပ်တွေအများကြီးလုပ်တာကိုလည်း ရှောင်ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ အလုပ်ပြီးမြောက်မှုရဲ့ ရန်သူဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အလုပ်တစ်ခုတည်းကို လုပ်တာက အလုပ်အများကြီးကို လုပ်တာထက် အလုပ်ပြီးမြောက်မှုနှုန်းပိုများပါတယ်။ အလုပ်နှစ်ခုသုံးခုကို တပြိုင်နက်လုပ်နေသူတွေဟာ အာရုံစူးစိုက်နိုင်စွမ်းနည်းသွားတတ်တဲ့အတွက် ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ဦးနှောက်ကလည်း တစ်ကြိမ်မှာ တစ်ခုတည်းကိုပဲ အာရုံစိုက်နိုင်တာဖြစ်တဲ့အတွက် အလုပ်တွေ အများကြီးကို တပြိုင်နက်လုပ်တာက ကျွန်တော်တို့အလုပ်ရဲ့ အကျိုးသက်ရောက်မှုနဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို လျော့နည်းသွားစေပါတယ်။ တစ်ကြိမ်တည်းမှာ နှစ်ခုလုပ်ဆောင်တဲ့အခါမှာ ဦးနှောက်က နှစ်ခုစလုံးကို အောင်မြင်စွာ လုပ်ဆောင်နိုင်စွမ်းမရှိတော့ပါဘူး။ ဒါ့ကြောင့် ဘယ်အရာကိုကို နှစ်ခါ မလုပ်ပါနဲ့ ဆိုတာက တစ်ကြိမ်မှာ တစ်ခုပဲ လုပ်ပါလို့လည်း အဓိပ္ပါယ်ရပါတယ်။

Related Posts

%%footer%%