ေအာင္ျမင္သူတို႔ရဲ႕ ယုံၾကည္ခ်က္ (၁၀)ခ်က္

အောင်မြင်သူတို့ရဲ့ ယုံကြည်ချက် (၁၀)ချက်

ထူးထူးျခားျခားေအာင္ျမင္သူတိုင္းမွာ တူညီတဲ့ သေဘာထားအျမင္နဲ႔ ယုံၾကည္မႈေတြ ရွိတတ္ပါတယ္။ ဒါ့ေၾကာင့္ ေအာင္ျမင္သူေတြရဲ႕ အမာခံယုံၾကည္မႈ (၁၀)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ငါ ကိုယ္တိုင္ ေရြးခ်ယ္ႏိုင္တယ္။

ရာထူးတိုးဖို႔၊ အခြင့္အေရးတစ္ခုခုအတြက္ ေရြးခ်ယ္ခံရဖို႔ စသျဖင့္ ေစာင့္ေနခဲ့ဖူးပါသလား။ ေနာက္ထပ္ ေစာင့္မေနပါနဲ႔ေတာ့။ ဘယ္လိုအခြင့္အေရးမ်ိဳးမဆို ရယူႏိုင္ဖို႔က အကန္႔အသတ္မရွိပါဘူး။ သင့္အလုပ္ကို သင္ကိုယ္တိုင္ ပိုေကာင္းလာေအာင္ လုပ္ႏိုင္ပါတယ္။ ဘယ္အလုပ္မဆို သင္လုပ္ခ်င္တာကို သင္ကိုယ္တိုင္ လုပ္လို႔ရပါတယ္။ သင့္ရဲ႕အရည္အခ်င္းေတြကို ေတြ႕ျမင္ၿပီး ခ်ီးေျမွာက္ခံရဖို႔ ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ ေစာင့္ေနစရာမလိုပါဘူး။ သင့္ရဲ႕တိုးတက္မႈကို တားဆီးပိတ္ပင္ေနတာ သင္ကိုယ္တိုင္ပဲျဖစ္ပါတယ္။

၂။ အေတြးအေခၚမွန္ရင္ ေအာင္ျမင္မႈနဲ႔ မလြဲႏိုင္ဘူး။

ေအာင္ျမင္သူေတြရဲ႕အေၾကာင္းေတြကို ဖတ္လိုက္ရင္ သင့္မွာမရွိတဲ့ အရည္အေသြးေတြ၊ စိတ္ကူးေတြ၊ ပါရမီေတြ၊ တီထြင္ဖန္တီးႏိုင္စြမ္းေတြ ရွိေနလို႔ ေအာင္ျမင္သြားၾကတာလို႔ ထင္ႏိုင္စရာရွိပါတယ္။ တကယ္ေတာ့ သင့္ကိုယ္သင္ အျခားလူေတြနဲ႔ မႏႈိင္းယွဥ္သင့္ပါဘူး။ ကိုယ္ပိုင္ရည္မွန္းခ်က္တစ္ခုကို ခ်မွတ္ပါ။ ဒီရည္မွန္းခ်က္နဲ႔ပဲ ကိုယ့္ကိုယ္ကို တိုင္းတာပါ။

၃။ ကိုယ္က်ိဳးမၾကည့္နဲ႔။ ငါ ဟာ အေစခံတစ္ေယာက္ျဖစ္တယ္။

ဘယ္သူတစ္ေယာက္မွ ဒီအတိုင္း ကိုယ္တိုင္လုပ္ၿပီး ကိုယ္တိုင္ေအာင္ျမင္သြားတယ္ဆိုတာ မရွိပါဘူး။ ေအာင္ျမင္တဲ့ အလုပ္ရွင္တိုင္းက ၀န္ထမ္းေတြကို ေလ့က်င့္သင္ၾကားေပးၿပီး သူတို႔ရဲ႕ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္တတ္ၾကသလို ေအာင္ျမင္တဲ့စီးပြားေရးလုပ္ငန္းတစ္ခုကလည္း ေဖာက္သည္ေတြကို ကူညီ၀န္ေဆာင္မႈေပးဖို႔ အရင္ဆံုးၾကည့္တတ္ၾကပါတယ္။ ဒီလိုနည္းလမ္းကေနမွတစ္ဆင့္ အက်ိဳးရလဒ္ကို ျပန္လည္ခံစားရတာျဖစ္ပါတယ္။ သင့္ကိုယ္သင္ အျခားသူေတြရဲ႕လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးဖို႔ ျပင္ဆင္ထားမယ္ဆိုရင္၊ အျမဲတမ္းလည္း ကူညီေပးေနမယ္ဆိုရင္ သင္လိုခ်င္တဲ့ ေအာင္ျမင္မႈကိုသာမက မိတ္ေဆြအေပါင္းအသင္းမ်ားစြာကိုလည္း ရရွိမွာျဖစ္ပါတယ္။

