EQ ေကာင္းသူေတြမွာေတြ႔ ရတဲ့ ႏွလံုုးရည္မ်ား

အောင်မြင်သူတိုင်းမှာတွေ့ရသည့် နှလုံးရည်များ

လုပ္ငန္းခြင္ထဲမွာ သူလိုငါလို ၀န္ထမ္းေတြအခ်င္းခ်င္းၾကားထဲ တစ္ခ်ိဳ႕ေတြက ပိုၿပီး ထူးျခား ေအာင္ျမင္ေနတတ္ပါတယ္။ ဒါဟာ သူတို႔ရဲ႕ကိုယ္ရည္ကိုယ္ေသြးေၾကာင့္ ဆိုတာထက္ စိတ္ခံစားသိမွတ္မႈ စြမ္းရည္ (Emotional Intelligent Skill)ေၾကာင့္ဆိုရင္ ပိုၿပီးမွန္ကန္ပါလိမ့္မယ္။ ထူးထူးျခားျခား ၀န္ထမ္းေတြမွာ ေတြ႕ရတတ္တဲ့ EQ skill ေတြကေတာ့

အလုပ္မေရြးလုပ္တတ္ၾကတယ္။

ဒါ ငါ့ အလုပ္မဟုတ္ဘူးလို႔ ထူးခၽြန္၀န္ထမ္းေကာင္းေတြက ဘယ္ေတာ့မွ မေျပာတတ္ပါဘူး။ သူတို႔ လုပ္သင့္လုပ္ထိုက္တာ၊ လုပ္ႏိုင္တာကို လုပ္ေပးဖို႔ ဘယ္ေတာ့မွ ေႏွာင့္ေႏွးၾကန္႔ၾကာေနေလ့မရွိပါဘူး။ ဒါ့အျပင္ ဒီလိုလုပ္ေပးတာအတြက္ အခြင့္အေရးတစ္ခုခုကို ေမွ်ာ္လင့္ထားတာမ်ိဳးလည္း မရွိသလို အသိအမွတ္ျပဳ မခံရရင္လည္း ျပႆနာမရွိတတ္ၾကပါဘူး။

Click More Info

ပဋိပကၡေတြကို သည္းခံႏိုင္ၾကတယ္။

ထူးခၽြန္၀န္ထမ္းေကာင္းေတြက ျပႆနာမျဖစ္ေအာင္ ေနထိုင္ၾကသလို ျပႆနာျဖစ္လာရင္လည္း ေရွာင္ေနေလ့မရွိပါဘူး။ သူတို႔က ကိုယ္ပိုင္ထင္ျမင္ယူဆခ်က္ေတြကို စိတ္ေအးေအးနဲ႔ ယုတိၱရွိရွိ ရွင္းလင္းတင္ျပတတ္ၾကပါတယ္။ ဒါ့အျပင္ အျခားလူေတြရဲ႕ ပုဂၢိဳဟ္ေရးတိုက္ခိုက္မႈေတြကိုလည္း ရင္ဆိုင္ႏိုင္စြမ္းရွိၿပီး ျပန္လည္တိုက္ခိုက္တာမ်ိဳး မလုပ္တတ္ၾကပါဘူး။

အာ႐ုံစိုက္တတ္ၾကတယ္။

ထူးခၽြန္၀န္ထမ္းေကာင္းေတြက အလုပ္ၿပီးေျမာက္ေအာင္ျမင္ေရးကိုပဲ အာ႐ုံစိုက္တတ္ၾကပါတယ္။ အရစ္ရွည္တဲ့ ေဖာက္သည္ေတြ၊ ႐ုံးတြင္ ျပႆနာေတြေၾကာင့္ အာ႐ုံပ်က္ခံေလ့မရွိပါဘူး။ သူတို႔က တကယ့္ျပႆနာအစစ္နဲ႔ ေနာက္ခံအေၾကာင္းအရာေတြကို ခြဲျခားႏိုင္စြမ္းရွိၿပီး အေရးႀကီးကိစၥကို အာ႐ုံစိုက္ေျဖရွင္းႏိုင္ၾကပါတယ္။

