ေတာ္တဲ့ လင္ေယာက္်ားေတြ မေမးတဲ့ ေမးခြန္းမ်ား

တော်တဲ့ လင်ယောက်ျားတွေ မမေးတဲ့ မေးခွန်းများ

တစ္ခါတစ္ေလမွာ မိန္းမနဲ႔ စကားေျပာရတာ မိုင္းကြင္းထဲ မ်က္စိစည္းၿပီး ေလ်ွာက္ေနရသလိုပါပဲ။ မိန္းမေတြဟာ ေယာက္်ားေတြထက္ ႏူးညံ့ကာ ခံစားလြယ္ၿပီး တံု႔ျပန္မႈ ပိုမ်ားတတ္ၾကပါတယ္။ သူတို႔က ေမးခြန္းေတြကို ဒီအတိုင္း မစဥ္းစားပဲ သူဘာကို ဆိုလိုတာလဲ ဆိုတဲ့ သေဘာနဲ႔ ယူစဥ္းစားတတ္ၾကပါတယ္။

ကံမေကာင္းစြာနဲ႔ သင့္မိန္းမက သင့္ရဲ႕ ေမးခြန္းကို ေပါက္ကြဲစရာတစ္ခုလို ေျပာင္းပစ္ႏိုင္ပါတယ္။ ဒိမွာ သင္ သူမကို လံုးဝ မေမးသင့္တဲ့ ေမးခြန္း ခု ပါ။ အဲဒါေတြအစား ဘယ္လိုေမးရမယ္ဆိုတာလဲ ေမးျပထားပါတယ္။

. နင္ ဒီအပါတ္ ေလ့က်င့္ခန္း လုပ္ရဲ႕လား

အဲဒါကနင္ ဝေနသလားလို႔ မေမးလိုက္ရံု တမည္ပါ။ သင္က ႐ိုး႐ိုးသားသားေလး ေမးလိုက္ရင္ေတာင္ သူမက ေစာ္ကားတဲ့ ေမးခြန္းတစ္ခုလို ထင္သြားပါလိမ့္မယ္။

အဲဒီအစားငါအခု Gym သြားမလို႔၊ လိုက္မလားလို႔ ေျပာင္းေမးၾကည့္ပါ။ အဲဒါက သူမရဲ႕ ကိုယ္အေလးခ်ိန္ကို ကဲ့ရဲ႕တဲ့ ပံုစံ မေပါက္ေစပဲ ႏွစ္ေယာက္ တူတူ အခ်ိန္ျဖဳန္းလိုတဲ့ ပံုစံ ေပါက္ေစပါတယ္။

. ဒါ ဘယ္ေလာက္က်လဲ

အဲဒီေမးခြန္းဟာ သူမကို အကဲခတ္ပံု ေပါက္ေစပါတယ္။ မိန္းမေတြဟာ သူတို႔ရဲ႕ ဆံုးျဖတ္ခ်က္ေတြကို ေမးခြန္းထုတ္တာ မႀကိဳက္ပါဘူး။

အဲဒီအစားေျပာစရာက အေရးေတာ့ မႀကီးပါဘူး.. ဘယ္ေလာက္ေပးရလဲ ခ်စ္လို ေမးၾကည့္ပါ။ ဒါမွမဟုတ္ သင္က သူမရဲ႕ အျဖဳန္းနဲ႔ ပါတ္သတ္ၿပီး စိုးရိမ္ရင္ေတာ့ ဘဏ္မွာ Joint Acc ဖြင့္ထားပါ။

. ငါ မင္းမိဘေတြအိမ္ကို လိုက္ရမွာလား

လံုးဝ မေမးပါနဲ႔။ သူမက သင္ သူမမိဘေတြကို မုန္းတယ္လို႔ ထင္သြားပါလိမ့္မယ္။ ၾကားထဲမွာ ေနရတဲ့ ဖိအားကိုလဲ ခ်က္ျခင္း ခံစားရပါလိမ့္မယ္။

