အဆင်မပြေနိုင်သည့် ချစ်သူစုံတွဲဆက်ဆံရေး လက္ခဏာများ
အဆင္မေျပႏိုင္သည့္ ခ်စ္သူစံုတြဲဆက္ဆံေရး လကၡဏာမ်ား
ခ်စ္သူစံုတြဲေတြၾကား ဆက္ဆံေရးမေျပလည္တာက တကယ္ကိုဆိုးရြားပါတယ္။ ႏွစ္ဦးၾကားဆက္ဆံေရးက ေအးစက္လာတာ၊ တခ်ိန္ကခ်ိဳၿမိန္ခဲ့တာေတြက ခါးသီးလာတာ၊ တစ္ခ်ိန္က ႏွစ္လိုဖြယ္ရာေတြက လက္မခံႏိုင္စရာေတြျဖစ္လာတာ၊ တစ္ခ်ိန္က ကမ္းလက္က အေႏွာက္အယွက္ျဖစ္လာတာ စသျဖင့္ အခ်စ္ေတြက တစ္ျဖည္းျဖည္းအဆိပ္သင့္လာၿပီး ထိခိုက္လာတာေတြ ၾကံဳရတတ္ပါတယ္။ ဒီလိုေတြ ၾကံဳေတြ႕လာရခ်ိန္မွဆိုရင္ ႏွစ္ဦးစလံုးအတြက္ ထိခိုက္နာက်ဥ္စရာေတြ မ်ားလွပါတယ္။ တကယ္ေတာ့ အဆင္မေျပတဲ့ဆက္ဆံေရးေတြက အေစာပိုင္းကတည္းက သိသာပါတယ္။ ဒီလိုအဆင္မေျပတဲ့ ဆက္ဆံေရးေတြမွာ သတိေပးတဲ့လကၡဏာေတြရွိပါတယ္။ ဒီလကၡဏာေတြကို သိထားမယ္ဆိုရင္ေတာ့ အခ်ိန္မလြန္ခင္၊ အမ်ားႀကီးမထိခိုက္ေသးခင္မွာ ေနာက္ဆုတ္လို႔ရႏိုင္မွာျဖစ္ပါတယ္။ ဒီလကၡဏာေတြကေတာ့ –
၁။ အလိုမက်ျခင္း
အေၾကာင္းအရာတစ္ခုအတြက္နဲ႔ ႏွစ္ဦးသား ထပ္ခါထပ္ခါ အျငင္းပြားရၿပီး ဘယ္ေတာ့မွလည္း မေျပလည္ႏိုင္ပါဘူး။ တစ္ခုခုက အျမဲတမ္းမွားေနသလို ခံစားရၿပီး ေျပာဆိုဆက္သြယ္ရတာကလည္း ဘုနဲ႔ေဘာက္ခ်ည္းပဲ ျဖစ္ေနတတ္ပါတယ္။ ႏွစ္ဦးသားသေဘာတူညီဖို႔ဆိုတာက ဘယ္ေတာ့မွမျဖစ္ႏိုင္တဲ့ အရာတစ္ခုလိုျဖစ္ေနမွာပါ။ တစ္ေယာက္ခ်င္းစီမွာ ကိုယ္ပိုင္အယူအဆေတြနဲ႔ အျမဲတမ္းထိပ္တိုက္ေတြ႕ေနရတတ္ပါတယ္။ ဒီလိုေတြမ်ားလာတဲ့အခါမွာ ႏွစ္ဦးသားခ်စ္သက္တမ္းႏွစ္ပတ္လည္ေန႔ကိုေတာင္ မမွတ္မိႏိုင္ေအာင္ျဖစ္လာမွာပါ။ ဒီအခါမွာ ႏွစ္ဦးသားဆက္ဆံေရးက ပ၀ါမကူေရမ႐ႈ ေရကုန္ေရခမ္းထိုးသတ္ရမယ့္ႀကိဳး၀ိုင္းထဲက လက္ေ၀ွ႕သမားႏွစ္ေယာက္လို႔ ျဖစ္လာမွာပါ။
၂။ အျပစ္တင္ခံရျခင္း
ဘယ္ကိစၥမဆို သင့္အမွားခ်ည္းပါပဲ။ သင့္အတြက္ အဆင္မေျပႏိုင္တဲ့ ပါတနာတစ္ေယာက္က သူ႔အမွားအတြက္ တာ၀န္ယူမႈကို ကူးစက္ေရာဂါတစ္ခုလို ေရွာင္ရွားေလ့ရွိၿပီး သင့္အမွားျဖစ္ေအာင္ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ဖန္တီးတတ္သူျဖစ္ပါတယ္။ သူတို႔ရဲ႕ မေက်နပ္ခ်က္ေတြ၊ အဆင္မေျပမႈေတြအတြက္ ဘာမွမဆိုင္တဲ့ သင့္အျပစ္အျဖစ္ ပံုသြင္းယူတတ္ၿပီး မဆီမဆိုင္ေျဖရွင္းေပးရတတ္ပါတယ္။
