MLM စနစ်က တကယ်ဝင်ငွေအမြောက်အမြားပေးနိုင်လား ?

MLM စနစ္က တကယ္၀င္ေငြအေျမာက္အျမားေပးႏိုင္လား ?

ကမာၻမွာ လူသိမ်ားထင္ရွားတဲ့ MLM လုပ္ငန္းႀကီးေတြရဲ႕ ၀င္ေငြပမာဏနဲ႔ ပတ္သက္ၿပီး ရင္းျမစ္အမ်ိဳးမ်ိဳးမွာ ေဖာ္ျပထားတာေတြကို ေလ့လာၾကည့္ရင္ သိႏိုင္ပါတယ္။

အစိုးရစံုစမ္းစစ္ေဆးမႈေတြအရ ၿဗိတိန္ႏိုင္ငံအေျခစိုက္ Amway ကုမၸဏီရဲ႕ ကိုယ္စားလွယ္ေတြထဲက (၁၀)ရာခိုင္ႏႈန္းေလာက္ပဲ အေရာင္းအဝယ္ျဖစ္ထြန္းၿပီး (၁၀)ေယာက္မွာ ()ေယာက္ေလာက္ကပဲ ထုတ္ကုန္ကို ေရာင္းခ်ႏိုင္တယ္လို႔ TIMES သတင္းစာမွာ ေဖာ္ျပထားပါတယ္။

GMC#

– Newsweek သတင္းစာေစာင္ကလည္း Mona Vie ကုမၸဏီရဲ႕ (၂၀၀၇)ခုႏွစ္ ၀င္ေငြေၾကညာခ်က္အရ အဖြဲ႕၀င္ေတြရဲ႕ ()ရာခိုင္ႏႈန္းေလာက္ကပဲ အဆင့္မွီ အက်ိဳးခံစားခြင့္ရရွိခဲ့ၿပီး (၁၀)ရာခိုင္ႏႈန္းေလာက္ကသာ တစ္ပတ္ကို ေဒၚလာ(၁၀၀)နဲ႔အထက္ ၀င္ေငြရရွိခဲ့တဲ့အေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ MLM လုပ္ငန္းေတြက အဖြဲ႕၀င္ (၉၀)ရာခိုင္ႏႈန္းရဲ႕ တစ္ႏွစ္အတြင္းပ်မ္းမွ်၀င္ေငြဟာ ေဒၚလာ(၅၀၀၀)ထက္မပိုတဲ့အတြက္ ဘယ္လိုနည္းနဲ႔မွ ၿပီးျပည့္စံုတဲ့ဘ၀ကို တည္ေဆာက္ႏိုင္မွာ မဟုတ္ဘူးလို႔လည္း ေဖာ္ျပခဲ့ၾကပါတယ္။

အၿငိမ္းစား စီးပြားေရးပါေမာကၡတစ္ဦးျဖစ္ၿပီး Multi-level marketing အေၾကာင္းကို ႏွစ္ေပါင္း (၄၀)ေလာက္ ေလ့လာသုေတသနျပဳခဲ့သူ Roland Whitsell ကလည္း MLM အဖြဲ႕၀င္ေတြအေနနဲ႔ လူရွာဖို႔ ၀န္ပိေနတတ္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ဒီလုပ္ငန္းေတြရဲ႕ မူလထုတ္ကုန္က အခြင့္အလမ္းျဖစ္ၿပီး လူေတြရဲ႕ တလြဲေမွ်ာ္လင့္ခ်က္ကို စြမ္းအားျပည့္၀တဲ့ စိတ္ဓာတ္လႈံ႔ေဆာ္ေရးအင္အားအျဖစ္ အသံုးျပဳေနတာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

#40001

တရား၀င္မႈ ရွိမရွိ ?

အေမရိကန္ျပည္ေထာင္စုက ျပည္နယ္(၅၀)မွာ လုပ္ကိုင္ေနတဲ့ MLM စီးပြားေရးလုပ္ငန္းေတြကို affiliate marketing ဒါမွမဟုတ္ Home-based business franchising ဆိုၿပီး ေခၚေ၀ၚသံုးစြဲၾပါတယ္။ Pyramid Schemes ေတြကလည္း သူတို႔ကို သူတို႔ တရား၀င္ MLM စီးပြားေရးပံုစံျဖစ္ဖို႔ ႀကိဳးစားေနၾကပါတယ္။ MLM လုပ္ငန္းေတြကိုယ္တိုင္ကလည္း တရား၀င္ျဖစ္သည့္တိုင္ေအာင္ Pyramid ပံုစံျဖစ္ေနတတ္ၾကပါတယ္။

