အာရုံစူးစိုက်မှုကောင်းစေမည့် နည်းလမ်းများ
Double
swift
10003
အာရုံစူးစိုက်မှုကောင်းစေမည့် နည်းလမ်းများ
တစ်ခုခုကို အာရုံစိုက်လို့ မရနိုင်အောင် စိတ်တွေပျံ့လွင့်နေပြီး အနှောက်အယှက်ဖြစ်စရာတွေ ကြုံနေရတာမျိုး ခံစားရဖူးပါသလား။ လူတွေက စကားလာပြောလိုက်၊ ဖုန်းတွေလာလိုက်၊ တစ်နေရာရာက ဆူညံသံတွေ ထွက်လာလိုက်နဲ့ လုပ်စရာရှိတာ မလုပ်နိုင်လောက်အောင် အာရုံစိုက်ဖို့ ခက်နေတာမျိုး အားလုံးဖြစ်ဖူးကြမှာပါ။ လူအများစုက အရေးကိစ္စနှစ်ခုကို တစ်ချိန်တည်းအာရုံမစိုက်နိုင်တတ်ကြပါဘူး။ လေ့လာမှုတွေအရ တစ်ချက်လောက် အာရုံနောက်သွားပြီဆိုရင်တောင် နောက်(၁၅)မိနစ်လောက်နေမှာ မူလအခြေအနေအတိုင်း အာရုံပြန်စိုက်နိုင်တော့တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဘာပဲလုပ်လုပ် အာရုံစူးစိုက်နိုင်ဖို့ ခက်နေရင် လုပ်ဆောင်သင့်တဲ့ အဆင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ TV ၊ ရေဒီယို၊ သီချင်းတွေ ဖွင့်ထားရင် ပိတ်ထားလိုက်ပါ။ တစ်ချို့တွေအတွက်တော့ ဒီပစ္စည်းတွေကနေ အသံတွေထွက်နေတာက အဆင်ပြေနိုင်ပေမယ့် အများစုအတွက်တော့ အာရုံနောက်စရာပါပဲ။
၂။ သင့်အခန်းတွင်းမှာ “စိတ်အေးချမ်းပါစေ” ဆိုတဲ့ စာသားလေးရေးကပ်ထားပါ။ ဒီစာသားလေးမြင်တိုင်း တင်းထားတဲ့အကြောတွေကို လျှော့ပြီး အတွေးတွေကို လွှတ်ပေးထားလိုက်ပါ။
၃။ အလုပ်နေရာဝန်းကျင်ကို သန့်ရှင်းသပ်ရပ်နေပါစေ။ ပတ်ဝန်းကျင်မှာ အစီအစဉ်တကျ သန့်ရှင်းသပ်ရပ်နေတာက စိတ်ကို တည်ငြိမ်အေးချမ်းပြီး အာရုံစူးစိုက်နိုင်စေမှာဖြစ်ပါတယ်။
၄။ အလုပ်တွေတပြိုင်နက်လုပ်တာကို ရှောင်ကျဉ်ပါ။ ဟင်းချက်ရင်း ဖုန်းမပြောပါနဲ့။ ဟောပြောပွဲမှာ နားထောင်နေတုန်း အီးမေးလ်တွေ မဖတ်ပါနဲ့။
၅။ ဖုန်း Ring tone ကို ဖျောက်ထားလိုက်ပါ။ တစ်ခါတစ်လေ ဖုန်းသံမြည်လာတာက တကယ်ကို အာရုံပျက်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
၆။ အလုပ်တွေ တောက်လျှောက်မလုပ်ပဲ ခဏတဖြုတ်အနားယူပါ။ လုပ်ဆောင်ရမယ့် စာရင်းလုပ်ထားပါ။ တစ်နေ့စာများ အများကြီးတော့ ဖြစ်မနေပါစေနဲ့။
၇။ အင်တာနက်အသုံးပြုပြီး လိုချင်တဲ့အချက်အလက်ကိုပဲ ရှာဖွေပါ။ ဆက်စပ်နေတဲ့ Links တွေကို လိုက်မဖတ်မိပါစေနဲ့။
၈။ အာရုံနောက်လို့မဖြစ်လောက်အောင် အရေးကြီးနေချိန်မှာ အီးမေးလ်အဝင်အထွက်ကိုပါ ပိတ်ထားလိုက်ပါ။
၉။ ကိန်းဂဏန်းတွေနဲ့ လုပ်ရတာကို ခဏရပ်ထားလိုက်ပါ။ နာရီကြည့်တာ၊ စာချုပ်စာတမ်းကိစ္စတွေ၊ ဘဏ်ငွေစာရင်းတွေ စသဖြင့် ကိန်းဂဏန်းတွေနဲ့ လုပ်ရတဲ့ကိစ္စတွေကနေ ခဏလောက် ရှောင်နေလိုက်ပါ။
၁၀။ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းပုံမှန်မလုပ်ရင် အငြိမ်ထိုင်ပြီး အာရုံစိုက်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း အနည်းငယ်လောက် ပုံမှန်လုပ်ပေးတာက အာရုံစူးစိုက်နိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။
၁၁။ ဖြားယောင်းသွေးဆောင်မှုတွေကို ရှောင်ပါ။ အခြားသူတွေကလာခေါ်တာ၊ ဖုန်းလှမ်းဆက်တာ စသဖြင့် အလုပ်ကို အနှောက်အယှက်ဖြစ်စေမယ့်အရာတွေကို ရှောင်နိုင်ဖို့လိုပါတယ်။ အနှောက်အယှက်အကင်းဆုံး နေရာကတော့ အနီးဆုံးက စာကြည့်တိုက်က စာဖတ်ခန်းမှာ သွားပြီး လုပ်စရာရှိတာကို လုပ်လိုက်ဖို့ပါပဲ။