ချမ်းသာဖို့အတွက် အထိရောက်ဆုံးနည်းလမ်းတစ်ခု

ေငြေၾကးဥစၥာ ခ်မ္းသာၾကြယ္၀လာဖို႔က တကယ္ကို႐ိုးရွင္းတဲ့ကိစၥတစ္ခု ျဖစ္ပါတယ္။ အဓိကနားလည္ထားရမယ့္ ေသာ့ခ်က္တစ္ခုက သင့္အတြက္ အရင္ဆံုး ေပးအပ္ဖို႔ပဲျဖစ္ပါတယ္။

ဒီအယူအဆကို ေဘဘီလံုမွာအခ်မ္းသာဆံုးပုဂိၢဳဟ္စာအုပ္ကို ေရးသားခဲ့တဲ့ စာေရးဆရာ George S. Clason က သူ႔ရဲ႕ေငြေရးေၾကးဆိုင္ရာေဟာေျပာပြဲတိုင္းမွာ ေဟာေျပာခဲ့တာျဖစ္ပါတယ္။

#40001

စာေရးဆရာ Clason က ဒီစာအုပ္ထဲမွာ သာမန္ကုန္သည္တစ္ေယာက္ရဲ႕ သားတစ္ဦးျဖစ္သူ၊ အေမြဆက္ခံဖို႔ ေမွ်ာ္လင့္ခ်က္မရွိတဲ့ Arkad ကို အဓိကဇာတ္ေဆာင္ထားၿပီး ေရးသားထားပါတယ္။ Arkad ဟာ Algamish လို႔အမည္ရတဲ့ ေငြေခ်းလုပ္ငန္းရွင္သူေဌးတစ္ေယာက္ဆီက သင္ယူရရွိတဲ့အသိပညာေတြကို အသံုးခ်ၿပီး ေရွးေခတ္ကမာၻမွာ အခ်မ္းသာဆံုးျမိဳ႕ျဖစ္တဲ့ ေဘဘီလံုတစ္ၿမိဳ႕လံုးမွာ အခ်မ္းသာဆံုးပုဂိၢဳဟ္ျဖစ္လာခဲ့ပါတယ္။

တစ္ေန႔မွာ Arkad ရဲ႕ သူငယ္ခ်င္းေတြက သူနဲ႔တိုင္ပင္ေဆြးေႏြးဖို႔ ဆံုးျဖတ္ၿပီး ဒီေလာက္အထိ သူဘယ္လိုခ်မ္းသာလာတာလဲဆိုတာနဲ႔ သူတို႔ေရာ အတူတကြခ်မ္းသာလာႏိုင္သလား ဆိုတာကို ေမးျမန္းခဲ့ၾကပါတယ္။

ဒီအခါမွာ Arkad က သူ႔ရဲ႕ သူငယ္ခ်င္းေတြကို သံုးလို႔ပိုတဲ့ေငြကို မစုပဲ၊ စုလို႔ပိုတဲ့ ေငြကိုသာသံုးဖို႔ ေျပာခဲ့ပါတယ္။ သူရွင္းျပရာမွာဒီေန႔ ငါ ရွာႏိုင္သမွ်ရဲ႕ တစိတ္တေဒသဟာ ငါ့ကိုယ္ပိုင္ျဖစ္ရမယ္လို႔ ကိုယ့္ကိုယ္ကို ျပန္ေျပာပါ။ မနက္အိပ္ရာကႏိုးတာနဲ႔ ေျပာပါ။ ေန႔လည္ပိုင္းမွာေျပာပါ။ ညဖက္မွာေျပာပါ။ ေန႔တိုင္း တစ္နာရီတစ္ခါေျပာပါ။ ဒီစကားလံုးက လံုး၀ေခါင္းထဲကထုတ္မရေတာ့တဲ့အထိ ေျပာပါလို႔ သူ႔ရဲ႕သူငယ္ခ်င္းျဖစ္သူေတြကို ေျပာျပခဲ့ပါတယ္။

