အချိန်ကောင်းစောင့်ရင်း အောင်မြင်မှု နောက်မကျစေဖို့
အခ်ိန္ေကာင္းေစာင့္ရင္း ေအာင္ျမင္မႈ ေနာက္မက်ေစဖို႔
ဘ၀မွာ အားလံုးၿပီးျပည့္စံုမယ့္ အခ်ိန္ေကာင္းဆိုတာ မရွိပါဘူး။ ဒီေတာ့ အခ်ိန္ေကာင္းကို ေစာင့္ေနမယ္ဆိုရင္ အျခားသူေတြ မလိုခ်င္လို႔ထားသြားတဲ့ လက္က်န္ေတြကိုပဲ ရရွိမွာ ေသခ်ာပါတယ္။ သင့္အေနနဲ႔ စိတ္ကူးအိပ္မက္တစ္ခုရွိေနတယ္ဆိုရင္ ဘယ္လိုစိတ္ကူးအိပ္မက္မ်ိဳးပဲျဖစ္ျဖစ္ ဖမ္းဆုပ္ရယူႏိုင္ဖို႔ အခ်ိန္ေကာင္းကို ေစာင့္ေနမယ့္အစား အခုခ်က္ခ်င္းထၿပီး ႀကိဳးစားၾကည့္သင့္ပါတယ္။ ဘာေၾကာင့္ အခ်ိန္ေကာင္းကို ေစာင့္မေနပဲ တစ္ႀကိမ္တစ္ခါေလာက္ ႀကိဳးစားၾကည့္သင့္တာလဲဆိုတဲ့ အခ်က္ (၅)ခု ကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ဒီအတိုင္းထိုင္ေန႐ုံနဲ႔ေတာ့ လိုခ်င္တဲ့အရာကို ဘယ္ေတာ့မွပိုင္ဆိုင္ႏိုင္မွာ မဟုတ္ပါဘူး။
ဘ၀ ထူးထူးျခားျခား အလွည့္အေျပာင္းေတြျဖစ္လာၿပီး အားလံုးအဆင္ေျပသြားဖို႔ ေစာင့္ေနမယ္ဆိုရင္ တျခားသူေတြ မလိုခ်င္လို႔ ခ်န္ထားရစ္ခဲ့တဲ့ အခြင့္အေရးေတြကိုပဲ ရရွိမွာပါ။ သင့္ရဲ႕အိပ္မက္ေတြ၊ ရည္မွန္းခ်က္ေတြ၊ အျခားဘယ္အရာပဲျဖစ္ျဖစ္ သင္ကိုယ္တိုင္ႀကိဳးစားအားထုတ္မႈမရွိပဲ ရယူပိုင္ဆိုင္ႏိုင္မွာ မဟုတ္ပါဘူး။ ဘ၀ၿပိဳင္ပြဲအတြင္းမွာ တကယ္၀င္မကစားပဲ ေဘးကရပ္ၾကည့္ေနသလို ျဖစ္ေနမွာပါ။ တကယ္လက္ေတြ႕လုပ္ေဆာင္မႈမရွိခဲ့ရင္ ကမာၻေပၚက စိတ္ကူးေကာင္းေတြ၊ စီမံခ်က္ေကာင္းေတြအားလံုးက အလကားျဖစ္သြားပါလိမ့္မယ္။
၂။ ရင္းႏွီးစြန္႔စားမႈေတြဟာ ေန႔စဥ္ဘ၀ရဲ႕ အစိတ္အပိုင္းျဖစ္တယ္ဆိုတာကို လက္ခံပါ။
ၿငင္းပယ္ခံရမႈေတြ၊ လုပ္ငန္းအတြင္း ခက္ခဲၾကမ္းတမ္းမႈေတြ ရင္ဆိုင္ၾကံဳေတြ႕ရႏိုင္ပါတယ္။ သင့္ရဲ႕အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ၿပီး သူမ်ားမေလွ်ာက္လမ္းကို ေလွ်ာက္လွမ္းရတာက တကယ္ကို ခက္ခဲၾကမ္းတမ္းပါတယ္။ သင့္အိပ္မက္၊ သင့္ရည္မွန္းခ်က္နဲ႔ပတ္သက္ၿပီး စိုးရိမ္စိတ္ နည္းနည္းပဲရွိမယ္ဆိုရင္ အခက္အခဲေတြနည္း ႀကီးထြားလာမွာမဟုတ္ပါဘူး။ ရင္းႏွီးစြန္႔စားမႈေတြ လုပ္ေဆာင္ရတဲ့အခါမွာလည္း အဆင္မေျပမႈေတြ ၾကံဳေတြ႕ရႏိုင္ပါတယ္။ ဒါေပမယ့္ အဆင္မေျပမႈေတြက ထာ၀ရရွိေနမွာမဟုတ္ပါဘူး။ လက္ေလွ်ာ့အ႐ႈံးေပးလိုက္တဲ့အခါမွာသာ အဆင္မေျပမႈက အျမဲတည္တံ့ေနမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ရင္းႏွီးစြန္႔စားမႈေတြကို သိပ္အမ်ားႀကီးေတြးမေနပဲ ႀကိဳးစားၾကည့္ပါ။