တကယ္လို႔ သင္သာ လံုးဝ မေတြ႕ခ်င္ရင္ေတာ့ခ်စ္ေရ၊ ငါ အလုပ္ေတြ နစ္ေနလို႔ မင္းမိဘေတြအိမ္ လိုက္ႏုိင္မယ္ မထင္ဘူး။ သူတို႔ကို ခ်စ္တယ္ ေျပာလိုက္ပါ။အဲလို ေျပာၾကည့္ပါ။ အေခါက္တိုင္းေတာ့ မျဖစ္ပါေစနဲ႔။

. နင္ လိင္ဆက္ဆံခ်င္ေနတာလား

အဲလိုအေမးခံရတာဟာ မိန္းမေတြ လံုးဝ မႀကိဳက္ဆံုးအရာပါ။ အဲဒီေမးခြန္းေနာက္မွာ စိတ္အား ထက္သန္မႈ မ႐ွိပဲ ၿပီးၿပီးေရာ လုပ္ၿပီး ထြက္သြားမယ့္ပံု ေပၚပါတယ္။

နမ္းပါ။ ထိေတြ႕ပါ။ ဘာမွ မေမးပါနဲ႔။ သူမ စိတ္ဝင္စားရင္ သူမ အသိေပးပါလိမ့္မယ္။ ဒီလိုပံုစံနဲ႔ ခ်ဥ္းကပ္တာကိုလဲ သူမပိုႀကိဳက္ပါတယ္။

. PMS ျဖစ္ေနတာလား

ဘာလို႔ ႐ိုင္းေနတာလဲဆိုတဲ့ ေမးခြန္းနဲ႔ တူတူပါပဲ။ သူမရဲ႕ ခံစားခ်က္ေတြ ေပ်ာ့ႏြဲ႔ေနတာကိုသင္က ဂ႐ုမစိုက္ပံုလဲ ေပါက္ေနပါတယ္။

အဲဒီအစားခ်စ္ ဘယ္လို ခံစားေနရလဲ။ ေနေကာင္းရဲ႕လားဆိုတာ ေမးေပးပါ။ အဲဒါဟာ သူမကို သင္ ၾကင္နာေၾကာင္း ျပတာ ျဖစ္ၿပီး သူမကိုလဲ ရာသီလာေနေၾကာင္း ထုတ္ေျပာခြင့္ ေပးလိုက္တာပါ။

. ဘာျဖစ္ေနတာလဲ

အေျဖသိၿပီးသားပါ။ဘာမွ မျဖစ္ပါဘူးဆိုၿပီး မ်က္လံုး ဝုိုက္ၾကည့္မွာပါ။ ဒီေမးခြန္းဟာ စိတ္ပူပံုအစား စြပ္စြဲပံု ပိုေပါက္ေစပါတယ္။

ခ်စ္ တစ္ခုခု ျဖစ္ေနတာ ကိုသိပါတယ္။ ခ်စ္ အဲဒါအေၾကာင္း ေျပာခ်င္ရင္ ကို႔ကို ေျပာျပပါဆိုတာမ်ိဳး ေျပာင္းသံုးပါ။ မိန္းမေတြက သူတို႔ေျပာတာကို နားေထာင္ေစခ်င္ၾကပါတယ္။ သင္က ဖိတ္ေခၚလိုက္ရံုပါပဲ။

. အဲ့ဒါႀကီး တကယ္ ဝတ္မလို႔လား

သူမကိုယ္သူမ စိတ္မေကာင္းျဖစ္သြားေစမယ့္ ေသခ်ာေပါက္ နည္းလမ္းႀကီးပါ။ မိန္းမေတြဟာ သူတို႔ပံုသူတို႔ သံသယေတြ အျမဲ ႐ွိေနတာပါ။ အဲဒီအခ်ိန္မွာ သူတို႔ အျပင္အဆင္ကို မထိပါးေစပါနဲ႔။

