အချစ်စစ်ဆိုတာ ရှာဖွေယူလို့ မရပါဘူး၊ တည်ဆောက်ယူရတာပါ
အခ်စ္စစ္ဆိုတာ ႐ွာေဖြယူလို႔ မရပါဘူး၊ တည္ေဆာက္ယူရတာပါ
အခ်စ္စစ္ဆိုတာ ခံစားခ်က္ တစ္ခု မဟုတ္ပါဘူး။ တည္႐ွိေနျခင္း တစ္ခုပါ။
လူသားတိုင္း အခ်စ္ကို မေတာ္တဆ ေတြ႕ဆံုႀကံဳႀကိဳက္ရာကေန ႐ွာေဖြေတြ႕႐ွိခဲ့တာပါ။ ကမၻာ့တစ္ဝွမ္းလံုးက လူေတြ အခ်ိန္တိုင္း အခ်စ္ေတြကို ႐ွာေတြ႕ေနပါတယ္။ အခ်စ္ဆိုတာ မ႐ွားပါဘူး။ဒါေပမယ့္ အခ်စ္စစ္ကေတာ့ ႐ွားပါတယ္။
အခ်စ္စစ္ဆိုတာ အခ်ိန္ရဲ႕ တိုက္စားမႈကို ခံႏိုင္တဲ့ အခ်စ္ပါ။
အဲဒီ အခ်စ္စစ္ဟာ အျမဲ ေျပာင္းလဲေနၿပီး အျမဲ ႀကီးထြားေနကာ ခန္႔မွန္း မရပါဘူး။ အခ်စ္စစ္ ျဖစ္ေပၚဖို႔ အခ်ိန္ ၾကာၾကာ ယူရလို႔ အခ်စ္စစ္ဟာ ႐ွားပါတယ္။ လူတစ္ေယာက္နဲ႔ ႏွစ္ေပါင္းမ်ားစြာ ေနခဲ့ၿပီးမွ အခ်စ္စစ္လား၊ သာမန္အခ်စ္ပဲလား ခြဲလို႔ရမွာပါ။
ေျပာရမယ္ဆို အခ်စ္စစ္ဟာ ႐ွာေဖြေတြ႕႐ွိတာ မဟုတ္ပါဘူး။ ျဖည္းျဖည္းခ်င္း၊ ဂ႐ုတစိုက္နဲ႔ တည္ေဆာက္ရယူရတာပါ။
အခ်စ္ဟာ လွပတယ္ဆိုရင္ အခ်စ္စစ္ဟာ စၾကာဝဠာႀကီးထဲမွာ အလွပဆံုး အရာပါ။ အခ်စ္စစ္ဟာ ႐ိုးသားၿပီး အစစ္အမွန္ ျဖစ္ေနလို႔ပါ။
အခ်စ္ရဲ႕ ပထမဆင့္ေတြဟာ ျပင္းထန္ၿပီး ေပ်ာ္ဖို႔ေကာင္းေပမယ့္ တစ္ခ်ိန္ထဲမွာပဲ အထိမခံႏိုင္ဆံုးနဲ႔ အႏွစ္သာရ မပါဆံုးလဲ ျဖစ္ပါတယ္။ ပထမဆံုးအႀကိမ္ အခ်စ္စိတ္ ျဖစ္ေပၚခဲ့ရင္ ကမၻာႀကီးကို ပိုေကာင္းလာတယ္လို႔ ခံစားမိရပါတယ္။ ေနခ်ည္ကလဲ ပိုေႏြးလာၿပီး ေလျပည္ကလဲ ပိုေအးလာပါတယ္။
အခ်ိန္ ၾကာလာတာနဲ႔ ကိုယ့္ခ်စ္သူအေၾကာင္း ပိုပိုၿပီး သိလာတယ္။ လ်ွိ႔ဝွက္ ဆန္းၾကယ္မႈေတြ မ႐ွိေတာ့လို႔ ေပ်ာ္စရာ ႐ွားလာပါတယ္။
အဲဒီ အခ်ိန္ဟာ ခ်စ္ဇာတ္လမ္းတိုင္းရဲ႕ အလွည့္အေျပာင္းပါပဲ။ အခ်စ္ ေသဆံုးသြားမလား၊ ပိုမို ရင့္သန္လာမလား ဆိုတဲ့ ေနရာပါ။