၄။ ပထမျဖစ္ခ်င္မွျဖစ္မယ္ ဒါေပမယ့္ ေနာက္ဆံုးအထိ ရွိေနမယ့္သူျဖစ္တယ္။

တစ္ခါတစ္ေလမွာ ေအာင္ျမင္မႈဟာ ဇြဲလံု႔လရဲ႕ အက်ိဳးရလဒ္တစ္ခုျဖစ္ေလ့ရွိပါတယ္။ အျခားသူေတြ အ႐ႈံးေပးလက္ေလွ်ာ့ထြက္ခြာသြားခ်ိန္မွာ ေနာက္ဆံုးက်န္ေနခဲ့သူက ေအာင္ႏိုင္သူျဖစ္လာတတ္ပါတယ္။ အျခားသူေတြက ပိုေတာ္မယ္၊ အဆက္အသြယ္ပိုေကာင္းမယ္၊ ေနာက္ခံပိုေတာင့္တင္းမယ္ဆိုရင္ေတာင္ ေနာက္ဆံုးအထိ ယွဥ္ျပိဳင္ႏိုင္စြမ္းမရွိရင္ ေအာင္ႏိုင္သူျဖစ္လာမွာမဟုတ္ပါဘူး။ တစ္ခါတစ္ေလမွာ စိတ္ကူးေတြ၊ စီမံကိန္းေတြ၊ လုပ္ငန္းေတြကို လက္ေလွ်ာ့လိုက္ရတာမ်ိဳးရွိႏိုင္ပါတယ္။ ဒါေပမယ့္ သင့္ကိုယ္သင္ေတာ့ ဘယ္ေတာ့မွ အ႐ႈံးမေပးလိုက္ပါနဲ႔။

၅။ ဘယ္သူမွမလုပ္ခ်င္တာကို ေန႔တိုင္းလုပ္မယ္။

ဘာကိစၥေလးပဲျဖစ္ျဖစ္ပါ။ တစ္ခုခုကို ေန႔တိုင္းလုပ္သြားမယ္ဆိုရင္ တစ္ပတ္ၾကာရင္ ထူးျခားလာၿပီး တစ္လၾကာရင္ ပိုေတာ္လာမွာျဖစ္သလို တစ္ႏွစ္ၾကားရင္ အထူးျခားဆံုးျဖစ္လာႏိုင္ပါတယ္။

၆။ လူမ်ားမ်ားဆက္ဆံရဖို႔ထက္ ဆက္ဆံေရးခိုင္ျမဲဖို႔ ႀကိဳးစားတယ္။

လူမ်ားမ်ားနဲ႔ သိကၽြမ္းဖို႔ မလိုပါဘူး။ သင့္ကို ကူညီေပးႏိုင္မယ့္သူ၊ သင့္ကို ယုံၾကည္တဲ့သူ၊ သင့္ကို ဂ႐ုစိုက္တဲ့သူေတြနဲ႔ ခိုင္မာတဲ့ဆက္ဆံေရးရွိဖို႔ပဲ လိုအပ္တာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လူအေရအတြက္ကို ေမ့လိုက္ပါ။ သင့္ဘ၀ရဲ႕တစိတ္တပိုင္းျဖစ္ခ်င္သူေတြနဲ႔ ဆက္ဆံေရးတည္ေဆာက္ႏိုင္ဖို႔ ႀကိဳးစားပါ။ သူတို႔ေတြနဲ႔ စစ္မွန္ခိုင္ျမဲတဲ့ ဆက္ဆံေရးတည္ေဆာက္ၿပီး လူမႈ၀န္းက်င္ကို တိုးခ်ဲ႕ပါ။ သူတို႔လိုအပ္ရင္ သင္ရွိေနေပးပါ။ သင္လိုအပ္ရင္လည္း သူတို႔ရွိေနမွာျဖစ္ပါတယ္။