အေမရိကန္ဗဟိုကုန္သြယ္ေရးေကာ္မရွင္ကေတာ့ ကုန္ပစၥည္းေရာင္းခ်တာထက္ အဖြဲ႕၀င္စည္း႐ုံးႏိုင္မႈအေပၚကို ေကာ္မရွင္ေပးတဲ့ MLM ပံုစံေတြကို ေရွာင္ဖို႔ သတိေပးထားပါတယ္။ ဒီလိုပံုစံေတြက တကယ့္ကို တရားမ၀င္ Pyramid Schemes ေတြ ျဖစ္တာေၾကာင့္ပါ။ Pyramid Schemes ေတြက အႏၱရာယ္မ်ားပါတယ္။ ဘာေၾကာင့္လဲဆိုရင္ အဖြဲ႕၀င္စည္း႐ုံးႏိုင္မႈအေပၚမွာ ေကာ္မရွင္ေပးတာေၾကာင့္ အဖြဲ႕၀င္သစ္ေတြ မစည္း႐ုံးႏိုင္ေတာ့တဲ့အခါမွာ အစီအစဥ္တစ္ခုလံုး ၿပိဳလဲသြားတတ္ၿပီး လူအမ်ားစုက လက္လြတ္ခြက္ခၽြတ္နဲ႔ က်န္ခဲ့တတ္တာေၾကာင့္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ MLM လုပ္ငန္းတိုင္းက တရား၀င္မဟုတ္သလို ေတာ္ေတာ္မ်ားမ်ားက Pyramid Schemes ေတြ ျဖစ္ေနတတ္ပါတယ္။ ဒါ့ေၾကာင့္ အဖြဲ႕၀င္မဟုတ္ပဲ ကုန္ပစၥည္းကို သံုးစြဲလိုသူကို ေရာင္းခ်ႏိုင္တဲ့ ေရာင္းအားေပၚမွာထက္ အဖြဲ႕၀င္ရွာေဖြႏိုင္မႈနဲ႔ အဖြဲ႕၀င္သစ္ေတြကို ကုန္ပစၥည္းေရာင္းခ်ႏိုင္မႈေပၚမွာ အက်ိဳးခံစားခြင့္ ေကာ္မရွင္ေပးတဲ့ MLM ကုမၸဏီေတြကို ေရွာင္ၾကဖို႔ USFTC က သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။

swift

MLM လုပ္ငန္းေတြဟာ သူတို႔ရဲ႕အဖြဲ႕၀င္အမ်ားစုကို ေပးထားတဲ့ကတိေတြ တည္ေအာင္ ျဖည့္ဆည္းမေပးႏိုင္တဲ့အတြက္လည္း ေ၀ဖန္ျပစ္တင္ခံေနရပါတယ္။ ေသခ်ာေလ့လာၾကည့္မယ့္ဆိုရင္ သူတို႔လုပ္ငန္းေတြမွာ ရရွိတဲ့ ေအာင္ျမင္မႈနဲ႔ ေငြေၾကးျပည့္စံုမႈက အျခားစီးပြားေရးလုပ္ငန္းေတြေလာက္ေတာင္ မေသခ်ာပါဘူး။ ေနာက္တစ္ခ်က္ကေတာ့ အဖြဲ႕၀င္သစ္ေတြ အျမဲတမ္းလိုအပ္ေနတာပဲျဖစ္ပါတယ္။ MLM စနစ္မွာ ပါ၀င္သူေတြကို အဖြဲ႕၀င္ကုိယ္စားလွယ္သစ္ေတြ ရွာေဖြစည္း႐ုံးဖို႔ တိုက္တြန္းလႈံ႕ေဆာ္မႈေတြေၾကာင့္ MLM လုပ္ငန္းအမ်ားစုကလည္း Pyramid Schemes ပံုစံျဖစ္လာခဲ့ပါတယ္။ ဒီလိုနဲ႔ပဲ Multi-level Marketing ကုမၸဏီအမ်ားစုဟာ အေမရိကန္ျပည္ေထာင္စုမွာ တရား၀င္လက္ခံထားတဲ့ pyramid scheme ပံုစံတစ္ခုအျဖစ္နဲ႔ ရပ္တည္ေနၾကပါတယ္။

