ခ်စ္သူေတြသက္တာဆက္ဆံေရးခိုင္ျမဲေစဖို႔ ေဆာင္ရန္ေရွာင္ရန္မ်ား

တစ်ချစ်သူတွေသက်တာဆက်ဆံရေးခိုင်မြဲစေဖို့ ဆောင်ရန်ရှောင်ရန်များ

ခ်စ္သူေတြသက္တာဆက္ဆံေရးခိုင္ျမဲေစဖို႔ ေဆာင္ရန္ေရွာင္ရန္မ်ား

ခ်စ္သူဇနီးေမာင္ႏွံေတြအၾကားဆက္ဆံေရးဟာ အမ်ားအျမင္မွာ ျပည့္စံုေကာင္းမြန္ေနဖို႔ထက္ ႏွစ္ဦးသားအျပန္အလွန္နားလည္မႈရွိ အမွန္တကယ္ေပ်ာ္ရႊင္ေနဖို႔ လုိအပ္ပါတယ္။ ခ်စ္သူနဲ႔အတူ တစ္သက္တာလံုး လက္တြဲခိုင္ျမဲၿပီး လွပတဲ့အနာဂတ္ကို တည္ေဆာက္ခ်င္သူေတြအတြက္ ႐ုိးရွင္းလြယ္ကူတဲ့ ေဆာင္ရန္ေရွာင္ရန္ေလးေတြကို ေဖာ္ျပလိုက္ပါတယ္။

၂၅။ အခြင့္အေရးကို မကန္႔သတ္မိပါေစနဲ႔

လူေတြဟာ အမွားလုပ္တတ္ၾကပါတယ္။ လူေတြပဲအမွားလုပ္တတ္ၾကတာျဖစ္ၿပီး အမွားေတြကို ခြင့္လႊတ္ေပးႏိုင္တာကလည္း လူေတြပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ခ်စ္သူလည္း သင့္လိုပဲ အမွားေတြလုပ္မိႏိုင္တဲ့အတြက္ ျပန္ျပင္ဆင္ဖို႔ အခြင့္အေရးေပးသင့္ပါတယ္။ ဒီလို အမွားျပန္ျပင္ဖို႔ အခြင့္အေရးကို မကန္႔သတ္မိပါေစနဲ႔။

၂၄။ အဆင္ေျပေခ်ာေမြ႕ေနမယ္လို႔ ေမွ်ာ္လင့္မထားပါနဲ႔

ေပ်ာ္ရႊင္ေက်နပ္စရာေကာင္းပါတယ္ဆိုတဲ့ စံုတြဲေတြမွာေတာင္မွ အျမဲတမ္းအဆင္ေျပေနတာမဟုတ္ပါဘူး။ ဆက္ဆံေရးတိုင္းမွာ အနိမ့္အျမင့္ဆိုတာရွိတတ္ၿပီး ဒါကလည္း သဘာ၀ပါပဲ။ တခ်ိဳ႕ေတြက ျပႆနာေတြ ၾကံဳေတြ႕ရတဲ့အခါမွာ မသင့္ေတာ္သူနဲ႔ လက္တြဲမိတယ္လို႔ ယူဆတတ္ၾကပါတယ္။ ၿပီးျပည့္စံုတဲ့ဘ၀ဆိုတာ အလြယ္တကူမရရွိႏိုင္ဘူးဆိုတာ သတိရပါ။

၂၃။ တစ္ေလာကလံုးကို ေမ့ထားပါ

အျခားသူေတြရဲ႕ အေျပာေတြ၊ ထင္ျမင္ယူဆခ်က္ေတြ၊ ဆံုးျဖတ္ခ်က္ေတြကို အာ႐ုံစိုက္မေနဖို႔ ေျပာထားပါ။ ဒီလိုသာ ဂ႐ုစိုက္ေနမယ္ဆိုရင္ သင့္ဘ၀ကို သင္မပိုင္ေတာ့ပဲ လူမႈအဖြဲ႕အစည္းႀကိဳးဆြဲရာ ကေနသလိုျဖစ္ေနမွာပါ။ သင္နဲ႔ သင့္ခ်စ္သူအေၾကာင္း ေျပာသမွ်ေတြကို နားမေယာင္မိပါေစနဲ႔။ အျခားသူေတြရဲ႕ အကဲျဖတ္မႈေတြကို စိုးရိမ္ေၾကာင့္က်မေနပဲ ခ်စ္သူနဲ႔ ေပ်ာ္ေနဖို႔က အဓိကက်ပါတယ္။

၂၂။ အမွားေတြကို လက္ခံေပးပါ။

မွားတတ္တာဟာ လူ႕သဘာ၀တစ္ခုလို႔ ေျပာခဲ့ၿပီးပါၿပီ။ ဒါ့ေၾကာင့္ ျဖစ္ခဲ့ၿပီးတဲ့အမွားေတြကို လက္ခံႏိုင္ဖို႔ လိုပါတယ္။ အမွားကို ဖုံးကြယ္ဖို႔ ႀကိဳးစားၿပီး လိမ္ညာဟန္ေဆာင္ေနတာမ်ိဳးထက္ အမွားကို ၀န္ခံလိုက္တာက အေကာင္းဆံုးျဖစ္ပါတယ္။ ႏွစ္ဦးသားဆက္ဆံေရးမွာ ပြင့္လင္းျမင္သာမႈရွိမွသာ အေကာင္းဆံုးဆက္ဆံေရးကို တည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။

