သင့်ကောင်မလေး သင့်နောက်ကွယ်မှာ ဖောက်ပြားနေပါသလား??
၎. သင့်ကို အနားမှာ မရှိစေချင်တော့တာ
၈. အလှပိုပြင်လာတာ
သင့်ကောင်မလေး သင့်နောက်ကွယ်မှာ ဖောက်ပြားနေပါသလား??
သင် သင့်ရည်းစား တခြားသူနဲ့ ဖောက်ပြန်နေတယ်လို့ ခံစားရမိနေပါသလား? အဲဒါဆို ဘယ်လိုလုပ်မယ် စီစဉ်ထားလဲ? အရမ်း ဝုန်းဒိုင်းမကြဲပါနဲ့။ အဲဒါက ထင်မြင်မှုလေးရယ်ပါ။ သူမ တခြားတစ်ယောက်နဲ့ ဖောက်ပြန်နေရင် အဲဒါကို ဖုံးကွယ်ထားဖို့ သူမကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် လုံးဝ ဖုန်းကွယ်လို့ မရတဲ့ အချက်တွေ ရှိပါသေးတယ်။ တကယ်လို့ သင့်ကောင်မလေး အောက်ပါလက္ခဏာတွေထဲက တစ်ခုခုကို ပြနေရင် သင်တို့ချစ်ဇာတ်လမ်းဟာ တစ်ခုခုတော့ မှားနေပါပြီ။
၁. လိင်ကိစ္စ စိတ်မဝင်စားတဲ့အခါ
သင်တို့နှစ်ယောက် အိပ်ရာဝင်ချိန်မှာ အရမ်း ဟော့ ဖြစ်နေရမှာပါ။ ဒါပေမယ့် သင့်ကောင်မလေး သင်နဲ့ တူတူအိပ်ရမှာကို စိတ်မဝင်စားတာ၊ သင့် Performance ကို ပျင်းလာတာ ဖြစ်နေရင်တော့ တစ်ခုခု မှားနေပါပြီ။
၂. ချစ်စကားလေးတွေ မပြောဖြစ်တော့တာ
သင်တို့နှစ်ယောက် တီတီတာတာ ချစ်တဲ့ အကြောင်းတွေ ပြောခဲ့ကြတဲ့ နောက်ဆုံးအချိန်ကို မမှတ်မိတော့ပါဘူး။ သင်က အဲဒိလိုပြောဖို့ စကားစလိုက်တိုင်း သူမက လမ်းကြောင်း လွှဲပစ်ပါတယ်။ အဲဒါမျိုးဆို ဂရုစိုက်ပါတော့။
၃.သူငယ်ချင်းဟောင်းတစ်ယောက် သူမဘဝထဲ ဝင်ရောက်လာတာ
သူမရဲ့ ကောလိပ်က၊ အလုပ်အကိုင်က သူငယ်ချင်းတစ်ယောက် သူမနဲ့ သင်ရဲ့ စကားဝိုင်းထဲကို ဝင်လာတတ်ပါတယ်။ ဒါပေမယ့် သင်က အဲဒိကောင်အကြောင်း စပ်စုလိုက်တိုင်း သူမက စကားလမ်းကြောင်း လွှဲ ပြီး ငြင်းဆိုတတ်ပါတယ်။
၄. သင့်ကို အနားမှာ မရှိစေချင်တော့တာ
သူမအိမ်ကို သူမကို လာကြိုဖို့ ဖုန်းဆက်မခေါ်တော့ပါဘူး။ သင် လာခေါ်မယ်ပြောတိုင်း အကြောင်းပြချက်မျိုးစုံနဲ့ ငြင်းဆိုပါတယ်။ သူမကိုယ်တိုင် အလုပ်အားလုံးကို လုပ်နေပြီး သင်တို့အနာဂါတ်အကြောင်း မဆွေးနွေးတော့ပါဘူး။ အဲဒါဟာ သူမ သင့်ကို မလိုတော့ကြောင်း အချက်ပြနေတာပါ။
၅. ဖြောင့်ဖြောင့်တန်းတန်း အဖြေ မပေးပါဘူး
သင်မေးတဲ့ ရှင်းရှင်းလင်းလင်းမေးခွန်းကို မဖြေတာ၊ နှစ်ခေါက်မေးမှ ပြန်ဖြေတာ၊ အဲဒါမျိုးဆိုရင် သတိထားပါ။ အဲဒါဟာ စိတ်က လိမ်ဖို့ အကွက် ရှာနေတာပါ။ တကယ်လို့ သင့်ကောင်မလေးကို အလုပ်ပြန်ဘာလို့နောက်ကျတာလဲ ဆိုတာလို မေးခွန်းရှင်းရှင်းလေးမေးတာတောင် သူမရန်လုပ်လာရင် သတိထားပါတော့။
၆. သူမ အချိန်ဇယား ချိန်းသွားတာ
သူမ မှာ အရေးကြီးတဲ့လျိှု့ဝှက်ချက် တစ်ခု ရှိရင် သူမ အချိန်ဇယား ပြောင်းလဲသွားပါလိမ့်မယ်။ နားရက်တွေမှာ ရုပ်ရှင် မကြည့်တော့ပါဘူး။ သူ့အချိန်ဇယားထဲမှာ သင့်အတွက် နေရာ လျော့နည်းသွားပါလိမ့်မယ်။
၇. သင့် မိသားစုနဲ့ သူငယ်ချင်းတွေကို ရှောင်နေတာ
သင့်မိသားစုနဲ့ သူငယ်ချင်းတွေကို အတွေ့မခံရဲတာဟာ ဖောက်ပြန်သူတွေရဲ့ သဘာဝပါ။ သူမဟာ အချိန်တိုင်း သူ့ဘာသာ ပြန် ခြောက်လှန့်ခံနေရပြီး သင့်အသိုင်းအဝိုင်းနဲ့ တွေ့တိုင်း စိတ်ဝေဒနာ ခံစားနေရပါတယ်။
၈. အလှပိုပြင်လာတာ
ဒီတိုင်းလေးလဲ လှပါတယ်လို့ သူမကို သင် အခေါက်တစ်ထောင်ပြောနေလဲ သူမ ဂရုမစိုက်တော့ပါဘူး။ ရုတ်တရက်ကြီး အလှပိုပြင်လာရင် နောက်တစ်ယောက်ကို မြှုမလို့ ဖြစ်နိုင်ပါတယ်။
သင့် ကောင်မလေးကို သင့်ကို လုံးဝဖောက်ပြန်မှာ မဟုတ်ဖူးလို့ မျက်ကန်းမယုံပါနဲ့။ ဆုံးဖြတ်ချက်လဲ အမြန် မချပါနဲ့။ အပေါ်က အချက် တချို့ ပြနေတိုင်းလဲ သူမ ဖောက်ပြန်မနေနိုင်ပါဘူး။ အဲဒါကြောင့် လုပ်ပြီးမှ နောင်တမရအောင် သေချာ စဉ်းစားဆုံးဖြတ်ပါ။
Related Posts
Discover more from Gentleman Magazine
Subscribe now to keep reading and get access to the full archive.
Continue reading
%%footer%%