၃။ အျမဲတမ္းေတာင္းပန္ေနရျခင္း
သင္နဲ႔မဆိုင္တဲ့ ကိစၥေတြအတြက္ပါ သင္ကခ်ည္းပဲ အျမဲတမ္းေတာင္းပန္ေနရတာမ်ိဳး ျဖစ္ပါတယ္။ ႏွစ္ဦးသား ဆက္ဆံေရး ၿငိမ္းခ်မ္းေနေစဖို႔ အျမဲတမ္းအေလွ်ာ့ေပးေနရတာက သင့္အတြက္ ဖိစီးမႈျဖစ္လာပါလိမ့္မယ္။ ဒါ့အျပင္ အခ်ိန္တိုင္းမွာ သင့္ပါးစပ္ကေန ေတာင္းပန္တယ္ဆိုတဲ့ စကားကို အႀကိမ္ေပါင္းမ်ားစြာ ေျပာေနရတတ္ပါတယ္။ ဘာမဟုတ္တဲ့ အေသးအဖြဲကိစၥေလးေတြက အစ အားလံုးက သင့္အျပစ္ျဖစ္ေနတတ္ၿပီဆိုရင္ေတာ့ ဒီဆက္ဆံေရးက ေရရွည္မွာလည္း ဘယ္လိုနည္းနဲ႔မွ အဆင္မေျပႏိုင္ပါဘူး။
၄။ စိတ္တင္းက်ပ္မႈ
အရာရာအားလံုးအဆင္ေျပေနခ်ိန္မွာေတာင္မွ ဘယ္အခ်ိန္မွ ထေဖာက္မလဲစိုးရိမ္ေနရတာမ်ိဳး ျဖစ္ပါတယ္။ အခ်ိန္မေရြးေပါက္ကြဲႏိုင္တဲ့ ဗုံးတစ္လံုးကို ထိန္းသိမ္းထားရသလို စိတ္ထဲမွာ မြန္းက်ပ္ေနရတဲ့ ဆက္ဆံေရးမ်ိဳးျဖစ္ပါတယ္။ သင့္ဖက္က အနစ္နာခံစြန္႔လႊတ္ထားၿပီး အေျခအေနေကာင္းေနတယ္လို႔ ထင္ရသည့္တိုင္ ျပႆနာတစ္ခုခုျဖစ္ေတာ့မွာကို စိုးရိမ္စိတ္ေတြနဲ႔ အျပဳအမူ၊ အေနအထိုင္၊ အေျပာအဆို အစစအရာရာကို ဂ႐ုစိုက္ေနရတယ္ဆိုရင္ေတာ့ ဒီဆက္ဆံေရးက မွားယြင္းေနတာ ေသခ်ာပါၿပီ။
၅။ အေျပာင္းအလဲမ်ားျခင္း
သင့္ခ်စ္သူရဲ႕ ဆက္ဆံေရးက ပံုမွန္မဟုတ္ပဲ ေျပာင္းလဲေနတတ္တာမ်ိဳးကို ဆိုလိုပါတယ္။ ဒီေန႔မွာ သူမက ခ်ိဳသာတဲ့စကားေတြေျပာ၊ အရမ္းနားလည္ေပးတတ္ေနေပမယ့္ ေနာက္တစ္ေန႔မွာေတာ့ သင့္ကို အဆိုးခ်ည္းပဲ ျမင္ေနတတ္တာမ်ိဳး ရွိတတ္ပါတယ္။ သူမရဲ႕ အေျပာင္းအလဲေတြကို လိုက္မွီေအာင္ ႀကိဳးစားရင္ ခပ္ေ၀းေ၀းမွာ ေနခ်င္စိတ္ေပၚလာၿပီဆိုရင္ေတာ့ သင့္တို႔ႏွစ္ဦးၾကားဆက္ဆံေရးက ပံုမွန္မဟုတ္ေတာ့ပါဘူး။
၆။ အခ်ည္းႏွီးျဖစ္ျခင္း
