လင်မယားတွေ စကားများရန်ဖြစ်ကြရသည့် အကြောင်းရင်းနှင့် ဖြေရှင်းနည်းများ
လင္နဲ႔ မယား လွ်ာနဲ႔သြားဆိုသလိုပဲ အခန္႔မသင့္ရင္ ရန္ထျဖစ္တတ္ၾကတာကို သင္သိၿပီးသားျဖစ္မွာပါ။ ဒါေပမယ့္ လင္မယားစံုတြဲေတြအားလံုးဟာ တူညီတဲ့ကိစၥေတြအတြက္ပဲ စကားမ်ားရန္ျဖစ္တတ္ၾကတာကိုေရာ သိပါသလား။ ဒါ့ေၾကာင့္ လင္မယားစံုတြဲေတြ ရန္ျဖစ္ၾကရတဲ့အေၾကာင္းရင္း (၅)ခုနဲ႔ ဘယ္လိုေျဖရွင္းမလဲဆိုတဲ့ နည္းလမ္းေလးေတြကို ေဖာ္ျပလိုက္ပါတယ္။
အျမဲတမ္းဖုန္းအသံုးျပဳေနျခင္း
နည္းပညာေခတ္ႀကီးထဲမွာ အခ်ိန္ျပည့္ ဖုန္းတစ္ကိုင္ကိုင္နဲ႔ e-mail ေတြ၊ notifications ေတြနဲ႔ အလုပ္႐ႈပ္ေနတတ္ၾကတာေၾကာင့္ ဖုန္းကိုခ်ထားဖို႔ေျပာရင္း စကားမ်ားၾကတာက ပံုမွန္ကိစၥတစ္ခုလိုေတာင္ ျဖစ္ေနပါၿပီ။
ေျဖရွင္းဖို႔နည္းလမ္း – ဖုန္းကို လံုး၀လစ္လ်ဴ႐ႈထားဖို႔ကေတာ့ မျဖစ္ႏိုင္ပါဘူး။ ဒါ့ေၾကာင့္ ႏွစ္ေယာက္သားအတူရွိေနခ်ိန္မွာ ဖုန္းႏွစ္လံုးစလံုးကို ပိတ္ထားဖို႔ အခ်ိန္တစ္ခုကို ႏွစ္ဦးသေဘာတူ သတ္မွတ္ပါ။ ႏွစ္ဦးသားအျပင္သြားရင္လည္း အေရးႀကီးကိစၥမရွိပဲ ဖုန္းကိုထုတ္ၾကည့္တာမ်ိဳး မလုပ္ဖို႔ စည္းကမ္းသတ္မွတ္ပါ။ စည္းကမ္းေဖာက္ဖ်က္သူကို ပန္းကန္ေဆးတာ၊ အမႈိက္ပစ္တာစတဲ့ အလုပ္ေတြ လုပ္ခိုင္းၿပီး အျပစ္ေပးဖို႔လည္း စီစဥ္ထားပါ။ ဒါမွမဟုတ္ရင္လည္း ေပ်ာ္စရာျဖစ္သြားေအာင္ ဖုန္းကိုအရင္ၾကည့္မိသူက တဖက္သူစိတ္ႀကိဳက္တစ္ခုခုလုပ္ေပးရတာမ်ိဳး သတ္မွတ္ပါ။
လုံး၀မေျပာသင့္တဲ့စကား – ငါ တကယ္ကို ပ်င္းလာလို႔ ဖုန္းထုတ္ၾကည့္တာ။
သင့္ခ်စ္တဲ့သူနဲ႔အတူရွိေနခ်ိန္မွာ ဒီလိုေျပာရင္ ဘယ္လိုခံစားရမလဲ ကိုယ္ခ်င္းစာၾကည့္ပါ။
ပိုက္ဆံအရမ္းသံုးလြန္းျခင္း
တစ္ေယာက္တည္းေနခဲ့ခ်ိန္နဲ႔ အိမ္ေထာင္ျပဳၿပီးခ်ိန္မွာ အသံုးစရိတ္ေ၀မွ်ရတာေတြနဲ႔ ဘဏ္စာရင္းေပါင္းသံုးရတာေတြက တကယ္ကိုႀကီးမားတဲ့ အေျပာင္းအလဲျဖစ္ပါတယ္။ အရင္တစ္ကိုယ္တည္းဘ၀မွာ ဘယ္ေလာက္သံုးသံုး ျပႆနာမရွိေပမယ့္ အိမ္ေထာင္က်ၿပီးခ်ိန္မွာေတာ့ စကားမ်ားရန္ျဖစ္စရာ အေၾကာင္းရင္းတစ္ခုျဖစ္လာႏိုင္ပါတယ္။
ေျဖရွင္းဖို႔နည္းလမ္း – တစ္ကိုယ္ရည္အသံုးစရိတ္ပုိက္ဆံအတြက္ စကားမ်ားေနစရာမလိုေတာ့ဖို႔ သူပိုက္ဆံ၊ ကိုယ့္ပိုက္ဆံ၊ ႏွစ္ေယာက္စလံုးနဲ႔ဆိုင္တဲ့ပိုက္ဆံဆိုၿပီး ခြဲျခားသံုးစြဲပါ။
