Stephen Curry ဆီက အတုယူစရာမ်ား

Stephen Curry ဆီက အတုယူစရာများ

Stephen Curry ဆီက အတုယူစရာမ်ား

Stephen Curry ဟာ သူ႔ဘ၀တစ္ေလွ်ာက္လံုးမွာ ဘယ္ေတာ့မွ ဘက္စကက္ေဘာကစားသမားတစ္ေယာက္ ျဖစ္လာမွာမဟုတ္ဘူးလို႔ အျမဲတမ္းအေျပာခံခဲ့ရသူျဖစ္ပါတယ္။ သူက ဘက္စကက္ေဘာကစားရေလာက္ေအာင္ အရပ္မျမင့္သလို ၾကံ႕ခိုင္မႈလည္း မရွိပါဘူး။ အထက္တန္းေက်ာင္းသား ဘ၀မွာ ကိုယ္အေလးခ်ိန္(၁၂၅)ေပါင္းနဲ႔ အရပ္ ()ေပ()လက္မပဲ ရွိခဲ့ပါတယ္။ အထက္တန္းၿပီးတဲ့အခါမွာလည္း သူ႔ကို ေကာလိပ္ဘက္စကက္ေဘာအသင္းတစ္ခုခုက ကမ္းလွမ္းတာမ်ိဳး မရွိခဲ့ပါဘူး။ သူ႔က တကယ့္ကို အႏွိမ္ခံတစ္ေယာက္လို ျဖစ္ခဲ့ရပါတယ္။

အခုလက္ရွိအခ်ိန္ (၂၀၁၅)ခုႏွစ္မွာေတာ့ Stephen Curry ဟာ Golden State Warriors အသင္းနဲ႔အတူ NBA ခ်န္ပီယံဆုေတြ ရယူႏိုင္ခဲ့ၿပီး အသင္းရဲ႕အဖိုးတန္ကစားသမားတစ္ေယာက္လည္း ျဖစ္လာပါၿပီ။

သူဘယ္လိုမ်ား လုပ္ေဆာင္ႏိုင္ခဲ့တာပါလဲ။ ေက်ာင္းသားဘ၀အားလံုးရဲ႕အႏွိမ္ခံဘ၀ကေန NBA ရဲ႕ နာမည္ေက်ာ္ကစားသမားတစ္ေယာက္ျဖစ္လာေအာင္ သူဘယ္လို ႐ုန္းထႏိုင္ခဲ့တာလဲ ဆိုတာက တကယ္ကို စိတ္၀င္စားစရာေကာင္းပါတယ္။

Stephen Curry အခုလို NBA Superstar တစ္ေယာက္ျဖစ္လာတာဟာ သူ႔ရဲ႕အေလ့အက်င့္ေၾကာင့္ ျဖစ္တယ္လို႔ နာမည္ေက်ာ္ ဘက္စကက္ေဘာနည္းျပဆရာတစ္ဦးျဖစ္တဲ့ Alan Stein ေျပာခဲ့ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေတြက Kobe Bryant Nike Skills Academy မွာ အထက္တန္းေက်ာင္းသား ဘက္စကက္ေဘာ ကစားသမား အေယာက္(၂၀)နဲ႔ ေကာလိပ္ေက်ာင္းသား အေယာက္(၁၀)ေယာက္ကို ဖိတ္ၾကားၿပီး Alan Stein က နည္းျပအျဖစ္တာ၀န္ယူကာ စခန္းသြင္း ေလ့က်င့္ေပးခဲ့ပါတယ္။ ဒီလိုေလ့က်င့္ရာမွာ သံုးရက္ဆက္တိုက္ တစ္ရက္ကို ႏွစ္ႀကိမ္ေလ့က်င့္ခန္းလုပ္ရပါတယ္။ ဒီေလ့က်င့္ခန္းတစ္ခုစီမစခင္အခ်ိန္တိုင္းမွာ တျခားကစားသမားေတြက ညွပ္ဖိနပ္စီးၿပီး သက္ေတာင့္သက္သာထိုင္ သီခ်င္းနားေထာင္ေနေပမယ့္ Stephen Curry ကေတာ့ ေဘာလံုးပစ္သြင္းတာကို ကြင္းအႏွံ႔ကေနပစ္သြင္းႏိုင္ေအာင္ ေလ့က်င့္ေနေလ့ရွိပါတယ္။ တကယ့္ေလ့က်င့္ခန္း စတဲ့အခ်ိန္မွာဆိုရင္ သူက အႀကိမ္(၁၀၀၁၅၀)ေလာက္ ပစ္သြင္းၿပီးသားျဖစ္ေနပါၿပီ။

