ေလယာဥ္စီးတဲ့အခါ ေလယာဥ္မယ္ေတြ မေျပာတဲ့ လ်ိဳ႕၀ွက္ခ်က္(၁၀)ခု

လေယာဉ်စီးတဲ့အခါ လေယာဉ်မယ်တွေ မပြောတဲ့ လျို့ဝှက်ချက်(၁၀)ခု

သင္ေနာက္ဆံုးအႀကိမ္ေလယာဥ္စီးတုန္းက ေလယာဥ္ပ်က္က်သြားမွာကို စိုးရိမ္မိခဲ့ပါသလား။ ဒါက ဒီေလာက္ အေရးမႀကီးပါဘူး။ ပိုအေရးႀကီးတာက ေလယာဥ္ေပၚမွာ တိုက္တဲ့ေကာ္ဖီေသာက္ခဲ့ပါသလား။ ေသာက္ခဲ့မိရင္ေတာ့ သည္းခံဖို႔ ႀကိဳေတာင္းပန္ခ်င္ပါတယ္။ ဘာလို႔ဆို သင္အေနနဲ႔ ေလယာဥ္ေပၚက အိမ္သာေရကို ေသာက္ေကာင္းေသာက္ခဲ့မိႏိုင္တာေၾကာင့္ျဖစ္ပါတယ္။

ဘာလို႔ဒီလိုေျပာရတာပါလဲ ? အေၾကာင္းရင္းကေတာ့ လက္ရွိအဓိကေလေၾကာင္းလိုင္းေတြမွာ တာ၀န္ထမ္းေဆာင္ေနတဲ့ ေလယာဥ္ေမာင္/မယ္ေတြကို ေလယာဥ္ေပၚမွာေတြ႕ၾကံဳရတဲ့ လ်ိဳ႕၀ွက္ခ်က္ေတြကို ေျပာျပဖို႔ အင္တာဗ်ဴးလုပ္ခဲ့ၿပီး သိလာခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ဒီေတာ့ ေကာ္ဖီအျပင္ အျခားဘယ္လို လ်ိဳ႕၀ွက္ခ်က္ေတြရွိေသးလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

ေလယာဥ္ေပၚမွာ တိုက္တဲ့ေကာ္ဖီက ကဖိန္းဓာတ္ထုတ္ထားတာ ျဖစ္ဖို႔မ်ားပါတယ္။

ေလယာဥ္အမႈထမ္းေတြရဲ႕ ေျဖၾကားခ်က္အရ ေလယာဥ္ေပၚမွာ ဘယ္သူမွ ကဖိန္းဓာတ္ပါ၀င္တဲ့ေကာ္ဖီ မရႏိုင္ပါဘူး။ ေလယာဥ္ပ်ံသန္းစဥ္တစ္ေလွ်ာက္လံုးမွာ ခရီးသည္ေတြကို ႏိုးၾကားလန္းဆန္းေနတာမ်ိဳးထက္ အိပ္ေပ်ာ္ေနေစခ်င္တာေၾကာင့္ပါ။ ဒါ့အျပင္ ေလယာဥ္ေပၚမွာ ေကာ္ဖီေဖ်ာ္တဲ့အခါသံုးတဲ့ ေရကို တိုင္ကီႀကီး တစ္ခုကေန ယူပါတယ္။ ဒီတိုင္ကီကို သန္႔ရွင္းေရးလုပ္မလုပ္ဆိုတာ ေတြးေတာင္မၾကည့္ဘူးပါဘူး။ ဒါတင္ပဲလား ဆိုေတာ့ မဟုတ္ေသးပါဘူး။ ေကာ္ဖီေဖ်ာ္ဖို႔ သံုးတဲ့ေရနဲ႔ ေရအိမ္မွာသံုးတဲ့ေရက တိုင္ကီတစ္ခုထဲကေန ယူသံုး တာျဖစ္ပါတယ္။ ပထမတန္းခရီးသည္မွမဟုတ္ရင္ အျခားဘယ္ခရီးသည္မွ ေရသန္႔ကို မရႏိုင္ဘူးလို႔ ဆိုပါတယ္။