အဲဒါအစားခ်စ္က လွသားပဲ။ ဒါေပမယ့္ ဒါနဲ႔ ပိုလိုက္မယ္ထင္တယ္ဆိုတာ ေျပာင္းသံုးပါ။ ေျပာေနရင္းနဲ႔လဲ သူမကို ထိထား၊ ဖက္ထားပါ။ အဲဒါဟာ သူမကို သင္ တကယ္ ဂ႐ုစိုက္ပံု ေပါက္ေစၿပီး အဝတ္လဲခိုင္းတာကို ေစာ္ကားတာလို႔ မျမင္ေတာ့ပါဘူး။


တော်တဲ့ လင်ယောက်ျားတွေ မမေးတဲ့ မေးခွန်းများ

တစ်ခါတစ်လေမှာ မိန်းမနဲ့ စကားပြောရတာ မိုင်းကွင်းထဲ မျက်စိစည်းပြီး လျှောက်နေရသလိုပါပဲ။ မိန်းမတွေဟာ ယောက်ျားတွေထက် နူးညံ့ကာ ခံစားလွယ်ပြီး တုံ့ပြန်မှု ပိုများတတ်ကြပါတယ်။ သူတို့က မေးခွန်းတွေကို ဒီအတိုင်း မစဉ်းစားပဲ သူဘာကို ဆိုလိုတာလဲ ဆိုတဲ့ သဘောနဲ့ ယူစဉ်းစားတတ်ကြပါတယ်။

ကံမကောင်းစွာနဲ့ သင့်မိန်းမက သင့်ရဲ့ မေးခွန်းကို ပေါက်ကွဲစရာတစ်ခုလို ပြောင်းပစ်နိုင်ပါတယ်။ ဒိမှာ သင် သူမကို လုံးဝ မမေးသင့်တဲ့ မေးခွန်း ၇ ခု ပါ။ အဲဒါတွေအစား ဘယ်လိုမေးရမယ်ဆိုတာလဲ မေးပြထားပါတယ်။

၁. နင် ဒီအပါတ် လေ့ကျင့်ခန်း လုပ်ရဲ့လား

အဲဒါက ” နင် ဝနေသလား ” လို့ မမေးလိုက်ရုံ တမည်ပါ။ သင်က ရိုးရိုးသားသားလေး မေးလိုက်ရင်တောင် သူမက စော်ကားတဲ့ မေးခွန်းတစ်ခုလို ထင်သွားပါလိမ့်မယ်။

အဲဒီအစား ” ငါအခု Gym သွားမလို့၊ လိုက်မလား” လို့ ပြောင်းမေးကြည့်ပါ။ အဲဒါက သူမရဲ့ ကိုယ်အလေးချိန်ကို ကဲ့ရဲ့တဲ့ ပုံစံ မပေါက်စေပဲ နှစ်ယောက် တူတူ အချိန်ဖြုန်းလိုတဲ့ ပုံစံ ပေါက်စေပါတယ်။

၂. ဒါ ဘယ်လောက်ကျလဲ

အဲဒီမေးခွန်းဟာ သူမကို အကဲခတ်ပုံ ပေါက်စေပါတယ်။ မိန်းမတွေဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို မေးခွန်းထုတ်တာ မကြိုက်ပါဘူး။

အဲဒီအစား ” ပြောစရာက အရေးတော့ မကြီးပါဘူး.. ဘယ်လောက်ပေးရလဲ ချစ်” လို မေးကြည့်ပါ။ ဒါမှမဟုတ် သင်က သူမရဲ့ အဖြုန်းနဲ့ ပါတ်သတ်ပြီး စိုးရိမ်ရင်တော့ ဘဏ်မှာ Joint Acc ဖွင့်ထားပါ။

၃. ငါ မင်းမိဘတွေအိမ်ကို လိုက်ရမှာလား

လုံးဝ မမေးပါနဲ့။ သူမက သင် သူမမိဘတွေကို မုန်းတယ်လို့ ထင်သွားပါလိမ့်မယ်။ ကြားထဲမှာ နေရတဲ့ ဖိအားကိုလဲ ချက်ခြင်း ခံစားရပါလိမ့်မယ်။