ေနာက္ထပ္ အထင္ႀကီးစရာေကာင္းတဲ့ အခ်က္ကေတာ့ ေလ့က်င့္ခန္းလုပ္ၿပီးတိုင္းမွာ သူက ကြင္းထဲကေန ခ်က္ခ်င္းထြက္မသြားပဲ အလြတ္ပစ္သြင္းမႈ()ႀကိမ္၀င္တဲ့အထိ ပစ္သြင္းေလ့က်င့္ေလ့ရွိပါတယ္။ ဒီအေလ့အက်င့္ေတြကို လုပ္ေဆာင္တတ္တာကိုၾကည့္ၿပီး ေအာင္ျမင္မႈဆိုတာ မေတာ္တဆကိစၥတစ္ခုမဟုတ္ပဲ ေရြးခ်ယ္မႈတစ္ခုသာ ျဖစ္တယ္ဆိုတာကို သိႏိုင္ပါတယ္။ Stephen Curry ဟာ ကမာၻမွာ အေကာင္းဆံုး ပစ္သြင္းသူျဖစ္လာခဲ့ပါတယ္။ ဒါဟာ သူ႕ရဲ႕ေကာင္းမြန္တဲ့အေလ့အက်င့္ေကာင္းေတြေၾကာင့္ပဲ ျဖစ္ပါတယ္။

သင့္ဘ၀ရဲ႕ေအာင္ျမင္မႈေတြဟာ သင့္ပ်ိဳးေထာင္ခဲ့တဲ့အေလ့အက်င့္ေတြရဲ႕ ေပါင္းလဒ္ပဲျဖစ္ပါတယ္။ ကမာၻမွာ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ ပုဂၢိဳဟ္ေတြကို ၾကည့္မယ္ဆိုရင္လည္း သူတို႔မွာ ေန႔စဥ္နဲ႔အမွ်လုပ္ေဆာင္ေနတဲ့ အေလ့အက်င့္ေတြရွိတာကို ေတြ႕ရမွာျဖစ္ပါတယ္။

Gym သြားတဲ့အေလ့အက်င့္ရွိေနမယ္ဆိုရင္ ခႏၶာကိုယ္အခ်ိဳးအစားလွပလာမွာျဖစ္ၿပီး တရားထိုင္တဲ့အေလ့အက်င့္ ရွိမယ္ဆိုရင္ ေပ်ာ္ရႊင္မႈကို ပိုၿပီးခံစားရမွာျဖစ္ပါတယ္။ အေလ့အက်င့္တစ္ခုဆိုတာ ေန႔စဥ္နဲ႔အမွ် ထပ္ခါတလဲလဲလုပ္ေဆာင္ေနရာမွာ ျဖစ္ပါတယ္။

ဒီေတာ့ ကၽြန္ေတာ္တို႔ ကိုယ့္ကိုယ္ကို တိုးတက္လာေအာင္ ဘယ္လိုလုပ္ၾကမလဲ။ အေလ့အက်င့္ေကာင္းေတြကို ဘယ္လိုပ်ိဳးေထာင္မလဲ။ အေလ့အက်င့္ေကာင္းေတြကို ေမြးျမဴဖို႔အေကာင္းဆံုးနည္းလမ္းကေတာ့ မသိလိုက္ပဲ လုပ္မိေနတဲ့ အမူအက်င့္ေတြကေန တဆင့္ပ်ိဳးေထာင္တာပဲျဖစ္ပါတယ္။ မနက္ခင္းမွာ အိပ္ရာကထၿပီး မ်က္ႏွာသစ္၊ သြားတိုက္၊ ေရခ်ိဳးတာလိုမ်ိဳး သတိမထားမိပဲ အျမဲတမ္းလုပ္ေဆာင္ေနတဲ့ အေလ့အက်င့္ေတြကို အရင္ဆံုး သတိထားမွတ္သားပါ။ ၿပီးရင္ ပ်ိဳးေထာင္ခ်င္တဲ့အေလ့အက်င့္သစ္ကို ရွိၿပီးသား အေလ့အက်င့္နဲ႔ တြဲဖက္လုပ္ေဆာင္ပါ။ အေလ့အက်င့္အသစ္ကို ဆံုးျဖတ္ပါ။ တစ္ခုခ်င္းစီအတြက္ အခ်ိန္သတ္မွတ္ပါ။ လုပ္ေဆာင္မိေနေစဖို႔ သတိထားပါ။ Stephen Curry ရဲ႕ အေလ့အက်င့္ကို ဥပမာအေနနဲ႔ ေလ့လာၾကည့္ၾကရမယ္ဆိုရင္ ဒီလိုေတြ႕ရမွာပါ။