အခ်စ္စစ္ဟာ ယံုၾကည္မႈနဲ႔ ေလးစားမႈအေပၚ အမွီျပဳထားပါတယ္။ အဲဒီအရာ ႏွစ္ခုလံုးဟာ တည္ေဆာက္ဖို႔ အခ်ိန္ ေပးရတဲ့ အရာေတြပါ။
ခ်စ္တတ္စ လူငယ္ေလးေတြဟာ အ႐ူးအမူး ယံုတတ္ၾကေပမယ့္ သင့္မွာ အခ်စ္ အေတြ႕အၾကံဳမ်ားေလေလ၊ သင့္ လက္႐ွိခ်စ္သူကို ယံုၾကည္မႈ ေလ်ာ့နည္းေလေလျဖစ္မွာပါ။
ပ်က္စီးသြားတဲ့ ခ်စ္ဇာတ္လမ္းေဟာင္းေတြမွာ ကြၽန္ေတာ္တို႔ရဲ႕ ယံုၾကည္စိတ္ေတြလဲ နည္းနည္းခ်င္းစီ ပါသြားတတ္ပါတယ္။
ဒါေပမယ့္ အခ်စ္စစ္ ျဖစ္လာဖို႔ဆို သင္နဲ႔ ခ်စ္သူ အၾကားမွာ အဆင့္အတန္း ျမင့္တဲ့ ယံုၾကည္မႈ တစ္ခု ႐ွိေနရပါမယ္။ ဘယ္လို အခက္အခဲမ်ိဳးနဲ႔ ၾကံဳေနပါေစ၊ သင့္ကို စြန္႔ပစ္မသြားဘူးဆိုတာ ယံုရပါမယ္။
အဲဒီ အဆင့္႐ွိတဲ့ ယံုၾကည္ေလးစားမႈ တည္ေဆာက္ႏိုင္ဖို႔ ဆယ္စုႏွစ္နဲ႔ ခ်ီၿပီး ၾကာႏိုင္ပါတယ္။ အဲဒါေတြဟာ အခ်စ္စစ္ရဲ႕ အုတ္ျမစ္ေတြပါ။
အခ်စ္စစ္ဟာ ခံစားခ်က္ မဟုတ္ပါဘူး။ ျဖစ္တည္မႈ တစ္ခုပါ။
လူေတြဟာ စိတ္ ဆတ္တတ္ၾကပါတယ္။ မာနေတြနဲ႔ အခ်စ္ကို ႐ိုက္ခ်ိဳးဖ်က္စီး ပစ္ႏိုင္ပါတယ္။ တခဏ ေဒါသဟာ ဆယ္ႏွစ္တာ အခ်စ္ကို ဖ်က္စီးပစ္ႏုိင္ပါတယ္။
အခ်စ္စစ္ကေတာ့ စိတ္ခံစားခ်က္ မဟုတ္ပါဘူး။ ေနထိုင္နည္းပါ။
အခ်စ္စစ္ဟာ သင့္ခ်စ္သူအနားမွာ သင္ အျမဲ ႐ွိေပးႏုိင္ေအာင္ အျခားအရာေတြ ၾကားမဝင္ေစႏိုင္ဖို႔ ၾကိဳးစားျခင္းပါ။ သင္တို႔ႏွစ္ေယာက္ရဲ႕ သံေယာဇဥ္က ျပင္းထန္လြန္းလို႔ သင္တို႔ထဲက တစ္ေယာက္ ေလာကႀကီးကို စြန္႔ခြာ သြားရရင္ေတာင္ သင္တို႔ အခ်စ္က ဒီကမၻာေပၚ က်န္ခဲ့တဲ့ထိပါပဲ။
အခ်စ္စစ္မွန္း သိႏိုင္တဲ့ တစ္ခုထဲေသာ နည္းလမ္းကေတာ့ သင္ ဒီ ကမၻာက ထြက္ခြာရခါနီးမွာ သင္တို႔ႏွစ္ေယာက္ တူတူ ျဖတ္သန္းခဲ့ရတဲ့ ခရီးေတြကို ျပန္ျမင္ေယာက္မိၿပီး သင္တို႔ ႏွစ္ေယာက္ ဒီခ်ိန္ထိ တူတူ ႐ွိေနႏိုင္တာ အခ်စ္စစ္ေၾကာင့္ပဲလို႔ နားလည္မိလိုက္တဲ့ခဏပါ။