သင္ထိုင္ေနတဲ့အနီးနားမွာ လူ႔ခႏၶာကိုယ္အစိတ္အပိုင္းေတြ ရွိေနႏိုင္ပါတယ္။

ေလယာဥ္ခရီးစဥ္ေတြမွာ အစားထိုးကုသမယ့္ လူ႔ခႏၶာကိုယ္အစိတ္အပိုင္းေတြ ပါလာတတ္ပါတယ္။ ဒီဟာေတြကို ကုန္စည္သိုေလွာင္ခန္းမွာ မထားပဲ ခရီးသြားေတြစီးတဲ့ေနရာမွာပဲ သယ္ယူေလ့ရွိပါတယ္။ ဒါ့ေၾကာင့္ သင့္ေဘးက ခရီးသည္ရဲ႕ခရီးေဆာင္ေသတၱာထဲမွာ အေအးခံထားတဲ့ ကိုယ္အဂၤါအစိတ္အပိုင္းေတြ ပါလာႏိုင္ပါတယ္။

သင့္ေဘးမွာ အိပ္ေပ်ာ္ေနတဲ့ ခရီးသည္က ေသဆံုးေနတာျဖစ္ႏိုင္ပါတယ္။

တရား၀င္ေျပာရင္ ေလယာဥ္ေပၚမွာ ေသဆံုးသူမရွိပါဘူး။ ဘာေၾကာင့္လဲဆိုရင္ ေလယာဥ္ေပၚမွာ ေသဆံုးမႈေတြကို သတင္းမျပန္႔ဖို႔ တင္းတင္းက်ပ္က်ပ္တားျမစ္ထားလို႔ ျဖစ္ပါတယ္။ ခရီးသည္တစ္ေယာက္က ပံုမွန္အတိုင္းတက္လာၿပီး ေနရာမွာ ထိုင္ ခါးပတ္ပတ္ထားမယ္။ ၿပီးမွ ေစာင္ေခါင္းၿမီးျခံဳၿပီး အိပ္ေနသလိုနဲ႔ ေသဆံုးေနတတ္ပါတယ္။ ေလယာဥ္ေပၚမွာ ခရီးသည္တစ္ေယာက္ေယာက္ ေသဆံုးတဲ့အခါမွာ အျခားခရီးသည္ေတြ ဆင္းသြားၿပီး ဘယ္သူမွမရွိေတာ့တဲ့အခ်ိန္ထိ ဒီအေၾကာင္းကို မေပါက္ၾကားေအာင္ ထိန္းသိမ္းထားေလ့ရွိပါတယ္။

ေလယာဥ္ဆင္းခ်ိန္ တက္ခ်ိန္မွာ ဖုန္းကေန စာပို႔တာ၊ အီးေမးလ္စစ္တာေတြ လုပ္ၾကပါတယ္။

ေလယာဥ္အမႈထမ္းေတြရဲ႕အဆိုအရ သူတို႔အႀကိမ္ေပါင္းမ်ားစြာ လုပ္ေနတယ္လို႔ သိရပါတယ္။ ဒီအခ်ိန္မွာ ဘယ္ခရီးသည္ကမွ သူတို႔က အာ႐ုံမစိုက္ႏိုင္တဲ့အတြက္ အေကာင္းဆံုးပဲလို႔ ဆိုပါတယ္။

တစ္ခါတစ္ေလ ေလယာဥ္အမႈထမ္းေတြက သင့္ေရွ႕မွာ ေလလည္ၾကပါတယ္။

အူေၾကာင္ေၾကာင္ပုဂၢိဳဟ္ေတြကို တမင္ရည္ရြယ္ၿပီး လုပ္ေလ့ရွိတယ္လို႔ ဆိုၾကပါတယ္။ ဒါေပမယ့္ အနီးနား၀န္းက်င္တ၀ိုက္ကေတာ့ ခံရတတ္ပါတယ္။

