အရမ်းမုန်းရသည့် ချစ်သူထံသို့ အိတ်ဖွင့်ပေးစာ
အရမ္းနာက်ည္းရေသာ ခ်စ္သူထံသို႔ အိတ္ဖြင့္ေပးစာ
သိုု႕/
အရမ္းမုုန္းရပါေသာ ခ်စ္သူ
မင္းအေနနဲ႔ တစ္စံုတစ္ေယာက္ကို တစ္ခ်ိန္တည္းမွာ ခ်စ္လည္းခ်စ္ မုန္းလည္းမုန္းရတဲ့ ခံစားခ်က္ကို မခံစားဖူးရင္ အခ်စ္စစ္ကို မေတြ႕ဖူးေသးပါဘူး။
ဟုတ္တယ္။ ခ်စ္တယ္လို႔ ဆိုရာမွာ ခံစားခ်က္ေတြထက္ အမ်ားႀကီးပိုတာေတြ ရွိေသးတယ္။ အခ်စ္ေၾကာင့္ ျဖစ္တည္လာတဲ့ ခံစားခ်က္ေတြေၾကာင့္ စြဲလမ္းမႈေတြ ျဖစ္လာခဲ့ရတာ။ လူေတြနဲ႔ ပတ္သက္ၿပီး ငါတို႔ရဲ႕ခံစားမႈေတြေၾကာင့္ ငါ ဆိုတဲ့အတၱေတြျဖစ္လာခဲ့တာ။
ဒီကိစၥက ကမာၻမွာ အႀကိမ္ေပါင္းမေရမတြက္ႏိုင္ေအာင္ ျဖစ္ပ်က္ေနခဲ့တာပဲ။ ဒါေပမယ့္ အေၾကာင္းအရာေတြေတာ့ နည္းနည္းကြဲလိမ့္မယ္။ တစ္ခါတစ္ေလမွာ ဒီစိတ္ခံစားခ်က္ေတြက ဆက္ဆံေရးအစပိုင္းမွာကတည္းက ပဋိပကၡျဖစ္လာတတ္တယ္။ တစ္ခါတစ္ေလက်ေတာ့ အခ်ိန္ၾကာၾကာ လက္တြဲလာၿပီးမွ နာက်ည္းမႈေတြအျဖစ္ ခံစားရတတ္တယ္။
မင္း ငါ့ကို စကားမေျပာတဲ့အခါ ငါ အရမ္းမုန္းတယ္။ ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ တစ္ေယာက္ေယာက္ကို တစ္ခ်ိန္တည္းမွာ အရမ္းလည္းခ်စ္၊ အရမ္းလည္းမုန္းရတယ္ဆိုရင္ မင္း လဲေသလိုက္ဖို႔ပဲ ေကာင္းေနၿပီ။ ငါ အခု မင္းနဲ႔ပတ္သက္ၿပီး ခံစားေနရတာကလည္း ဒီလိုပဲ။
မင္း ငါ့အေပၚမွာ ေအးစက္ေနႏိုင္ေပမယ့္ မင္းကို ငါစြဲလမ္းေနတာကို အရမ္းမုန္းတယ္။
မင္း ေအးတိေအးစက္ ဆက္ဆံတာကို မုန္းမိေပမယ့္ ငါ့အေပၚကို ေႏြးေထြးတဲ့အခိုက္အတန္႔ေလးေတြ၊ မင္းစိတ္ထဲက အရွိအတိုင္းဆက္ဆံတဲ့အခ်ိန္ေလးေတြတိုင္းမွာ ငါ့ဘ၀မွာ အေပ်ာ္ဆံုးဆိုတဲ့အခ်ိန္ေတြထက္ ပိုေပ်ာ္ရႊင္ရတယ္။ တကယ္ပါ မင္းရဲ႕အျပံဳးေတြေၾကာင့္ ငါ သက္၀င္လႈပ္ရွားခဲ့ရသူပါ။