၇။ နည္းဗ်ဴဟာ အစီအစဥ္ေတြထက္ တကယ္လက္ေတြ႕လုပ္ေဆာင္မႈက အဓိကက်တယ္။

နည္းဗ်ဴဟာေတြက ထုတ္ကုန္ပစၥည္းေတြ မဟုတ္ပါဘူး။ အေကာင္အထည္မေဖာ္ျဖစ္တဲ့ နည္းဗ်ဴဟာေတြက ဘာမွအသံုး၀င္မွာမဟုတ္ပါဘူး။ စိတ္ကူးတစ္ခုကို ဖြံ႕ၿဖိဳးတိုးတက္လာေအာင္လုပ္ပါ။ နည္းဗ်ဴဟာတစ္ခုကို ခ်မွတ္ပါ။ ၿပီးရင္ လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္မယ့္ လုပ္ငန္းစဥ္တစ္ခုကို ေရးဆြဲၿပီး လုပ္ေဆာင္ပါ။ လိုအပ္သလို ျပင္ဆင္ပါ။ ပိုၿပီးလုပ္ေဆာင္ပါ။ အလုပ္နဲ႔အလုိက္ဖက္ဆံုး လုပ္ငန္းစဥ္တစ္ခုကို တည္ေဆာက္ပါ။ ေအာင္ျမင္မႈဟာ နည္းဗ်ဴဟာေပၚမွာ တည္ေဆာက္တာမဟုတ္ပါဘူး။ တကယ္လက္ေတြ႕လုပ္ေဆာင္မႈနဲ႔ တည္ေဆာက္တာျဖစ္ပါတယ္။

၈။ စစ္မွန္တဲ့ ေခါင္းေဆာင္မႈကို ေရရွည္မွာ တိုင္းတာသိရွိႏိုင္တယ္။

ထူးခၽြန္ထက္ျမက္တဲ့ ေခါင္းေဆာင္တိုင္းက လႊမ္းမိုးလႈံ႕ေဆာ္ႏိုင္စြမ္းရွိၿပီး တဖက္သားကို သူတို႔ရွိရင္စြဲထက္ ပိုေတာ္လာတယ္လို႔ ထင္ေအာင္ လုပ္ေဆာင္ႏိုင္ပါတယ္။ ဒီလို ေခါင္းေဆာင္ေတြေနာက္ကိုပဲ မိမိဆႏၵအရ လိုက္ပါ ေထာက္ခံၾကတာျဖစ္ပါတယ္။ ေခါင္းေဆာင္ေကာင္းေတြအားလံုးက ေနာက္လိုက္ငယ္သားေတြနဲ႔ အတူ တသားတည္းအျဖစ္နဲ႔ အားလံုးကို ဦးေဆာင္ႏိုင္ၾကပါတယ္။ ဒီလို တသားတည္းျဖစ္ဖို႔က အခ်ိန္အတိုင္းအတာတစ္ခုေတာ့ လိုအပ္ပါတယ္။

၉။ အလုပ္က အရင္၊ အက်ိဳးခံစားခြင့္က ေနာက္

ရာထူးအတိုးခံရရင္ ဒီထက္ပိုႀကိဳးစားမယ္။ ပိုေပးရင္ ပိုလုပ္ေပးမယ္ စတဲ့စကားေတြက မၾကာခဏၾကားရေလ့ရွိတဲ့ စကားေတြျဖစ္ပါတယ္။ လူအမ်ားစုက အလုပ္ကို တကယ္အားသြန္ခြန္စိုက္ လုပ္ျပလိုက္ဖို႔ထက္ အက်ိဳးခံစားခြင့္ ဘယ္လိုရမလဲဆိုတာကိုပဲ အာ႐ုံစိုက္ေနတတ္ၾကပါတယ္။ တကယ္ကို မွားယြင္းေနတဲ့ အယူအဆျဖစ္ပါတယ္ ေအာင္ျမင္သူေတြကေတာ့ အလုပ္ကို အရင္ဆံုးႀကိဳးႀကိဳးစားစား လုပ္ေဆာင္ၿပီးမွ ထိုက္တန္တဲ့အက်ိဳးခံစားခြင့္ကို ရယူေလ့ရွိပါတယ္။ သူတို႔ေတြက အက်ိဳးခံစားခြင့္ဆိုတာ လုပ္ေဆာင္မႈအတြက္ ရရွိတဲ့ ဆုလာဘ္လို႔ သေဘာထားႏိုင္ၾကပါတယ္။