ခ်စ္တင္းေႏွာမႈမလုံေလာက္ျခင္း
ဒီကိစၥက အဆိုး၀ါးဆံုးအေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။ လိင္မႈကိစၥမွာ လိုအပ္သေလာက္ စိတ္ေက်နပ္မႈမရတဲ့ စုံတြဲေတြဟာ စိတ္တင္းက်ပ္မႈေတြ ခံစားၾကရၿပီး စိတ္တင္းက်ပ္မႈေတြကတဆင့္ ပဋိပကၡေတြ ျဖစ္လာၾကရတတ္ပါတယ္။
ေျဖရွင္းဖို႔နည္းလမ္း – ဒီကိစၥနဲ႔ပတ္သက္ၿပီး ႏွစ္ကိုယ္ၾကား ေသခ်ာေဆြးေႏြးတိုင္ပင္ပါ။ လိုအပ္တာကို ညွိႏႈိင္းပါ။ သူမ ဘာေၾကာင့္ မဆက္ဆံခ်င္တာလဲ ဆိုတဲ့အေၾကာင္းရင္းကို သိေအာင္ႀကိဳးစားပါ။ သင့္ရဲ႕လိင္စိတ္ႏုိးၾကြမႈကို အားမရတာေၾကာင့္ဆိုရင္ ဆရာ၀န္ျပသင့္ရင္ ျပၿပီး ကုသမႈခံယူပါ။
အိမ္မႈကိစၥေတြ မလုပ္ျခင္း
အိမ္မႈကိစၥေတြမလုပ္မိလို႔ ရန္ျဖစ္စကားမ်ားရတာက အိမ္မႈကိစၥလုပ္ရတာထက္ စိတ္ပ်က္ဖို႔ေကာင္းတာကို ေနာက္မွသိလာပါလိမ့္မယ္။
ေျဖရွင္းဖို႔နည္းလမ္း – အတူတူထိုင္ၿပီး ေဘာပင္တစ္ေခ်ာင္းနဲ႔ စာရြက္တစ္ရြက္စီယူထားပါ။ ၿပီးရင္ တစ္ေန႔တာမွာ သင္လုပ္ႏိုင္တဲ့အလုပ္ေတြနဲ႔ လုပ္ရမယ့္အလုပ္ေတြကို စာရင္းလုပ္ပါ။ တစ္ေန႔တာအလုပ္ေတြထဲမွာ ကားေရေဆးဖို႔ကေန ပန္းကန္ေဆးတာေတြအထိပါ၀င္ပါတယ္။ ဒီလိုနည္းလမ္းနဲ႔ ႏွစ္ဦးသားကိုယ္စီကိုယ္ငွ လုပ္ရမယ့္အလုပ္ေတြကို ခြဲေ၀လုပ္ေဆာင္ပါ။
တန္ဖိုးထားအသိအမွတ္မျပဳျခင္း
တစ္ေယာက္ေယာက္က တန္ဖိုးထားမခံရသလို ခံစားရတဲ့အခါမွာ ျဖစ္ပြားတဲ့ ပဋိပကၡမ်ိဳးက ေျဖရွင္းရခက္ပါတယ္။ အသိအမွတ္ျပဳခံရသင့္ေပမယ့္ ဂရုမစိုက္တဲ့အခါမွာ အေျခအေနေတြကို ပိုမိုဆိုးရြားလာတာေၾကာင့္ ျဖစ္ပါတယ္။
ေျဖရွင္းဖို႔နည္းလမ္း – သိေအာင္ထုတ္ေျပာပါ။ သင့္ရဲ႕ပါတနာက သူ႔အေပၚမွာ သင္ဘယ္ေလာက္တန္ဖိုးထားသလဲဆိုတကို သိမယ္လို႔ မထင္လိုက္ပါနဲ႔။ အမ်ိဳးသားေတြက သူတို႔လုပ္တဲ့အလုပ္နဲ႔ သူတို႔အနစ္နာခံတဲ့ကိစၥအတြက္ အသိအမွတ္ျပဳေပးရင္ ေက်နပ္သြားတတ္ၾကၿပီး အမ်ိဳးသမီးေတြကေတာ့ သူတို႔ေျပာတာကို နားေထာင္ေပးၿပီး နားလည္ေပးရင္ကို ေက်နပ္ၾကပါတယ္။
မေျပာသင့္တဲ့စကား – ငါ မင္းကို ဘယ္ေလာက္ခ်စ္ၿပီ တန္ဖိုးထားသလဲဆိုာ မင္း သိသင့္ပါတယ္။ ဒီေလာက္ေျပာ႐ုံနဲ႔ အလုပ္မျဖစ္ပါဘူး။ ေသခ်ာေျပာပါ။ ရင္ထဲကၾကားသြားေအာင္ ေျပာျပပါ။
လင်မယားတွေ စကားများရန်ဖြစ်ကြရသည့် အကြောင်းရင်းနှင့် ဖြေရှင်းနည်းများ