၂၁။ ပိုၿပီးခြင့္လႊတ္တတ္ပါေစ။

ခြင့္လႊတ္နားလည္ေပးဖို႔ဆိုတာ လူတိုင္းလုပ္ႏိုင္တဲ့ အရာမဟုတ္ပါဘူး။ တစ္စံုတစ္ေယာက္ရဲ႕အမွားေတြကို ေမ့လိုက္ၿပီး ခြင့္လႊတ္ေပးဖို႔ ခြန္အားရွိဖိုပဲ လိုပါတယ္။ ဒါေပမယ့္ ႏွစ္ဦးစလံုးရဲ႕ဘ၀ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေရွ႕ဆက္ခ်င္တယ္ဆိုရင္ေတာ့ ခြင့္လႊတ္တတ္ဖို႔ ႀကိဳးစားရမွာျဖစ္ပါတယ္။ မွားတာေတြရွိခဲ့မယ္ဆိုရင္ တစ္ဦးနဲ႔ တစ္ဦး အျပန္အလွန္ ခြင့္လႊတ္တတ္ဖို႔ လိုပါတယ္။

၂၀။ ယံုၾကည္ပါ။ ပိုၿပီးေတာ့ ယုံၾကည္ပါ။

ၿပီးျပည့္စံုတဲ့ဆက္ဆံေရးတိုင္းကို ယုံၾကည္မႈနဲ႔ တည္ေဆာက္ထားတာျဖစ္ပါတယ္။ အျပန္အလွန္ ယုံၾကည္မႈမ်ားေလေလ၊ ဆက္ဆံေရးခိုင္ျမဲေလပဲျဖစ္ပါတယ္။ အတိတ္နဲ႔ပက္သက္ၿပီး ပြင့္လင္းမႈရွိပါ။ မေကာင္းတဲ့အေလ့အက်င့္ေတြကိုလည္း အသိေပးထားပါ။ အမွားလုပ္မိရင္ အျမန္ဆံုး၀န္ခံလိုက္ပါ။ ဒီလိုနည္းလမ္းေတြနဲ႔ ခ်စ္သူစံုတြဲေတြအၾကား ယုံၾကည္မႈကို တည္ေဆာက္ႏိုင္ပါတယ္။

၁၉။ အခ်ိန္ေပးပါ။

အခ်ိန္ဟာ တစ္စံုတစ္ေယာက္ကို ေပးႏိုင္တဲ့ တန္ဖိုးအရွိဆံုးလက္ေဆာင္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တစ္ဦးအတြက္ တစ္ဦး အခ်ိန္ေပးႏိုင္သမွ်ေပးဖို႔ လိုပါတယ္။ တတ္ႏိုင္သမွ် အတူတကြ အခ်ိန္ကုန္ဆံုးပါ။ အလုပ္ဘယ္ေလာက္ မ်ားမ်ား အခ်ိန္ေပးႏိုင္ေအာင္ ဂ႐ုစိုက္စီစဥ္ပါ။

၁၈။ ခ်ီးက်ဴးစကားေျပာပါ။

ခ်ီးက်ဴးစကားေျပာတာဟာ တဖက္သားကို စိတ္ခ်မ္းသာေစပါတယ္။ ႏွစ္ဦးသားဆက္ဆံေရး ဘယ္ေလာက္ပဲ ၾကာေနၿပီျဖစ္ပါေစ အျပန္အလွန္ခ်ီးက်ဴးစကားဆိုဖို႔ မေမ့ပါနဲ႔။ သူမဘယ္လိုလွတယ္၊ သင့္ကို ဘယ္လိုခံစားရေစတယ္၊ စသျဖင့္ ခ်ီးက်ဴးလို႔ရပါတယ္။

၁၇။ ရပ္တည္ေပးပါ။

ခက္ခဲၾကမ္းတမ္းတဲ့အခ်ိန္ေတြ ၾကံဳေတြ႕ရခ်ိန္မွာ လူတိုင္းက မိမိခ်စ္သူကို အရင္ဆံုး အကူအညီေတာင္းတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ အခက္အခဲၾကံဳတိုင္းမွာ တစ္ဦးအတြက္ တစ္ဦးက ရပ္တည္ေပးရမွာျဖစ္ပါတယ္။ အဆံုးမဲ့အားေပးကူညီမႈဟာ ခ်စ္သူစံုတြဲတိုင္းအတြက္ မရွိမျဖစ္လိုအပ္ပါတယ္။

၁၆။ ျဖစ္ႏိုင္သေလာက္ပဲ ေမွ်ာ္လင့္ပါ။

ခ်စ္သူစံုတြဲေတြမွာ ႏွစ္ဦးစလံုးက လူသားေတြျဖစ္ပါတယ္။ တစ္ေယာက္က အျခားတစ္ေယာက္ ဘယ္ေလာက္ထိ လုပ္ေပးႏိုင္တယ္ဆိုတာကို သိထားၿပီးသားျဖစ္ပါတယ္။ စိတ္ကူးယဥ္ဆန္လြန္းတဲ့ ေမွ်ာ္လင့္ခ်က္ေတြထားၿပီး အမ်ားႀကီး ေမွ်ာ္လင့္ထားတာက ျပႆနာတက္ ရန္ျဖစ္ရဖို႔ ဦးတည္သြားေစပါတယ္။ ဒါ့ေၾကာင့္ ျဖစ္ႏိုင္ေခ်ရွိတဲ့ ေမွ်ာ္လင့္ခ်က္ေတြကိုပဲ ေမွ်ာ္လင့္ထားပါ။

