တစ်နာရီလောက်ကြာအောင် ထိန်းထားနိုင်ပြီလား
တစ္နာရီေလာက္ၾကာေအာင္ ထိန္းထားနိုင္ျပီလားး
စိတ္တိုင္းက် အိပ္ခန္းထဲမွာ ၾကာရွည္မဆက္ဆံနိုင္ဘူး သုတ္လႊတ္ျမန္ေနျပီဆိုရင္ ဒီသိပၸံနည္းက်နည္းလမ္းေတြကိုၾကိဳးစားသင့္ပါတယ္မိတ္ေဆြ
သာမန္လုပ္ရိုးလုပ္စဥ္လုပ္ငန္းေတြကို အဆင္ေျပေခ်ာေမြ႕ေအာင္ေဆာင္ရြက္နိုင္ျပီး ခ်စ္သူနဲ႕အိပ္ရာထဲ အတူေနခ်ိန္မွာ မစြမ္းေဆာင္နိုင္ဘူး(သုတ္လႊတ္ျမန္ေနျပီ)ဆိုတဲ့ကိစၥက အမ်ိဳးသားအမ်ားစုေတြ႕ၾကံဳေနရတဲ့ကိစၥပါ ။
သုတ္လႊတ္ျမန္တယ္( ဆက္ဆံေဖာ္ခ်စ္သူထက္ အရင္ျပီးတယ္)ဆိုတာက အမ်ိဳးသားတိုင္းနီးပါးကို စိတ္အေႏွာင့္အယွက္ျဖစ္ေစတယ္လို႕ Dr.Thomas J.Walshကေျပာပါတယ္။
ဒီျပသာနာရဲ႕ စိတ္ပိုင္းဆိုင္ရာအေျခအေနတခ်ိဳ႕ကိုေျဖရွင္းသင့္သလို ခႏၶာကိုယ္အေျခအေနေတြကိုလည္း ထိန္းခ်ဳပ္ဖို႕ ၾကိဳးစားရမွာျဖစ္ပါတယ္။
အမ်ိဳးသားေတြသတိထားသင့္တာက ဆက္ဆံတဲ့အခ်ိန္ၾကာဖို႕မဟုတ္ပါဘူး။ဆက္ဆံတဲ့ခ်စ္သူအမ်ိဳးသမီးကိုခ်စ္ဖို႕နဲ႕ သူမကို စိတ္ေက်နပ္ေစဖို႕ပဲျဖစ္ပါတယ္။
Dr.Thomas J.Walshနဲ႕ အျခားေဆးပညာရွင္ေတြက ဒီသုတ္လႊတ္ျမန္တဲ့ျပသာနာကို ေျဖရွင္းတဲ့နည္းလမ္းတခ်ိဳ႕ကို ေျပာျပခဲ့ၾကပါတယ္။အဲ့ဒါေတြကေတာ့
၁။ကိုယ့္ကိုကိုယ္သိပါ
ကိုယ္ျပီးေတာ့မယ္ဆိုတာကို ကိုယ္တိုင္ပဲသိနိုင္ပါတယ္။အဲ့ဒီျပီးေတာ့မယ့္အေျခအေနကိုသိျခင္းက ျပီးဆံုးတဲ့အေျခအေနမွာ ခံစားရတဲ့ စိတ္ခံစားမႈကို ပိုမိုအားရေက်နပ္ေစပါတယ္လို႕ Dr.Emily Morseကေျပာပါတယ္။Lotionဒါမွမဟုတ္ေခ်ာဆီတစ္ခုခုကိုအသံုးျပဳျပီး ျပီးခါနီးအခ်ိန္ကိုေရာက္ေအာင္ေလ့က်င့္သင္တယ္လို႕ Drက ထပ္ေျပာပါတယ္။
၂။ညွစ္ျခင္း
ျပီးေတာ့မယ္ဆိုတာ သိရင္ လိင္အဂၤါထိပ္ဖ်ားရဲ႕ေအာက္နားကို လက္မနဲ႕လက္ညွိဳးသံုးျပီး ညွစ္ထားလိုက္ပါလို႕ Dr.Ian Kernerကေျပာပါတယ္။ ဖိထားတဲ့ဖိအားအေပၚကို စိတ္ေရာက္သြားတဲ့အတြက္ လိင္စိတ္ခဏေလာက္ေပ်ာက္သြားပါလိမ့္မယ္။ဒါေၾကာင့္ အခ်ိန္ပိုၾကာေအာင္ အတူေနနိုင္သြားပါလိမ့္မယ္။ ဒါကလည္း ကိုယ္ျပီးေတာ့မယ္ဆိုတာကို သိဖို႕လိုသလိုပါပဲလို႕ Dr.Walshက ထပ္ေျပာပါတယ္။