RRS

ဒီထက္ပိုၿပီးတိတိက်က်ေျပာရမယ္ဆိုရင္ ၀င္ေငြစုစုေပါင္းရဲ႕ အနည္းဆံုး(၁၀)ရာခိုင္ႏႈန္းကို စုေဆာင္းဖို႔ ေျပာျပခဲ့ပါတယ္။ ၀င္ေငြနည္းသည္ျဖစ္ေစ၊ မ်ားသည္ျဖစ္ေစ၊ ဆယ္ပံုတစ္ပံုထက္ေတာ့ နည္းမသြားေအာင္ စုေဆာင္းရမွာ ျဖစ္ပါတယ္။ သင့္ရဲ႕အသံုးစရိတ္ေတြကိုလည္း လိုအပ္ရင္ ေသခ်ာစီစဥ္ရမွာျဖစ္ပါတယ္။ ဒီလိုစုေဆာင္းရင္ တျဖည္းျဖည္းနဲ႔ ပိုင္ဆိုင္မႈရွိထားတဲ့အေပၚမွာ ခံစားရတဲ့ ခံစားမႈကို နားလည္လာပါလိမ့္မယ္။ ပိုင္ဆိုင္မႈမ်ားလာေလေလ၊ သင့္ကိုပိုၿပီးလႈံ႕ေဆာ္ႏိုင္ေလပါပဲ။ ဘ၀ရဲ႕ေပ်ာ္ရႊင္ဖြယ္ရာေတြက သင့္ဆီကို ေရာက္လာသလို ၀င္ေငြပိုရဖို႔အတြက္ အလုပ္ေတြပိုလုပ္လာႏိုင္မွာပါ။

ဒီလို ၀င္ေငြရဲ႕ (၁၀)ရာခိုင္ႏႈန္းကို စုေဆာင္းတတ္တဲ့အေလ့အက်င့္ရွိလာၿပီဆိုရင္ စုေဆာင္းေငြေတြကို ကိုယ့္အတြက္ အလုပ္လုပ္ေပးႏိုင္ေအာင္ စီမံရမွာျဖစ္ပါတယ္။မင္းတို႔ရဲ႕ ရတနာေတြကို မင္းတို႔အတြက္ အလုပ္လုပ္ေပးမယ့္ အေစခံေတြျဖစ္ေအာင္ လုပ္ပါ။ တဆင့္တိုးပြားလာတဲ့ ရတနာေတြကိုလည္း မင္းအတြက္ ထပ္ၿပီးအလုပ္လုပ္ေနပါေစ။ မဆံုး႐ႈံးရေအာင္ သတိႀကီးႀကီးထားၿပီး ရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္ေဆာင္ပါလို႔ Arkad က ေျပာခဲ့ပါတယ္။

10001

ေငြေၾကးကို ေက်းကၽြန္အျဖစ္ခိုင္းေစႏိုင္ဖို႔ဆိုတာက ဒီေန႔ေခတ္မွာဆိုရင္ သင့္အတြက္ ၀င္ေငြရွာေပးႏိုင္တဲ့ လုပ္ငန္းေတြမွာ ရင္းႏွီးျမဳပ္ႏွံဖို႔ ျဖစ္ပါတယ္။ အဓိကဆိုလိုရင္းကေတာ့ ၀င္ေငြရဲ႕ ပမာဏတစ္ခုကို ပံုမွန္ဖယ္စုထားဖို႔နဲ႔ ဒီအေလ့အက်င့္ကို ျမန္ႏိုင္သမွ် ျမန္ျမန္လုပ္ေဆာင္ဖို႔ပဲ ျဖစ္ပါတယ္။


ချမ်းသာဖို့အတွက် အထိရောက်ဆုံးနည်းလမ်းတစ်ခု

ငွေကြေးဥစ္စာ ချမ်းသာကြွယ်ဝလာဖို့က တကယ်ကိုရိုးရှင်းတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ အဓိကနားလည်ထားရမယ့် သော့ချက်တစ်ခုက သင့်အတွက် အရင်ဆုံး ပေးအပ်ဖို့ပဲဖြစ်ပါတယ်။

ဒီအယူအဆကို ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုဟ်စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ George S. Clason က သူ့ရဲ့ငွေရေးကြေးဆိုင်ရာဟောပြောပွဲတိုင်းမှာ ဟောပြောခဲ့တာဖြစ်ပါတယ်။

စာရေးဆရာ Clason က ဒီစာအုပ်ထဲမှာ သာမန်ကုန်သည်တစ်ယောက်ရဲ့ သားတစ်ဦးဖြစ်သူ၊ အမွေဆက်ခံဖို့ မျှော်လင့်ချက်မရှိတဲ့ Arkad ကို အဓိကဇာတ်ဆောင်ထားပြီး ရေးသားထားပါတယ်။ Arkad ဟာ Algamish လို့အမည်ရတဲ့ ငွေချေးလုပ်ငန်းရှင်သူဌေးတစ်ယောက်ဆီက သင်ယူရရှိတဲ့အသိပညာတွေကို အသုံးချပြီး ရှေးခေတ်ကမ္ဘာမှာ အချမ်းသာဆုံးမြို့ဖြစ်တဲ့ ဘေဘီလုံတစ်မြို့လုံးမှာ အချမ်းသာဆုံးပုဂ္ဂိုဟ်ဖြစ်လာခဲ့ပါတယ်။