အချစ်စစ်ဆိုတာ ရှာဖွေယူလို့ မရပါဘူး၊ တည်ဆောက်ယူရတာပါ
အချစ်စစ်ဆိုတာ ခံစားချက် တစ်ခု မဟုတ်ပါဘူး။ တည်ရှိနေခြင်း တစ်ခုပါ။
လူသားတိုင်း အချစ်ကို မတော်တဆ တွေ့ဆုံကြုံကြိုက်ရာကနေ ရှာဖွေတွေ့ရှိခဲ့တာပါ။ ကမ္ဘာ့တစ်ဝှမ်းလုံးက လူတွေ အချိန်တိုင်း အချစ်တွေကို ရှာတွေ့နေပါတယ်။ အချစ်ဆိုတာ မရှားပါဘူး။
ဒါပေမယ့် အချစ်စစ်ကတော့ ရှားပါတယ်။
အချစ်စစ်ဆိုတာ အချိန်ရဲ့ တိုက်စားမှုကို ခံနိုင်တဲ့ အချစ်ပါ။
အဲဒီ အချစ်စစ်ဟာ အမြဲ ပြောင်းလဲနေပြီး အမြဲ ကြီးထွားနေကာ ခန့်မှန်း မရပါဘူး။ အချစ်စစ် ဖြစ်ပေါ်ဖို့ အချိန် ကြာကြာ ယူရလို့ အချစ်စစ်ဟာ ရှားပါတယ်။ လူတစ်ယောက်နဲ့ နှစ်ပေါင်းများစွာ နေခဲ့ပြီးမှ အချစ်စစ်လား၊ သာမန်အချစ်ပဲလား ခွဲလို့ရမှာပါ။
ပြောရမယ်ဆို အချစ်စစ်ဟာ ရှာဖွေတွေ့ရှိတာ မဟုတ်ပါဘူး။ ဖြည်းဖြည်းချင်း၊ ဂရုတစိုက်နဲ့ တည်ဆောက်ရယူရတာပါ။
အချစ်ဟာ လှပတယ်ဆိုရင် အချစ်စစ်ဟာ စကြာဝဠာကြီးထဲမှာ အလှပဆုံး အရာပါ။ အချစ်စစ်ဟာ ရိုးသားပြီး အစစ်အမှန် ဖြစ်နေလို့ပါ။
အချစ်ရဲ့ ပထမဆင့်တွေဟာ ပြင်းထန်ပြီး ပျော်ဖို့ကောင်းပေမယ့် တစ်ချိန်ထဲမှာပဲ အထိမခံနိုင်ဆုံးနဲ့ အနှစ်သာရ မပါဆုံးလဲ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် အချစ်စိတ် ဖြစ်ပေါ်ခဲ့ရင် ကမ္ဘာကြီးကို ပိုကောင်းလာတယ်လို့ ခံစားမိရပါတယ်။ နေချည်ကလဲ ပိုနွေးလာပြီး လေပြည်ကလဲ ပိုအေးလာပါတယ်။
အချိန် ကြာလာတာနဲ့ ကိုယ့်ချစ်သူအကြောင်း ပိုပိုပြီး သိလာတယ်။ လျှိ့ဝှက် ဆန်းကြယ်မှုတွေ မရှိတော့လို့ ပျော်စရာ ရှားလာပါတယ်။
အဲဒီ အချိန်ဟာ ချစ်ဇာတ်လမ်းတိုင်းရဲ့ အလှည့်အပြောင်းပါပဲ။ အချစ် သေဆုံးသွားမလား၊ ပိုမို ရင့်သန်လာမလား ဆိုတဲ့ နေရာပါ။