ဘာမဟုတ္တဲ့ကိစၥေလးကအစ နားမလည္ႏိုင္ေအာင္ ႐ႈပ္ေထြးသြားတတ္ပါတယ္။ ဘယ္ေလာက္ပဲ အေကာင္းဆံုး ႀကိဳးစားႀကိဳးစား သင့္ခ်စ္သူနဲ႔ ပူးေပါင္းလို႔ မရတာမ်ိဳးျဖစ္ပါတယ္။ သင့္က ဦးေဆာင္မယ္ဆိုရင္လည္း မေက်နပ္သလို၊ ေနာက္ကလိုက္မယ္ဆိုရင္ အသံုးမက်ဘူး ထင္တတ္တာမ်ိဳး ျဖစ္ပါတယ္။ ႏွစ္ဦးသေဘာတူ ဆံုးျဖတ္ခ်က္တစ္ခုခ်ဖို႔က မျဖစ္ႏိုင္တဲ့ကိစၥတစ္ခု ျဖစ္လာပါလိမ့္မယ္။
၇။ ေမွ်ာ္လင့္ခ်က္ကင္းမဲ့ျခင္း
ဘ၀က အျမဲတမ္းကံဆိုးမိုးေမွာင္က်ေနသလို ခံစားေနရတတ္ပါတယ္။ အျမဲတမ္း ၀မ္းနည္းစိုးရိမ္စိတ္ေတြနဲ႔ ေန႔ရက္တိုင္းကို ျဖတ္သန္းေနရသလို ျဖစ္ေနပါလိမ့္မယ္။ သင့္ရဲ႕အေကာင္းျမင္စိတ္၊ ေပ်ာ္ရႊင္မႈ၊ ေရွ႕ဆက္ဖို႔ အင္အားေတြ ေပ်ာက္ဆံုးသြားသလို ျဖစ္တတ္ပါတယ္။ သင့္အေနနဲ႔ ႐ုန္းထြက္ခ်င္ေနသည့္တိုင္ ႐ုန္းထြက္လို႔ မရျဖစ္ေနၿပီး ဒီလိုျဖစ္ဖို႔ အေၾကာင္းပါလာလို႔ပဲလို႔ ထင္ေနတတ္ပါတယ္။ တစ္ျဖည္းျဖည္းနဲ႔ သင့္ပါတနာေပ်ာ္ရႊင္ဖို႔ခ်ည္းပဲ ျဖည့္ဆည္းေပးေနရပါလိမ့္မယ္။ စစ္မွန္တဲ့ေပ်ာ္ရႊင္မႈ၊ မိတ္ေဆြအေပါင္းအသင္း ကင္းမဲ့ၿပီး အားလံုးနဲ႔ ကင္းကြာသြားပါလိမ့္မယ္။ သင့္ပါတနာအလိုက်အားလံုးျဖည့္ဆည္းေပးဖို႔က လြဲၿပီး အျခားေရြးခ်ယ္စရာမရွိသလို ျဖစ္လာပါလိမ့္မယ္။ ဒါေပမယ့္လည္း သင့္အတြက္ျပန္ရတာကေတာ့ သင္ေပးဆပ္ရတာနဲ႔ ကာမိမွာမဟုတ္ဘူးဆိုတာေတာ့ ေသခ်ာပါတယ္။
အခုေဖာ္ျပခဲ့တဲ့ အခ်က္ေတြထဲက တစ္ခုခုနဲ႔ ကိုက္ညီေနၿပီဆိုရင္ေတာ့ သင္ဟာ အရမ္းကို အႏၱရာယ္မ်ားတဲ့ ဆက္ဆံေရးတစ္ခုမွာ ေရာက္ရွိေနၿပီျဖစ္ပါတယ္။ သင့္ရဲ႕ စိတ္ခံစားမႈနဲ႔ ဘ၀အတြက္ ခံယူခ်က္ေတြအားလံုး ထိခိုက္ပ်က္စီးသြားတဲ့အထိ ျဖစ္ႏိုင္ပါတယ္။ သင္နဲ႔ သင့္ခ်စ္သူအၾကားမွာ ဒီလိုအခ်က္ေတြထဲက တစ္ခ်ိဳ႕ကို ၾကံဳေတြ႕ေနရၿပီဆိုရင္ ဘယ္လိုေရွ႕ဆက္မလဲဆိုတာကိုသိဖို႔ သင့္ႏွလံုးသားရဲ႕ စကားသံကို ေသခ်ာျပန္နားေထာင္ဖို႔လိုပါၿပီ။
အဆင်မပြေနိုင်သည့် ချစ်သူစုံတွဲဆက်ဆံရေး လက္ခဏာများ
