ဦးနှောက်ကိုထိခိုက်စေနိုင်သည့်အလေ့အကျင့် (၁၀)ခု
သင္ ခဏခဏေမ့တတ္ေနၿပီလား၊ အရင္တုန္းကလို ျမန္ျမန္ဆန္ဆန္ေတြးေခၚႏိုင္စြမ္းမရွိေတာ့ဘူးလား။ ဒါဆိုရင္ေတာ့ သင့္ရဲ႕ဦးေႏွာက္စြမ္းရည္ေတြ က်ဆင္းေနၿပီျဖစ္ပါတယ္။ ယွဥ္ၿပိဳင္မႈေတြနဲ႔ ဘ၀ကို ရင္ဆိုင္ႏိုင္ဖို႔အတြက္ က်န္းမာေရးကအေရးႀကီးပါတယ္။ က်န္းမာေရးေကာင္းဖို႔အတြက္ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းေတြလုပ္တတ္ၾကေပမယ့္ ေရရွည္မွာအေရးအႀကီးဆံုးနဲ႔ ထိခိုက္မႈအမ်ားဆံုးျဖစ္တဲ့ ဦးေႏွာက္ က်န္းမာေရးအတြက္ေတာ့ ဂရုစိုက္မႈနည္းၾကပါတယ္။ ဒါ့ေၾကာင့္ ေန႔စဥ္ဘ၀မွာ မသိလိုက္မသိဘာသာနဲ႔ ဦးေႏွာက္ကို ထိခိုက္ေစတဲ့အေလ့အက်င့္ေတြကို သတိထားေရွာင္ၾကဥ္ႏိုင္ဖို႔အတြက္ ေဖာ္ျပလိုက္ပါတယ္။
၁။ နာမက်န္းျဖစ္ေနခ်ိန္မွာ ဦးေႏွာက္သံုးျခင္း
နာမက်န္းတစ္ခုခုျဖစ္လို႔ ဆရာ၀န္ကအနားယူပါလို႔ေျပာတဲ့အခ်ိန္မွာ ခႏၶာကိုယ္ပဲနားရမွာ မဟုတ္ပါဘူး။ ဦးေႏွာက္ကိုပါ အနားေပးဖို႔လိုအပ္ပါတယ္။ ခႏၶာကိုယ္နာမက်န္းျဖစ္ေနခ်ိန္မွာ ဦးေႏွာက္ကအလုပ္ေတြ အမ်ားႀကီးလုပ္ေနရပါတယ္။ ေရာဂါကို ခႏၶာကိုယ္ကတိုက္ထုတ္ႏိုင္ဖို႔အတြက္ ဦးေႏွာက္က ညႊန္ၾကားခ်က္ ေတြ ထုတ္လုပ္ေနရတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေနမေကာင္းျဖစ္ေနတဲ့အခ်ိန္မွာ ဦးေႏွာက္သံုးၿပီး လုပ္ရတဲ့အလုပ္ေတြ လုပ္တာက ဦးေႏွာက္ကို ထိခိုက္ေစႏိုင္ပါတယ္။ ေနမေကာင္းဘူးဆိုရင္ စိတ္ေလွ်ာ့ၿပီး အိပ္သာေနလိုက္ပါ။
၂။ မနက္စာမစားျခင္း
မနက္ခင္းမွာ အခ်ိန္မရေတာ့လို႔ မနက္စာမစားတာမ်ိဳးက ေရရွည္မွာ အဆိုး၀ါးဆံုးထိခိုက္ႏိုင္ပါတယ္။ မနက္စာ မစားတာဟာ တစ္ေန႔တာရဲ႕အစမွာ ဦးေႏွာက္အတြက္ လိုအပ္တဲ့အဟာရဓာတ္ေတြ မရရွိႏိုင္ေတာ့ပဲ အဟာရခ်ိဳ႕တဲ့စြာ လုပ္ငန္းလုပ္ေဆာင္ခိုင္းလိုက္တာပဲျဖစ္ပါတယ္။ မနက္စာမစားတာေၾကာင့္ ေသြးအတြင္း သၾကားဓာတ္နည္းသြားေစၿပီး ဦးေႏွာက္ကို က်န္းမာေစဖို႔လိုအပ္တဲ့အဟာရဓာတ္ေတြလည္း ေလ်ာ့နည္းသြား ေစတာေၾကာင့္ျဖစ္ပါတယ္။
၃။ အလြန္အကၽြံစားျခင္း
အစားအေသာက္ေတြကို အလြန္အကၽြံ႕စားေသာက္တာကလည္း သင့္ရဲ႕ဦးေႏွာက္ကို ထိခိုက္ေစႏိုင္ပါတယ္။ ခႏၶာကိုယ္က လိုအပ္တာထက္ပိုစားတာေၾကာင့္ အင္ဆူလင္ဓာတ္ထုတ္လႊတ္မႈကို မညီမမွ်ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ အ၀လြန္ျခင္းနဲ႔ ဆီးခ်ိဳေရာဂါေတြျဖစ္ႏိုင္သလို ေသြးလႊတ္ေၾကာေတြကို မာေက်ာသြားေစၿပီး အခ်ိန္ၾကာလာတာနဲ႔အမွ် ဦးေႏွာက္ရဲ႕လုပ္ငန္းေဆာင္တာေတြကို က်ဆင္းသြားေစႏိုင္ပါတယ္။