လင်နဲ့ မယား လျှာနဲ့သွားဆိုသလိုပဲ အခန့်မသင့်ရင် ရန်ထဖြစ်တတ်ကြတာကို သင်သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် လင်မယားစုံတွဲတွေအားလုံးဟာ တူညီတဲ့ကိစ္စတွေအတွက်ပဲ စကားများရန်ဖြစ်တတ်ကြတာကိုရော သိပါသလား။ ဒါ့ကြောင့် လင်မယားစုံတွဲတွေ ရန်ဖြစ်ကြရတဲ့အကြောင်းရင်း (၅)ခုနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။
အမြဲတမ်းဖုန်းအသုံးပြုနေခြင်း
နည်းပညာခေတ်ကြီးထဲမှာ အချိန်ပြည့် ဖုန်းတစ်ကိုင်ကိုင်နဲ့ e-mail တွေ၊ notifications တွေနဲ့ အလုပ်ရှုပ်နေတတ်ကြတာကြောင့် ဖုန်းကိုချထားဖို့ပြောရင်း စကားများကြတာက ပုံမှန်ကိစ္စတစ်ခုလိုတောင် ဖြစ်နေပါပြီ။
ဖြေရှင်းဖို့နည်းလမ်း – ဖုန်းကို လုံးဝလစ်လျူရှုထားဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် နှစ်ယောက်သားအတူရှိနေချိန်မှာ ဖုန်းနှစ်လုံးစလုံးကို ပိတ်ထားဖို့ အချိန်တစ်ခုကို နှစ်ဦးသဘောတူ သတ်မှတ်ပါ။ နှစ်ဦးသားအပြင်သွားရင်လည်း အရေးကြီးကိစ္စမရှိပဲ ဖုန်းကိုထုတ်ကြည့်တာမျိုး မလုပ်ဖို့ စည်းကမ်းသတ်မှတ်ပါ။ စည်းကမ်းဖောက်ဖျက်သူကို ပန်းကန်ဆေးတာ၊ အမှိုက်ပစ်တာစတဲ့ အလုပ်တွေ လုပ်ခိုင်းပြီး အပြစ်ပေးဖို့လည်း စီစဉ်ထားပါ။ ဒါမှမဟုတ်ရင်လည်း ပျော်စရာဖြစ်သွားအောင် ဖုန်းကိုအရင်ကြည့်မိသူက တဖက်သူစိတ်ကြိုက်တစ်ခုခုလုပ်ပေးရတာမျိုး သတ်မှတ်ပါ။
လုံးဝမပြောသင့်တဲ့စကား – ငါ တကယ်ကို ပျင်းလာလို့ ဖုန်းထုတ်ကြည့်တာ။
သင့်ချစ်တဲ့သူနဲ့အတူရှိနေချိန်မှာ ဒီလိုပြောရင် ဘယ်လိုခံစားရမလဲ ကိုယ်ချင်းစာကြည့်ပါ။
ပိုက်ဆံအရမ်းသုံးလွန်းခြင်း
တစ်ယောက်တည်းနေခဲ့ချိန်နဲ့ အိမ်ထောင်ပြုပြီးချိန်မှာ အသုံးစရိတ်ဝေမျှရတာတွေနဲ့ ဘဏ်စာရင်းပေါင်းသုံးရတာတွေက တကယ်ကိုကြီးမားတဲ့ အပြောင်းအလဲဖြစ်ပါတယ်။ အရင်တစ်ကိုယ်တည်းဘဝမှာ ဘယ်လောက်သုံးသုံး ပြဿနာမရှိပေမယ့် အိမ်ထောင်ကျပြီးချိန်မှာတော့ စကားများရန်ဖြစ်စရာ အကြောင်းရင်းတစ်ခုဖြစ်လာနိုင်ပါတယ်။
ဖြေရှင်းဖို့နည်းလမ်း – တစ်ကိုယ်ရည်အသုံးစရိတ်ပိုက်ဆံအတွက် စကားများနေစရာမလိုတော့ဖို့ သူပိုက်ဆံ၊ ကိုယ့်ပိုက်ဆံ၊ နှစ်ယောက်စလုံးနဲ့ဆိုင်တဲ့ပိုက်ဆံဆိုပြီး ခွဲခြားသုံးစွဲပါ။
