လုပ္ငန္းခြင္အတြင္း အျပင္အ၀တ္အစား၀တ္သည့္အခါ ေဆာင္ရန္ေရွာင္ရန္

လုပ်ငန်းခွင်အတွင်း အပြင်အဝတ်အစားဝတ်သည့်အခါ ဆောင်ရန်ရှောင်ရန်

လုပ္ငန္းခြင္အတြင္း အျပင္အ၀တ္အစား၀တ္သည့္အခါ ေဆာင္ရန္ေရွာင္ရန္

လုပ္ငန္းခြင္အတြင္းမွာ ၀တ္စံုမ၀တ္ရဘဲ ႏွစ္သက္ရာအ၀တ္အစား၀တ္ဆင္ခြင့္ရတဲ့ေန႔ေတြမွာ ဘယ္လို ၀တ္ဆင္ရင္ အေကာင္းဆံုးျဖစ္မယ္လို႔ ထင္ပါသလဲ။ ၀တ္စုံျပည့္မဟုတ္ပဲ ေပါ့ေပါ့ပါးပါး အ၀တ္အစား၀တ္တဲ့ ကိစၥက ႐ႈပ္ေထြးမႈမရွိဘူးလုိ႔ ထင္တတ္ၾကပါတယ္။ တကယ္ေတာ့ သာမန္၀တ္ဆင္ထားေပမယ့္ ပေရာ္ဖက္ရွင္နယ္ဆန္တဲ့ အသြင္အျပင္ ရွိေနဖို႔အတြက္ လိုက္နာရမယ့္ စည္းကမ္းေလးေတြေတာ့ရွိပါတယ္။

ေကာ္လာပါဖို႔လုိပါတယ္။

ဘယ္လိုအက်ီၤမ်ိဳးကိုပဲ ၀တ္၀တ္ ေကာ္လာပါေနဖို႔က အေရးႀကီးပါတယ္။ ေကာ္လာပါတဲ့ ရွပ္အက်ီၤမ်ိဳး၀တ္ဆင္ တဲ့အခါမွာ လည္စီးစည္းခ်င္လည္း စည္းလို႔ရသလို မစည္းခ်င္လည္းပဲ ျဖစ္ပါတယ္။ လည္စီးစည္းမယ္ဆိုရင္ ေတာ့ ေၾကာင္ေတာင္ေတာင္ျဖစ္မယ့္ အဆင္ေတြကိုေရွာင္ဖို႔လိုပါလိမ့္မယ္။ လည္စီးမစည္းဘူးဆိုရင္ေတာ့ အက်ီၤရဲ႕အေပၚၾကယ္သီး တစ္လံုးႏွစ္လံုးေလာက္ကို ျဖဳတ္ထားလို႔ရပါတယ္။ လုံး၀ေဖာက္ဖ်က္လို႔ မျဖစ္တဲ့ သံမဏီစည္းမ်ဥ္းကေတာ့ ေပါ့ပါးတဲ့အ၀တ္အစားကို ၀တ္ပါ။ ဒါေပမယ့္ အလုပ္နဲ႔ေလ်ာ္ကန္သင့္ျမတ္မႈ ရွိပါေစ။ တီရွပ္ေတြ၊ ဟာေ၀ယံရွပ္ေတြ လံုး၀မ၀တ္သင့္ပါဘူး။

ဖိနပ္နဲ႔ ေဘာင္းဘီကိုလည္း ေသခ်ာေရြးခ်ယ္ပါ။

ဖိနပ္အတြက္ကေတာ့ သင့္ရဲ႕ေျခေထာက္တစ္ခုလံုးကို ဖုံးကြယ္ထားႏိုင္တဲ့ ႐ႈးဖိနပ္ေတြကိုပဲ စီးသင့္ပါတယ္။ တခ်ိဳ႕ေတြက သားေရညွပ္ဖိနပ္ေတြ၊ ကြင္းထိုးဖိနပ္ေတြ စီးတတ္ၾကေပမယ့္ မသင့္ေတာ္ပါဘူး။ ေဘာင္းဘီအတြက္ကေတာ့ ဂ်င္းေဘာင္းဘီေတြ ၀တ္ဆင္လို႔ျဖစ္ပါတယ္။ သန္႔သန္႔ရွင္းရွင္းေလွ်ာ္ဖြတ္ထားၿပီး ေသခ်ာ မီးပူတိုက္ထားဖို႔ေတာ့ လိုပါတယ္။