၃။ တကယ္လို႔ ဆိုတာေတြေၾကာင့္ ရပ္တန္႔မသြားပါေစနဲ႔။
တကယ္လို႔ ငါ ကိုယ္အေလးခ်ိန္မက်ရင္
တကယ္လို႔ ငါ လုပ္ငန္း မေအာင္ျမင္ရင္
တကယ္လို႔ ငါ ခ်စ္သလို သူမက ျပန္မခ်စ္ဘူးဆိုရင္
တကယ္လို႔ ငါ စာအေရးအသား မေကာင္းဘူးဆိုရင္
တကယ္လို႔ ငါ့ စိတ္ကူးအိပ္မက္ေတြ မရွင္သန္လာဘူးဆိုရင္
ဒီလိုအေတြးေတြက သင့္ရဲ႕ေခါင္းထဲကို အခ်ိန္မေရြး၀င္လာႏိုင္ပါတယ္။ ဒီလို သံသယေတြက ကၽြန္ေတာ္တို႔နဲ႔အခ်ိန္တိုင္း အတူရွိေနတာျဖစ္ပါတယ္။ အထူးသျဖင့္ ကၽြန္ေတာ္တို႔ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ၿပီး Comfort zone အတြင္းကေန ႐ုန္းထြက္ၾကတဲ့အခါမွာ ပိုေတြးမိတတ္ၾကပါတယ္။ ဒီလို အေတြးေတြေၾကာင့္ ကၽြန္ေတာ္တို႔ရဲ႕ အိမ္မက္ေတြ ပ်က္စီးမခံလိုက္ပါနဲ႔။ အျပဳသေဘာေဆာင္တဲ့ အေတြးေတြ ေတြးေပးပါ။
၄။ ဘာအေၾကာင္းပဲရွိရွိ ေရွ႕ဆက္ပါ။
တစ္ခါတစ္ေလမွာ သင္ရယူပိုင္ဆိုင္ႏိုင္ဖို႔ ႀကိဳးစားေနတဲ့အရာက ဘယ္လိုမွမျဖစ္ႏိုင္ေတာ့သလို ခံစားလာရတတ္ပါတယ္။ ေပါက္တတ္ကရေတြျဖစ္ၿပီး အဆင္မေျပမႈေတြ ၾကံဳလာတတ္ပါတယ္။ သင့္ရဲ႕ မိသားစု၊ သူငယ္ခ်င္းေတြကလည္း သင့္ကို ႐ူးေနၿပီလို႔ ေျပာလာၾကပါလိမ့္မယ္။ ဘာကို ဂရုစိုက္မလဲ ? တကယ္ဆိုရင္ ဒါဟာ သင့္ဘ၀ျဖစ္ပါတယ္။ သင္နဲ႔ပဲ သက္ဆိုင္ပါတယ္။ သင္ဘယ္ႏွစ္ႀကိမ္ပဲ ေနာက္ေကာက္က် က်န္ေနခဲ့ပါေစ၊ အိပ္မက္ပန္းတိုင္ကို လွမ္းကိုင္ႏိုင္ဖို႔ အလုပ္(၃)ခုေလာက္ လုပ္ေနရပါေစ။ အ႐ႈံးမေပးလိုက္ပါနဲ႔။ က်ဆံုးျပဳိလဲမႈေတြကို ေအာင္ျမင္မႈေတြ အျဖစ္ေျပာင္းလဲႏိုင္တဲ့အထိ ႀကိဳးစားပါ။ စိုးရိမ္မႈေတြ၊ သံသယေတြ မထားပါနဲ႔။ ကၽြန္ေတာ္တို႔ရဲ႕ အိပ္မက္ေတြက ဘယ္ေတာ့မွ ေပ်ာက္ကြယ္မသြားပါဘူး။ လစ္လ်ဴ႐ႈဖို႔ ဆံုးျဖတ္လုိက္တာပဲ ရွိတာပါ။
၅။ အတိတ္ကအရိပ္ေတြရဲ႕ လႊမ္းမိုမႈ မခံရပါေစနဲ႔။