၃။အမ်ိဳးသမီးကို ဦးစားေပးပါ။
ပါးစပ္နဲ႕။ လက္နဲ႕ သို႕မဟုတ္ ကိရိယာတစ္ခုခုနဲ႕ ကိုယ့္နဲ႕ဆက္ဆံေဖာ္ခ်စ္သူ အမ်ိဳးသမီးကို အရင္ျပီးေစျခင္းဟာလည္း ကိုယ့္ကိုကိုယ္သုတ္လႊတ္ျမန္တယ္လို႕ ထင္ေနတဲ့စိတ္ကို ကုစာနိုင္ပါလိမ့္မယ္လို႕ Dr.Kernerက ေျပာပါတယ္။
၄။ထံုေဆးး
သြားႏႈတ္ရင္ ထံုေဆးသံုးသလိုပဲ လိင္တံရဲ႕ အာရံုခံနိုင္စြမ္းကို ေလ်ာ့ခ်တဲ့စပေရးေတြရွိပါတယ္။အဲ့ဒါေတြကိုသံုးျခင္းက မင္းရဲ႕အာရံုခံနိုင္စြမ္းကို အတိုင္းအတာတစ္ခုအထိ ေလ်ာ့ခ်ေပးျပီး အမ်ိဳးသမီးကေတာ့ အဲ့ဒီ့အာနိသင္ကို ခံစားရမွာမဟုတ္ပါဘူးလို႕ Dr.Walshက ေျပာပါေသးတယ္။Promescentဆိုတဲ့ေဆးနဲ႕ သူ႕လူနာေတြအဆင္ေျပတယ္လို႕ Drက ေျပာပါေသးတယ္။ဒါေပမယ့္ သတိထားစရာတစ္ခုရွိပါတယ္။အာရံုခံနိုင္စြမ္းေလ်ာ့က်တာနဲ႕အမ်ွ လိင္တံရဲ႕ ေထာင္မတ္နိုင္စြမ္းကလည္း က်လာတာကိုပါပဲ။
၅။ကြန္ဒံုး
တခ်ိဳ႕ကုမၸဏီေတြက ပိုထူတဲ့ရာဘာနဲ႕ လုပ္ထားတဲ့ ကြန္ဒံုးေတြ ထုတ္လုပ္ပါတယ္။အဲ့ဒါေတြရဲ႕ အာနိသင္ကေတာ့ ထံုေဆးေတြလိုပါပဲလို႕ Dr.Morseကေျပာပါတယ္။“Extended Pleasure””maximum performance”ဆိုုတဲ့ စကားလံုးေတြပါတဲ့ ကြန္ဒံုးေတြကို ေရြးနိုင္ပါတယ္။
၆။စိတ္ၾကြေဆးး
လိင္တံေထာင္မတ္လာဖို႕ စိတ္ၾကြေဆးေတြသံုးက်ပါတယ္။ဥေရာပမွာေတာ့ တရားဝင္သံုးစြဲခြင့္ရွိတဲ့ စိတ္ၾကြေဆးေတြရွိပါတယ္။ဒါေပမယ့္ စိတ္မခ်ရပါဘူး။သုတ္လႊတ္ျမန္တာကို ကုစားဖို႕ စိတ္ၾကြေဆးကို ကုထံုးတစ္ခုအေနနဲ႕သံုးမယ္ဆိုရင္ေတာ့ လြဲမွားတဲ့ကုထံုးတစ္ခုပါ။စိတ္ၾကြေဆးေတြဟာ စိတ္က်ေရာဂါ။စိတ္ကစဥ့္ကလ်ားျဖစ္ေစတဲ့ေရာဂါနဲ႕ အျခားေဘးထြက္ဆိုးက်ိဳးေတြကို ျဖစ္ေစပါေသးတယ္။Dr.Walshကအၾကံတစ္ခုေပးပါတယ္။စိတ္ၾကြေဆးေတြသံုးမယ္ဆိုရင္ မိသားစုဆရာဝန္နဲ႕ တိုင္ပင္ပါတဲ့။
၇။က်ြမ္းက်င္သူတစ္ဦးကိုေမးပါ
အေပၚက နည္းလမ္း၆ခုနဲ႕ ၾကိဳးစားၾကည့္ျပီး သုတ္လႊတ္ျမန္တာကို ေျဖရွင္းလို႕ မရရင္ေတာ့ လိင္ေရာဂါအထူးကုဆရာဝန္တစ္ေယာက္နဲ႕ျပၾကည့္ပါလို႕ အၾကံျပဳခ်င္ပါတယ္လို႕ Dr.Walshက ေျပာပါေသးတယ္။
တစ်နာရီလောက်ကြာအောင် ထိန်းထားနိုင်ပြီလား