၁၅။ အေသးအမႊားေလးေတာင္မွ မလိမ္မိပါေစနဲ႔။

လိမ္ညာျခင္းဟာ အမွားသက္သက္ပါပဲ။ ဘယ္လိုနည္းနဲ႔မွာ တစ္ဖက္လူကို ေက်နပ္ေစႏိုင္မွာ မဟုတ္ပါဘူး။ ခ်စ္သူ ၀မ္းနည္းမွာစိုးလို႔ လိမ္မိတယ္ဆိုရင္ေတာင္မွ အမွန္ကိုသိသြားတဲ့အခ်ိန္မွာ သူမအတြက္ ပိုၿပီး ထိခိုက္ခံစားရမွာျဖစ္ပါတယ္။

၁၄။ ေမွ်ာ္လင့္ခ်က္မထားပဲ ေပးဆပ္ပါ။

ေပးဆပ္ႏိုင္သမွ်ေပးဆပ္ၿပီး ျပန္ရဖို႔ အမ်ားႀကီးမေမွ်ာ္လင့္ထားတာက ခ်စ္သူစံုတြဲေတြအၾကား ႏွစ္ဦးစလံုးမွာရွိသင့္တဲ့ ေရႊစည္းမ်ဥ္းျဖစ္ပါတယ္။ ဒီအေလ့အက်င့္က အရမ္းကို ခ်စ္စရာေကာင္းပါတယ္။ ေပးဆပ္ရျခင္းရဲ႕ ေပ်ာ္ရႊင္မႈကို သင္ေတြ႕ရွိၿပီး ေက်နပ္ေနမွာေသခ်ာပါတယ္။

၁၃။ ကတိတည္ပါ။

ကတိေပးၿပီးရင္ တည္ဖို႔အေရးႀကီးပါတယ္။ ကတိပ်က္တာဟာ ႏွစ္ဦးၾကားက ယုံၾကည္မႈကို ထိခိုက္ေစၿပီး အရင္လို ယုံၾကည္မႈျပန္ရဖို႔ အခ်ိန္ယူရပါတယ္။ ဒါ့ေၾကာင့္ ကတိေပးမယ္ဆိုရင္ အရမ္းဂ႐ုစိုက္ဖို႔ လိုပါတယ္။ မတည္ႏိုင္တဲ့ ကတိေတြမေပးပါနဲ။

၁၂။ ရွင္းရွင္းလင္းလင္း ေျပာဆိုဆက္သြယ္ပါ။

ခ်စ္သူစံုတြဲေတြအၾကား တစ္ေယာက္ေျပာတာကို တစ္ေယာက္က ႏွစ္ခါျပန္စဥ္းစားစရာမလိုပဲ နားလည္ေအာင္ ေျပာဆိုသင့္ပါတယ္။ ရွင္းရွင္းလင္းလင္း ေျပာဆိုဆက္သြယ္မႈဟာ ဆက္ဆံေရးခိုင္ျမဲေစဖို႔ အဓိကေသာ့ခ်က္တစ္ခု ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ပြင့္လင္းပါ၊ စိတ္ထဲရွိတာကို ထုတ္ေျပာပါ၊ မ်ိဳသိပ္ထားတာမ်ိဳး မလုပ္ပါနဲ႔။

၁၁။ တစ္ဦးခ်င္းျပႆနာေတြကို ပြင့္ပြင့္လင္းလင္း တိုင္ပင္ေဆြးေႏြးပါ။

သင့္မွာ ရင္ဆိုင္ၾကံဳေတြ႕ေနရတဲ့ ျပႆနာတစ္ခုခုကို ခ်စ္သူကိုအသိမေပးပဲ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ေျဖရွင္းလိုက္လို႔ ရပါတယ္။ ဒါေပမယ့္ သူမကို ေျပာျပတာကလည္း ေကာင္းပါတယ္။ သင့္ခ်စ္သူကို သင့္ျပႆနာထဲမွာ တစိတ္တပိုင္း ပါ၀င္ခြင့္ေပးလိုက္ပါ။ ျပႆနာကို ေျပာျပရတာက ထူးဆန္းသလိုျဖစ္ေနပါလိမ့္မယ္။ လုပ္ၾကည့္ပါ။ အက်ိဳးရွိပါလိမ့္မယ္။

၁၀။ နားေထာင္ပါ။

ေရရွည္ဆက္ဆံေရးခိုင္ျမဲဖို႔အတြက္ ရွင္းရွင္းလင္းလင္း ေျပာဆိုဆက္သြယ္ႏိုင္ဖို႔ အေရးႀကီးတယ္လို႔ ေျပာခဲ့ၿပီးပါၿပီ။ အခုလည္း ဒီလိုပါပဲ။ ဂ႐ုတစိုက္နားေထာင္ေပးတာကလည္း အေရးႀကီးပါတယ္။ ေခါင္းညိတ္ေန႐ုံမဟုတ္ပဲ သူမေျပာေနတဲ့အေၾကာင္းအရာကို ေသခ်ာနားလည္သည္အထိ နားေထာင္တတ္ဖို႔ လိုပါတယ္။