ေနာင္တတရားဟာ ဆိုးက်ိဳးေပးတဲ့ ခံစားမႈတစ္ခုသာျဖစ္ပါတယ္။ တကယ္ဆိုရင္ ကမာၻမွာ အဆိုးရြားဆံုး စိတ္ခံစားမႈလို႔ေတာင္ ေျပာလို႔ရပါတယ္။ ကုရာနတၳိေဆးမရွိတဲ့ ေရာဂါတစ္ခုပဲ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ တစ္ခုခုကို ႀကိဳးစားလုပ္ေဆာင္ေတာ့မယ္ ဆိုတဲ့အခ်ိန္တိုင္းမွာ အရင္က ဘာျဖစ္ခဲ့ဖူးတယ္၊ အခုေရာမျဖစ္ႏိုင္ဘူး လားဆိုၿပီး လာသတိေပးေနတာက ေနာင္တပဲျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ကို လက္ရွိအခ်ိန္ကေန ဆြဲထုတ္ၿပီး အတိတ္မွာပဲ နစ္ေမ်ာေနေအာင္ လုပ္ႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ပါေစ။ ၿပီးခဲ့တဲ့အတိတ္ဆိုတာ ျပန္ျပင္ဆင္လို႔ မရေတာ့ပါဘူး။ အနာဂတ္ကိုပဲ ပံုသြင္းလို႔ ရတယ္ဆိုတာကို သိထားဖို႔လိုပါတယ္။
သင့္ဘ၀ရဲ႕ ပဲ့ကိုင္ရွင္က သင္ကိုယ္တိုင္ပဲျဖစ္ပါတယ္။ ကမာၻေလာကႀကီးထဲမွာ မျဖစ္ႏိုင္ဘူးဆိုတာ မရွိပါဘူး။ မျဖစ္ေသးတာပဲ ရွိပါတယ္။ ဒါ့ေၾကာင့္ အခြင့္အလမ္းေတြကို အခုခ်က္ခ်င္းပဲ ရယူပါ။ မနက္ျဖန္အထိ ေစာင့္မေနပါနဲ႔။
အချိန်ကောင်းစောင့်ရင်း အောင်မြင်မှု နောက်မကျစေဖို့
ဘဝမှာ အားလုံးပြီးပြည့်စုံမယ့် အချိန်ကောင်းဆိုတာ မရှိပါဘူး။ ဒီတော့ အချိန်ကောင်းကို စောင့်နေမယ်ဆိုရင် အခြားသူတွေ မလိုချင်လို့ထားသွားတဲ့ လက်ကျန်တွေကိုပဲ ရရှိမှာ သေချာပါတယ်။ သင့်အနေနဲ့ စိတ်ကူးအိပ်မက်တစ်ခုရှိနေတယ်ဆိုရင် ဘယ်လိုစိတ်ကူးအိပ်မက်မျိုးပဲဖြစ်ဖြစ် ဖမ်းဆုပ်ရယူနိုင်ဖို့ အချိန်ကောင်းကို စောင့်နေမယ့်အစား အခုချက်ချင်းထပြီး ကြိုးစားကြည့်သင့်ပါတယ်။ ဘာကြောင့် အချိန်ကောင်းကို စောင့်မနေပဲ တစ်ကြိမ်တစ်ခါလောက် ကြိုးစားကြည့်သင့်တာလဲဆိုတဲ့ အချက် (၅)ခု ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဒီအတိုင်းထိုင်နေရုံနဲ့တော့ လိုချင်တဲ့အရာကို ဘယ်တော့မှပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။