၄။ ေရဓာတ္ခမ္းေျခာက္ျခင္း
ကၽြန္ေတာ္တို႔ရဲ႕ဦးေႏွာက္ကို ေရနဲ႔အမ်ားဆံုးဖြဲ႕စည္းထားတာျဖစ္ပါတယ္။ အေအးခန္းထဲမွာ အခ်ိန္ၾကာၾကာ ထိုင္ၿပီး လုံေလာက္ေအာင္ေရမေသာက္ဘူးဆိုရင္ ခႏၶာကိုယ္ရဲ႕ဆဲလ္ေတြ ႐ႈံ႕လာတတ္ပါတယ္။ ေရဓာတ္လိုအပ္လာတဲ့ ခႏၶာကိုယ္က ဦးေႏွာက္ဆီက ေရကိုယူသံုးတဲ့အတြက္ ဦးေႏွာက္ဆဲလ္ေတြလည္း ႐ႈံ႕လာပါတယ္။ ဒါ့ေၾကာင့္ ေရေသာက္ေပးဖို႔လိုအပ္ပါတယ္။
၅။ သၾကားဓာတ္မ်ားျခင္း
အခ်ိဳေတြၾကိဳက္ရင္ေတာ့ သတိထားဖို႔လိုအပ္ပါၿပီ။ ေသြးအတြင္းသၾကားဓာတ္မ်ားျခင္းဟာ သင့္ရဲ႕မွတ္ဉာဏ္နဲ႔ ေလ့လာသင္ယူမႈစြမ္းရည္ကို ဒုကၡေပးႏိုင္ပါတယ္။ တနည္းေျပာရရင္ အခ်ိဳမ်ားမ်ားစားျခင္းဟာ သင့္ကို ငတံုး တစ္ေယာက္ျဖစ္ေစႏိုင္တယ္ဆိုတာပါပဲ။
၆။ ေခါင္းမွီးျခံဳအိပ္ျခင္း
ဘယ္ေလာက္ပဲေအးေနပါေစ၊ သင့္ရဲ႕ေခါင္းကို ဖုံးအုပ္ၿပီး မအိပ္မိပါေစနဲ႔။ ေခါင္းမီွးျခံဳအိပ္တာက ေလေကာင္း ေလသန္႔မရေစပဲ ကာဗြန္ဒိုင္ေအာက္ဆိုက္ေတြကို ပိုၿပီး႐ႈမိေစပါတယ္။ ဦးေႏွာက္အတြက္ လုံေလာက္တဲ့ ေအာက္စီဂ်င္မရေစႏိုင္တာေၾကာင့္ အိပ္ရင္ေခါင္းကိုဖုံးအုပ္ၿပီးအိပ္တာဟာ ေမ့ေလ်ာ့ျခင္းလို နာတာရွည္ေရာဂါ ေတြျဖစ္တဲ့အထိ ထိခိုက္ႏိုင္ပါတယ္။
၇။ စိတ္ဖိစီးမႈမ်ားျခင္း
စိတ္ဖိစီးမႈမ်ားတာက ေကာင္းတာတစ္ခုမွမရွိပါဘူး။ ဒါေပမယ့္ စိတ္ဖိစီးမႈေၾကာင့္ အထိခိုက္ဆံုးအစိတ္အပိုင္းက ဦးေႏွာက္ျဖစ္ပါတယ္။ စိတ္ဖိစီးမႈမ်ားတဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔ရဲ႕ေက်ာက္ကပ္က ေကာ္တီဆိုးလ္လို႔ေခၚတဲ့ ဓာတုပစၥည္းတစ္မ်ိဳးကို ထုတ္လုပ္ပါတယ္။ ဒီဓာတုပစၥည္းက အလြန္အကၽြံမ်ားျပားလာရင္ ဦးေႏွာက္ဆဲလ္ေတြ ကို သတ္ပစ္လိုက္ႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။
၈။ အိပ္ေရးမ၀ျခင္း
ညဥ့္နက္တဲ့အထိ chatting ေျပာေနတာ၊ ဇာတ္လမ္းၾကည့္ေနတာေတြက ႏွစ္နဲ႔ခ်ီၿပီးၾကာလာတဲ့အခါမွ အိပ္ရာေစာေစာ၀င္ၿပီး အိပ္ေပ်ာ္ဖို႔မလြယ္ေတာ့ပါဘူး။ ဒါ့အျပင္ ညဖက္မအိပ္တဲ့အခ်ိန္ေတြေၾကာင့္ ဦးေႏွာက္က လံုေလာက္တဲ့အနားယူခ်ိန္မရတဲ့အတြက္ ၾကာလာတဲ့အခါမွာ ဦးေႏွာက္ကိုထိခိုက္လာေစႏိုင္ပါတယ္။