၉။ အျပန္အလွန္ကူညီပါ

တစ္ေယာက္ေယာက္နဲ႔ ခ်စ္ကၽြမ္း၀င္ၿပီဆိုတာနဲ႔ သူမရဲ႕ေကာင္းကြက္ေတြကို အာ႐ုံစိုက္ၿပီး ဒီေကာင္းကြက္ အရည္အခ်င္းေတြ ပိုတိုးတက္လာေအာင္ ကူညီေပးသင့္ပါတယ္။ ႏွစ္ဦးစလံုး တိုးတက္မႈရွိေစဖို႔ အျပန္အလွန္ ကူညီေပးရမွာျဖစ္ပါတယ္။

၈။ ေျပာင္းလဲဖို႔ မႀကိဳးစားပါနဲ႔။

တစ္ဦးကို တစ္ဦး အရွိအတိုင္းလက္ခံႏိုင္ဖို႔ လိုပါတယ္။ မိမိစိတ္တိုင္းက် ေျပာင္းလဲဖို႔ မလုပ္ပါနဲ႔။ ခ်စ္သူအခ်င္းခ်င္းၾကားက ကြဲျပားခ်က္ေတြကို လက္ခံႏိုင္ဖို႔ ႀကိဳးစားပါ။

၇။ တစ္ဦးစီရဲ႕ခံစားခ်က္ေတြကို ေလးစားပါ။

ခ်စ္သူစံုတြဲေတြအၾကားမႈ ေလးစားသမႈရွိဖို႔ အေရးႀကီးပါတယ္။ တစ္ေယာက္ရဲ႕ခံစားခ်က္ကို တစ္ေယာက္က ေလးစားပါ။ တစ္ခုခုမေျပာခင္မွာ တဖက္သူကို ထိခိုက္ေစႏိုင္လားဆိုတာကို ႏွစ္ခါျပန္စဥ္းစားပါ။ စကားလံုးေတြက လူတစ္ေယာက္ကို ေျပာင္းလဲပစ္လိုက္ႏိုင္ပါတယ္။

၆။ အျပန္အလွန္အားေပးပါ။

တစ္ေယာက္က တစ္ေယာက္ရဲ႕ ခြန္အားျဖစ္ေပးရမွာျဖစ္ၿပီး စကားနဲ႔ပဲျဖစ္ျဖစ္၊ အလုပ္နဲ႔ပဲျဖစ္ျဖစ္ တတ္ႏိုင္သမွ် အားေပးေနဖို႔လည္း လိုအပ္ပါတယ္။ ခ်စ္သူကို စိတ္ဓာတ္က်မေနေစပဲ သူမဘယ္ေလာက္ထိ လုပ္ႏိုင္ေၾကာင္း အားေပးေနဖို႔ လိုပါတယ္။

၅။ ဟာသေတြနဲ႔ ေပ်ာ္ရႊင္မႈေပးပါ။

ခ်စ္သူစံုတြဲေတြအၾကားမွာ တစ္ဦးနဲ႔တစ္ဦးအျပန္အလွန္ ရယ္ေမာေပ်ာ္ရႊင္ေစႏိုင္တယ္ဆိုရင္ ေရရွည္လက္တြဲလို႔ ရၿပီျဖစ္ပါတယ္။ သင့္မွာ ဟာသဉာဏ္ရွိတယ္ဆိုရင္ေတာ့ ခ်စ္သူကို အျမဲရယ္ေမာေပ်ာ္ရႊင္ေစႏိုင္မွာ ျဖစ္ပါတယ္။

၄။ အျပန္အလွန္နားလည္ပါ။

အျပန္အလွန္နားလည္မႈရဖို႔ ခက္ခဲေပမယ့္ ေရရွည္အတြက္ အဆင္ေျပေစမွာျဖစ္ပါတယ္။ အခ်င္းခ်င္း နားလည္ႏိုင္ေအာင္ ႀကိဳးစားပါ။ သူမရဲ႕ ျပႆနာေတြ၊ သူမရဲ႕ေပ်ာ္ရႊင္မႈေတြ စသျဖင့္ အားလံုးကို နားလည္ေနဖို႔ လိုပါတယ္။ သူမစိတ္ကိုျမင္ႏိုင္ဖို႔အထိမလိုပါဘူး။ သင္အေနနဲ႔ အတိုင္းအတာတစ္ခုအထိ နားလည္ႏိုင္မယ္ဆိုရင္ လုံေလာက္ပါၿပီ။

၃။ အသိအမွတ္ျပဳပါ။

တစ္ေယာက္ကိုတစ္ေယာက္ အသိအမွတ္ျပဳတတ္ဖို႔လိုပါတယ္။ အေသးအမႊားကိစၥေလးပဲျဖစ္ျဖစ္ တစ္ဦးရဲ႕ လုပ္ေဆာင္မႈကို တစ္ဦးက အသိအမွတ္ျပဳေပးပါ။ မသိခ်င္ေယာင္ေဆာင္မေနပါနဲ႔။ အသိအမွတ္ျပဳေပးျခင္းအားျဖင့္ သူမရဲ႕ဘ၀မွာ တစ္ခုခုကို ေအာင္ျမင္လိုက္သလို ေက်နပ္ခံစားရေစၿပီး ေပ်ာ္ရႊင္ေစမွာျဖစ္ပါတယ္။