အသင္းလိုက္ေလ့က်င့္ခန္း(ပံုမွန္လုပ္ျမဲကိစၥ) မလုပ္ခင္မွာ ပစ္သြင္းမႈ (၁၅၀)ေလ့က်င့္မယ္။

အသင္းလိုက္ေလ့က်င့္ခန္း(ပံုမွန္လုပ္ျမဲကိစၥ)ၿပီးတိုင္းမွာ အလြတ္ပစ္သြင္းမႈ(ေလ့က်င့္မႈအသစ္) ()ႀကိမ္လုပ္ေဆာင္မယ္။

Stephen Curry ကို အတုယူၿပီး ကၽြန္ေတာ္တို႔ေတြလည္း ပံုမွန္လုပ္ျမဲကိစၥေတြမွာ အေလ့အက်င့္အသစ္ေတြကို ပူးတြဲေလ့က်င့္လုပ္ေဆာင္ႏိုင္ပါတယ္။ ဥပမာအားျဖင့္ဆိုရင္

သြားမတိုက္ခင္မွာ ()မိနစ္ေလာက္ တရားထိုင္တာ၊ မနက္စာမစားခင္မွာ ေလ့က်င့္ခန္းလုပ္တာ၊ ေရခ်ိဳးၿပီးတိုင္းမွာ တစ္ေန႔တာလုပ္ေဆာင္ရမယ့္အေရးႀကီးကိစၥ()ခု ခ်ေရးတာ စသျဖင့္ လုပ္ေဆာင္ႏိုင္ပါတယ္။

အေလ့အက်င့္အသစ္ေတြကို ပ်ိဳးေထာင္ရာမွာ ျဖည္းျဖည္းမွန္မွန္လုပ္ေဆာင္သြားဖို႔ လိုပါတယ္။ စိတ္ေစာၿပီး အမ်ားႀကီးကို တၿပိဳင္နက္လုပ္ေဆာင္တာမ်ိဳး မလုပ္မိဖို႔ အၾကံျပဳလိုက္ပါတယ္။


Stephen Curry ဆီက အတုယူစရာများ

Stephen Curry ဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ဘယ်တော့မှ ဘက်စကက်ဘောကစားသမားတစ်ယောက် ဖြစ်လာမှာမဟုတ်ဘူးလို့ အမြဲတမ်းအပြောခံခဲ့ရသူဖြစ်ပါတယ်။ သူက ဘက်စကက်ဘောကစားရလောက်အောင် အရပ်မမြင့်သလို ကြံ့ခိုင်မှုလည်း မရှိပါဘူး။ အထက်တန်းကျောင်းသား ဘဝမှာ ကိုယ်အလေးချိန်(၁၂၅)ပေါင်းနဲ့ အရပ် (၅)ပေ(၆)လက်မပဲ ရှိခဲ့ပါတယ်။ အထက်တန်းပြီးတဲ့အခါမှာလည်း သူ့ကို ကောလိပ်ဘက်စကက်ဘောအသင်းတစ်ခုခုက ကမ်းလှမ်းတာမျိုး မရှိခဲ့ပါဘူး။ သူ့က တကယ့်ကို အနှိမ်ခံတစ်ယောက်လို ဖြစ်ခဲ့ရပါတယ်။