Click More Info

လုပ္ရဲကိုင္ရဲ ေျပာရဲဆိုရဲ ရွိၾကတယ္။

အထင္ေသးခံရႏိုင္စရာေမးခြန္းေတြေမးဖို႔ ဒါမွမဟုတ္ အထက္လူႀကီးရဲ႕ဆံုးျဖတ္ခ်က္ကို ေထာက္ျပစရာ ရွိလာတဲ့အခါမွာ တျခားသူေတြက မေမးရဲမေျပာရဲေပမယ့္ ထူးခၽြန္၀န္ထမ္းေတြကေတာ့ ေမးဖို႔ေျပာဖို႔ သတၱိရွိၾကပါတယ္။ ဒါေပမယ့္ သူတို႔ေျပာမယ့္စကားကို ေသခ်ာစဥ္းစားၿပီး ေျပာသင့္ေျပာထိုက္တဲ့ အခ်ိန္နဲ႔ေနရာကို ေသခ်ာေရြးခ်ယ္ ေျပာဆိုတတ္ၾကပါတယ္။

အတၱကို ထိန္းခ်ဳပ္ႏိုင္စြမ္းရွိၾကတယ္။

လူတိုင္းမွာ အတၱရွိပါတယ္။ ၀န္ထမ္းေကာင္းေတြကေတာ့ သူတို႔ရဲ႕အတၱကို လုိသေလာက္ပဲ သတ္မွတ္ထားရွိတတ္ၾကပါတယ္။ အမွားရွိရင္ ၀န္ခံႏိုင္စြမ္းရွိၿပီး အဖြဲ႕အစည္းအတြက္ဆိုရင္ သူမ်ားေနာက္လိုက္ လုပ္ဖို႔ကိုလည္း ၀န္မေလးတတ္ၾကပါဘူး။

ဘယ္ေတာ့မွ ေက်နပ္ေရာင့္ရဲမႈမရွိဘူး။

ထူးခၽြန္၀န္ထမ္းေကာင္းေတြက သူတို႔ရဲ႕အရည္အခ်င္းကို ဘယ္ေတာ့မွေက်နပ္ေနေလ့မရွိပါဘူး။ အျမဲတမ္း တိုးတက္ေနဖို႔ ႀကိဳးစားေနတတ္ၾကသူေတြျဖစ္ပါတယ္။ ဘယ္ေလာက္ပဲ အေျခအေနေကာင္းေနပါေစ၊ သူတို႔ကေတာ့ အျမင့္ကိုဆက္တက္ဖို႔ ႀကိဳးစားေနတတ္ၾကပါတယ္။

ခ်ိဳ႕ယြင္းပ်က္စီးမႈေတြကို လစ္လ်ဴ႐ႈေလ့မရွိပါဘူး။

အလုပ္စားပြဲအံဆြဲမေကာင္းတာကစၿပီး ဌာနအတြင္း လုပ္ငန္းေဆာင္ရြက္မႈျပႆနာအထိ ခ်ိဳ႕ယြင္းခ်က္တစ္ခုခု ရွိေနရင္ လစ္လ်ဴ႐ႈသြားေလ့မရွိၾကပါဘူး။ ဒီလိုျဖစ္ေနက်ပဲဆိုတာမ်ိဳး မေတြးပဲ ျပင္ဆင္စရာရွိတာကို ျပင္ဆင္လိုက္တတ္ၾကပါတယ္။

Click More Info

တာ၀န္ခံႏိုင္စြမ္းရွိၾကတယ္။

ထူးခၽြန္၀န္ထမ္းေတြက သူတို႔လုပ္ေဆာင္တဲ့အလုပ္၊ ဆံုးျဖတ္ခ်က္နဲ႔ ထြက္ေပၚလာတဲ့ ရလဒ္အားလံုးအတြက္ ဆိုးသည္ျဖစ္ေစ ေကာင္းသည္ျဖစ္ေစ တာ၀န္ခံႏိုင္စြမ္းရွိၾကပါတယ္။ သူတို႔အမွားကို လႊဲခ်ဖို႔ မႀကိဳးစားပဲ ကိုယ္တိုင္ တာ၀န္ယူေလ့ရွိပါတယ္။