ချစ်သူစုံတွဲတွေကြား ဆက်ဆံရေးမပြေလည်တာက တကယ်ကိုဆိုးရွားပါတယ်။ နှစ်ဦးကြားဆက်ဆံရေးက အေးစက်လာတာ၊ တချိန်ကချိုမြိန်ခဲ့တာတွေက ခါးသီးလာတာ၊ တစ်ချိန်က နှစ်လိုဖွယ်ရာတွေက လက်မခံနိုင်စရာတွေဖြစ်လာတာ၊ တစ်ချိန်က ကမ်းလက်က အနှောက်အယှက်ဖြစ်လာတာ စသဖြင့် အချစ်တွေက တစ်ဖြည်းဖြည်းအဆိပ်သင့်လာပြီး ထိခိုက်လာတာတွေ ကြုံရတတ်ပါတယ်။ ဒီလိုတွေ ကြုံတွေ့လာရချိန်မှဆိုရင် နှစ်ဦးစလုံးအတွက် ထိခိုက်နာကျဉ်စရာတွေ များလှပါတယ်။ တကယ်တော့ အဆင်မပြေတဲ့ဆက်ဆံရေးတွေက အစောပိုင်းကတည်းက သိသာပါတယ်။ ဒီလိုအဆင်မပြေတဲ့ ဆက်ဆံရေးတွေမှာ သတိပေးတဲ့လက္ခဏာတွေရှိပါတယ်။ ဒီလက္ခဏာတွေကို သိထားမယ်ဆိုရင်တော့ အချိန်မလွန်ခင်၊ အများကြီးမထိခိုက်သေးခင်မှာ နောက်ဆုတ်လို့ရနိုင်မှာဖြစ်ပါတယ်။ ဒီလက္ခဏာတွေကတော့ –
၁။ အလိုမကျခြင်း
အကြောင်းအရာတစ်ခုအတွက်နဲ့ နှစ်ဦးသား ထပ်ခါထပ်ခါ အငြင်းပွားရပြီး ဘယ်တော့မှလည်း မပြေလည်နိုင်ပါဘူး။ တစ်ခုခုက အမြဲတမ်းမှားနေသလို ခံစားရပြီး ပြောဆိုဆက်သွယ်ရတာကလည်း ဘုနဲ့ဘောက်ချည်းပဲ ဖြစ်နေတတ်ပါတယ်။ နှစ်ဦးသားသဘောတူညီဖို့ဆိုတာက ဘယ်တော့မှမဖြစ်နိုင်တဲ့ အရာတစ်ခုလိုဖြစ်နေမှာပါ။ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အယူအဆတွေနဲ့ အမြဲတမ်းထိပ်တိုက်တွေ့နေရတတ်ပါတယ်။ ဒီလိုတွေများလာတဲ့အခါမှာ နှစ်ဦးသားချစ်သက်တမ်းနှစ်ပတ်လည်နေ့ကိုတောင် မမှတ်မိနိုင်အောင်ဖြစ်လာမှာပါ။ ဒီအခါမှာ နှစ်ဦးသားဆက်ဆံရေးက ပဝါမကူရေမရှု ရေကုန်ရေခမ်းထိုးသတ်ရမယ့်ကြိုးဝိုင်းထဲက လက်ဝှေ့သမားနှစ်ယောက်လို့ ဖြစ်လာမှာပါ။
၂။ အပြစ်တင်ခံရခြင်း
ဘယ်ကိစ္စမဆို သင့်အမှားချည်းပါပဲ။ သင့်အတွက် အဆင်မပြေနိုင်တဲ့ ပါတနာတစ်ယောက်က သူ့အမှားအတွက် တာဝန်ယူမှုကို ကူးစက်ရောဂါတစ်ခုလို ရှောင်ရှားလေ့ရှိပြီး သင့်အမှားဖြစ်အောင် နည်းလမ်းအမျိုးမျိုးနဲ့ ဖန်တီးတတ်သူဖြစ်ပါတယ်။ သူတို့ရဲ့ မကျေနပ်ချက်တွေ၊ အဆင်မပြေမှုတွေအတွက် ဘာမှမဆိုင်တဲ့ သင့်အပြစ်အဖြစ် ပုံသွင်းယူတတ်ပြီး မဆီမဆိုင်ဖြေရှင်းပေးရတတ်ပါတယ်။