၁၀။ သမိုင္းတြင္ေအာင္လုပ္ႏိုင္တယ္။ ျဖစ္ေအာင္လည္းလုပ္မယ္။

ေအာင္ျမင္မႈေတြ ရရွိလာတဲ့အခါမွာ သင့္နာမည္ကို အနီးနားပတ္၀န္းက်င္က လူေတြေလာက္ပဲ သိေနေတာ့မွာမဟုတ္ပါဘူး။ သင့္အေနနဲ႔ သက္ဆိုင္ရာလုပ္ငန္းနယ္ပယ္ထဲမွာ ေျပာင္းလဲမႈေတြ လုပ္ေဆာင္ဖို႔ လိုပါတယ္။ လုပ္ငန္းနဲ႔ပတ္သက္ၿပီးေတာ့ပဲျဖစ္ျဖစ္၊ လူမႈအသိုင္းအ၀ိုင္းထဲမွာပဲျဖစ္ျဖစ္ လုပ္ေဆာင္ႏိုင္တဲ့ ေျပာင္းလဲမႈတစ္ခုခုကို လုပ္ေဆာင္ၿပီး နာမည္တြင္က်န္ေနခဲ့ဖို႔ လိုပါတယ္။


အောင်မြင်သူတို့ရဲ့ ယုံကြည်ချက် (၁၀)ချက်

ထူးထူးခြားခြားအောင်မြင်သူတိုင်းမှာ တူညီတဲ့ သဘောထားအမြင်နဲ့ ယုံကြည်မှုတွေ ရှိတတ်ပါတယ်။ ဒါ့ကြောင့် အောင်မြင်သူတွေရဲ့ အမာခံယုံကြည်မှု (၁၀)ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ငါ ကိုယ်တိုင် ရွေးချယ်နိုင်တယ်။

ရာထူးတိုးဖို့၊ အခွင့်အရေးတစ်ခုခုအတွက် ရွေးချယ်ခံရဖို့ စသဖြင့် စောင့်နေခဲ့ဖူးပါသလား။ နောက်ထပ် စောင့်မနေပါနဲ့တော့။ ဘယ်လိုအခွင့်အရေးမျိုးမဆို ရယူနိုင်ဖို့က အကန့်အသတ်မရှိပါဘူး။ သင့်အလုပ်ကို သင်ကိုယ်တိုင် ပိုကောင်းလာအောင် လုပ်နိုင်ပါတယ်။ ဘယ်အလုပ်မဆို သင်လုပ်ချင်တာကို သင်ကိုယ်တိုင် လုပ်လို့ရပါတယ်။ သင့်ရဲ့အရည်အချင်းတွေကို တွေ့မြင်ပြီး ချီးမြှောက်ခံရဖို့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ စောင့်နေစရာမလိုပါဘူး။ သင့်ရဲ့တိုးတက်မှုကို တားဆီးပိတ်ပင်နေတာ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။

၂။ အတွေးအခေါ်မှန်ရင် အောင်မြင်မှုနဲ့ မလွဲနိုင်ဘူး။

အောင်မြင်သူတွေရဲ့အကြောင်းတွေကို ဖတ်လိုက်ရင် သင့်မှာမရှိတဲ့ အရည်အသွေးတွေ၊ စိတ်ကူးတွေ၊ ပါရမီတွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေ ရှိနေလို့ အောင်မြင်သွားကြတာလို့ ထင်နိုင်စရာရှိပါတယ်။ တကယ်တော့ သင့်ကိုယ်သင် အခြားလူတွေနဲ့ မနှိုင်းယှဉ်သင့်ပါဘူး။ ကိုယ်ပိုင်ရည်မှန်းချက်တစ်ခုကို ချမှတ်ပါ။ ဒီရည်မှန်းချက်နဲ့ပဲ ကိုယ့်ကိုယ်ကို တိုင်းတာပါ။