လူခ်စ္လူခင္မ်ားတယ္။

EQ Skill ေကာင္းတဲ့ ၀န္ထမ္းေတြကို လုပ္ေဖာ္ကိုင္ဖက္ေတြက ခ်စ္ၾကခင္ၾကတာ မထူးဆန္းပါဘူး။ သူတို႔မွာ လူတိုင္းက လက္ခံႏိုင္တဲ့။ စည္း႐ုံးလႈံ႕ေဆာ္ႏိုင္စြမ္းနဲ႔ ေခါင္းေဆာင္မႈစြမ္းရည္ရွိၾကပါတယ္။ ဒါ့ေၾကာင့္ သူတို႔က လုပ္ငန္းအတြက္ ရပ္တည္ေပးႏိုင္တဲ့ ယုံၾကည္ထိုက္သူေတြပဲ ျဖစ္ပါတယ္။ လုပ္ငန္းအတြက္ ေဖာက္သည္ေတြနဲ႔ ဆက္ဆံတဲ့ေနရာမွာလည္း သူတို႔အေျပာအဆို၊ လုပ္ရပ္ေတြအတြက္ စိုးရိမ္စရာမလိုတဲ့သူေတြျဖစ္ပါတယ္။

စိတ္သေဘာထားမေကာင္းသူေတြကို အဆင္ေျပေအာင္ေပါင္းႏိုင္တယ္။

စိတ္သေဘာထားမေကာင္းသူေတြ၊ လူ႕ဂြစာေတြနဲ႔ ဆက္ဆံရတာ စိတ္ပင္ပန္း၊ လူပင္ပန္းျဖစ္ရပါတယ္။ EQ ေကာင္းတဲ့ ၀န္ထမ္းေတြကေတာ့ ဒီလိုလူမ်ိဳးေတြနဲ႔ အဆင္ေျပေအာင္ဆက္ဆံတတ္ၾကပါတယ္။ လူ႔ဂြစာေတြနဲ႔ ရင္ဆိုင္ရေတာ့မယ္ဆိုရင္ တဖက္သားရဲ႕ရပ္တည္ခ်က္ကို နားလည္ထားၿပီး ႏွစ္ဦးႏွစ္ဖက္အဆင္ေျပေစႏိုင္မယ့္ ေျဖရွင္းခ်က္ကို ရွာေဖြႏိုင္ၾကပါတယ္။

သင့္မွာရွိတဲ့ အရည္အခ်င္းေတြ၊ လုပ္ငန္းအေတြ႕အၾကံဳေတြ၊ ဘြဲ႕လက္မွတ္ေတြက EQ Skill ေကာင္းသူေတြေလာက္ ထူးျခားထင္ေပၚေအာင္ျမင္လာေအာင္ လုပ္ေပးႏိုင္မွာမဟုတ္ပါဘူး။ သင္လည္းပဲ EQ Skill ေကာင္းမြန္လာေအာင္ ႀကိဳးစားေလ့က်င့္ယူႏိုင္မယ္ဆိုရင္ေတာ့ လုပ္ငန္းခြင္အတြင္းမွာ အားလံုးထက္ ထူးခၽြန္တဲ့ ၀န္ထမ္းေကာင္းတစ္ေယာက္ျဖစ္လာႏိုင္ပါတယ္။


အောင်မြင်သူတိုင်းမှာတွေ့ရသည့် နှလုံးရည်များ

လုပ်ငန်းခွင်ထဲမှာ သူလိုငါလို ဝန်ထမ်းတွေအချင်းချင်းကြားထဲ တစ်ချို့တွေက ပိုပြီး ထူးခြား အောင်မြင်နေတတ်ပါတယ်။ ဒါဟာ သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးကြောင့် ဆိုတာထက် စိတ်ခံစားသိမှတ်မှု စွမ်းရည် (Emotional Intelligent Skill)ကြောင့်ဆိုရင် ပိုပြီးမှန်ကန်ပါလိမ့်မယ်။ ထူးထူးခြားခြား ဝန်ထမ်းတွေမှာ တွေ့ရတတ်တဲ့ EQ skill တွေကတော့ –