တကယ္တမ္းေတာ့ စီးပြားေရးေ၀ဖန္ေရးဆရာ Robert L.FitzPatrick ရဲ႕စကားအတိုင္းေျပာမယ္ဆိုရင္ Multi-level Marketing (MLM) လုပ္ငန္းေတြဟာ ေလထဲမွာ လြင့္ေမ်ာေနတဲ့ ဆပ္ျပာပူေဖာင္းေတြနဲ႔ တူၿပီး ေနာက္ဆံုးမွာ ေပါက္ကြဲ ေပ်ာက္ကြယ္သြားၾကမွာ ျဖစ္ပါတယ္။


MLM စနစ်က တကယ်ဝင်ငွေအမြောက်အမြားပေးနိုင်လား ?

ကမ္ဘာမှာ လူသိများထင်ရှားတဲ့ MLM လုပ်ငန်းကြီးတွေရဲ့ ဝင်ငွေပမာဏနဲ့ ပတ်သက်ပြီး ရင်းမြစ်အမျိုးမျိုးမှာ ဖော်ပြထားတာတွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။

– အစိုးရစုံစမ်းစစ်ဆေးမှုတွေအရ ဗြိတိန်နိုင်ငံအခြေစိုက် Amway ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေထဲက (၁၀)ရာခိုင်နှုန်းလောက်ပဲ အရောင်းအဝယ်ဖြစ်ထွန်းပြီး (၁၀)ယောက်မှာ (၁)ယောက်လောက်ကပဲ ထုတ်ကုန်ကို ရောင်းချနိုင်တယ်လို့ TIMES သတင်းစာမှာ ဖော်ပြထားပါတယ်။

– Newsweek သတင်းစာစောင်ကလည်း Mona Vie ကုမ္ပဏီရဲ့ (၂၀၀၇)ခုနှစ် ဝင်ငွေကြေညာချက်အရ အဖွဲ့ဝင်တွေရဲ့ (၁)ရာခိုင်နှုန်းလောက်ကပဲ အဆင့်မှီ အကျိုးခံစားခွင့်ရရှိခဲ့ပြီး (၁၀)ရာခိုင်နှုန်းလောက်ကသာ တစ်ပတ်ကို ဒေါ်လာ(၁၀၀)နဲ့အထက် ဝင်ငွေရရှိခဲ့တဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။

– အမေရိကန်ပြည်ထောင်စုမှာ MLM လုပ်ငန်းတွေက အဖွဲ့ဝင် (၉၀)ရာခိုင်နှုန်းရဲ့ တစ်နှစ်အတွင်းပျမ်းမျှဝင်ငွေဟာ ဒေါ်လာ(၅၀၀၀)ထက်မပိုတဲ့အတွက် ဘယ်လိုနည်းနဲ့မှ ပြီးပြည့်စုံတဲ့ဘဝကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့လည်း ဖော်ပြခဲ့ကြပါတယ်။

– အငြိမ်းစား စီးပွားရေးပါမောက္ခတစ်ဦးဖြစ်ပြီး Multi-level marketing အကြောင်းကို နှစ်ပေါင်း (၄၀)လောက် လေ့လာသုတေသနပြုခဲ့သူ Roland Whitsell ကလည်း MLM အဖွဲ့ဝင်တွေအနေနဲ့ လူရှာဖို့ ဝန်ပိနေတတ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီလုပ်ငန်းတွေရဲ့ မူလထုတ်ကုန်က အခွင့်အလမ်းဖြစ်ပြီး လူတွေရဲ့ တလွဲမျှော်လင့်ချက်ကို စွမ်းအားပြည့်ဝတဲ့ စိတ်ဓာတ်လှုံ့ဆော်ရေးအင်အားအဖြစ် အသုံးပြုနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တရားဝင်မှု ရှိမရှိ ?

အမေရိကန်ပြည်ထောင်စုက ပြည်နယ်(၅၀)မှာ လုပ်ကိုင်နေတဲ့ MLM စီးပွားရေးလုပ်ငန်းတွေကို affiliate marketing ဒါမှမဟုတ် Home-based business franchising ဆိုပြီး ခေါ်ဝေါ်သုံးစွဲပြါတယ်။ Pyramid Schemes တွေကလည်း သူတို့ကို သူတို့ တရားဝင် MLM စီးပွားရေးပုံစံဖြစ်ဖို့ ကြိုးစားနေကြပါတယ်။ MLM လုပ်ငန်းတွေကိုယ်တိုင်ကလည်း တရားဝင်ဖြစ်သည့်တိုင်အောင် Pyramid ပုံစံဖြစ်နေတတ်ကြပါတယ်။

