ဘဝမှာ အောင်မြင်ဖို့ ရှောင်ကျဉ်ရမယ့် အရာ ၁၀ မျိုး
အမျိုးသားတို့ ဘ၀မှာ မလုပ်သင့်တဲ့ အရာ(၁၀) မျိုး
၎. တကယ် လိုအပ်နေတဲ့ လူတွေကို လျစ်လျူရှုမထားပါနဲ့
၉. အပိုတွေ မညည်းပါနဲ့
ဘဝမှာ အောင်မြင်ဖို့ ရှောင်ကျဉ်ရမယ့် အရာ ၁၀ မျိုး
တခြားသူတွေကို အောင်မြင်အောင် လုပ်ပေးခြင်းဟာ သင် ကိုယ်တိုင်ကိုလဲ အောင်မြင်စေပါတယ်။ သင် လုံးဝ မလုပ်သင့်တဲ့ အရာကတော့
၁. တခြားသူတွေရဲ့ အချိန်ကို မဖြုန်းပါနဲ့
သင် တခြားသူတွေနဲ့ ဆက်ဆံပုံဟာ သင့်ရဲ့အကြောင်းကို ဖော်ပြနေပါတယ်။ သင့်ပါတ်ဝန်းကျင်က လူတွေရဲ့ အချိန်ကို သင့်အချိန်ထက် ပိုပြီး လေးစားရပါမယ်။ ရုပ်ရှင်ရုံမှာ သင့်နောက်က လူတန်းကြီးကို မလေးစားပဲ ပိုက်ဆံအိတ်ရှာရင်း အချိန်ကုန်နေတာ မဖြစ်သင့်ပါဘူး။ ဒီလိုဆို သင် ပိုပြီး လူချစ်လူခင် များလာပါလိမ့်မယ်။
၂. သင့်လက်အောက်က လူတွေကို ဂရုမပြုပဲ မထားပါနဲ့
သင် ကုမ္ပဏီ တစ်ခုကို အလုပ်ကိစ္စအတွက် သွားတဲ့အခါ သင် စီးပွားရေး ကိစ္စ လုပ်စရာရှိတဲ့ သင်နဲ့ အဆင့်တူသူတွေနဲ့ပဲ ပြောဆိုဆက်ဆံတာ မဖြစ်သင့်ပါဘူး။ ကုမ္ပဏီမှာ တွေ့သမျှ မျက်မှန်းတန်းမိတဲ့ လူတိုင်းကို ပြုံးပြပါ။ လူတွေပိုပြီး ချစ်ခင်လာပါလိမ့်မယ်။
၃. အကူအညီ အရမ်းမတောင်းပါနဲ့
လူတွေဆိုတာ ကျေးဇူးရှိသူတွေကိုပဲ ကူညီချင်ကြတာပါ။ ကျေးဇူးရှိဖို့ ကူညီတတ်သူတွေဟာ သူတို့ကိစ္စတွေကို အကူအညီ သိပ်မတောင်းတတ်ကြပါဘူး။ အဲလိုလူမျိုးတွေကို လူပိုခင်ပါတယ်။
၄. တကယ် လိုအပ်နေတဲ့ လူတွေကို လျစ်လျူရှုမထားပါနဲ့
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အနည်းဆုံး သင် ပီတိတော့ ခံစားရမှာပါ။ ရေဘေးအတွက် လိုအပ်တဲ့လူတွေကို ကူညီတာ မျိုးပါ။
၅. သင် စကားပြောနိုင်ဖို့ မေးခွန်းတွေ မမေးပါနဲ့
သင် အဖြေသိချင်မှပဲ မေးခွန်းမေးပါ။ သင် စကားပြောရင်လဲ တခြားသူဘက်ကို ကြည့်တဲ့ စကားမျိုးပဲ ပြောပါ။ သင့်ရဲ့ ဆန့်ကျင်ဘက်အမြင်ကို ပြောပြဖို့ အတွက်ပဲ မေးခွန်းမမေးပါနဲ့။ လူတွေက သူတို့အပေါ် စိတ်ဝင်စားသူတွေကို ပိုပြီး သဘောကျကြပါတယ်။