အလုပ်မရွေးလုပ်တတ်ကြတယ်။

ဒါ ငါ့ အလုပ်မဟုတ်ဘူးလို့ ထူးချွန်ဝန်ထမ်းကောင်းတွေက ဘယ်တော့မှ မပြောတတ်ပါဘူး။ သူတို့ လုပ်သင့်လုပ်ထိုက်တာ၊ လုပ်နိုင်တာကို လုပ်ပေးဖို့ ဘယ်တော့မှ နှောင့်နှေးကြန့်ကြာနေလေ့မရှိပါဘူး။ ဒါ့အပြင် ဒီလိုလုပ်ပေးတာအတွက် အခွင့်အရေးတစ်ခုခုကို မျှော်လင့်ထားတာမျိုးလည်း မရှိသလို အသိအမှတ်ပြု မခံရရင်လည်း ပြဿနာမရှိတတ်ကြပါဘူး။

ပဋိပက္ခတွေကို သည်းခံနိုင်ကြတယ်။

ထူးချွန်ဝန်ထမ်းကောင်းတွေက ပြဿနာမဖြစ်အောင် နေထိုင်ကြသလို ပြဿနာဖြစ်လာရင်လည်း ရှောင်နေလေ့မရှိပါဘူး။ သူတို့က ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေကို စိတ်အေးအေးနဲ့ ယုတ္တိရှိရှိ ရှင်းလင်းတင်ပြတတ်ကြပါတယ်။ ဒါ့အပြင် အခြားလူတွေရဲ့ ပုဂ္ဂိုဟ်ရေးတိုက်ခိုက်မှုတွေကိုလည်း ရင်ဆိုင်နိုင်စွမ်းရှိပြီး ပြန်လည်တိုက်ခိုက်တာမျိုး မလုပ်တတ်ကြပါဘူး။

အာရုံစိုက်တတ်ကြတယ်။

ထူးချွန်ဝန်ထမ်းကောင်းတွေက အလုပ်ပြီးမြောက်အောင်မြင်ရေးကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ အရစ်ရှည်တဲ့ ဖောက်သည်တွေ၊ ရုံးတွင် ပြဿနာတွေကြောင့် အာရုံပျက်ခံလေ့မရှိပါဘူး။ သူတို့က တကယ့်ပြဿနာအစစ်နဲ့ နောက်ခံအကြောင်းအရာတွေကို ခွဲခြားနိုင်စွမ်းရှိပြီး အရေးကြီးကိစ္စကို အာရုံစိုက်ဖြေရှင်းနိုင်ကြပါတယ်။

လုပ်ရဲကိုင်ရဲ ပြောရဲဆိုရဲ ရှိကြတယ်။

အထင်သေးခံရနိုင်စရာမေးခွန်းတွေမေးဖို့ ဒါမှမဟုတ် အထက်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ထောက်ပြစရာ ရှိလာတဲ့အခါမှာ တခြားသူတွေက မမေးရဲမပြောရဲပေမယ့် ထူးချွန်ဝန်ထမ်းတွေကတော့ မေးဖို့ပြောဖို့ သတ္တိရှိကြပါတယ်။ ဒါပေမယ့် သူတို့ပြောမယ့်စကားကို သေချာစဉ်းစားပြီး ပြောသင့်ပြောထိုက်တဲ့ အချိန်နဲ့နေရာကို သေချာရွေးချယ် ပြောဆိုတတ်ကြပါတယ်။

အတ္တကို ထိန်းချုပ်နိုင်စွမ်းရှိကြတယ်။

လူတိုင်းမှာ အတ္တရှိပါတယ်။ ဝန်ထမ်းကောင်းတွေကတော့ သူတို့ရဲ့အတ္တကို လိုသလောက်ပဲ သတ်မှတ်ထားရှိတတ်ကြပါတယ်။ အမှားရှိရင် ဝန်ခံနိုင်စွမ်းရှိပြီး အဖွဲ့အစည်းအတွက်ဆိုရင် သူများနောက်လိုက် လုပ်ဖို့ကိုလည်း ဝန်မလေးတတ်ကြပါဘူး။

ဘယ်တော့မှ ကျေနပ်ရောင့်ရဲမှုမရှိဘူး။

ထူးချွန်ဝန်ထမ်းကောင်းတွေက သူတို့ရဲ့အရည်အချင်းကို ဘယ်တော့မှကျေနပ်နေလေ့မရှိပါဘူး။ အမြဲတမ်း တိုးတက်နေဖို့ ကြိုးစားနေတတ်ကြသူတွေဖြစ်ပါတယ်။ ဘယ်လောက်ပဲ အခြေအနေကောင်းနေပါစေ၊ သူတို့ကတော့ အမြင့်ကိုဆက်တက်ဖို့ ကြိုးစားနေတတ်ကြပါတယ်။