၂။ အတိတ္ကို ေမ့လိုက္ပါ။

အခုလက္ရွိမွာ အျပန္အလွန္ခ်စ္ေနၾကဖို႔ပဲ လိုအပ္ပါတယ္။ အတိတ္ကို အတိတ္မွာပဲထားခဲ့ပါ။ လက္ရွိအခ်ိန္မွာ ေပ်ာ္ေနဖို႔ပဲႀကိဳးစားပါ။ အေၾကာင္းရွိလို႔ စိတ္ဆိုးေဒါသျဖစ္ေနရင္ေတာင္မွာ အတိတ္ကအေၾကာင္းအရာေတြကို ျပန္ေျပာၿပီး အႏိုင္ယူဖို႔ မႀကိဳးစားပါနဲ႔။ သင့္အတြက္ေတာ့ ေဒါသျဖစ္ခ်ိန္ခဏဆိုေပမယ့္ သူမအတြက္ေတာ့ အတိတ္ကို ျပန္စဥ္းစားမိၿပီး အခ်ိန္တိုင္း၀မ္းနည္းေနရမွာျဖစ္ပါတယ္။

၁။ အရာရာတိုင္းအတြက္ သစၥာရွိပါ။

ခ်စ္သူစံုတြဲဆက္ဆံေရးမွာ အျပန္အလွန္ သစၥာရွိျခင္းက အရာအားလံုးပဲျဖစ္ပါတယ္။ ကိုယ္ေရာစိတ္ပါ သစၥာရွိပါ။ ေျပာတဲ့စကား၊ လုပ္တဲ့အလုပ္ အရာရာတိုင္းမွာ သစၥာရွိဖို႔က အေရးအႀကီးဆံုးပဲ ျဖစ္ပါတယ္။


တစ်ချစ်သူတွေသက်တာဆက်ဆံရေးခိုင်မြဲစေဖို့ ဆောင်ရန်ရှောင်ရန်များ

ချစ်သူဇနီးမောင်နှံတွေအကြားဆက်ဆံရေးဟာ အများအမြင်မှာ ပြည့်စုံကောင်းမွန်နေဖို့ထက် နှစ်ဦးသားအပြန်အလှန်နားလည်မှုရှိ အမှန်တကယ်ပျော်ရွှင်နေဖို့ လိုအပ်ပါတယ်။ ချစ်သူနဲ့အတူ တစ်သက်တာလုံး လက်တွဲခိုင်မြဲပြီး လှပတဲ့အနာဂတ်ကို တည်ဆောက်ချင်သူတွေအတွက် ရိုးရှင်းလွယ်ကူတဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို ဖော်ပြလိုက်ပါတယ်။

၂၅။ အခွင့်အရေးကို မကန့်သတ်မိပါစေနဲ့

လူတွေဟာ အမှားလုပ်တတ်ကြပါတယ်။ လူတွေပဲအမှားလုပ်တတ်ကြတာဖြစ်ပြီး အမှားတွေကို ခွင့်လွှတ်ပေးနိုင်တာကလည်း လူတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ချစ်သူလည်း သင့်လိုပဲ အမှားတွေလုပ်မိနိုင်တဲ့အတွက် ပြန်ပြင်ဆင်ဖို့ အခွင့်အရေးပေးသင့်ပါတယ်။ ဒီလို အမှားပြန်ပြင်ဖို့ အခွင့်အရေးကို မကန့်သတ်မိပါစေနဲ့။

၂၄။ အဆင်ပြေချောမွေ့နေမယ်လို့ မျှော်လင့်မထားပါနဲ့

ပျော်ရွှင်ကျေနပ်စရာကောင်းပါတယ်ဆိုတဲ့ စုံတွဲတွေမှာတောင်မှ အမြဲတမ်းအဆင်ပြေနေတာမဟုတ်ပါဘူး။ ဆက်ဆံရေးတိုင်းမှာ အနိမ့်အမြင့်ဆိုတာရှိတတ်ပြီး ဒါကလည်း သဘာဝပါပဲ။ တချို့တွေက ပြဿနာတွေ ကြုံတွေ့ရတဲ့အခါမှာ မသင့်တော်သူနဲ့ လက်တွဲမိတယ်လို့ ယူဆတတ်ကြပါတယ်။ ပြီးပြည့်စုံတဲ့ဘဝဆိုတာ အလွယ်တကူမရရှိနိုင်ဘူးဆိုတာ သတိရပါ။

၂၃။ တစ်လောကလုံးကို မေ့ထားပါ

အခြားသူတွေရဲ့ အပြောတွေ၊ ထင်မြင်ယူဆချက်တွေ၊ ဆုံးဖြတ်ချက်တွေကို အာရုံစိုက်မနေဖို့ ပြောထားပါ။ ဒီလိုသာ ဂရုစိုက်နေမယ်ဆိုရင် သင့်ဘဝကို သင်မပိုင်တော့ပဲ လူမှုအဖွဲ့အစည်းကြိုးဆွဲရာ ကနေသလိုဖြစ်နေမှာပါ။ သင်နဲ့ သင့်ချစ်သူအကြောင်း ပြောသမျှတွေကို နားမယောင်မိပါစေနဲ့။ အခြားသူတွေရဲ့ အကဲဖြတ်မှုတွေကို စိုးရိမ်ကြောင့်ကျမနေပဲ ချစ်သူနဲ့ ပျော်နေဖို့က အဓိကကျပါတယ်။