၉။ ေဆးလိပ္ေသာက္ျခင္း
ေဆးလိပ္ေသာက္ျခင္းဟာ ကၽြန္ေတာ္တို႔ခႏၶာကိုယ္ထဲက အရာေတာ္ေတာ္မ်ားမ်ားကို ထိခိုက္ေစပါတယ္။ အဲဒီထဲမွာ ဦးေႏွာက္လည္း အပါအ၀င္ျဖစ္ပါတယ္။ ေဆးလိပ္ေသာက္ျခင္းဟာ ဦးေႏွာက္ရဲ႕အျပင္လႊာကို ပါးသြားေစပါတယ္။ ဒါ့အျပင္ ေရရွည္မွာ မွတ္ဉာဏ္နဲ႔ ဘာသာစကားေျပာႏိုင္စြမ္းကို ထိခိုက္ေစႏိုင္ပါေသးတယ္။
၁၀။ ဦးေႏွာက္အသံုးနည္းျခင္း
ဒီကိစၥကေတာ့ သိပ္မထူးဆန္းပါဘူး။ ဦးေႏွာက္ဆိုတာ ဓားလိုပဲ အျမဲေသြးေနမွ ထက္တယ္လို႔ မိဘေတြက ဆံုးမတာကို ၾကားဖူးမွာပါ။ ဦးေႏွာက္ဟာလည္း အသံုးျပဳေလ့က်င့္ေပးျခင္းျဖင့္ ဖြံ႕ၿဖိဳးလာေအာင္ လုပ္ႏိုင္တဲ ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ ၾကြက္သားေတြသန္မာဖို႔ ေလ့က်င့္ခန္းလုပ္ရသလို ဦးေႏွာက္ ထက္ျမက္ဖို႔အတြက္လည္း ေလ့က်င့္အသံုးျပဳေပးဖို႔လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ အခ်ိန္ရရင္ရသလို ဉာဏ္စမ္းေတြ ဆူဒိုကုေတြ ကစားဖို႔ တိုက္တြန္းခ်င္ပါတယ္။
ဦးနှောက်ကိုထိခိုက်စေနိုင်သည့်အလေ့အကျင့် (၁၀)ခု
သင် ခဏခဏမေ့တတ်နေပြီလား၊ အရင်တုန်းကလို မြန်မြန်ဆန်ဆန်တွေးခေါ်နိုင်စွမ်းမရှိတော့ဘူးလား။ ဒါဆိုရင်တော့ သင့်ရဲ့ဦးနှောက်စွမ်းရည်တွေ ကျဆင်းနေပြီဖြစ်ပါတယ်။ ယှဉ်ပြိုင်မှုတွေနဲ့ ဘဝကို ရင်ဆိုင်နိုင်ဖို့အတွက် ကျန်းမာရေးကအရေးကြီးပါတယ်။ ကျန်းမာရေးကောင်းဖို့အတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေလုပ်တတ်ကြပေမယ့် ရေရှည်မှာအရေးအကြီးဆုံးနဲ့ ထိခိုက်မှုအများဆုံးဖြစ်တဲ့ ဦးနှောက် ကျန်းမာရေးအတွက်တော့ ဂရုစိုက်မှုနည်းကြပါတယ်။ ဒါ့ကြောင့် နေ့စဉ်ဘဝမှာ မသိလိုက်မသိဘာသာနဲ့ ဦးနှောက်ကို ထိခိုက်စေတဲ့အလေ့အကျင့်တွေကို သတိထားရှောင်ကြဉ်နိုင်ဖို့အတွက် ဖော်ပြလိုက်ပါတယ်။
၁။ နာမကျန်းဖြစ်နေချိန်မှာ ဦးနှောက်သုံးခြင်း
နာမကျန်းတစ်ခုခုဖြစ်လို့ ဆရာဝန်ကအနားယူပါလို့ပြောတဲ့အချိန်မှာ ခန္ဓာကိုယ်ပဲနားရမှာ မဟုတ်ပါဘူး။ ဦးနှောက်ကိုပါ အနားပေးဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်နာမကျန်းဖြစ်နေချိန်မှာ ဦးနှောက်ကအလုပ်တွေ အများကြီးလုပ်နေရပါတယ်။ ရောဂါကို ခန္ဓာကိုယ်ကတိုက်ထုတ်နိုင်ဖို့အတွက် ဦးနှောက်က ညွှန်ကြားချက် တွေ ထုတ်လုပ်နေရတာဖြစ်ပါတယ်။ ဒါ့ကြောင့် နေမကောင်းဖြစ်နေတဲ့အချိန်မှာ ဦးနှောက်သုံးပြီး လုပ်ရတဲ့အလုပ်တွေ လုပ်တာက ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ နေမကောင်းဘူးဆိုရင် စိတ်လျှော့ပြီး အိပ်သာနေလိုက်ပါ။