တကယ်လို့ သင်သာ လုံးဝ မတွေ့ချင်ရင်တော့ ” ချစ်ရေ၊ ငါ အလုပ်တွေ နစ်နေလို့ မင်းမိဘတွေအိမ် လိုက်နိုင်မယ် မထင်ဘူး။ သူတို့ကို ချစ်တယ် ပြောလိုက်ပါ။” အဲလို ပြောကြည့်ပါ။ အခေါက်တိုင်းတော့ မဖြစ်ပါစေနဲ့။

၄. နင် လိင်ဆက်ဆံချင်နေတာလား

အဲလိုအမေးခံရတာဟာ မိန်းမတွေ လုံးဝ မကြိုက်ဆုံးအရာပါ။ အဲဒီမေးခွန်းနောက်မှာ စိတ်အား ထက်သန်မှု မရှိပဲ ပြီးပြီးရော လုပ်ပြီး ထွက်သွားမယ့်ပုံ ပေါ်ပါတယ်။

နမ်းပါ။ ထိတွေ့ပါ။ ဘာမှ မမေးပါနဲ့။ သူမ စိတ်ဝင်စားရင် သူမ အသိပေးပါလိမ့်မယ်။ ဒီလိုပုံစံနဲ့ ချဉ်းကပ်တာကိုလဲ သူမပိုကြိုက်ပါတယ်။

၅. PMS ဖြစ်နေတာလား

” ဘာလို့ ရိုင်းနေတာလဲ” ဆိုတဲ့ မေးခွန်းနဲ့ တူတူပါပဲ။ သူမရဲ့ ခံစားချက်တွေ ပျော့နွဲ့နေတာကိုသင်က ဂရုမစိုက်ပုံလဲ ပေါက်နေပါတယ်။

အဲဒီအစား ” ချစ် ဘယ်လို ခံစားနေရလဲ။ နေကောင်းရဲ့လား ” ဆိုတာ မေးပေးပါ။ အဲဒါဟာ သူမကို သင် ကြင်နာကြောင်း ပြတာ ဖြစ်ပြီး သူမကိုလဲ ရာသီလာနေကြောင်း ထုတ်ပြောခွင့် ပေးလိုက်တာပါ။

၆. ဘာဖြစ်နေတာလဲ

အဖြေသိပြီးသားပါ။ ” ဘာမှ မဖြစ်ပါဘူး” ဆိုပြီး မျက်လုံး ဝိုက်ကြည့်မှာပါ။ ဒီမေးခွန်းဟာ စိတ်ပူပုံအစား စွပ်စွဲပုံ ပိုပေါက်စေပါတယ်။

” ချစ် တစ်ခုခု ဖြစ်နေတာ ကိုသိပါတယ်။ ချစ် အဲဒါအကြောင်း ပြောချင်ရင် ကို့ကို ပြောပြပါ” ဆိုတာမျိုး ပြောင်းသုံးပါ။ မိန်းမတွေက သူတို့ပြောတာကို နားထောင်စေချင်ကြပါတယ်။ သင်က ဖိတ်ခေါ်လိုက်ရုံပါပဲ။

၇. အဲ့ဒါကြီး တကယ် ဝတ်မလို့လား

သူမကိုယ်သူမ စိတ်မကောင်းဖြစ်သွားစေမယ့် သေချာပေါက် နည်းလမ်းကြီးပါ။ မိန်းမတွေဟာ သူတို့ပုံသူတို့ သံသယတွေ အမြဲ ရှိနေတာပါ။ အဲဒီအချိန်မှာ သူတို့ အပြင်အဆင်ကို မထိပါးစေပါနဲ့။

အဲဒါအစား ” ချစ်က လှသားပဲ။ ဒါပေမယ့် ဒါနဲ့ ပိုလိုက်မယ်ထင်တယ် ” ဆိုတာ ပြောင်းသုံးပါ။ ပြောနေရင်းနဲ့လဲ သူမကို ထိထား၊ ဖက်ထားပါ။ အဲဒါဟာ သူမကို သင် တကယ် ဂရုစိုက်ပုံ ပေါက်စေပြီး အဝတ်လဲခိုင်းတာကို စော်ကားတာလို့ မမြင်တော့ပါဘူး။

Related Posts

%%footer%%