အမ်ိဳးသားတစ္ေယာက္ရဲ႕ ကိုယ္ရည္ကိုယ္ေသြးကို သူ၀တ္ဆင္တဲ့ အ၀တ္အစားနဲ႔ ၀တ္ဆင္ပံုနည္းလမ္းေတြ ကေန တဆင့္ သိရွိႏိုင္ပါတယ္။ ဒါ့ေၾကာင့္ လုပ္ငန္းခြင္အတြင္း ၀တ္ခ်င္ရာ၀တ္ခြင့္ရွိတဲ့ေန႔မွာလည္း ေတြ႕သူတိုင္းက အထင္ႀကီးေလးစားသြားေစမယ့္ အဆင္အျပင္မ်ိဳးကိုပဲ ၀တ္ဆင္သင့္ေၾကာင္း အၾကံျပဳလုိက္ပါတယ္။


လုပ်ငန်းခွင်အတွင်း အပြင်အဝတ်အစားဝတ်သည့်အခါ ဆောင်ရန်ရှောင်ရန်

လုပ်ငန်းခွင်အတွင်းမှာ ဝတ်စုံမဝတ်ရဘဲ နှစ်သက်ရာအဝတ်အစားဝတ်ဆင်ခွင့်ရတဲ့နေ့တွေမှာ ဘယ်လို ဝတ်ဆင်ရင် အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါသလဲ။ ဝတ်စုံပြည့်မဟုတ်ပဲ ပေါ့ပေါ့ပါးပါး အဝတ်အစားဝတ်တဲ့ ကိစ္စက ရှုပ်ထွေးမှုမရှိဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ သာမန်ဝတ်ဆင်ထားပေမယ့် ပရော်ဖက်ရှင်နယ်ဆန်တဲ့ အသွင်အပြင် ရှိနေဖို့အတွက် လိုက်နာရမယ့် စည်းကမ်းလေးတွေတော့ရှိပါတယ်။

ကော်လာပါဖို့လိုပါတယ်။

ဘယ်လိုအကျီၤမျိုးကိုပဲ ဝတ်ဝတ် ကော်လာပါနေဖို့က အရေးကြီးပါတယ်။ ကော်လာပါတဲ့ ရှပ်အကျီၤမျိုးဝတ်ဆင် တဲ့အခါမှာ လည်စီးစည်းချင်လည်း စည်းလို့ရသလို မစည်းချင်လည်းပဲ ဖြစ်ပါတယ်။ လည်စီးစည်းမယ်ဆိုရင် တော့ ကြောင်တောင်တောင်ဖြစ်မယ့် အဆင်တွေကိုရှောင်ဖို့လိုပါလိမ့်မယ်။ လည်စီးမစည်းဘူးဆိုရင်တော့ အကျီၤရဲ့အပေါ်ကြယ်သီး တစ်လုံးနှစ်လုံးလောက်ကို ဖြုတ်ထားလို့ရပါတယ်။ လုံး၀ဖောက်ဖျက်လို့ မဖြစ်တဲ့ သံမဏီစည်းမျဉ်းကတော့ ပေါ့ပါးတဲ့အဝတ်အစားကို ဝတ်ပါ။ ဒါပေမယ့် အလုပ်နဲ့လျော်ကန်သင့်မြတ်မှု ရှိပါစေ။ တီရှပ်တွေ၊ ဟာဝေယံရှပ်တွေ လုံးဝမဝတ်သင့်ပါဘူး။

ဖိနပ်နဲ့ ဘောင်းဘီကိုလည်း သေချာရွေးချယ်ပါ။

ဖိနပ်အတွက်ကတော့ သင့်ရဲ့ခြေထောက်တစ်ခုလုံးကို ဖုံးကွယ်ထားနိုင်တဲ့ ရှုးဖိနပ်တွေကိုပဲ စီးသင့်ပါတယ်။ တချို့တွေက သားရေညှပ်ဖိနပ်တွေ၊ ကွင်းထိုးဖိနပ်တွေ စီးတတ်ကြပေမယ့် မသင့်တော်ပါဘူး။ ဘောင်းဘီအတွက်ကတော့ ဂျင်းဘောင်းဘီတွေ ဝတ်ဆင်လို့ဖြစ်ပါတယ်။ သန့်သန့်ရှင်းရှင်းလျှော်ဖွတ်ထားပြီး သေချာ မီးပူတိုက်ထားဖို့တော့ လိုပါတယ်။

အမျိုးသားတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို သူဝတ်ဆင်တဲ့ အဝတ်အစားနဲ့ ဝတ်ဆင်ပုံနည်းလမ်းတွေ ကနေ တဆင့် သိရှိနိုင်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်အတွင်း ဝတ်ချင်ရာဝတ်ခွင့်ရှိတဲ့နေ့မှာလည်း တွေ့သူတိုင်းက အထင်ကြီးလေးစားသွားစေမယ့် အဆင်အပြင်မျိုးကိုပဲ ဝတ်ဆင်သင့်ကြောင်း အကြံပြုလိုက်ပါတယ်။

Related Posts

%%footer%%