တစ်နေ့မှာ Arkad ရဲ့ သူငယ်ချင်းတွေက သူနဲ့တိုင်ပင်ဆွေးနွေးဖို့ ဆုံးဖြတ်ပြီး ဒီလောက်အထိ သူဘယ်လိုချမ်းသာလာတာလဲဆိုတာနဲ့ သူတို့ရော အတူတကွချမ်းသာလာနိုင်သလား ဆိုတာကို မေးမြန်းခဲ့ကြပါတယ်။

ဒီအခါမှာ Arkad က သူ့ရဲ့ သူငယ်ချင်းတွေကို သုံးလို့ပိုတဲ့ငွေကို မစုပဲ၊ စုလို့ပိုတဲ့ ငွေကိုသာသုံးဖို့ ပြောခဲ့ပါတယ်။ သူရှင်းပြရာမှာ “ဒီနေ့ ငါ ရှာနိုင်သမျှရဲ့ တစိတ်တဒေသဟာ ငါ့ကိုယ်ပိုင်ဖြစ်ရမယ်လို့ ကိုယ့်ကိုယ်ကို ပြန်ပြောပါ။ မနက်အိပ်ရာကနိုးတာနဲ့ ပြောပါ။ နေ့လည်ပိုင်းမှာပြောပါ။ ညဖက်မှာပြောပါ။ နေ့တိုင်း တစ်နာရီတစ်ခါပြောပါ။ ဒီစကားလုံးက လုံး၀ခေါင်းထဲကထုတ်မရတော့တဲ့အထိ ပြောပါ” လို့ သူ့ရဲ့သူငယ်ချင်းဖြစ်သူတွေကို ပြောပြခဲ့ပါတယ်။

ဒီထက်ပိုပြီးတိတိကျကျပြောရမယ်ဆိုရင် ဝင်ငွေစုစုပေါင်းရဲ့ အနည်းဆုံး(၁၀)ရာခိုင်နှုန်းကို စုဆောင်းဖို့ ပြောပြခဲ့ပါတယ်။ ဝင်ငွေနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ ဆယ်ပုံတစ်ပုံထက်တော့ နည်းမသွားအောင် စုဆောင်းရမှာ ဖြစ်ပါတယ်။ သင့်ရဲ့အသုံးစရိတ်တွေကိုလည်း လိုအပ်ရင် သေချာစီစဉ်ရမှာဖြစ်ပါတယ်။ ဒီလိုစုဆောင်းရင် တဖြည်းဖြည်းနဲ့ ပိုင်ဆိုင်မှုရှိထားတဲ့အပေါ်မှာ ခံစားရတဲ့ ခံစားမှုကို နားလည်လာပါလိမ့်မယ်။ ပိုင်ဆိုင်မှုများလာလေလေ၊ သင့်ကိုပိုပြီးလှုံ့ဆော်နိုင်လေပါပဲ။ ဘဝရဲ့ပျော်ရွှင်ဖွယ်ရာတွေက သင့်ဆီကို ရောက်လာသလို ဝင်ငွေပိုရဖို့အတွက် အလုပ်တွေပိုလုပ်လာနိုင်မှာပါ။

ဒီလို ဝင်ငွေရဲ့ (၁၀)ရာခိုင်နှုန်းကို စုဆောင်းတတ်တဲ့အလေ့အကျင့်ရှိလာပြီဆိုရင် စုဆောင်းငွေတွေကို ကိုယ့်အတွက် အလုပ်လုပ်ပေးနိုင်အောင် စီမံရမှာဖြစ်ပါတယ်။ “မင်းတို့ရဲ့ ရတနာတွေကို မင်းတို့အတွက် အလုပ်လုပ်ပေးမယ့် အစေခံတွေဖြစ်အောင် လုပ်ပါ။ တဆင့်တိုးပွားလာတဲ့ ရတနာတွေကိုလည်း မင်းအတွက် ထပ်ပြီးအလုပ်လုပ်နေပါစေ။ မဆုံးရှုံးရအောင် သတိကြီးကြီးထားပြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်ပါ” လို့ Arkad က ပြောခဲ့ပါတယ်။

ငွေကြေးကို ကျေးကျွန်အဖြစ်ခိုင်းစေနိုင်ဖို့ဆိုတာက ဒီနေ့ခေတ်မှာဆိုရင် သင့်အတွက် ဝင်ငွေရှာပေးနိုင်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ ဖြစ်ပါတယ်။ အဓိကဆိုလိုရင်းကတော့ ဝင်ငွေရဲ့ ပမာဏတစ်ခုကို ပုံမှန်ဖယ်စုထားဖို့နဲ့ ဒီအလေ့အကျင့်ကို မြန်နိုင်သမျှ မြန်မြန်လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။