၃။ ကိုယ်ကျိုးမကြည့်နဲ့။ ငါ ဟာ အစေခံတစ်ယောက်ဖြစ်တယ်။

ဘယ်သူတစ်ယောက်မှ ဒီအတိုင်း ကိုယ်တိုင်လုပ်ပြီး ကိုယ်တိုင်အောင်မြင်သွားတယ်ဆိုတာ မရှိပါဘူး။ အောင်မြင်တဲ့ အလုပ်ရှင်တိုင်းက ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးပြီး သူတို့ရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်တတ်ကြသလို အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကလည်း ဖောက်သည်တွေကို ကူညီဝန်ဆောင်မှုပေးဖို့ အရင်ဆုံးကြည့်တတ်ကြပါတယ်။ ဒီလိုနည်းလမ်းကနေမှတစ်ဆင့် အကျိုးရလဒ်ကို ပြန်လည်ခံစားရတာဖြစ်ပါတယ်။ သင့်ကိုယ်သင် အခြားသူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ပြင်ဆင်ထားမယ်ဆိုရင်၊ အမြဲတမ်းလည်း ကူညီပေးနေမယ်ဆိုရင် သင်လိုချင်တဲ့ အောင်မြင်မှုကိုသာမက မိတ်ဆွေအပေါင်းအသင်းများစွာကိုလည်း ရရှိမှာဖြစ်ပါတယ်။

၄။ ပထမဖြစ်ချင်မှဖြစ်မယ် ဒါပေမယ့် နောက်ဆုံးအထိ ရှိနေမယ့်သူဖြစ်တယ်။

တစ်ခါတစ်လေမှာ အောင်မြင်မှုဟာ ဇွဲလုံ့လရဲ့ အကျိုးရလဒ်တစ်ခုဖြစ်လေ့ရှိပါတယ်။ အခြားသူတွေ အရှုံးပေးလက်လျှော့ထွက်ခွာသွားချိန်မှာ နောက်ဆုံးကျန်နေခဲ့သူက အောင်နိုင်သူဖြစ်လာတတ်ပါတယ်။ အခြားသူတွေက ပိုတော်မယ်၊ အဆက်အသွယ်ပိုကောင်းမယ်၊ နောက်ခံပိုတောင့်တင်းမယ်ဆိုရင်တောင် နောက်ဆုံးအထိ ယှဉ်ပြိုင်နိုင်စွမ်းမရှိရင် အောင်နိုင်သူဖြစ်လာမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ စိတ်ကူးတွေ၊ စီမံကိန်းတွေ၊ လုပ်ငန်းတွေကို လက်လျှော့လိုက်ရတာမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် သင့်ကိုယ်သင်တော့ ဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့။

၅။ ဘယ်သူမှမလုပ်ချင်တာကို နေ့တိုင်းလုပ်မယ်။

ဘာကိစ္စလေးပဲဖြစ်ဖြစ်ပါ။ တစ်ခုခုကို နေ့တိုင်းလုပ်သွားမယ်ဆိုရင် တစ်ပတ်ကြာရင် ထူးခြားလာပြီး တစ်လကြာရင် ပိုတော်လာမှာဖြစ်သလို တစ်နှစ်ကြားရင် အထူးခြားဆုံးဖြစ်လာနိုင်ပါတယ်။

၆။ လူများများဆက်ဆံရဖို့ထက် ဆက်ဆံရေးခိုင်မြဲဖို့ ကြိုးစားတယ်။

လူများများနဲ့ သိကျွမ်းဖို့ မလိုပါဘူး။ သင့်ကို ကူညီပေးနိုင်မယ့်သူ၊ သင့်ကို ယုံကြည်တဲ့သူ၊ သင့်ကို ဂရုစိုက်တဲ့သူတွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိဖို့ပဲ လိုအပ်တာဖြစ်ပါတယ်။ ဒါ့ကြောင့် လူအရေအတွက်ကို မေ့လိုက်ပါ။ သင့်ဘဝရဲ့တစိတ်တပိုင်းဖြစ်ချင်သူတွေနဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ ကြိုးစားပါ။ သူတို့တွေနဲ့ စစ်မှန်ခိုင်မြဲတဲ့ ဆက်ဆံရေးတည်ဆောက်ပြီး လူမှုဝန်းကျင်ကို တိုးချဲ့ပါ။ သူတို့လိုအပ်ရင် သင်ရှိနေပေးပါ။ သင်လိုအပ်ရင်လည်း သူတို့ရှိနေမှာဖြစ်ပါတယ်။