ချို့ယွင်းပျက်စီးမှုတွေကို လစ်လျူရှုလေ့မရှိပါဘူး။

အလုပ်စားပွဲအံဆွဲမကောင်းတာကစပြီး ဌာနအတွင်း လုပ်ငန်းဆောင်ရွက်မှုပြဿနာအထိ ချို့ယွင်းချက်တစ်ခုခု ရှိနေရင် လစ်လျူရှုသွားလေ့မရှိကြပါဘူး။ ဒီလိုဖြစ်နေကျပဲဆိုတာမျိုး မတွေးပဲ ပြင်ဆင်စရာရှိတာကို ပြင်ဆင်လိုက်တတ်ကြပါတယ်။

တာဝန်ခံနိုင်စွမ်းရှိကြတယ်။

ထူးချွန်ဝန်ထမ်းတွေက သူတို့လုပ်ဆောင်တဲ့အလုပ်၊ ဆုံးဖြတ်ချက်နဲ့ ထွက်ပေါ်လာတဲ့ ရလဒ်အားလုံးအတွက် ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ တာဝန်ခံနိုင်စွမ်းရှိကြပါတယ်။ သူတို့အမှားကို လွှဲချဖို့ မကြိုးစားပဲ ကိုယ်တိုင် တာဝန်ယူလေ့ရှိပါတယ်။

လူချစ်လူခင်များတယ်။

EQ Skill ကောင်းတဲ့ ဝန်ထမ်းတွေကို လုပ်ဖော်ကိုင်ဖက်တွေက ချစ်ကြခင်ကြတာ မထူးဆန်းပါဘူး။ သူတို့မှာ လူတိုင်းက လက်ခံနိုင်တဲ့။ စည်းရုံးလှုံ့ဆော်နိုင်စွမ်းနဲ့ ခေါင်းဆောင်မှုစွမ်းရည်ရှိကြပါတယ်။ ဒါ့ကြောင့် သူတို့က လုပ်ငန်းအတွက် ရပ်တည်ပေးနိုင်တဲ့ ယုံကြည်ထိုက်သူတွေပဲ ဖြစ်ပါတယ်။ လုပ်ငန်းအတွက် ဖောက်သည်တွေနဲ့ ဆက်ဆံတဲ့နေရာမှာလည်း သူတို့အပြောအဆို၊ လုပ်ရပ်တွေအတွက် စိုးရိမ်စရာမလိုတဲ့သူတွေဖြစ်ပါတယ်။

စိတ်သဘောထားမကောင်းသူတွေကို အဆင်ပြေအောင်ပေါင်းနိုင်တယ်။

စိတ်သဘောထားမကောင်းသူတွေ၊ လူ့ဂွစာတွေနဲ့ ဆက်ဆံရတာ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ရပါတယ်။ EQ ကောင်းတဲ့ ဝန်ထမ်းတွေကတော့ ဒီလိုလူမျိုးတွေနဲ့ အဆင်ပြေအောင်ဆက်ဆံတတ်ကြပါတယ်။ လူ့ဂွစာတွေနဲ့ ရင်ဆိုင်ရတော့မယ်ဆိုရင် တဖက်သားရဲ့ရပ်တည်ချက်ကို နားလည်ထားပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေစေနိုင်မယ့် ဖြေရှင်းချက်ကို ရှာဖွေနိုင်ကြပါတယ်။

သင့်မှာရှိတဲ့ အရည်အချင်းတွေ၊ လုပ်ငန်းအတွေ့အကြုံတွေ၊ ဘွဲ့လက်မှတ်တွေက EQ Skill ကောင်းသူတွေလောက် ထူးခြားထင်ပေါ်အောင်မြင်လာအောင် လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ သင်လည်းပဲ EQ Skill ကောင်းမွန်လာအောင် ကြိုးစားလေ့ကျင့်ယူနိုင်မယ်ဆိုရင်တော့ လုပ်ငန်းခွင်အတွင်းမှာ အားလုံးထက် ထူးချွန်တဲ့ ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်။

Related Posts

%%footer%%