၆. “ငါ ဘာကောင်လဲဆိုတာ မင်းသိလား” ဆိုတဲ့ အချိုးမျိုးတွေ မချိုးပါနဲ့
လူတွေက အဲလို အချိုးမျိုးနဲ့ အထက်လူကြီးတွေကို မကြိုက်ကြပါဘူး။ သင်က တကယ် ” အကောင်ကြီး” တစ်ကောင် ဖြစ်ရင် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြေပြေလည်လည် ပြောပြပါ။ ငါ့ကို မသိရကောင်းလား ဆိုတဲ့ အချိုးမျိုးတွေ မချိုးပါနဲ့။
၇. အတည်ပေါက်နေဖို့ မမေ့ပါနဲ့
သင်က ရယ်စရာကောင်းမှန်း လူတိုင်းသိပါတယ်။ ပျော်ပျော်နေတတ်တာလဲ သိပါတယ်။ ဒါပေမယ့် ပျော်ရမယ့် အချိန် ရှိသလို အတည်ပေါက် နေသင့်တဲ့ အချိန်လဲ ရှိပါတယ်။ မလေးမစား တော်လှန်ရမယ့် အချိန်ရှိသလို ရိုကျိုးသင့်တဲ့ အချိန် ရှိပါတယ်။ စိန်ခေါ်သင့်တဲ့ အချိန် ရှိသလို နောက်ဆုတ်သင့်တဲ့ အချိန် ရှိတယ်ဆိုတာ မှတ်ထားပါ။
၈. ကိုယ့်ဘာသာ အရှက်ပြေပြောစကားကို စနောက်ဖို့ အခွင့်အရေးလို့ မမှတ်ပါနဲ့
သင့်အကြောင်း သင့်ဘာသာ ဟာသပြောနိုင်ပါတယ်။ တခြားသူတွေကတော့ ပြောလို့မရပါဘူး။ သင့်ကိုယ်သင် ဝတယ် ပြောနိုင်ပါတယ်။ တခြားသူတွေက သင့်ကို ဝတယ်ပြောတာ မခံချင်ပါဘူး။ တခြားသူတွေကလဲ အဲလိုပါပဲ။ သူတို့ဘာသာ ဟာသပြောတာကို သင်ပါလိုက်ပြောလို့ရတယ် မထင်ပါနဲ့။
၉. အပိုတွေ မညည်းပါနဲ့
ဘယ်သူမှ အပိုညည်းနေတာတွေကို မကြားချင်ကြပါဘူး။ သင် မညည်းမနေနိုင်ဆို ဘယ်သူ့ရှေ့မှာ ညည်းမှာလဲဆိုတာ အရင် စဉ်းစားပါ။ XXL ဆိုဒ် ဝတ်တဲ့ အမျိုးသမီးတစ်ယောက်ရှေ့မှာ သင်က S ဆိုဒ်ဖြစ်ပေမယ့် Prada က M ပဲ အသေးဆုံးထုတ်လို့ ခက်နေကြောင်း မညည်းမိပါစေနဲ့။ တတ်နိုင်ရင် လုံးဝကို မညည်းပါနဲ့။
၁၀. သင့်အမြင်ကို အတင်းမပြောပါနဲ့
မှန်ကန်တဲ့အချိန်တွေမှာပဲ သင့်အမြင်တွေကို ပြောပြပါ။ သင်က ဆရာလား?? ပြောပါ။ ခေါင်းဆောင်လား?? ပြောပါ။ အခုမှ လေ့ကျင့်ခန်း စလုပ်သူလား?? တစ်အုပ်စုလုံးကို လေ့ကျင့်ခန်းအကျိုးကျေးဇူးတွေ လာမပြောပါနဲ့။ မမေးရင် မပြောပါနဲ့။ သင့်အတွက် မှန်နေတဲ့ အမြင်တွေဟာ သူများတွေအတွက် မှန်ချင်မှ မှန်ပါလိမ့်မယ်။