အမေရိကန်ဗဟိုကုန်သွယ်ရေးကော်မရှင်ကတော့ ကုန်ပစ္စည်းရောင်းချတာထက် အဖွဲ့ဝင်စည်းရုံးနိုင်မှုအပေါ်ကို ကော်မရှင်ပေးတဲ့ MLM ပုံစံတွေကို ရှောင်ဖို့ သတိပေးထားပါတယ်။ ဒီလိုပုံစံတွေက တကယ့်ကို တရားမဝင် Pyramid Schemes တွေ ဖြစ်တာကြောင့်ပါ။ Pyramid Schemes တွေက အန္တရာယ်များပါတယ်။ ဘာကြောင့်လဲဆိုရင် အဖွဲ့ဝင်စည်းရုံးနိုင်မှုအပေါ်မှာ ကော်မရှင်ပေးတာကြောင့် အဖွဲ့ဝင်သစ်တွေ မစည်းရုံးနိုင်တော့တဲ့အခါမှာ အစီအစဉ်တစ်ခုလုံး ပြိုလဲသွားတတ်ပြီး လူအများစုက လက်လွတ်ခွက်ချွတ်နဲ့ ကျန်ခဲ့တတ်တာကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် MLM လုပ်ငန်းတိုင်းက တရားဝင်မဟုတ်သလို တော်တော်များများက Pyramid Schemes တွေ ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် အဖွဲ့ဝင်မဟုတ်ပဲ ကုန်ပစ္စည်းကို သုံးစွဲလိုသူကို ရောင်းချနိုင်တဲ့ ရောင်းအားပေါ်မှာထက် အဖွဲ့ဝင်ရှာဖွေနိုင်မှုနဲ့ အဖွဲ့ဝင်သစ်တွေကို ကုန်ပစ္စည်းရောင်းချနိုင်မှုပေါ်မှာ အကျိုးခံစားခွင့် ကော်မရှင်ပေးတဲ့ MLM ကုမ္ပဏီတွေကို ရှောင်ကြဖို့ USFTC က သတိပေးချက်ထုတ်ပြန်ထားပါတယ်။

MLM လုပ်ငန်းတွေဟာ သူတို့ရဲ့အဖွဲ့ဝင်အများစုကို ပေးထားတဲ့ကတိတွေ တည်အောင် ဖြည့်ဆည်းမပေးနိုင်တဲ့အတွက်လည်း ဝေဖန်ပြစ်တင်ခံနေရပါတယ်။ သေချာလေ့လာကြည့်မယ့်ဆိုရင် သူတို့လုပ်ငန်းတွေမှာ ရရှိတဲ့ အောင်မြင်မှုနဲ့ ငွေကြေးပြည့်စုံမှုက အခြားစီးပွားရေးလုပ်ငန်းတွေလောက်တောင် မသေချာပါဘူး။ နောက်တစ်ချက်ကတော့ အဖွဲ့ဝင်သစ်တွေ အမြဲတမ်းလိုအပ်နေတာပဲဖြစ်ပါတယ်။ MLM စနစ်မှာ ပါဝင်သူတွေကို အဖွဲ့ဝင်ကိုယ်စားလှယ်သစ်တွေ ရှာဖွေစည်းရုံးဖို့ တိုက်တွန်းလှုံ့ဆော်မှုတွေကြောင့် MLM လုပ်ငန်းအများစုကလည်း Pyramid Schemes ပုံစံဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Multi-level Marketing ကုမ္ပဏီအများစုဟာ အမေရိကန်ပြည်ထောင်စုမှာ တရားဝင်လက်ခံထားတဲ့ pyramid scheme ပုံစံတစ်ခုအဖြစ်နဲ့ ရပ်တည်နေကြပါတယ်။

တကယ်တမ်းတော့ စီးပွားရေးဝေဖန်ရေးဆရာ Robert L.FitzPatrick ရဲ့စကားအတိုင်းပြောမယ်ဆိုရင် Multi-level Marketing (MLM) လုပ်ငန်းတွေဟာ လေထဲမှာ လွင့်မျောနေတဲ့ ဆပ်ပြာပူဖောင်းတွေနဲ့ တူပြီး နောက်ဆုံးမှာ ပေါက်ကွဲ ပျောက်ကွယ်သွားကြမှာ ဖြစ်ပါတယ်။