စိတ်တိုင်းကျ အိပ်ခန်းထဲမှာ ကြာရှည်မဆက်ဆံနိုင်ဘူး သုတ်လွှတ်မြန်နေပြီဆိုရင် ဒီသိပ္ပံနည်းကျနည်းလမ်းတွေကိုကြိုးစားသင့်ပါတယ်မိတ်ဆွေ
သာမန်လုပ်ရိုးလုပ်စဉ်လုပ်ငန်းတွေကို အဆင်ပြေချောမွေ့အောင်ဆောင်ရွက်နိုင်ပြီး ချစ်သူနဲ့အိပ်ရာထဲ အတူနေချိန်မှာ မစွမ်းဆောင်နိုင်ဘူး(သုတ်လွှတ်မြန်နေပြီ)ဆိုတဲ့ကိစ္စက အမျိုးသားအများစုတွေ့ကြုံနေရတဲ့ကိစ္စပါ ။
သုတ်လွှတ်မြန်တယ်( ဆက်ဆံဖော်ချစ်သူထက် အရင်ပြီးတယ်)ဆိုတာက အမျိုးသားတိုင်းနီးပါးကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ Dr.Thomas J.Walshကပြောပါတယ်။
ဒီပြသာနာရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတချို့ကိုဖြေရှင်းသင့်သလို ခန္ဓာကိုယ်အခြေအနေတွေကိုလည်း ထိန်းချုပ်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
အမျိုးသားတွေသတိထားသင့်တာက ဆက်ဆံတဲ့အချိန်ကြာဖို့မဟုတ်ပါဘူး။ဆက်ဆံတဲ့ချစ်သူအမျိုးသမီးကိုချစ်ဖို့နဲ့ သူမကို စိတ်ကျေနပ်စေဖို့ပဲဖြစ်ပါတယ်။
Dr.Thomas J.Walshနဲ့ အခြားဆေးပညာရှင်တွေက ဒီသုတ်လွှတ်မြန်တဲ့ပြသာနာကို ဖြေရှင်းတဲ့နည်းလမ်းတချို့ကို ပြောပြခဲ့ကြပါတယ်။အဲ့ဒါတွေကတော့
၁။ကိုယ့်ကိုကိုယ်သိပါ
ကိုယ်ပြီးတော့မယ်ဆိုတာကို ကိုယ်တိုင်ပဲသိနိုင်ပါတယ်။အဲ့ဒီပြီးတော့မယ့်အခြေအနေကိုသိခြင်းက ပြီးဆုံးတဲ့အခြေအနေမှာ ခံစားရတဲ့ စိတ်ခံစားမှုကို ပိုမိုအားရကျေနပ်စေပါတယ်လို့ Dr.Emily Morseကပြောပါတယ်။Lotionဒါမှမဟုတ်ချောဆီတစ်ခုခုကိုအသုံးပြုပြီး ပြီးခါနီးအချိန်ကိုရောက်အောင်လေ့ကျင့်သင်တယ်လို့ Drက ထပ်ပြောပါတယ်။
၂။ညှစ်ခြင်း
ပြီးတော့မယ်ဆိုတာ သိရင် လိင်အင်္ဂါထိပ်ဖျားရဲ့အောက်နားကို လက်မနဲ့လက်ညှိုးသုံးပြီး ညှစ်ထားလိုက်ပါလို့ Dr.Ian Kernerကပြောပါတယ်။ ဖိထားတဲ့ဖိအားအပေါ်ကို စိတ်ရောက်သွားတဲ့အတွက် လိင်စိတ်ခဏလောက်ပျောက်သွားပါလိမ့်မယ်။ဒါကြောင့် အချိန်ပိုကြာအောင် အတူနေနိုင်သွားပါလိမ့်မယ်။ ဒါကလည်း ကိုယ်ပြီးတော့မယ်ဆိုတာကို သိဖို့လိုသလိုပါပဲလို့ Dr.Walshက ထပ်ပြောပါတယ်။