ချစ်တင်းနှောမှုမလုံလောက်ခြင်း
ဒီကိစ္စက အဆိုးဝါးဆုံးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ လိင်မှုကိစ္စမှာ လိုအပ်သလောက် စိတ်ကျေနပ်မှုမရတဲ့ စုံတွဲတွေဟာ စိတ်တင်းကျပ်မှုတွေ ခံစားကြရပြီး စိတ်တင်းကျပ်မှုတွေကတဆင့် ပဋိပက္ခတွေ ဖြစ်လာကြရတတ်ပါတယ်။
ဖြေရှင်းဖို့နည်းလမ်း – ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ကိုယ်ကြား သေချာဆွေးနွေးတိုင်ပင်ပါ။ လိုအပ်တာကို ညှိနှိုင်းပါ။ သူမ ဘာကြောင့် မဆက်ဆံချင်တာလဲ ဆိုတဲ့အကြောင်းရင်းကို သိအောင်ကြိုးစားပါ။ သင့်ရဲ့လိင်စိတ်နိုးကြွမှုကို အားမရတာကြောင့်ဆိုရင် ဆရာဝန်ပြသင့်ရင် ပြပြီး ကုသမှုခံယူပါ။
အိမ်မှုကိစ္စတွေ မလုပ်ခြင်း
အိမ်မှုကိစ္စတွေမလုပ်မိလို့ ရန်ဖြစ်စကားများရတာက အိမ်မှုကိစ္စလုပ်ရတာထက် စိတ်ပျက်ဖို့ကောင်းတာကို နောက်မှသိလာပါလိမ့်မယ်။
ဖြေရှင်းဖို့နည်းလမ်း – အတူတူထိုင်ပြီး ဘောပင်တစ်ချောင်းနဲ့ စာရွက်တစ်ရွက်စီယူထားပါ။ ပြီးရင် တစ်နေ့တာမှာ သင်လုပ်နိုင်တဲ့အလုပ်တွေနဲ့ လုပ်ရမယ့်အလုပ်တွေကို စာရင်းလုပ်ပါ။ တစ်နေ့တာအလုပ်တွေထဲမှာ ကားရေဆေးဖို့ကနေ ပန်းကန်ဆေးတာတွေအထိပါဝင်ပါတယ်။ ဒီလိုနည်းလမ်းနဲ့ နှစ်ဦးသားကိုယ်စီကိုယ်ငှ လုပ်ရမယ့်အလုပ်တွေကို ခွဲဝေလုပ်ဆောင်ပါ။
တန်ဖိုးထားအသိအမှတ်မပြုခြင်း
တစ်ယောက်ယောက်က တန်ဖိုးထားမခံရသလို ခံစားရတဲ့အခါမှာ ဖြစ်ပွားတဲ့ ပဋိပက္ခမျိုးက ဖြေရှင်းရခက်ပါတယ်။ အသိအမှတ်ပြုခံရသင့်ပေမယ့် ဂရုမစိုက်တဲ့အခါမှာ အခြေအနေတွေကို ပိုမိုဆိုးရွားလာတာကြောင့် ဖြစ်ပါတယ်။
ဖြေရှင်းဖို့နည်းလမ်း – သိအောင်ထုတ်ပြောပါ။ သင့်ရဲ့ပါတနာက သူ့အပေါ်မှာ သင်ဘယ်လောက်တန်ဖိုးထားသလဲဆိုတကို သိမယ်လို့ မထင်လိုက်ပါနဲ့။ အမျိုးသားတွေက သူတို့လုပ်တဲ့အလုပ်နဲ့ သူတို့အနစ်နာခံတဲ့ကိစ္စအတွက် အသိအမှတ်ပြုပေးရင် ကျေနပ်သွားတတ်ကြပြီး အမျိုးသမီးတွေကတော့ သူတို့ပြောတာကို နားထောင်ပေးပြီး နားလည်ပေးရင်ကို ကျေနပ်ကြပါတယ်။
မပြောသင့်တဲ့စကား – ငါ မင်းကို ဘယ်လောက်ချစ်ပြီ တန်ဖိုးထားသလဲဆိုာ မင်း သိသင့်ပါတယ်။ ဒီလောက်ပြောရုံနဲ့ အလုပ်မဖြစ်ပါဘူး။ သေချာပြောပါ။ ရင်ထဲကကြားသွားအောင် ပြောပြပါ။