မင္း ငါ့ကို စကားမေျပာရင္လည္း ငါ မုန္းတယ္။ မင္း ေျပာေတာ့ေျပာပါတယ္။ ဒါေပမယ့္ အေပၚယံသက္သက္ပဲေလ။ ငါတစ္ေယာက္တည္း မင္းကိုယ္တိုင္မဟုတ္တဲ့ မင္းရဲ႕အရိပ္နဲ႔စကားေျပာေနသလို ခံစားရတယ္။ ငါက မင္းနဲ႔ပတ္သက္ၿပီး အေလးနက္ဆံုးသိရွိနားလည္ခ်င္တာပါ။ မင္း ငါ့ကို နားလည္ခြင့္မေပးတဲ့အတြက္ ငါ မုန္းတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ငါ သိထားတယ္ေလ။ ရင္ဘတ္ရဲ႕ အနက္႐ႈိင္းဆံုးတေနရာမွာ အခ်စ္ရွိတယ္၊ ႀကီးမားသိမ္ေမြ႕တဲ့ ႏွလံုးသားတစ္ခုနဲ႔ အရမ္းလွပတဲ့ အသက္၀ိဉာဥ္တစ္ခုရွိတယ္ဆိုတာ ငါ သိထားတယ္။
မင္းအတြက္ ကိုယ္ပိုင္ေနရာလိုအပ္တယ္ဆိုတာကို ငါ သိပါတယ္။ လူတိုင္းလည္း လိုတာပဲေလ။ ဒါေပမယ့္ ငါတို႔ ႏွစ္ေယာက္လက္ေတြ ေရရွည္ခိုင္ျမဲေနဖို႔အတြက္ တစ္ခုတည္းေသာနည္းလမ္းက ငါတို႔ႏွစ္ဦး တကယ္အတူရွိေနဖို႔ပဲ မဟုတ္ဘူးလား။
ငါတို႔ႏွစ္ေယာက္ကို တစ္သားတည္းျဖစ္သြားခ်င္တာ ငါ့ရဲ႕ ဆႏၵပါ။ တြဲဖက္တစ္ခု၊ ယူနစ္တစ္ခုနဲ႔ အခ်စ္တစ္ခုကို လုိခ်င္ခဲ့တာပါ။ ဒီအခ်က္က မင္းအတြက္ စိတ္႐ႈပ္စရာျဖစ္သြားလား၊ မင္းအဆင္သင့္မျဖစ္ေသးတာလားဆိုတာကိုေတာ့ ငါေသခ်ာမသိဘူး။ ဒါေပမယ့္ ငါ့ ဆႏၵကို မင္းသိေစခ်င္ပါတယ္။
ငါတို႔ႏွစ္ေယာက္ တစ္ေန႔မွာ ျဖစ္ခ်င္တာေတြျဖစ္ရမယ္ဆိုတာ ငါ့စိတ္ထဲမွာ သံသယလံုး၀မရွိခဲ့ဘူး။ ဒီလိုေန႔မ်ိဳးလည္း မၾကာခင္မွာေရာက္လာမယ္လို႔ ငါ ဆုေတာင္းခဲ့ဖူးတယ္။ မင္းကို ပြင့္လင္းေစခ်င္သေလာက္ မင္း ငါ့ကို မယုံၾကည္ႏိုင္တာကိုလည္း ငါ မုန္းတယ္။ ငါ က ယုံၾကည္ထုိက္သူတစ္ေယာက္ပါ။ ဒါေပမယ့္ မင္ကေတာ့ ယုံၾကည္ပံုမရပါဘူး။
ဒါေပမယ့္ မင္းကို အျပစ္မတင္ရက္ပါဘူး။ လြဲမွားတဲ့ဆက္ဆံေရးေတြ၊ နာက်ဥ္ေၾကကြဲရမႈေတြနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြရဲ႕ လစ္လ်ဴ႐ႈခံရတာေတြကို ၾကံဳေတြ႕ခဲ့ရတဲ့ မင္းအတြက္ ခက္ခဲမယ္ဆိုတာ ငါ သိပါတယ္။ ဒါေပမယ့္ ငါ ေရြးခ်ယ္ခဲ့တဲ့လမ္းက မင္းကို ခ်စ္ေနဖုိ႔ပဲေလ။ ဒီေတာ့ မင္းကို ငါ ဘယ္ေတာ့မွ ထားရစ္ခဲ့မွာ မဟုတ္ပါဘူး။
ငါ့ အေပၚကို မင္း ဂ႐ုမစိုက္တတ္တာကို ငါ မုန္းတယ္။ ဒါေပမယ့္ တစ္ေန႔ေန႔မွာ ငါ ျဖစ္ေစခ်င္သလို မင္း ဂ႐ုစိုက္ေပးမယ္လို႔ ယုံၾကည္တယ္။ မင္းကို ငါ ၾကည့္ေနတဲ့အခ်ိန္တိုင္းမွာ ငါ့အေပၚဂ႐ုမစိုက္မႈက ေပၚလြင္ေနတဲ့အတြက္ အရမ္းနာက်ဥ္ရတယ္။ ဘယ္တုန္းကမွ မခံစားခဲ့ရဖူးတဲ့ နာက်ဥ္မႈမ်ိဳးေပါ့။ မင္း ငါ့ကို မခ်စ္ႏိုင္ဘူးဆိုတာ ငါ နားလည္ပါတယ္။
