ကိုယ့်ဘာသာ စိတ်ဓာတ်ခွန်အား ဖြည့်တင်းဖို့ နည်းလမ်း ၈ မျိုး
ကိုယ့်ဘာသာ စိတ်ဓာတ်ခွန်အား ဖြည့်တင်းဖို့ နည်းလမ်း ၈ မျိုး
လူတိုင်းဟာ စိတ်အင်အား ပြည့်ဝချင်ကြတာချည်းပါပဲ။ သောကြာနေ့ နေ့ခင်းဖက်တွေမှာဆို ကျွန်တော်တို့ အလုပ်ထဲ စိတ်မဝင်စားတတ်ကြတော့ပါဘူး။ ဒါပေမယ့် အမြဲ အဲဒိလို ဖြစ်နေစရာ မလိုပါဘူး။ စိတ်ခွန်အားနိုးကြားဖို့မှာ အပေးအယူ ရှိပါတယ်။ သင် အကောင်းဆုံး လုပ်ပေးမှ အကောင်းဆုံး ပြန်ရမှာပါ။ အဲဒါဟာ အရမ်း မရိုးရှင်းပေမယ့် သင့်ကိုယ်သင် အလုပ်ပြီးမြောက်မှုနှုန်း ပိုများသွားအောက် ဆောင်ရွက်ပေးနိုင်မယ့် နည်းလမ်း ၈ မျိုးကို ဖော်ပြလိုက်ပါတယ်။
၁. တက်ကျမ်းစာအုပ် တစ်အုပ် ဝယ်ပါ။ လူတိုင်းအတွက် အဲဒိစာအုပ်တွေက အလုပ်မဖြစ်ပေမယ့် သင့်အတွက်တော့ စိတ်ခွန်အားတိုးတက်စေနိုင်ပါတယ်။ သင်က “အလုပ်စစခြင်းမှာ ချမ်းသာမနေပေမယ့် ချမ်းသာဖို့ စလုပ်ပေးရတယ်” ဘာညာဘာညာဆိုတာမျိုးတွေကို မုန်းရင်တော့ ဒီအဆင့်ကို ကျော်လိုက်ပါ။
၂. စနစ်တကျရှိဖို့ကလဲ သော့ချက်တစ်ခုပါပဲ။ လူတိုင်းမှာ အလုပ်တွေကို စနစ်တကျရှိအောင်ထားပုံ မျိုးစုံ ရှိကြပါတယ်။ မှတ်စုစာအုပ်နဲ့ပဲ မှတ်မလား၊ ဖုန်းပဲ သုံးမလား ကြိုက်တာနဲ့လုပ်ပါ။ အရေးကြီးတာက Up to date ဖြစ်နေဖို့ပါပဲ။
၃. ပြောရတာက လုပ်ရတာထက်လွယ်တဲ့ နောက်တစ်ခုကတော့ သင့်ရဲ့ ပန်းတိုင်တွေကို စီမံခန့်ခွဲဖို့ပါပဲ။ သင် အလုပ် အစီအစဉ်တွေလိုပဲ ပန်းတိုင်တွေကို to do list တစ်ခု လုပ်ထားကြည့်ပါ။ အဲဒါဆို သင် ဘာလိုချင်လဲ၊ ဘာလုပ်ရမလဲ ဆိုတာတွေကို သိလာပါလိမ့်မယ်။ ပန်းတိုင်တစ်ခု ပြီးမြောက်သွားရင်လဲ သင့်ကိုယ်သင် ကျေနပ်အားရမိပါလိမ့်မယ်။
၄. ပျော်စရာ အတွေးတွေကိုပဲ တွေးပါ။ အကောင်းမြင်ခြင်းဟာ သင့်ရဲ့ တစ်နေ့တာ ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်ပါတယ်။ သင်က လူတိုင်းကို နှစ်သိမ့်ပေးဖို့၊ လိုက်ပါခံစားပေးဖို့ မလိုဘူးဆိုတာကိုလဲ သိထားပါ။ အလုပ်ခွင်မှာ စတေးရတာတွေရှိတတ်ပြီး မှန်မှန်ကန်ကန် လုပ်တတ်ဖို့တော့ လိုပါတယ်။ သင် ခံစားနေရတဲ့ မကောင်းတဲ့ ခံစားချက်အားလုံး ရှင်းထုတ်လိုက်ပါ။
၅. အလုပ်လုပ်ပါ။ အချိန်ဆွဲတာ မကောင်းဘူးဆိုတာ လူတိုင်းသိပါတယ်။ သင် ကြိုးစားတောင် မကြည့်မိဘူးဆိုရင်တော့ သင့်ရဲ့ စွမ်းဆောင်ရည်ကို သင်သိလာမှာ မဟုတ်ပါဘူး။
၆. အစားအသောက် မှန်ကန်ခြင်းနဲ့ လေ့ကျင့်ခန်း လုပ်ခြင်းတွေကလဲ သင့်ရဲ့ အလုပ်ခွင်စွမ်းဆောင်ရည်ကို တိုးမြင့်စေပါတယ်။ Endorphin ဟော်မုန်းဆိုတာ ပုံပြင်မဟုတ်ပါဘူး။
၇. သင့်ရဲ့ အချိန်ကို ညီညီမျှမျှ သုံးပါ။ ဘယ်သူမှ အလုပ်ဂျပိုးတစ်ယောက်ကို မကြိုက်ပါဘူး။ သင့်ကိုယ်သင် လူတွေ တွဲသွားချင်တဲ့ ဆက်ဆံချင်တဲ့ လူတစ်ယောက် ပုံစံဖြစ်အောင် နေပါ။ သင့်ပြသနာတွေကိုချည်း အာရုံစိုက်မနေပဲ သူငယ်ချင်းတွေရဲ့ ပြသနာတွေကိုလဲ ကူညီနားထောင်ပေးပါ။
၈. လူတွေကို ကူညီပါ။ ကောင်းတာလုပ်ပါ။ အဲဒါက သင့်ကို ကောင်းတဲ့ ခံစားချက် ပေးနိုင်ပြိး စိတ်ခွန်အား မြင့်တက်စေပါတယ်။ ကောင်းတာဆက်လုပ်ဖို့ကိုလဲ တွန်းအားဆက်ပေးပါတယ်။
Related Posts
%%footer%%