၃။ အမြဲတမ်းတောင်းပန်နေရခြင်း
သင်နဲ့မဆိုင်တဲ့ ကိစ္စတွေအတွက်ပါ သင်ကချည်းပဲ အမြဲတမ်းတောင်းပန်နေရတာမျိုး ဖြစ်ပါတယ်။ နှစ်ဦးသား ဆက်ဆံရေး ငြိမ်းချမ်းနေစေဖို့ အမြဲတမ်းအလျှော့ပေးနေရတာက သင့်အတွက် ဖိစီးမှုဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် အချိန်တိုင်းမှာ သင့်ပါးစပ်ကနေ တောင်းပန်တယ်ဆိုတဲ့ စကားကို အကြိမ်ပေါင်းများစွာ ပြောနေရတတ်ပါတယ်။ ဘာမဟုတ်တဲ့ အသေးအဖွဲကိစ္စလေးတွေက အစ အားလုံးက သင့်အပြစ်ဖြစ်နေတတ်ပြီဆိုရင်တော့ ဒီဆက်ဆံရေးက ရေရှည်မှာလည်း ဘယ်လိုနည်းနဲ့မှ အဆင်မပြေနိုင်ပါဘူး။
၄။ စိတ်တင်းကျပ်မှု
အရာရာအားလုံးအဆင်ပြေနေချိန်မှာတောင်မှ ဘယ်အချိန်မှ ထဖောက်မလဲစိုးရိမ်နေရတာမျိုး ဖြစ်ပါတယ်။ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံးကို ထိန်းသိမ်းထားရသလို စိတ်ထဲမှာ မွန်းကျပ်နေရတဲ့ ဆက်ဆံရေးမျိုးဖြစ်ပါတယ်။ သင့်ဖက်က အနစ်နာခံစွန့်လွှတ်ထားပြီး အခြေအနေကောင်းနေတယ်လို့ ထင်ရသည့်တိုင် ပြဿနာတစ်ခုခုဖြစ်တော့မှာကို စိုးရိမ်စိတ်တွေနဲ့ အပြုအမူ၊ အနေအထိုင်၊ အပြောအဆို အစစအရာရာကို ဂရုစိုက်နေရတယ်ဆိုရင်တော့ ဒီဆက်ဆံရေးက မှားယွင်းနေတာ သေချာပါပြီ။
၅။ အပြောင်းအလဲများခြင်း
သင့်ချစ်သူရဲ့ ဆက်ဆံရေးက ပုံမှန်မဟုတ်ပဲ ပြောင်းလဲနေတတ်တာမျိုးကို ဆိုလိုပါတယ်။ ဒီနေ့မှာ သူမက ချိုသာတဲ့စကားတွေပြော၊ အရမ်းနားလည်ပေးတတ်နေပေမယ့် နောက်တစ်နေ့မှာတော့ သင့်ကို အဆိုးချည်းပဲ မြင်နေတတ်တာမျိုး ရှိတတ်ပါတယ်။ သူမရဲ့ အပြောင်းအလဲတွေကို လိုက်မှီအောင် ကြိုးစားရင် ခပ်ဝေးဝေးမှာ နေချင်စိတ်ပေါ်လာပြီဆိုရင်တော့ သင့်တို့နှစ်ဦးကြားဆက်ဆံရေးက ပုံမှန်မဟုတ်တော့ပါဘူး။
၆။ အချည်းနှီးဖြစ်ခြင်း