အစားအေသာက္ေတြကိုလည္း ညစ္ပတ္ေအာင္ လုပ္တတ္ၾကပါတယ္။

တစ္ခါတစ္ရံမွာ အစားအစာေတြကို အိမ္သာထိုင္ခံုေပၚမွာ တင္ထားၿပီး ျပင္ဆင္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ မစားတာအေကာင္းဆံုးပါပဲ။

အိမ္သာတံခါးေတြကို အျပင္ကေနလည္း ဖြင့္ႏိုင္ပါတယ္။

အိမ္သာထဲမွာ ေသဆံုးေနတာ၊ ထိခိုက္ဒဏ္ရာရတဲ့အခါကူညီႏိုင္ဖို႔အတြက္ ေလယာဥ္၀န္ထမ္းေတြကို ဖြင့္ခြင့္ေပးထားတာျဖစ္ပါတယ္။ တခ်ိဳ႕အတြဲေတြက ေလယာဥ္ေပၚက အိမ္သာထဲမွာ ခ်စ္တင္းေႏွာခ်င္ၾကပါေသးတယ္။ ဒီလိုဘယ္ေတာ့မွအျဖစ္မခံပါဘူး။ အိမ္သာထဲမွာ ထူးထူးျခားျခားအသံၾကားရၿပီဆိုတာနဲ႔ တံခါးကိုဖြင့္ၿပီး ဓာတ္ပံု႐ုိက္မွတ္တမ္းတင္မွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မႀကိဳးစားၾကည့္ပါနဲ႔။

ဆုေၾကးေပးရင္ အပိုရႏိုင္တယ္။

ေလယာဥ္အမႈထမ္းေတြကို ဆုေၾကးေပးဖို႔ ဘယ္သူမွ စိတ္မ၀င္စားတတ္ၾကပါဘူး။ တကယ္ေပးၾကည့္မယ္ဆိုရင္ တျခားခရီးသည္ေတြထက္ ပိုတဲ့ ၀န္ေဆာင္မႈေတြကို ရရွိႏိုင္ပါတယ္။

ေလယာဥ္ေပၚမွာ အထူး၀န္ေဆာင္မႈေတြလည္း ရႏိုင္တယ္။

သင္က အရမ္းလန္းတယ္လို႔ ေလယာဥ္မယ္ေတြထဲက တစ္ေယာက္ေယာက္ထင္ေနရင္ အထူး၀န္ေဆာင္မႈေတြ ရႏိုင္ပါတယ္။ အထူးသျဖင့္ အ၀တ္အစားအလန္းစား၀တ္ထားၿပီး ခပ္မိုက္မိုက္ဒီဇိုင္းနဲ႔ဆိုရင္ ႐ိုးရိုးတန္းလက္မွတ္ ၀ယ္ထားေပမယ့္ ပထမတန္းမွာ တက္စီးရတာမ်ိဳး အထူးအခြင့္အေရးေတြ ရႏိုင္ပါတယ္။


လေယာဉ်စီးတဲ့အခါ လေယာဉ်မယ်တွေ မပြောတဲ့ လျို့ဝှက်ချက်(၁၀)ခု

သင်နောက်ဆုံးအကြိမ်လေယာဉ်စီးတုန်းက လေယာဉ်ပျက်ကျသွားမှာကို စိုးရိမ်မိခဲ့ပါသလား။ ဒါက ဒီလောက် အရေးမကြီးပါဘူး။ ပိုအရေးကြီးတာက လေယာဉ်ပေါ်မှာ တိုက်တဲ့ကော်ဖီသောက်ခဲ့ပါသလား။ သောက်ခဲ့မိရင်တော့ သည်းခံဖို့ ကြိုတောင်းပန်ချင်ပါတယ်။ ဘာလို့ဆို သင်အနေနဲ့ လေယာဉ်ပေါ်က အိမ်သာရေကို သောက်ကောင်းသောက်ခဲ့မိနိုင်တာကြောင့်ဖြစ်ပါတယ်။