ဒါေပမယ့္ တစ္ေန႔မွာ မင္းခ်စ္လာႏိုင္မွာပါ။ ေလာကအစဥ္အလာအတိုင္းေပါ့။ ခ်စ္ျခင္းေမတၱာရွိသူဟာ အဆံုးသတ္မွာ ေအာင္ႏိုင္ရလိမ့္မယ္။ ဒီလိုပဲ။ မင္းလည္း ေနာက္ဆံုးတစ္ေန႔မွာ ငါ့ကို ခ်စ္လာမွာပါ။ ငါ မင္းကို တျခားဘယ္သူနဲ႔မွမတူပဲ ခ်စ္မိခဲ့တာပါ။ ဒီေလာက္အထိ ခ်စ္မိတာကိုလည္း ငါ မုန္းမိပါတယ္။
မင္းကို ခ်စ္မိတဲ့အတြက္ ငါ့ ႏွလံုးသား ေၾကကြဲခံစားခဲ့ရတယ္။ ငါ အမ်ားႀကီး မခ်စ္မိခဲ့ဘူးဆိုရင္ ငါ အမ်ားႀကီး ခံစားရမွာ မဟုတ္ဘူး။ ငါ မင္းကို စြန္႔လႊတ္လိုက္သင့္တယ္ဆိုတာကို ငါ သိပါတယ္။ ဒါေပမယ့္ ဘယ္လိုစြန္႔လႊတ္လိုက္ရမလဲဆိုတာ ငါ မသိဘူး။
မင္းကို ခ်စ္မိတဲ့အတြက္ ငါ့ကိုယ္ငါ အရမ္းမုန္းတယ္။ ဒါေပမယ့္ကြာ။ ဘယ္သူကမ်ား ကိုယ့္ရဲ႕တစိတ္တပိုင္းကို စြန္႔လႊတ္ခ်င္ပါ့မလဲ။ ဘယ္လိုနည္းလမ္းနဲ႔ ေမ့ပစ္ရမလဲဆိုတာ မင္း ေျပာၾကည့္ပါ။ ငါ ႀကိဳးစားၾကည့္မယ္။ ငါကက်ေတာ့ မင္းရဲ႕ တစ္စိတ္တစ္ပိုင္း ဘာေၾကာင့္ ျဖစ္ခြင့္မရတာလဲ။ မင္းကို ဘာေၾကာင့္ ခ်စ္ခြင့္မရွိရတာလဲ။ မင္းကို ငါ ခ်စ္ခြင့္မရွိဘူးဆိုရင္ အနည္းဆံုးေတာ့ မင္းကို ငါ လံုး၀မုန္းပစ္လိုက္ဖို႔ ခြင့္ျပဳပါ။ တခ်ိန္တည္းမွာ မင္းကို ခ်စ္တဲ့စိတ္၊ မုန္းတဲ့စိတ္ႏွစ္ခုစလံုးနဲ႔ ေရွ႕ဆက္ဖို႔မျဖစ္ႏိုင္လို႔ပါ။
ဒါေပမယ့္ တစ္ေန႔ေန႔မွာေတာ့ အားလံုးရွင္းလင္းသြားလိမ့္မယ္လို႔ ငါ ေမွ်ာ္လင့္ပါတယ္။ မင္း ငါကို ခ်စ္လာတဲ့ တစ္ေန႔ ဒါမွမဟုတ္ မင္း မရွိပဲ ငါ ရွင္သန္ႏိုင္သြားတဲ့ တစ္ေန႔မွာေပါ့။ လြယ္ေတာ့မလြယ္ပါဘူး။ မင္းကို အၿပီးအျပတ္စြန္႔လႊတ္လိုက္ႏိုင္ပါ့မလားဆိုတာေတာင္ မေသခ်ာပါဘူး။ ဒါေပမယ့္ ငါ ႀကိဳးစားရမွာပဲေလ။
မင္း မရွိတာနဲ႔ ငါ့ ဘ၀က အဆံုးသတ္သြားတာမ်ိဳး အျဖစ္မခံႏိုင္ပါဘူး။ ဘာေၾကာင့္ဆိုရင္ ငါ ရွင္သန္ရမယ့္ ဘ၀တစ္ခုက ငါ့ကိုေစာင့္ႀကိဳေနတယ္ေလ။ ဒီဘ၀ကလည္း တစ္နည္းတစ္ဖံုနဲ႔ လွပေနမွာပါ။ ဒီလို လွပတဲ့ဘ၀ကို မင္းနဲ႔အတူျဖတ္သန္းရရင္ေတာ့ အေကာင္းဆံုးပါပဲ။