၂၂။ အမှားတွေကို လက်ခံပေးပါ။

မှားတတ်တာဟာ လူ့သဘာဝတစ်ခုလို့ ပြောခဲ့ပြီးပါပြီ။ ဒါ့ကြောင့် ဖြစ်ခဲ့ပြီးတဲ့အမှားတွေကို လက်ခံနိုင်ဖို့ လိုပါတယ်။ အမှားကို ဖုံးကွယ်ဖို့ ကြိုးစားပြီး လိမ်ညာဟန်ဆောင်နေတာမျိုးထက် အမှားကို ဝန်ခံလိုက်တာက အကောင်းဆုံးဖြစ်ပါတယ်။ နှစ်ဦးသားဆက်ဆံရေးမှာ ပွင့်လင်းမြင်သာမှုရှိမှသာ အကောင်းဆုံးဆက်ဆံရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

၂၁။ ပိုပြီးခွင့်လွှတ်တတ်ပါစေ။

ခွင့်လွှတ်နားလည်ပေးဖို့ဆိုတာ လူတိုင်းလုပ်နိုင်တဲ့ အရာမဟုတ်ပါဘူး။ တစ်စုံတစ်ယောက်ရဲ့အမှားတွေကို မေ့လိုက်ပြီး ခွင့်လွှတ်ပေးဖို့ ခွန်အားရှိဖိုပ လိုပါတယ်။ ဒါပေမယ့် နှစ်ဦးစလုံးရဲ့ဘဝကို ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်ချင်တယ်ဆိုရင်တော့ ခွင့်လွှတ်တတ်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ မှားတာတွေရှိခဲ့မယ်ဆိုရင် တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ခွင့်လွှတ်တတ်ဖို့ လိုပါတယ်။

၂၀။ ယုံကြည်ပါ။ ပိုပြီးတော့ ယုံကြည်ပါ။

ပြီးပြည့်စုံတဲ့ဆက်ဆံရေးတိုင်းကို ယုံကြည်မှုနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ အပြန်အလှန် ယုံကြည်မှုများလေလေ၊ ဆက်ဆံရေးခိုင်မြဲလေပဲဖြစ်ပါတယ်။ အတိတ်နဲ့ပက်သက်ပြီး ပွင့်လင်းမှုရှိပါ။ မကောင်းတဲ့အလေ့အကျင့်တွေကိုလည်း အသိပေးထားပါ။ အမှားလုပ်မိရင် အမြန်ဆုံးဝန်ခံလိုက်ပါ။ ဒီလိုနည်းလမ်းတွေနဲ့ ချစ်သူစုံတွဲတွေအကြား ယုံကြည်မှုကို တည်ဆောက်နိုင်ပါတယ်။

၁၉။ အချိန်ပေးပါ။

အချိန်ဟာ တစ်စုံတစ်ယောက်ကို ပေးနိုင်တဲ့ တန်ဖိုးအရှိဆုံးလက်ဆောင်ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ဦးအတွက် တစ်ဦး အချိန်ပေးနိုင်သမျှပေးဖို့ လိုပါတယ်။ တတ်နိုင်သမျှ အတူတကွ အချိန်ကုန်ဆုံးပါ။ အလုပ်ဘယ်လောက် များများ အချိန်ပေးနိုင်အောင် ဂရုစိုက်စီစဉ်ပါ။

၁၈။ ချီးကျူးစကားပြောပါ။

ချီးကျူးစကားပြောတာဟာ တဖက်သားကို စိတ်ချမ်းသာစေပါတယ်။ နှစ်ဦးသားဆက်ဆံရေး ဘယ်လောက်ပဲ ကြာနေပြီဖြစ်ပါစေ အပြန်အလှန်ချီးကျူးစကားဆိုဖို့ မမေ့ပါနဲ့။ သူမဘယ်လိုလှတယ်၊ သင့်ကို ဘယ်လိုခံစားရစေတယ်၊ စသဖြင့် ချီးကျူးလို့ရပါတယ်။

၁၇။ ရပ်တည်ပေးပါ။

ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေ ကြုံတွေ့ရချိန်မှာ လူတိုင်းက မိမိချစ်သူကို အရင်ဆုံး အကူအညီတောင်းတတ်ကြပါတယ်။ ဒါ့ကြောင့် အခက်အခဲကြုံတိုင်းမှာ တစ်ဦးအတွက် တစ်ဦးက ရပ်တည်ပေးရမှာဖြစ်ပါတယ်။ အဆုံးမဲ့အားပေးကူညီမှုဟာ ချစ်သူစုံတွဲတိုင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

၁၆။ ဖြစ်နိုင်သလောက်ပဲ မျှော်လင့်ပါ။

ချစ်သူစုံတွဲတွေမှာ နှစ်ဦးစလုံးက လူသားတွေဖြစ်ပါတယ်။ တစ်ယောက်က အခြားတစ်ယောက် ဘယ်လောက်ထိ လုပ်ပေးနိုင်တယ်ဆိုတာကို သိထားပြီးသားဖြစ်ပါတယ်။ စိတ်ကူးယဉ်ဆန်လွန်းတဲ့ မျှော်လင့်ချက်တွေထားပြီး အများကြီး မျှော်လင့်ထားတာက ပြဿနာတက် ရန်ဖြစ်ရဖို့ ဦးတည်သွားစေပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်ချေရှိတဲ့ မျှော်လင့်ချက်တွေကိုပဲ မျှော်လင့်ထားပါ။