အခုလက်ရှိအချိန် (၂၀၁၅)ခုနှစ်မှာတော့ Stephen Curry ဟာ Golden State Warriors အသင်းနဲ့အတူ NBA ချန်ပီယံဆုတွေ ရယူနိုင်ခဲ့ပြီး အသင်းရဲ့အဖိုးတန်ကစားသမားတစ်ယောက်လည်း ဖြစ်လာပါပြီ။

သူဘယ်လိုများ လုပ်ဆောင်နိုင်ခဲ့တာပါလဲ။ ကျောင်းသားဘဝအားလုံးရဲ့အနှိမ်ခံဘဝကနေ NBA ရဲ့ နာမည်ကျော်ကစားသမားတစ်ယောက်ဖြစ်လာအောင် သူဘယ်လို ရုန်းထနိုင်ခဲ့တာလဲ ဆိုတာက တကယ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။

Stephen Curry အခုလို NBA Superstar တစ်ယောက်ဖြစ်လာတာဟာ သူ့ရဲ့အလေ့အကျင့်ကြောင့် ဖြစ်တယ်လို့ နာမည်ကျော် ဘက်စကက်ဘောနည်းပြဆရာတစ်ဦးဖြစ်တဲ့ Alan Stein ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက Kobe Bryant Nike Skills Academy မှာ အထက်တန်းကျောင်းသား ဘက်စကက်ဘော ကစားသမား အယောက်(၂၀)နဲ့ ကောလိပ်ကျောင်းသား အယောက်(၁၀)ယောက်ကို ဖိတ်ကြားပြီး Alan Stein က နည်းပြအဖြစ်တာဝန်ယူကာ စခန်းသွင်း လေ့ကျင့်ပေးခဲ့ပါတယ်။ ဒီလိုလေ့ကျင့်ရာမှာ သုံးရက်ဆက်တိုက် တစ်ရက်ကို နှစ်ကြိမ်လေ့ကျင့်ခန်းလုပ်ရပါတယ်။ ဒီလေ့ကျင့်ခန်းတစ်ခုစီမစခင်အချိန်တိုင်းမှာ တခြားကစားသမားတွေက ညှပ်ဖိနပ်စီးပြီး သက်တောင့်သက်သာထိုင် သီချင်းနားထောင်နေပေမယ့် Stephen Curry ကတော့ ဘောလုံးပစ်သွင်းတာကို ကွင်းအနှံ့ကနေပစ်သွင်းနိုင်အောင် လေ့ကျင့်နေလေ့ရှိပါတယ်။ တကယ့်လေ့ကျင့်ခန်း စတဲ့အချိန်မှာဆိုရင် သူက အကြိမ်(၁၀၀-၁၅၀)လောက် ပစ်သွင်းပြီးသားဖြစ်နေပါပြီ။

နောက်ထပ် အထင်ကြီးစရာကောင်းတဲ့ အချက်ကတော့ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းမှာ သူက ကွင်းထဲကနေ ချက်ချင်းထွက်မသွားပဲ အလွတ်ပစ်သွင်းမှု(၅)ကြိမ်ဝင်တဲ့အထိ ပစ်သွင်းလေ့ကျင့်လေ့ရှိပါတယ်။ ဒီအလေ့အကျင့်တွေကို လုပ်ဆောင်တတ်တာကိုကြည့်ပြီး အောင်မြင်မှုဆိုတာ မတော်တဆကိစ္စတစ်ခုမဟုတ်ပဲ ရွေးချယ်မှုတစ်ခုသာ ဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ်။ Stephen Curry ဟာ ကမ္ဘာမှာ အကောင်းဆုံး ပစ်သွင်းသူဖြစ်လာခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ကောင်းမွန်တဲ့အလေ့အကျင့်ကောင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။

သင့်ဘဝရဲ့အောင်မြင်မှုတွေဟာ သင့်ပျိုးထောင်ခဲ့တဲ့အလေ့အကျင့်တွေရဲ့ ပေါင်းလဒ်ပဲဖြစ်ပါတယ်။ ကမ္ဘာမှာ အောင်မြင်ကျော်ကြားနေတဲ့ ပုဂ္ဂိုဟ်တွေကို ကြည့်မယ်ဆိုရင်လည်း သူတို့မှာ နေ့စဉ်နဲ့အမျှလုပ်ဆောင်နေတဲ့ အလေ့အကျင့်တွေရှိတာကို တွေ့ရမှာဖြစ်ပါတယ်။

