ချစ်ဇာတ်လမ်းတိုင်းရဲ့ အကောင်းဆုံး အခိုက်အတန့် ၁၄ ခု



2-Plus-Clock








4-Plus







ချစ်ဇာတ်လမ်းတိုင်းရဲ့ အကောင်းဆုံး အခိုက်အတန့် ၁၄ ခု

၁. နှစ်ယောက်ထဲ ပထမဆုံး ထွက်လည်ဖူးတဲ့နေ့၊ လက်ထပ်တဲ့ နေ့လောက်ကို စိတ်လှုပ်ရှားရပြီး နောင် ပြန်အမှတ်ရစရာ တစ်ခု ဖြစ်လာမှာပါ။

၂. ပထမဆုံးအကြိမ် မနမ်းခင် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတဲ့ တခဏလေး၊ ပထမ အနမ်းဟာ သူငယ်ချင်းဘဝနဲ့ ရည်းစားဘဝကို စည်းခြားလိုက်တာပါပဲ။

၃. ပထမဆုံး နှစ်ကိုယ်တူ ချစ်တင်းနှောဖူးချိန်လေး

၄. ပထမဆုံးအကြိမ် နှစ်ယောက်တူတူ တစ်ညလုံး ရှိခဲ့တဲ့ ညလေး

၅. အိပ်ရာထဲမှာ ဘာမှမလုပ်ပဲ နှစ်ကိုယ်တူလှဲနေရတဲ့ အချိန်လေး။ ပထမဆုံးရော လက်ရှိချိန်ထိပါ ချစ်ဖို့ကောင်းပါတယ်။

၆. သူမရဲ့ မိသားစုဟာ သင့်မိသားစုပါ ဖြစ်သွားနိုင်တယ်ဆိုတာ သိလိုက်ရတဲ့ အချိန်၊ တချို့သူတွေမှာ အဆင်မပြေတဲ့ မိသားစုတွေ ရှိတတ်လို့ သင့်ရည်းစားရဲ့ မိဘတွေနဲ့ ပထမဆုံး တွေ့လိုက်ချိန်မှာ အဆင်ပြေပြေ ဖြစ်သွားရင် ခံစားလိုက်ရတဲ့ ပျော်ရွှင်မှုလေး

၇. သင့်ရဲ့ ချစ်သူကို လေယာဉ်ဆိပ်၊ ကားဆိပ်မှာ သွားကြိုရတဲ့ အခိုက်အတန့်လေးတွေ၊ ကြာကြာခွဲပြီး ပြန်တွေ့ရတဲ့ အခါလေးတွေ

၈. သင့်ချစ်သူအိမ်မှာထားဖို့ သွားပွတ်တံ အသစ်တစ်ချောင်း ဝယ်ရတဲ့ အချိန်၊ အဲဒါဟာ သင် သူမဆီကို လာချင်တဲ့ အချိန် လာခဲ့မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ

၉. ရန် အကြီးအကျယ် ဖြစ်ပြီးနောက်မှာ သင်က သူမနဲ့ လုံးဝ လမ်းမခွဲချင်ဘူးဆိုတာ သိလိုက်ရတဲ့ အချိန်၊ အကောင်းဆုံး အချိန်လို့ ပြောလို့မရပေမယ့် ဒီလို အချိန်လေးတွေက သင် သူမကို တကယ် ချစ်တယ်ဆိုတာ ကိုယ့်ဘာသာ သိစေပါတယ်

၁၀. မတော်တဆ ချစ်တယ် လို့ ပြောမိသွားပြီး သူမက အလားတူ ပြန်ပြောမှာကို ရင်တခုန်ခုန်နဲ့ စောင့်နေရချိန်

၁၁. သူမနဲ့ တူတူ အပျော်ခရီးထွက်ရချိန်၊ သူမနဲ့ ပဲခူးကို နှစ်ယောက်ထဲ တစ်ညအိပ်သွားတာက မိသားစုနဲ့ ငပလီကို တစ်ပါတ်သွားတာထက် ပိုပျော်ဖို့ ကောင်းပါတယ်

၁၂. ခွေး သို့မဟုတ် ကြောင်တစ်ကောင်ဝယ်ပြီး သင်တို့နှစ်ယောက်ဟာ သက်ရှိတစ်ကောင်ကို အောင်အောင်မြင်မြင် တူတူ ပျိုးထောင်နိုင်ပြီလို့ သိလိုက်ရချိန်လေး

၁၃. သင် အခက်အခဲ ကြုံနေရချိန်တွေကို အတူတူကျော်ဖြတ်စဉ်မှာ သင့်ချစ်သူသာ နံဘေးမှာ ရှိနေရင် အခက်အခဲတွေက အနည်းငယ် ပြေလျော့သွားချိန်

၁၄. သင်တို့ နှစ်ယောက်ထဲ၊ တခြားဘာမှ မပါပဲ နေ့လေးတစ်နေ့ကို အတူတူကျော်ဖြတ်ရချိန်