၂။ မနက်စာမစားခြင်း
မနက်ခင်းမှာ အချိန်မရတော့လို့ မနက်စာမစားတာမျိုးက ရေရှည်မှာ အဆိုးဝါးဆုံးထိခိုက်နိုင်ပါတယ်။ မနက်စာ မစားတာဟာ တစ်နေ့တာရဲ့အစမှာ ဦးနှောက်အတွက် လိုအပ်တဲ့အဟာရဓာတ်တွေ မရရှိနိုင်တော့ပဲ အဟာရချို့တဲ့စွာ လုပ်ငန်းလုပ်ဆောင်ခိုင်းလိုက်တာပဲဖြစ်ပါတယ်။ မနက်စာမစားတာကြောင့် သွေးအတွင်း သကြားဓာတ်နည်းသွားစေပြီး ဦးနှောက်ကို ကျန်းမာစေဖို့လိုအပ်တဲ့အဟာရဓာတ်တွေလည်း လျော့နည်းသွား စေတာကြောင့်ဖြစ်ပါတယ်။
၃။ အလွန်အကျွံစားခြင်း
အစားအသောက်တွေကို အလွန်အကျွံ့စားသောက်တာကလည်း သင့်ရဲ့ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်က လိုအပ်တာထက်ပိုစားတာကြောင့် အင်ဆူလင်ဓာတ်ထုတ်လွှတ်မှုကို မညီမမျှဖြစ်စေပါတယ်။ ဒါ့ကြောင့် အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါတွေဖြစ်နိုင်သလို သွေးလွှတ်ကြောတွေကို မာကျောသွားစေပြီး အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ကျဆင်းသွားစေနိုင်ပါတယ်။
၄။ ရေဓာတ်ခမ်းခြောက်ခြင်း
ကျွန်တော်တို့ရဲ့ဦးနှောက်ကို ရေနဲ့အများဆုံးဖွဲ့စည်းထားတာဖြစ်ပါတယ်။ အအေးခန်းထဲမှာ အချိန်ကြာကြာ ထိုင်ပြီး လုံလောက်အောင်ရေမသောက်ဘူးဆိုရင် ခန္ဓာကိုယ်ရဲ့ဆဲလ်တွေ ရှုံ့လာတတ်ပါတယ်။ ရေဓာတ်လိုအပ်လာတဲ့ ခန္ဓာကိုယ်က ဦးနှောက်ဆီက ရေကိုယူသုံးတဲ့အတွက် ဦးနှောက်ဆဲလ်တွေလည်း ရှုံ့လာပါတယ်။ ဒါ့ကြောင့် ရေသောက်ပေးဖို့လိုအပ်ပါတယ်။
၅။ သကြားဓာတ်များခြင်း
အချိုတွေကြိုက်ရင်တော့ သတိထားဖို့လိုအပ်ပါပြီ။ သွေးအတွင်းသကြားဓာတ်များခြင်းဟာ သင့်ရဲ့မှတ်ဉာဏ်နဲ့ လေ့လာသင်ယူမှုစွမ်းရည်ကို ဒုက္ခပေးနိုင်ပါတယ်။ တနည်းပြောရရင် အချိုများများစားခြင်းဟာ သင့်ကို ငတုံး တစ်ယောက်ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။
၆။ ခေါင်းမှီးခြုံအိပ်ခြင်း
ဘယ်လောက်ပဲအေးနေပါစေ၊ သင့်ရဲ့ခေါင်းကို ဖုံးအုပ်ပြီး မအိပ်မိပါစေနဲ့။ ခေါင်းမှီးခြုံအိပ်တာက လေကောင်း လေသန့်မရစေပဲ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို ပိုပြီးရှုမိစေပါတယ်။ ဦးနှောက်အတွက် လုံလောက်တဲ့ အောက်စီဂျင်မရစေနိုင်တာကြောင့် အိပ်ရင်ခေါင်းကိုဖုံးအုပ်ပြီးအိပ်တာဟာ မေ့လျော့ခြင်းလို နာတာရှည်ရောဂါ တွေဖြစ်တဲ့အထိ ထိခိုက်နိုင်ပါတယ်။