၁၅။ အသေးအမွှားလေးတောင်မှ မလိမ်မိပါစေနဲ့။

လိမ်ညာခြင်းဟာ အမှားသက်သက်ပါပဲ။ ဘယ်လိုနည်းနဲ့မှာ တစ်ဖက်လူကို ကျေနပ်စေနိုင်မှာ မဟုတ်ပါဘူး။ ချစ်သူ ဝမ်းနည်းမှာစိုးလို့ လိမ်မိတယ်ဆိုရင်တောင်မှ အမှန်ကိုသိသွားတဲ့အချိန်မှာ သူမအတွက် ပိုပြီး ထိခိုက်ခံစားရမှာဖြစ်ပါတယ်။

၁၄။ မျှော်လင့်ချက်မထားပဲ ပေးဆပ်ပါ။

ပေးဆပ်နိုင်သမျှပေးဆပ်ပြီး ပြန်ရဖို့ အများကြီးမမျှော်လင့်ထားတာက ချစ်သူစုံတွဲတွေအကြား နှစ်ဦးစလုံးမှာရှိသင့်တဲ့ ရွှေစည်းမျဉ်းဖြစ်ပါတယ်။ ဒီအလေ့အကျင့်က အရမ်းကို ချစ်စရာကောင်းပါတယ်။ ပေးဆပ်ရခြင်းရဲ့ ပျော်ရွှင်မှုကို သင်တွေ့ရှိပြီး ကျေနပ်နေမှာသေချာပါတယ်။

၁၃။ ကတိတည်ပါ။

ကတိပေးပြီးရင် တည်ဖို့အရေးကြီးပါတယ်။ ကတိပျက်တာဟာ နှစ်ဦးကြားက ယုံကြည်မှုကို ထိခိုက်စေပြီး အရင်လို ယုံကြည်မှုပြန်ရဖို့ အချိန်ယူရပါတယ်။ ဒါ့ကြောင့် ကတိပေးမယ်ဆိုရင် အရမ်းဂရုစိုက်ဖို့ လိုပါတယ်။ မတည်နိုင်တဲ့ ကတိတွေမပေးပါနဲ။

၁၂။ ရှင်းရှင်းလင်းလင်း ပြောဆိုဆက်သွယ်ပါ။

ချစ်သူစုံတွဲတွေအကြား တစ်ယောက်ပြောတာကို တစ်ယောက်က နှစ်ခါပြန်စဉ်းစားစရာမလိုပဲ နားလည်အောင် ပြောဆိုသင့်ပါတယ်။ ရှင်းရှင်းလင်းလင်း ပြောဆိုဆက်သွယ်မှုဟာ ဆက်ဆံရေးခိုင်မြဲစေဖို့ အဓိကသော့ချက်တစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် ပွင့်လင်းပါ၊ စိတ်ထဲရှိတာကို ထုတ်ပြောပါ၊ မျိုသိပ်ထားတာမျိုး မလုပ်ပါနဲ့။

၁၁။ တစ်ဦးချင်းပြဿနာတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပါ။

သင့်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုခုကို ချစ်သူကိုအသိမပေးပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းလိုက်လို့ ရပါတယ်။ ဒါပေမယ့် သူမကို ပြောပြတာကလည်း ကောင်းပါတယ်။ သင့်ချစ်သူကို သင့်ပြဿနာထဲမှာ တစိတ်တပိုင်း ပါဝင်ခွင့်ပေးလိုက်ပါ။ ပြဿနာကို ပြောပြရတာက ထူးဆန်းသလိုဖြစ်နေပါလိမ့်မယ်။ လုပ်ကြည့်ပါ။ အကျိုးရှိပါလိမ့်မယ်။

၁၀။ နားထောင်ပါ။

ရေရှည်ဆက်ဆံရေးခိုင်မြဲဖို့အတွက် ရှင်းရှင်းလင်းလင်း ပြောဆိုဆက်သွယ်နိုင်ဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပြီးပါပြီ။ အခုလည်း ဒီလိုပါပဲ။ ဂရုတစိုက်နားထောင်ပေးတာကလည်း အရေးကြီးပါတယ်။ ခေါင်းညိတ်နေရုံမဟုတ်ပဲ သူမပြောနေတဲ့အကြောင်းအရာကို သေချာနားလည်သည်အထိ နားထောင်တတ်ဖို့ လိုပါတယ်။

၉။ အပြန်အလှန်ကူညီပါ

တစ်ယောက်ယောက်နဲ့ ချစ်ကျွမ်းဝင်ပြီဆိုတာနဲ့ သူမရဲ့ကောင်းကွက်တွေကို အာရုံစိုက်ပြီး ဒီကောင်းကွက် အရည်အချင်းတွေ ပိုတိုးတက်လာအောင် ကူညီပေးသင့်ပါတယ်။ နှစ်ဦးစလုံး တိုးတက်မှုရှိစေဖို့ အပြန်အလှန် ကူညီပေးရမှာဖြစ်ပါတယ်။