အချစ်စစ်ဟာ ယုံကြည်မှုနဲ့ လေးစားမှုအပေါ် အမှီပြုထားပါတယ်။ အဲဒီအရာ နှစ်ခုလုံးဟာ တည်ဆောက်ဖို့ အချိန် ပေးရတဲ့ အရာတွေပါ။
ချစ်တတ်စ လူငယ်လေးတွေဟာ အရူးအမူး ယုံတတ်ကြပေမယ့် သင့်မှာ အချစ် အတွေ့အကြုံများလေလေ၊ သင့် လက်ရှိချစ်သူကို ယုံကြည်မှု လျော့နည်းလေလေဖြစ်မှာပါ။
ပျက်စီးသွားတဲ့ ချစ်ဇာတ်လမ်းဟောင်းတွေမှာ ကျွန်တော်တို့ရဲ့ ယုံကြည်စိတ်တွေလဲ နည်းနည်းချင်းစီ ပါသွားတတ်ပါတယ်။
ဒါပေမယ့် အချစ်စစ် ဖြစ်လာဖို့ဆို သင်နဲ့ ချစ်သူ အကြားမှာ အဆင့်အတန်း မြင့်တဲ့ ယုံကြည်မှု တစ်ခု ရှိနေရပါမယ်။ ဘယ်လို အခက်အခဲမျိုးနဲ့ ကြုံနေပါစေ၊ သင့်ကို စွန့်ပစ်မသွားဘူးဆိုတာ ယုံရပါမယ်။
အဲဒီ အဆင့်ရှိတဲ့ ယုံကြည်လေးစားမှု တည်ဆောက်နိုင်ဖို့ ဆယ်စုနှစ်နဲ့ ချီပြီး ကြာနိုင်ပါတယ်။ အဲဒါတွေဟာ အချစ်စစ်ရဲ့ အုတ်မြစ်တွေပါ။
အချစ်စစ်ဟာ ခံစားချက် မဟုတ်ပါဘူး။ ဖြစ်တည်မှု တစ်ခုပါ။
လူတွေဟာ စိတ် ဆတ်တတ်ကြပါတယ်။ မာနတွေနဲ့ အချစ်ကို ရိုက်ချိုးဖျက်စီး ပစ်နိုင်ပါတယ်။ တခဏ ဒေါသဟာ ဆယ်နှစ်တာ အချစ်ကို ဖျက်စီးပစ်နိုင်ပါတယ်။
အချစ်စစ်ကတော့ စိတ်ခံစားချက် မဟုတ်ပါဘူး။ နေထိုင်နည်းပါ။
အချစ်စစ်ဟာ သင့်ချစ်သူအနားမှာ သင် အမြဲ ရှိပေးနိုင်အောင် အခြားအရာတွေ ကြားမဝင်စေနိုင်ဖို့ ကြိုးစားခြင်းပါ။ သင်တို့နှစ်ယောက်ရဲ့ သံယောဇဉ်က ပြင်းထန်လွန်းလို့ သင်တို့ထဲက တစ်ယောက် လောကကြီးကို စွန့်ခွာ သွားရရင်တောင် သင်တို့ အချစ်က ဒီကမ္ဘာပေါ် ကျန်ခဲ့တဲ့ထိပါပဲ။
အချစ်စစ်မှန်း သိနိုင်တဲ့ တစ်ခုထဲသော နည်းလမ်းကတော့ သင် ဒီ ကမ္ဘာက ထွက်ခွာရခါနီးမှာ သင်တို့နှစ်ယောက် တူတူ ဖြတ်သန်းခဲ့ရတဲ့ ခရီးတွေကို ပြန်မြင်ယောက်မိပြီး သင်တို့ နှစ်ယောက် ဒီချိန်ထိ တူတူ ရှိနေနိုင်တာ အချစ်စစ်ကြောင့်ပဲလို့ နားလည်မိလိုက်တဲ့ခဏပါ။