လေ့ကျင့်ခန်းလုပ်စဉ် ခန္ဓာကိုယ်တွင် ဖြစ်ပျက်နိုင်သော ဝေဒနာဆိုး ၈ မျိုး
လေ့ကျင့်ခန်းလုပ်စဉ် ခန္ဓာကိုယ်တွင် ဖြစ်ပျက်နိုင်သော ဝေဒနာဆိုး မျိုး
Click More Info
. အရေပြား ယားလာတာ
. အလေးသွားချင်တာ
. အန်ချင်တာ
. ခေါင်း ချာလည်လည်လာတာ
. ခြေထောက် ကျဉ်တာ
လေ့ကျင့်ခန်းလုပ်စဉ် ခန္ဓာကိုယ်တွင် ဖြစ်ပျက်နိုင်သော ဝေဒနာဆိုး ၈ မျိုး
လေ့ကျင့်ခန်းလုပ်ရင် ချွေးထွက်မှာ၊ ကိုယ်လက်ကိုက်ခဲမှာ၊ ပင်ပန်းမှာကို တွက်ထားပြီး ဖြစ်မှာပါ။ ဒါပေမယ့် နချို့ မျှော်မှန်းမထားတဲ့ ဝေဒနာတွေလဲ ခန္ဓာကိုယ်အပေါ်မှာ ဖြစ်လာနိုင်ပါသေးတယ်။ အဲဒိအထဲက အထူးဆန်းဆုံး ၈ မျိုးကတော့-
၁. အလေးမတုန်း ကြွက်သားတွေ လိမ်သွားတာ
အဲဒါဟာ သင့် ကြွက်သားတွေ နွမ်းနယ်သွားတာနဲ့ ကြွက်သားထဲက လျှပ်စီးအရည်တွေ မညီမျှမှုကြောင့် ဖြစ်လာတာပါ။ အဲဒါ မဖြစ်စေဖို့ လေ့ကျင့်ခန်း မလုပ်ခင် ရေဓာတ် ဖြည့်တင်းထားပါ။ ရေအေးက အကောင်းဆုံးပါ။ မိနစ ္၃၀ ထက် ကြာကြာ လုပ်မယ်ဆိုရင်တော့ ဓာတ်ဆားရည်သောက်ပါ။ အိပ်မရအောင် ဖြစ်လာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
၂. နှာရည် ကျလာတာ၊ မျက်ရည်ကျလာတာ
လေ့ကျင့်ခန်းဟာ အသက်ရှုလမ်းကြောင်းထဲက သွေးကြောလေးတွေကို ကျဉ်းသွားစေပြီး မျက်ရည် နှာရည် ကျစေပါတယ်။ အရမ်း နှာရည်ယိုနေရင်တော့ သင်ဟာ လေ့ကျင့်ခန်နဲ့ ဓာတ်မတည့်တာ ဖြစ်နိုင်ပါတယ်။ အိမ်ထဲမှာ လေ့ကျင့်ခန်းလုပ်တာက သင့် နှာရည်ကျခြင်းကို သက်သာစေပါတယ်။
၃. အရေပြား ယားလာတာ
လေ့ကျင့်ခန်း လုပ်စဉ် ကြွက်သားတွေကို သွေးပိုရောက်သွားတော့ သူတို့အနားက သွေးကြော မျှင်လေးတွေကိုပါ သွေးပြည့်သွားစေပါတယ်။ အဲဒိ ဖောင်းကားလာတဲ့ သွေးကြောလေးတွေက အနားက အာရုံကြောတွေကို နှိုးဆွပြီး ယားယံမှုကို ဖြစ်စေပါတယ်။ လေ့ကျင့်ခန်းကို ကျွမ်းကျင်သူနဲ့ သေချာ အစီအစဉ်ချပြီး လုပ်တာက သက်သာစေပါတယ်။
၄. အစာအိမ်က ရေခဲတုံးလို ခံစားနေရတာ
လေ့ကျင့်ခန်းလုပ်ချိန်မှာ အစာအိမ်ကို သွေးသိပ်မရောက်ပဲ ကြွက်သားတွေကို သွေးပိုလွှတ်လိုက်ပါတယ်။ အကျိုးဆက်ကတော့ အစာအိမ် အေးသွားခြင်းပါ။ အဲဒါဟာ သဘာဝ ဖြစ်လို့ စိတ်ပူစရာ မလိုပါဘူး။
၅. အလေးသွားချင်တာ
လေ့ကျင့်ခန်းလုပ်တာဟာ အူတွေကို လှုပ်သလို ဖြစ်စေပြီး ဝမ်းသွားစေပါတယ်။ အစာခြေစနစ်ကို သွေးအရမ်မစီးတာကလဲ ကူညီပေးပါတယ်။ အဲဒိအတွက် လေ့ကျင့်ခန်းနဲ့ အစာစားချိန်ကို သေချာ နေရာချထားပါ။ ဝမ်းသွားစေမယ့် အစာတွေကို လျှော့စားပါ။
၆. အန်ချင်တာ
အစာအိမ်ကို ခါယမ်းခံရတဲ့အခါ အန်ချင်လာတတ်ပါတယ်။ အန်ချင်တတ်တဲ့ အစားအစာတွေကို မှတ်သားထားပြီး လေ့ကျင့်ခန်းမလုပ်ခင် အဲ့ဒါတွေကို မစားမိဖို့ လိုအပ်ပါတယ်။
၇. ခေါင်း ချာလည်လည်လာတာ
မတ်တပ်ရပ်နေစဉ်မှာ သွေးတွေ ခြေထောက်မှာ ပိုစုသွားတာကြောင့် ခေါင်းမူးလာနိုင်ပါတယ်။ အရမ်းပူရင်၊ လေ့ကျင့်ခန်း ရုတ်တရက် ရပ်လိုက်ရင် ဖြစ်တတ်ပါတယ်။ မိနစ်အနည်းငယ်ကြာရင်တော့ ပြန်ကောင်းသွားမှာပါ။ အဲဒါ မဖြစ်အောင် လေ့ကျင့်ခန်းလုပ်ပြီးရင် သွေးပူ လေ့ကျင့်ခန်း ဆက်လုပ်ပေးတာ၊ ထိုင်နေတာတို့က အကျိုး သက်ရောက်ပါတယ်။
၈. ခြေထောက် ကျဉ်တာ
အဲဒါကတော့ မတန်တဲ့ အားကစားဖိနပ်တွေကြောင့်ပါ။ သင့်ရဲ့ ခြေထောက်ဟာ လေ့ကျင့်ခန်းလုပ်ရင် ရောင်ရမ်းလာပါတယ်။ အာရုံကြောလေးတွေ ရောင်ရမ်းလာရင်လဲ အဲဒိလို ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခမ်းလုပ်စဉ် ခြေမကို ကစားပေးခြင်းက ကူညီပေးနိုင်ပါတယ်။
Related Posts
%%footer%%