အရမ်းမုန်းရသည့် ချစ်သူထံသို့ အိတ်ဖွင့်ပေးစာ
မင်းအနေနဲ့ တစ်စုံတစ်ယောက်ကို တစ်ချိန်တည်းမှာ ချစ်လည်းချစ် မုန်းလည်းမုန်းရတဲ့ ခံစားချက်ကို မခံစားဖူးရင် အချစ်စစ်ကို မတွေ့ဖူးသေးပါဘူး။
ဟုတ်တယ်။ ချစ်တယ်လို့ ဆိုရာမှာ ခံစားချက်တွေထက် အများကြီးပိုတာတွေ ရှိသေးတယ်။ အချစ်ကြောင့် ဖြစ်တည်လာတဲ့ ခံစားချက်တွေကြောင့် စွဲလမ်းမှုတွေ ဖြစ်လာခဲ့ရတာ။ လူတွေနဲ့ ပတ်သက်ပြီး ငါတို့ရဲ့ခံစားမှုတွေကြောင့် ငါ ဆိုတဲ့အတ္တတွေဖြစ်လာခဲ့တာ။
ဒီကိစ္စက ကမ္ဘာမှာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ဖြစ်ပျက်နေခဲ့တာပဲ။ ဒါပေမယ့် အကြောင်းအရာတွေတော့ နည်းနည်းကွဲလိမ့်မယ်။ တစ်ခါတစ်လေမှာ ဒီစိတ်ခံစားချက်တွေက ဆက်ဆံရေးအစပိုင်းမှာကတည်းက ပဋိပက္ခဖြစ်လာတတ်တယ်။ တစ်ခါတစ်လေကျတော့ အချိန်ကြာကြာ လက်တွဲလာပြီးမှ နာကျည်းမှုတွေအဖြစ် ခံစားရတတ်တယ်။
မင်း ငါ့ကို စကားမပြောတဲ့အခါ ငါ အရမ်းမုန်းတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို တစ်ချိန်တည်းမှာ အရမ်းလည်းချစ်၊ အရမ်းလည်းမုန်းရတယ်ဆိုရင် မင်း လဲသေလိုက်ဖို့ပဲ ကောင်းနေပြီ။ ငါ အခု မင်းနဲ့ပတ်သက်ပြီး ခံစားနေရတာကလည်း ဒီလိုပဲ။
မင်း ငါ့အပေါ်မှာ အေးစက်နေနိုင်ပေမယ့် မင်းကို ငါစွဲလမ်းနေတာကို အရမ်းမုန်းတယ်။
မင်း အေးတိအေးစက် ဆက်ဆံတာကို မုန်းမိပေမယ့် ငါ့အပေါ်ကို နွေးထွေးတဲ့အခိုက်အတန့်လေးတွေ၊ မင်းစိတ်ထဲက အရှိအတိုင်းဆက်ဆံတဲ့အချိန်လေးတွေတိုင်းမှာ ငါ့ဘဝမှာ အပျော်ဆုံးဆိုတဲ့အချိန်တွေထက် ပိုပျော်ရွှင်ရတယ်။ တကယ်ပါ မင်းရဲ့အပြုံးတွေကြောင့် ငါ သက်ဝင်လှုပ်ရှားခဲ့ရသူပါ။
မင်း ငါ့ကို စကားမပြောရင်လည်း ငါ မုန်းတယ်။ မင်း ပြောတော့ပြောပါတယ်။ ဒါပေမယ့် အပေါ်ယံသက်သက်ပဲလေ။ ငါတစ်ယောက်တည်း မင်းကိုယ်တိုင်မဟုတ်တဲ့ မင်းရဲ့အရိပ်နဲ့စကားပြောနေသလို ခံစားရတယ်။ ငါက မင်းနဲ့ပတ်သက်ပြီး အလေးနက်ဆုံးသိရှိနားလည်ချင်တာပါ။ မင်း ငါ့ကို နားလည်ခွင့်မပေးတဲ့အတွက် ငါ မုန်းတယ်။ ဘာကြောင့်လဲဆိုတော့ ငါ သိထားတယ်လေ။ ရင်ဘတ်ရဲ့ အနက်ရှိုင်းဆုံးတနေရာမှာ အချစ်ရှိတယ်၊ ကြီးမားသိမ်မွေ့တဲ့ နှလုံးသားတစ်ခုနဲ့ အရမ်းလှပတဲ့ အသက်ဝိဉာဉ်တစ်ခုရှိတယ်ဆိုတာ ငါ သိထားတယ်။