၇။ စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများတာက ကောင်းတာတစ်ခုမှမရှိပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှုကြောင့် အထိခိုက်ဆုံးအစိတ်အပိုင်းက ဦးနှောက်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုများတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ကျောက်ကပ်က ကော်တီဆိုးလ်လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လုပ်ပါတယ်။ ဒီဓာတုပစ္စည်းက အလွန်အကျွံများပြားလာရင် ဦးနှောက်ဆဲလ်တွေ ကို သတ်ပစ်လိုက်နိုင်တာကြောင့် ဖြစ်ပါတယ်။
၈။ အိပ်ရေးမ၀ခြင်း
ညဉ့်နက်တဲ့အထိ chatting ပြောနေတာ၊ ဇာတ်လမ်းကြည့်နေတာတွေက နှစ်နဲ့ချီပြီးကြာလာတဲ့အခါမှ အိပ်ရာစောစောဝင်ပြီး အိပ်ပျော်ဖို့မလွယ်တော့ပါဘူး။ ဒါ့အပြင် ညဖက်မအိပ်တဲ့အချိန်တွေကြောင့် ဦးနှောက်က လုံလောက်တဲ့အနားယူချိန်မရတဲ့အတွက် ကြာလာတဲ့အခါမှာ ဦးနှောက်ကိုထိခိုက်လာစေနိုင်ပါတယ်။
၉။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းဟာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲက အရာတော်တော်များများကို ထိခိုက်စေပါတယ်။ အဲဒီထဲမှာ ဦးနှောက်လည်း အပါအဝင်ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ဦးနှောက်ရဲ့အပြင်လွှာကို ပါးသွားစေပါတယ်။ ဒါ့အပြင် ရေရှည်မှာ မှတ်ဉာဏ်နဲ့ ဘာသာစကားပြောနိုင်စွမ်းကို ထိခိုက်စေနိုင်ပါသေးတယ်။
၁၀။ ဦးနှောက်အသုံးနည်းခြင်း
ဒီကိစ္စကတော့ သိပ်မထူးဆန်းပါဘူး။ ဦးနှောက်ဆိုတာ ဓားလိုပဲ အမြဲသွေးနေမှ ထက်တယ်လို့ မိဘတွေက ဆုံးမတာကို ကြားဖူးမှာပါ။ ဦးနှောက်ဟာလည်း အသုံးပြုလေ့ကျင့်ပေးခြင်းဖြင့် ဖွံ့ဖြိုးလာအောင် လုပ်နိုင်တဲ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကြွက်သားတွေသန်မာဖို့ လေ့ကျင့်ခန်းလုပ်ရသလို ဦးနှောက် ထက်မြက်ဖို့အတွက်လည်း လေ့ကျင့်အသုံးပြုပေးဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် အချိန်ရရင်ရသလို ဉာဏ်စမ်းတွေ ဆူဒိုကုတွေ ကစားဖို့ တိုက်တွန်းချင်ပါတယ်။