၇။ နည်းဗျူဟာ အစီအစဉ်တွေထက် တကယ်လက်တွေ့လုပ်ဆောင်မှုက အဓိကကျတယ်။

နည်းဗျူဟာတွေက ထုတ်ကုန်ပစ္စည်းတွေ မဟုတ်ပါဘူး။ အကောင်အထည်မဖော်ဖြစ်တဲ့ နည်းဗျူဟာတွေက ဘာမှအသုံးဝင်မှာမဟုတ်ပါဘူး။ စိတ်ကူးတစ်ခုကို ဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ပါ။ နည်းဗျူဟာတစ်ခုကို ချမှတ်ပါ။ ပြီးရင် လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် လုပ်ငန်းစဉ်တစ်ခုကို ရေးဆွဲပြီး လုပ်ဆောင်ပါ။ လိုအပ်သလို ပြင်ဆင်ပါ။ ပိုပြီးလုပ်ဆောင်ပါ။ အလုပ်နဲ့အလိုက်ဖက်ဆုံး လုပ်ငန်းစဉ်တစ်ခုကို တည်ဆောက်ပါ။ အောင်မြင်မှုဟာ နည်းဗျူဟာပေါ်မှာ တည်ဆောက်တာမဟုတ်ပါဘူး။ တကယ်လက်တွေ့လုပ်ဆောင်မှုနဲ့ တည်ဆောက်တာဖြစ်ပါတယ်။

၈။ စစ်မှန်တဲ့ ခေါင်းဆောင်မှုကို ရေရှည်မှာ တိုင်းတာသိရှိနိုင်တယ်။

ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်တိုင်းက လွှမ်းမိုးလှုံ့ဆော်နိုင်စွမ်းရှိပြီး တဖက်သားကို သူတို့ရှိရင်စွဲထက် ပိုတော်လာတယ်လို့ ထင်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒီလို ခေါင်းဆောင်တွေနောက်ကိုပဲ မိမိဆန္ဒအရ လိုက်ပါ ထောက်ခံကြတာဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတွေအားလုံးက နောက်လိုက်ငယ်သားတွေနဲ့ အတူ တသားတည်းအဖြစ်နဲ့ အားလုံးကို ဦးဆောင်နိုင်ကြပါတယ်။ ဒီလို တသားတည်းဖြစ်ဖို့က အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်ပါတယ်။

၉။ အလုပ်က အရင်၊ အကျိုးခံစားခွင့်က နောက်

ရာထူးအတိုးခံရရင် ဒီထက်ပိုကြိုးစားမယ်။ ပိုပေးရင် ပိုလုပ်ပေးမယ် စတဲ့စကားတွေက မကြာခဏကြားရလေ့ရှိတဲ့ စကားတွေဖြစ်ပါတယ်။ လူအများစုက အလုပ်ကို တကယ်အားသွန်ခွန်စိုက် လုပ်ပြလိုက်ဖို့ထက် အကျိုးခံစားခွင့် ဘယ်လိုရမလဲဆိုတာကိုပဲ အာရုံစိုက်နေတတ်ကြပါတယ်။ တကယ်ကို မှားယွင်းနေတဲ့ အယူအဆဖြစ်ပါတယ် အောင်မြင်သူတွေကတော့ အလုပ်ကို အရင်ဆုံးကြိုးကြိုးစားစား လုပ်ဆောင်ပြီးမှ ထိုက်တန်တဲ့အကျိုးခံစားခွင့်ကို ရယူလေ့ရှိပါတယ်။ သူတို့တွေက အကျိုးခံစားခွင့်ဆိုတာ လုပ်ဆောင်မှုအတွက် ရရှိတဲ့ ဆုလာဘ်လို့ သဘောထားနိုင်ကြပါတယ်။

၁၀။ သမိုင်းတွင်အောင်လုပ်နိုင်တယ်။ ဖြစ်အောင်လည်းလုပ်မယ်။

အောင်မြင်မှုတွေ ရရှိလာတဲ့အခါမှာ သင့်နာမည်ကို အနီးနားပတ်ဝန်းကျင်က လူတွေလောက်ပဲ သိနေတော့မှာမဟုတ်ပါဘူး။ သင့်အနေနဲ့ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်ထဲမှာ ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ လူမှုအသိုင်းအဝိုင်းထဲမှာပဲဖြစ်ဖြစ် လုပ်ဆောင်နိုင်တဲ့ ပြောင်းလဲမှုတစ်ခုခုကို လုပ်ဆောင်ပြီး နာမည်တွင်ကျန်နေခဲ့ဖို့ လိုပါတယ်။

Related Posts

%%footer%%