ဘ၀ ထူးထူးခြားခြား အလှည့်အပြောင်းတွေဖြစ်လာပြီး အားလုံးအဆင်ပြေသွားဖို့ စောင့်နေမယ်ဆိုရင် တခြားသူတွေ မလိုချင်လို့ ချန်ထားရစ်ခဲ့တဲ့ အခွင့်အရေးတွေကိုပဲ ရရှိမှာပါ။ သင့်ရဲ့အိပ်မက်တွေ၊ ရည်မှန်းချက်တွေ၊ အခြားဘယ်အရာပဲဖြစ်ဖြစ် သင်ကိုယ်တိုင်ကြိုးစားအားထုတ်မှုမရှိပဲ ရယူပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဘ၀ပြိုင်ပွဲအတွင်းမှာ တကယ်ဝင်မကစားပဲ ဘေးကရပ်ကြည့်နေသလို ဖြစ်နေမှာပါ။ တကယ်လက်တွေ့လုပ်ဆောင်မှုမရှိခဲ့ရင် ကမ္ဘာပေါ်က စိတ်ကူးကောင်းတွေ၊ စီမံချက်ကောင်းတွေအားလုံးက အလကားဖြစ်သွားပါလိမ့်မယ်။
၂။ ရင်းနှီးစွန့်စားမှုတွေဟာ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတာကို လက်ခံပါ။
ငြင်းပယ်ခံရမှုတွေ၊ လုပ်ငန်းအတွင်း ခက်ခဲကြမ်းတမ်းမှုတွေ ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။ သင့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ပြီး သူများမလျှောက်လမ်းကို လျှောက်လှမ်းရတာက တကယ်ကို ခက်ခဲကြမ်းတမ်းပါတယ်။ သင့်အိပ်မက်၊ သင့်ရည်မှန်းချက်နဲ့ပတ်သက်ပြီး စိုးရိမ်စိတ် နည်းနည်းပဲရှိမယ်ဆိုရင် အခက်အခဲတွေနည်း ကြီးထွားလာမှာမဟုတ်ပါဘူး။ ရင်းနှီးစွန့်စားမှုတွေ လုပ်ဆောင်ရတဲ့အခါမှာလည်း အဆင်မပြေမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေက ထာဝရရှိနေမှာမဟုတ်ပါဘူး။ လက်လျှော့အရှုံးပေးလိုက်တဲ့အခါမှာသာ အဆင်မပြေမှုက အမြဲတည်တံ့နေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရင်းနှီးစွန့်စားမှုတွေကို သိပ်အများကြီးတွေးမနေပဲ ကြိုးစားကြည့်ပါ။
၃။ တကယ်လို့ ဆိုတာတွေကြောင့် ရပ်တန့်မသွားပါစေနဲ့။
တကယ်လို့ ငါ ကိုယ်အလေးချိန်မကျရင်
တကယ်လို့ ငါ လုပ်ငန်း မအောင်မြင်ရင်
တကယ်လို့ ငါ ချစ်သလို သူမက ပြန်မချစ်ဘူးဆိုရင်
တကယ်လို့ ငါ စာအရေးအသား မကောင်းဘူးဆိုရင်
တကယ်လို့ ငါ့ စိတ်ကူးအိပ်မက်တွေ မရှင်သန်လာဘူးဆိုရင်
ဒီလိုအတွေးတွေက သင့်ရဲ့ခေါင်းထဲကို အချိန်မရွေးဝင်လာနိုင်ပါတယ်။ ဒီလို သံသယတွေက ကျွန်တော်တို့နဲ့အချိန်တိုင်း အတူရှိနေတာဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး Comfort zone အတွင်းကနေ ရုန်းထွက်ကြတဲ့အခါမှာ ပိုတွေးမိတတ်ကြပါတယ်။ ဒီလို အတွေးတွေကြောင့် ကျွန်တော်တို့ရဲ့ အိမ်မက်တွေ ပျက်စီးမခံလိုက်ပါနဲ့။ အပြုသဘောဆောင်တဲ့ အတွေးတွေ တွေးပေးပါ။