မင်းအတွက် ကိုယ်ပိုင်နေရာလိုအပ်တယ်ဆိုတာကို ငါ သိပါတယ်။ လူတိုင်းလည်း လိုတာပဲလေ။ ဒါပေမယ့် ငါတို့ နှစ်ယောက်လက်တွေ ရေရှည်ခိုင်မြဲနေဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက ငါတို့နှစ်ဦး တကယ်အတူရှိနေဖို့ပဲ မဟုတ်ဘူးလား။
ငါတို့နှစ်ယောက်ကို တစ်သားတည်းဖြစ်သွားချင်တာ ငါ့ရဲ့ ဆန္ဒပါ။ တွဲဖက်တစ်ခု၊ ယူနစ်တစ်ခုနဲ့ အချစ်တစ်ခုကို လိုချင်ခဲ့တာပါ။ ဒီအချက်က မင်းအတွက် စိတ်ရှုပ်စရာဖြစ်သွားလား၊ မင်းအဆင်သင့်မဖြစ်သေးတာလားဆိုတာကိုတော့ ငါသေချာမသိဘူး။ ဒါပေမယ့် ငါ့ ဆန္ဒကို မင်းသိစေချင်ပါတယ်။
ငါတို့နှစ်ယောက် တစ်နေ့မှာ ဖြစ်ချင်တာတွေဖြစ်ရမယ်ဆိုတာ ငါ့စိတ်ထဲမှာ သံသယလုံးဝမရှိခဲ့ဘူး။ ဒီလိုနေ့မျိုးလည်း မကြာခင်မှာရောက်လာမယ်လို့ ငါ ဆုတောင်းခဲ့ဖူးတယ်။ မင်းကို ပွင့်လင်းစေချင်သလောက် မင်း ငါ့ကို မယုံကြည်နိုင်တာကိုလည်း ငါ မုန်းတယ်။ ငါ က ယုံကြည်ထိုက်သူတစ်ယောက်ပါ။ ဒါပေမယ့် မင်ကတော့ ယုံကြည်ပုံမရပါဘူး။
ဒါပေမယ့် မင်းကို အပြစ်မတင်ရက်ပါဘူး။ လွဲမှားတဲ့ဆက်ဆံရေးတွေ၊ နာကျဉ်ကြေကွဲရမှုတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ လစ်လျူရှုခံရတာတွေကို ကြုံတွေ့ခဲ့ရတဲ့ မင်းအတွက် ခက်ခဲမယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် ငါ ရွေးချယ်ခဲ့တဲ့လမ်းက မင်းကို ချစ်နေဖို့ပဲလေ။ ဒီတော့ မင်းကို ငါ ဘယ်တော့မှ ထားရစ်ခဲ့မှာ မဟုတ်ပါဘူး။
ငါ့ အပေါ်ကို မင်း ဂရုမစိုက်တတ်တာကို ငါ မုန်းတယ်။ ဒါပေမယ့် တစ်နေ့နေ့မှာ ငါ ဖြစ်စေချင်သလို မင်း ဂရုစိုက်ပေးမယ်လို့ ယုံကြည်တယ်။ မင်းကို ငါ ကြည့်နေတဲ့အချိန်တိုင်းမှာ ငါ့အပေါ်ဂရုမစိုက်မှုက ပေါ်လွင်နေတဲ့အတွက် အရမ်းနာကျဉ်ရတယ်။ ဘယ်တုန်းကမှ မခံစားခဲ့ရဖူးတဲ့ နာကျဉ်မှုမျိုးပေါ့။ မင်း ငါ့ကို မချစ်နိုင်ဘူးဆိုတာ ငါ နားလည်ပါတယ်။