၃။အမျိုးသမီးကို ဦးစားပေးပါ။
ပါးစပ်နဲ့။ လက်နဲ့ သို့မဟုတ် ကိရိယာတစ်ခုခုနဲ့ ကိုယ့်နဲ့ဆက်ဆံဖော်ချစ်သူ အမျိုးသမီးကို အရင်ပြီးစေခြင်းဟာလည်း ကိုယ့်ကိုကိုယ်သုတ်လွှတ်မြန်တယ်လို့ ထင်နေတဲ့စိတ်ကို ကုစာနိုင်ပါလိမ့်မယ်လို့ Dr.Kernerက ပြောပါတယ်။
၄။ထုံဆေး
သွားနှုတ်ရင် ထုံဆေးသုံးသလိုပဲ လိင်တံရဲ့ အာရုံခံနိုင်စွမ်းကို လျော့ချတဲ့စပရေးတွေရှိပါတယ်။အဲ့ဒါတွေကိုသုံးခြင်းက မင်းရဲ့အာရုံခံနိုင်စွမ်းကို အတိုင်းအတာတစ်ခုအထိ လျော့ချပေးပြီး အမျိုးသမီးကတော့ အဲ့ဒီ့အာနိသင်ကို ခံစားရမှာမဟုတ်ပါဘူးလို့ Dr.Walshက ပြောပါသေးတယ်။Promescentဆိုတဲ့ဆေးနဲ့ သူ့လူနာတွေအဆင်ပြေတယ်လို့ Drက ပြောပါသေးတယ်။ဒါပေမယ့် သတိထားစရာတစ်ခုရှိပါတယ်။အာရုံခံနိုင်စွမ်းလျော့ကျတာနဲ့အမျှ လိင်တံရဲ့ ထောင်မတ်နိုင်စွမ်းကလည်း ကျလာတာကိုပါပဲ။
၅။ကွန်ဒုံး
တချို့ကုမ္ပဏီတွေက ပိုထူတဲ့ရာဘာနဲ့ လုပ်ထားတဲ့ ကွန်ဒုံးတွေ ထုတ်လုပ်ပါတယ်။အဲ့ဒါတွေရဲ့ အာနိသင်ကတော့ ထုံဆေးတွေလိုပါပဲလို့ Dr.Morseကပြောပါတယ်။”Extended Pleasure””maximum performance”ဆိုတဲ့ စကားလုံးတွေပါတဲ့ ကွန်ဒုံးတွေကို ရွေးနိုင်ပါတယ်။
၆။စိတ်ကြွဆေး
လိင်တံထောင်မတ်လာဖို့ စိတ်ကြွဆေးတွေသုံးကျပါတယ်။ဥရောပမှာတော့ တရားဝင်သုံးစွဲခွင့်ရှိတဲ့ စိတ်ကြွဆေးတွေရှိပါတယ်။ဒါပေမယ့် စိတ်မချရပါဘူး။သုတ်လွှတ်မြန်တာကို ကုစားဖို့ စိတ်ကြွဆေးကို ကုထုံးတစ်ခုအနေနဲ့သုံးမယ်ဆိုရင်တော့ လွဲမှားတဲ့ကုထုံးတစ်ခုပါ။စိတ်ကြွဆေးတွေဟာ စိတ်ကျရောဂါ။စိတ်ကစဉ့်ကလျားဖြစ်စေတဲ့ရောဂါနဲ့ အခြားဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေပါသေးတယ်။Dr.Walshကအကြံတစ်ခုပေးပါတယ်။စိတ်ကြွဆေးတွေသုံးမယ်ဆိုရင် မိသားစုဆရာဝန်နဲ့ တိုင်ပင်ပါတဲ့။
၇။ကျွမ်းကျင်သူတစ်ဦးကိုမေးပါ
အပေါ်က နည်းလမ်း၆ခုနဲ့ ကြိုးစားကြည့်ပြီး သုတ်လွှတ်မြန်တာကို ဖြေရှင်းလို့ မရရင်တော့ လိင်ရောဂါအထူးကုဆရာဝန်တစ်ယောက်နဲ့ပြကြည့်ပါလို့ အကြံပြုချင်ပါတယ်လို့ Dr.Walshက ပြောပါသေးတယ်။