၄။ ဘာအကြောင်းပဲရှိရှိ ရှေ့ဆက်ပါ။
တစ်ခါတစ်လေမှာ သင်ရယူပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေတဲ့အရာက ဘယ်လိုမှမဖြစ်နိုင်တော့သလို ခံစားလာရတတ်ပါတယ်။ ပေါက်တတ်ကရတွေဖြစ်ပြီး အဆင်မပြေမှုတွေ ကြုံလာတတ်ပါတယ်။ သင့်ရဲ့ မိသားစု၊ သူငယ်ချင်းတွေကလည်း သင့်ကို ရူးနေပြီလို့ ပြောလာကြပါလိမ့်မယ်။ ဘာကို ဂရုစိုက်မလဲ ? တကယ်ဆိုရင် ဒါဟာ သင့်ဘ၀ဖြစ်ပါတယ်။ သင်နဲ့ပဲ သက်ဆိုင်ပါတယ်။ သင်ဘယ်နှစ်ကြိမ်ပဲ နောက်ကောက်ကျ ကျန်နေခဲ့ပါစေ၊ အိပ်မက်ပန်းတိုင်ကို လှမ်းကိုင်နိုင်ဖို့ အလုပ်(၃)ခုလောက် လုပ်နေရပါစေ။ အရှုံးမပေးလိုက်ပါနဲ့။ ကျဆုံးပြိုလဲမှုတွေကို အောင်မြင်မှုတွေ အဖြစ်ပြောင်းလဲနိုင်တဲ့အထိ ကြိုးစားပါ။ စိုးရိမ်မှုတွေ၊ သံသယတွေ မထားပါနဲ့။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေက ဘယ်တော့မှ ပျောက်ကွယ်မသွားပါဘူး။ လစ်လျူရှုဖို့ ဆုံးဖြတ်လိုက်တာပဲ ရှိတာပါ။
၅။ အတိတ်ကအရိပ်တွေရဲ့ လွှမ်းမိုမှု မခံရပါစေနဲ့။
နောင်တတရားဟာ ဆိုးကျိုးပေးတဲ့ ခံစားမှုတစ်ခုသာဖြစ်ပါတယ်။ တကယ်ဆိုရင် ကမ္ဘာမှာ အဆိုးရွားဆုံး စိတ်ခံစားမှုလို့တောင် ပြောလို့ရပါတယ်။ ကုရာနတ္ထိဆေးမရှိတဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ခုခုကို ကြိုးစားလုပ်ဆောင်တော့မယ် ဆိုတဲ့အချိန်တိုင်းမှာ အရင်က ဘာဖြစ်ခဲ့ဖူးတယ်၊ အခုရောမဖြစ်နိုင်ဘူး လားဆိုပြီး လာသတိပေးနေတာက နောင်တပဲဖြစ်ပါတယ်။ ကျွန်တော်တို့ကို လက်ရှိအချိန်ကနေ ဆွဲထုတ်ပြီး အတိတ်မှာပဲ နစ်မျောနေအောင် လုပ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ။ ပြီးခဲ့တဲ့အတိတ်ဆိုတာ ပြန်ပြင်ဆင်လို့ မရတော့ပါဘူး။ အနာဂတ်ကိုပဲ ပုံသွင်းလို့ ရတယ်ဆိုတာကို သိထားဖို့လိုပါတယ်။
သင့်ဘဝရဲ့ ပဲ့ကိုင်ရှင်က သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ကမ္ဘာလောကကြီးထဲမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ မဖြစ်သေးတာပဲ ရှိပါတယ်။ ဒါ့ကြောင့် အခွင့်အလမ်းတွေကို အခုချက်ချင်းပဲ ရယူပါ။ မနက်ဖြန်အထိ စောင့်မနေပါနဲ့။