ဘာမဟုတ်တဲ့ကိစ္စလေးကအစ နားမလည်နိုင်အောင် ရှုပ်ထွေးသွားတတ်ပါတယ်။ ဘယ်လောက်ပဲ အကောင်းဆုံး ကြိုးစားကြိုးစား သင့်ချစ်သူနဲ့ ပူးပေါင်းလို့ မရတာမျိုးဖြစ်ပါတယ်။ သင့်က ဦးဆောင်မယ်ဆိုရင်လည်း မကျေနပ်သလို၊ နောက်ကလိုက်မယ်ဆိုရင် အသုံးမကျဘူး ထင်တတ်တာမျိုး ဖြစ်ပါတယ်။ နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်တစ်ခုချဖို့က မဖြစ်နိုင်တဲ့ကိစ္စတစ်ခု ဖြစ်လာပါလိမ့်မယ်။
၇။ မျှော်လင့်ချက်ကင်းမဲ့ခြင်း
ဘဝက အမြဲတမ်းကံဆိုးမိုးမှောင်ကျနေသလို ခံစားနေရတတ်ပါတယ်။ အမြဲတမ်း ဝမ်းနည်းစိုးရိမ်စိတ်တွေနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနေရသလို ဖြစ်နေပါလိမ့်မယ်။ သင့်ရဲ့အကောင်းမြင်စိတ်၊ ပျော်ရွှင်မှု၊ ရှေ့ဆက်ဖို့ အင်အားတွေ ပျောက်ဆုံးသွားသလို ဖြစ်တတ်ပါတယ်။ သင့်အနေနဲ့ ရုန်းထွက်ချင်နေသည့်တိုင် ရုန်းထွက်လို့ မရဖြစ်နေပြီး ဒီလိုဖြစ်ဖို့ အကြောင်းပါလာလို့ပဲလို့ ထင်နေတတ်ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ သင့်ပါတနာပျော်ရွှင်ဖို့ချည်းပဲ ဖြည့်ဆည်းပေးနေရပါလိမ့်မယ်။ စစ်မှန်တဲ့ပျော်ရွှင်မှု၊ မိတ်ဆွေအပေါင်းအသင်း ကင်းမဲ့ပြီး အားလုံးနဲ့ ကင်းကွာသွားပါလိမ့်မယ်။ သင့်ပါတနာအလိုကျအားလုံးဖြည့်ဆည်းပေးဖို့က လွဲပြီး အခြားရွေးချယ်စရာမရှိသလို ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့်လည်း သင့်အတွက်ပြန်ရတာကတော့ သင်ပေးဆပ်ရတာနဲ့ ကာမိမှာမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။
အခုဖော်ပြခဲ့တဲ့ အချက်တွေထဲက တစ်ခုခုနဲ့ ကိုက်ညီနေပြီဆိုရင်တော့ သင်ဟာ အရမ်းကို အန္တရာယ်များတဲ့ ဆက်ဆံရေးတစ်ခုမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ သင့်ရဲ့ စိတ်ခံစားမှုနဲ့ ဘဝအတွက် ခံယူချက်တွေအားလုံး ထိခိုက်ပျက်စီးသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ သင်နဲ့ သင့်ချစ်သူအကြားမှာ ဒီလိုအချက်တွေထဲက တစ်ချို့ကို ကြုံတွေ့နေရပြီဆိုရင် ဘယ်လိုရှေ့ဆက်မလဲဆိုတာကိုသိဖို့ သင့်နှလုံးသားရဲ့ စကားသံကို သေချာပြန်နားထောင်ဖို့လိုပါပြီ။