ဘာလို့ဒီလိုပြောရတာပါလဲ ? အကြောင်းရင်းကတော့ လက်ရှိအဓိကလေကြောင်းလိုင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်မောင်/မယ်တွေကို လေယာဉ်ပေါ်မှာတွေ့ကြုံရတဲ့ လျို့ဝှက်ချက်တွေကို ပြောပြဖို့ အင်တာဗျူးလုပ်ခဲ့ပြီး သိလာခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီတော့ ကော်ဖီအပြင် အခြားဘယ်လို လျို့ဝှက်ချက်တွေရှိသေးလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

လေယာဉ်ပေါ်မှာ တိုက်တဲ့ကော်ဖီက ကဖိန်းဓာတ်ထုတ်ထားတာ ဖြစ်ဖို့များပါတယ်။
လေယာဉ်အမှုထမ်းတွေရဲ့ ဖြေကြားချက်အရ လေယာဉ်ပေါ်မှာ ဘယ်သူမှ ကဖိန်းဓာတ်ပါဝင်တဲ့ကော်ဖီ မရနိုင်ပါဘူး။ လေယာဉ်ပျံသန်းစဉ်တစ်လျှောက်လုံးမှာ ခရီးသည်တွေကို နိုးကြားလန်းဆန်းနေတာမျိုးထက် အိပ်ပျော်နေစေချင်တာကြောင့်ပါ။ ဒါ့အပြင် လေယာဉ်ပေါ်မှာ ကော်ဖီဖျော်တဲ့အခါသုံးတဲ့ ရေကို တိုင်ကီကြီး တစ်ခုကနေ ယူပါတယ်။ ဒီတိုင်ကီကို သန့်ရှင်းရေးလုပ်မလုပ်ဆိုတာ တွေးတောင်မကြည့်ဘူးပါဘူး။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ ကော်ဖီဖျော်ဖို့ သုံးတဲ့ရေနဲ့ ရေအိမ်မှာသုံးတဲ့ရေက တိုင်ကီတစ်ခုထဲကနေ ယူသုံး တာဖြစ်ပါတယ်။ ပထမတန်းခရီးသည်မှမဟုတ်ရင် အခြားဘယ်ခရီးသည်မှ ရေသန့်ကို မရနိုင်ဘူးလို့ ဆိုပါတယ်။

သင်ထိုင်နေတဲ့အနီးနားမှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရှိနေနိုင်ပါတယ်။
လေယာဉ်ခရီးစဉ်တွေမှာ အစားထိုးကုသမယ့် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပါလာတတ်ပါတယ်။ ဒီဟာတွေကို ကုန်စည်သိုလှောင်ခန်းမှာ မထားပဲ ခရီးသွားတွေစီးတဲ့နေရာမှာပဲ သယ်ယူလေ့ရှိပါတယ်။ ဒါ့ကြောင့် သင့်ဘေးက ခရီးသည်ရဲ့ခရီးဆောင်သေတ္တာထဲမှာ အအေးခံထားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပါလာနိုင်ပါတယ်။

သင့်ဘေးမှာ အိပ်ပျော်နေတဲ့ ခရီးသည်က သေဆုံးနေတာဖြစ်နိုင်ပါတယ်။
တရားဝင်ပြောရင် လေယာဉ်ပေါ်မှာ သေဆုံးသူမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် လေယာဉ်ပေါ်မှာ သေဆုံးမှုတွေကို သတင်းမပြန့်ဖို့ တင်းတင်းကျပ်ကျပ်တားမြစ်ထားလို့ ဖြစ်ပါတယ်။ ခရီးသည်တစ်ယောက်က ပုံမှန်အတိုင်းတက်လာပြီး နေရာမှာ ထိုင် ခါးပတ်ပတ်ထားမယ်။ ပြီးမှ စောင်ခေါင်းမြီးခြုံပြီး အိပ်နေသလိုနဲ့ သေဆုံးနေတတ်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည်တစ်ယောက်ယောက် သေဆုံးတဲ့အခါမှာ အခြားခရီးသည်တွေ ဆင်းသွားပြီး ဘယ်သူမှမရှိတော့တဲ့အချိန်ထိ ဒီအကြောင်းကို မပေါက်ကြားအောင် ထိန်းသိမ်းထားလေ့ရှိပါတယ်။