Gym သွားတဲ့အလေ့အကျင့်ရှိနေမယ်ဆိုရင် ခန္ဓာကိုယ်အချိုးအစားလှပလာမှာဖြစ်ပြီး တရားထိုင်တဲ့အလေ့အကျင့် ရှိမယ်ဆိုရင် ပျော်ရွှင်မှုကို ပိုပြီးခံစားရမှာဖြစ်ပါတယ်။ အလေ့အကျင့်တစ်ခုဆိုတာ နေ့စဉ်နဲ့အမျှ ထပ်ခါတလဲလဲလုပ်ဆောင်နေရာမှာ ဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို တိုးတက်လာအောင် ဘယ်လိုလုပ်ကြမလဲ။ အလေ့အကျင့်ကောင်းတွေကို ဘယ်လိုပျိုးထောင်မလဲ။ အလေ့အကျင့်ကောင်းတွေကို မွေးမြူဖို့အကောင်းဆုံးနည်းလမ်းကတော့ မသိလိုက်ပဲ လုပ်မိနေတဲ့ အမူအကျင့်တွေကနေ တဆင့်ပျိုးထောင်တာပဲဖြစ်ပါတယ်။ မနက်ခင်းမှာ အိပ်ရာကထပြီး မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးတာလိုမျိုး သတိမထားမိပဲ အမြဲတမ်းလုပ်ဆောင်နေတဲ့ အလေ့အကျင့်တွေကို အရင်ဆုံး သတိထားမှတ်သားပါ။ ပြီးရင် ပျိုးထောင်ချင်တဲ့အလေ့အကျင့်သစ်ကို ရှိပြီးသား အလေ့အကျင့်နဲ့ တွဲဖက်လုပ်ဆောင်ပါ။ အလေ့အကျင့်အသစ်ကို ဆုံးဖြတ်ပါ။ တစ်ခုချင်းစီအတွက် အချိန်သတ်မှတ်ပါ။ လုပ်ဆောင်မိနေစေဖို့ သတိထားပါ။ Stephen Curry ရဲ့ အလေ့အကျင့်ကို ဥပမာအနေနဲ့ လေ့လာကြည့်ကြရမယ်ဆိုရင် ဒီလိုတွေ့ရမှာပါ။

အသင်းလိုက်လေ့ကျင့်ခန်း(ပုံမှန်လုပ်မြဲကိစ္စ) မလုပ်ခင်မှာ ပစ်သွင်းမှု (၁၅၀)လေ့ကျင့်မယ်။

အသင်းလိုက်လေ့ကျင့်ခန်း(ပုံမှန်လုပ်မြဲကိစ္စ)ပြီးတိုင်းမှာ အလွတ်ပစ်သွင်းမှု(လေ့ကျင့်မှုအသစ်) (၅)ကြိမ်လုပ်ဆောင်မယ်။

Stephen Curry ကို အတုယူပြီး ကျွန်တော်တို့တွေလည်း ပုံမှန်လုပ်မြဲကိစ္စတွေမှာ အလေ့အကျင့်အသစ်တွေကို ပူးတွဲလေ့ကျင့်လုပ်ဆောင်နိုင်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် –

သွားမတိုက်ခင်မှာ (၃)မိနစ်လောက် တရားထိုင်တာ၊ မနက်စာမစားခင်မှာ လေ့ကျင့်ခန်းလုပ်တာ၊ ရေချိုးပြီးတိုင်းမှာ တစ်နေ့တာလုပ်ဆောင်ရမယ့်အရေးကြီးကိစ္စ(၃)ခု ချရေးတာ စသဖြင့် လုပ်ဆောင်နိုင်ပါတယ်။

အလေ့အကျင့်အသစ်တွေကို ပျိုးထောင်ရာမှာ ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်သွားဖို့ လိုပါတယ်။ စိတ်စောပြီး အများကြီးကို တပြိုင်နက်လုပ်ဆောင်တာမျိုး မလုပ်မိဖို့ အကြံပြုလိုက်ပါတယ်။

Related Posts

%%footer%%