ဒါပေမယ့် တစ်နေ့မှာ မင်းချစ်လာနိုင်မှာပါ။ လောကအစဉ်အလာအတိုင်းပေါ့။ ချစ်ခြင်းမေတ္တာရှိသူဟာ အဆုံးသတ်မှာ အောင်နိုင်ရလိမ့်မယ်။ ဒီလိုပဲ။ မင်းလည်း နောက်ဆုံးတစ်နေ့မှာ ငါ့ကို ချစ်လာမှာပါ။ ငါ မင်းကို တခြားဘယ်သူနဲ့မှမတူပဲ ချစ်မိခဲ့တာပါ။ ဒီလောက်အထိ ချစ်မိတာကိုလည်း ငါ မုန်းမိပါတယ်။
မင်းကို ချစ်မိတဲ့အတွက် ငါ့ နှလုံးသား ကြေကွဲခံစားခဲ့ရတယ်။ ငါ အများကြီး မချစ်မိခဲ့ဘူးဆိုရင် ငါ အများကြီး ခံစားရမှာ မဟုတ်ဘူး။ ငါ မင်းကို စွန့်လွှတ်လိုက်သင့်တယ်ဆိုတာကို ငါ သိပါတယ်။ ဒါပေမယ့် ဘယ်လိုစွန့်လွှတ်လိုက်ရမလဲဆိုတာ ငါ မသိဘူး။
မင်းကို ချစ်မိတဲ့အတွက် ငါ့ကိုယ်ငါ အရမ်းမုန်းတယ်။ ဒါပေမယ့်ကွာ။ ဘယ်သူကများ ကိုယ့်ရဲ့တစိတ်တပိုင်းကို စွန့်လွှတ်ချင်ပါ့မလဲ။ ဘယ်လိုနည်းလမ်းနဲ့ မေ့ပစ်ရမလဲဆိုတာ မင်း ပြောကြည့်ပါ။ ငါ ကြိုးစားကြည့်မယ်။ ငါကကျတော့ မင်းရဲ့ တစ်စိတ်တစ်ပိုင်း ဘာကြောင့် ဖြစ်ခွင့်မရတာလဲ။ မင်းကို ဘာကြောင့် ချစ်ခွင့်မရှိရတာလဲ။ မင်းကို ငါ ချစ်ခွင့်မရှိဘူးဆိုရင် အနည်းဆုံးတော့ မင်းကို ငါ လုံးဝမုန်းပစ်လိုက်ဖို့ ခွင့်ပြုပါ။ တချိန်တည်းမှာ မင်းကို ချစ်တဲ့စိတ်၊ မုန်းတဲ့စိတ်နှစ်ခုစလုံးနဲ့ ရှေ့ဆက်ဖို့မဖြစ်နိုင်လို့ပါ။
ဒါပေမယ့် တစ်နေ့နေ့မှာတော့ အားလုံးရှင်းလင်းသွားလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ မင်း ငါကို ချစ်လာတဲ့ တစ်နေ့ ဒါမှမဟုတ် မင်း မရှိပဲ ငါ ရှင်သန်နိုင်သွားတဲ့ တစ်နေ့မှာပေါ့။ လွယ်တော့မလွယ်ပါဘူး။ မင်းကို အပြီးအပြတ်စွန့်လွှတ်လိုက်နိုင်ပါ့မလားဆိုတာတောင် မသေချာပါဘူး။ ဒါပေမယ့် ငါ ကြိုးစားရမှာပဲလေ။
မင်း မရှိတာနဲ့ ငါ့ ဘဝက အဆုံးသတ်သွားတာမျိုး အဖြစ်မခံနိုင်ပါဘူး။ ဘာကြောင့်ဆိုရင် ငါ ရှင်သန်ရမယ့် ဘဝတစ်ခုက ငါ့ကိုစောင့်ကြိုနေတယ်လေ။ ဒီဘဝကလည်း တစ်နည်းတစ်ဖုံနဲ့ လှပနေမှာပါ။ ဒီလို လှပတဲ့ဘဝကို မင်းနဲ့အတူဖြတ်သန်းရရင်တော့ အကောင်းဆုံးပါပဲ။