လေယာဉ်ဆင်းချိန် တက်ချိန်မှာ ဖုန်းကနေ စာပို့တာ၊ အီးမေးလ်စစ်တာတွေ လုပ်ကြပါတယ်။
လေယာဉ်အမှုထမ်းတွေရဲ့အဆိုအရ သူတို့အကြိမ်ပေါင်းများစွာ လုပ်နေတယ်လို့ သိရပါတယ်။ ဒီအချိန်မှာ ဘယ်ခရီးသည်ကမှ သူတို့က အာရုံမစိုက်နိုင်တဲ့အတွက် အကောင်းဆုံးပဲလို့ ဆိုပါတယ်။

တစ်ခါတစ်လေ လေယာဉ်အမှုထမ်းတွေက သင့်ရှေ့မှာ လေလည်ကြပါတယ်။
အူကြောင်ကြောင်ပုဂ္ဂိုဟ်တွေကို တမင်ရည်ရွယ်ပြီး လုပ်လေ့ရှိတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် အနီးနားဝန်းကျင်တဝိုက်ကတော့ ခံရတတ်ပါတယ်။

အစားအသောက်တွေကိုလည်း ညစ်ပတ်အောင် လုပ်တတ်ကြပါတယ်။
တစ်ခါတစ်ရံမှာ အစားအစာတွေကို အိမ်သာထိုင်ခုံပေါ်မှာ တင်ထားပြီး ပြင်ဆင်တတ်ကြပါတယ်။ ဒါ့ကြောင့် မစားတာအကောင်းဆုံးပါပဲ။

အိမ်သာတံခါးတွေကို အပြင်ကနေလည်း ဖွင့်နိုင်ပါတယ်။
အိမ်သာထဲမှာ သေဆုံးနေတာ၊ ထိခိုက်ဒဏ်ရာရတဲ့အခါကူညီနိုင်ဖို့အတွက် လေယာဉ်ဝန်ထမ်းတွေကို ဖွင့်ခွင့်ပေးထားတာဖြစ်ပါတယ်။ တချို့အတွဲတွေက လေယာဉ်ပေါ်က အိမ်သာထဲမှာ ချစ်တင်းနှောချင်ကြပါသေးတယ်။ ဒီလိုဘယ်တော့မှအဖြစ်မခံပါဘူး။ အိမ်သာထဲမှာ ထူးထူးခြားခြားအသံကြားရပြီဆိုတာနဲ့ တံခါးကိုဖွင့်ပြီး ဓာတ်ပုံရိုက်မှတ်တမ်းတင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မကြိုးစားကြည့်ပါနဲ့။

ဆုကြေးပေးရင် အပိုရနိုင်တယ်။
လေယာဉ်အမှုထမ်းတွေကို ဆုကြေးပေးဖို့ ဘယ်သူမှ စိတ်မဝင်စားတတ်ကြပါဘူး။ တကယ်ပေးကြည့်မယ်ဆိုရင် တခြားခရီးသည်တွေထက် ပိုတဲ့ ဝန်ဆောင်မှုတွေကို ရရှိနိုင်ပါတယ်။

လေယာဉ်ပေါ်မှာ အထူးဝန်ဆောင်မှုတွေလည်း ရနိုင်တယ်။
သင်က အရမ်းလန်းတယ်လို့ လေယာဉ်မယ်တွေထဲက တစ်ယောက်ယောက်ထင်နေရင် အထူးဝန်ဆောင်မှုတွေ ရနိုင်ပါတယ်။ အထူးသဖြင့် အဝတ်အစားအလန်းစားဝတ်ထားပြီး ခပ်မိုက်မိုက်ဒီဇိုင်းနဲ့ဆိုရင် ရိုးရိုးတန်းလက်မှတ် ဝယ်ထားပေမယ့် ပထမတန်းမှာ တက်စီးရတာမျိုး အထူးအခွင့်အရေးတွေ ရနိုင်ပါတယ်။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%