၈။ ပြောင်းလဲဖို့ မကြိုးစားပါနဲ့။

တစ်ဦးကို တစ်ဦး အရှိအတိုင်းလက်ခံနိုင်ဖို့ လိုပါတယ်။ မိမိစိတ်တိုင်းကျ ပြောင်းလဲဖို့ မလုပ်ပါနဲ့။ ချစ်သူအချင်းချင်းကြားက ကွဲပြားချက်တွေကို လက်ခံနိုင်ဖို့ ကြိုးစားပါ။

၇။ တစ်ဦးစီရဲ့ခံစားချက်တွေကို လေးစားပါ။

ချစ်သူစုံတွဲတွေအကြားမှု လေးစားသမှုရှိဖို့ အရေးကြီးပါတယ်။ တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်က လေးစားပါ။ တစ်ခုခုမပြောခင်မှာ တဖက်သူကို ထိခိုက်စေနိုင်လားဆိုတာကို နှစ်ခါပြန်စဉ်းစားပါ။ စကားလုံးတွေက လူတစ်ယောက်ကို ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။

၆။ အပြန်အလှန်အားပေးပါ။

တစ်ယောက်က တစ်ယောက်ရဲ့ ခွန်အားဖြစ်ပေးရမှာဖြစ်ပြီး စကားနဲ့ပဲဖြစ်ဖြစ်၊ အလုပ်နဲ့ပဲဖြစ်ဖြစ် တတ်နိုင်သမျှ အားပေးနေဖို့လည်း လိုအပ်ပါတယ်။ ချစ်သူကို စိတ်ဓာတ်ကျမနေစေပဲ သူမဘယ်လောက်ထိ လုပ်နိုင်ကြောင်း အားပေးနေဖို့ လိုပါတယ်။

၅။ ဟာသတွေနဲ့ ပျော်ရွှင်မှုပေးပါ။

ချစ်သူစုံတွဲတွေအကြားမှာ တစ်ဦးနဲ့တစ်ဦးအပြန်အလှန် ရယ်မောပျော်ရွှင်စေနိုင်တယ်ဆိုရင် ရေရှည်လက်တွဲလို့ ရပြီဖြစ်ပါတယ်။ သင့်မှာ ဟာသဉာဏ်ရှိတယ်ဆိုရင်တော့ ချစ်သူကို အမြဲရယ်မောပျော်ရွှင်စေနိုင်မှာ ဖြစ်ပါတယ်။

၄။ အပြန်အလှန်နားလည်ပါ။

အပြန်အလှန်နားလည်မှုရဖို့ ခက်ခဲပေမယ့် ရေရှည်အတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ အချင်းချင်း နားလည်နိုင်အောင် ကြိုးစားပါ။ သူမရဲ့ ပြဿနာတွေ၊ သူမရဲ့ပျော်ရွှင်မှုတွေ စသဖြင့် အားလုံးကို နားလည်နေဖို့ လိုပါတယ်။ သူမစိတ်ကိုမြင်နိုင်ဖို့အထိမလိုပါဘူး။ သင်အနေနဲ့ အတိုင်းအတာတစ်ခုအထိ နားလည်နိုင်မယ်ဆိုရင် လုံလောက်ပါပြီ။

၃။ အသိအမှတ်ပြုပါ။

တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုတတ်ဖို့လိုပါတယ်။ အသေးအမွှားကိစ္စလေးပဲဖြစ်ဖြစ် တစ်ဦးရဲ့ လုပ်ဆောင်မှုကို တစ်ဦးက အသိအမှတ်ပြုပေးပါ။ မသိချင်ယောင်ဆောင်မနေပါနဲ့။ အသိအမှတ်ပြုပေးခြင်းအားဖြင့် သူမရဲ့ဘဝမှာ တစ်ခုခုကို အောင်မြင်လိုက်သလို ကျေနပ်ခံစားရစေပြီး ပျော်ရွှင်စေမှာဖြစ်ပါတယ်။

၂။ အတိတ်ကို မေ့လိုက်ပါ။

အခုလက်ရှိမှာ အပြန်အလှန်ချစ်နေကြဖို့ပဲ လိုအပ်ပါတယ်။ အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။ လက်ရှိအချိန်မှာ ပျော်နေဖို့ပဲကြိုးစားပါ။ အကြောင်းရှိလို့ စိတ်ဆိုးဒေါသဖြစ်နေရင်တောင်မှာ အတိတ်ကအကြောင်းအရာတွေကို ပြန်ပြောပြီး အနိုင်ယူဖို့ မကြိုးစားပါနဲ့။ သင့်အတွက်တော့ ဒေါသဖြစ်ချိန်ခဏဆိုပေမယ့် သူမအတွက်တော့ အတိတ်ကို ပြန်စဉ်းစားမိပြီး အချိန်တိုင်းဝမ်းနည်းနေရမှာဖြစ်ပါတယ်။

၁။ အရာရာတိုင်းအတွက် သစ္စာရှိပါ။

ချစ်သူစုံတွဲဆက်ဆံရေးမှာ အပြန်အလှန် သစ္စာရှိခြင်းက အရာအားလုံးပဲဖြစ်ပါတယ်။ ကိုယ်ရောစိတ်ပါ သစ္စာရှိပါ။ ပြောတဲ့စကား၊ လုပ်တဲ့အလုပ် အရာရာတိုင်းမှာ သစ္စာရှိဖို့က အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%