လိင်မှုကိစ္စအကြောင်း သိကောင်းစရာ အချို့
လိင်မှုကိစ္စအကြောင်း သိကောင်းစရာ အချို့
ယနေ့ခေတ်မှာ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး သင့်ရဲ့အပေါင်းအသင်းတွေနဲ့ ပြောတာနဲ့ လိင်ပညာပေးမှုတွေ သတင်းအချက်အလက်တွေမှာ ဘယ်ဟာကို ယုံကြည်ရမလဲဆိုတာကို ဆုံးဖြတ်ရခက်နေတတ်ပါတယ်။ ဒါ့ကြောင့် လိင်မှုကိစ္စနဲ့ပတ်သက်ပြီး သုံးသပ်ဆင်ခြင်စရာ အယူအဆ (၇)ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ သင့်ရဲ့ပစ္စည်းကို ကြီးလာအောင်လုပ်လို့ရပါတယ်။
သင့်ပစ္စည်းရဲ့ အရွယ်အစားက သာမာန်ထက် သေးငယ်နေတယ်လို့ အမြဲတမ်းခံစားမိမှာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရွယ်အစားကြီးလာအောင် လုပ်ဖို့စိတ်ကူးရှိပြီး တကယ်ရောဖြစ်နိုင်ပါ့မလား တွေးနေရင်မိတယ်ဆိုရင်တော့ သတင်းကောင်းတစ်ချို့ရှိပါတယ်။ သင့်ပစ္စည်းကို ကြီးလာအောင် လုပ်လို့ရတဲ့ နည်းလမ်းအချို့ရှိပါတယ်။ လိင်တံကို ဆွဲဆန့်ထားတဲ့ကိရိယာကို (၆)လလောက်ဝတ်ဆင်ထားတာမျိုး၊ ခွဲစိတ်ပြီး ဆီလီကွန် အစားထိုးတာမျိုးတွေကို စမ်းကြည့်နိုင်ပါတယ်။ အင်တာနက်ပေါ်မှာရောင်းတဲ့ လိင်အင်္ဂါကြီးဆေးတွေကိုတော့ ယုံကြည်ပြီးမသုံးလိုက်ပါနဲ့။
၂။ သင့်ဘယ်နိုင်ငံသားလဲဆိုတာက သင့်ပစ္စည်းအရွယ်အစားကို ဆုံးဖြတ်ပေးနိုင်တယ်။
ဒါကလည်း အမှန်တရားပါပဲ။ လေ့လာမှုတွေအရ နိုင်ငံသားကွာခြားမှုအလိုက် လိင်အင်္ဂါအရွယ်အစား ကွဲပြားတတ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပျမ်းမျှအားဖြင့် တူညီတဲ့အရွယ်အစားတော့ ရှိပါတယ်။ ဥပမာ၊ ဂါနာ၊ ကွန်ဂို၊ လက်ဘနွန်နဲ့ ဆူဒန်နိုင်ငံတို့က အမျိုးသားတွေရဲ့ အရွယ်အစားက ပျမ်းမျှအားဖြင့် တူညီတတ်ပြီး ကိုရီးယား၊ တိုင်ဝမ်၊ ထိုင်းနိုင်ငံတို့က အမျိုးသားတွေကတော့ သူတို့ထက် အနည်းငယ်သေးငယ်တတ်ပါတယ်။ ဒါဟာ မျိုးဗီဇကွဲပြားမှုကြောင့်သာဖြစ်ပါတယ်။
၃။ မိန်းကလေးတွေမှာ G-spot ရှိသလို ယောင်္ကျားလေးတွေမှာ P-spot ရှိတယ်။
ယောင်္ကျားလေးတွေရဲ့ ဆီးကျိတ်ဟာ လိင်တံအောက်ခြေနဲ့ တိုက်ရိုက်ဆက်သွယ်ထားပြီး လိင်ဆက်ဆံတဲ့အချိန်မှာ အများကြီးပါဝင်ပတ်သက်မှုရှိပါတယ်။ ယောင်္ကျားလေးတွေရဲ့ P-spot ဆိုတာက ဝှေးစေ့တွေနဲ့ နောက်ပေါက်ကြားထဲက နေရာလေးကိုဆိုလိုပြီး ဒီ နေရာကို လက်ချောင်းနဲ့လှုံ့ဆော်ပေးမယ်ဆိုရင် ဆီးကျိတ်ကို လှုံ့ဆော်ရာရောက်ပြီး ကိစ္စပြီးဆုံးဖို့ အထောက်အကူဖြစ်စေပါတယ်။
၄။ နောက်ပေါက်နဲ့ဆက်ဆံတာက မိန်းကလေးတွေကို လှုံ့ဆော်မှုမဖြစ်စေဘူး။
ဒီအချက်ကတော့ မှားယွင်းပါတယ်။ မိန်းကလေးတွေက နောက်ပေါက်နဲ့ ဆက်ဆံရင်းလည်း လှုံ့ဆော်မှု ဖြစ်ပါတယ်။ မိန်းကလေးတွေရဲ့ Clit က နောက်ဖက်အထိခံစားနိုင်စွမ်းရှိပါတယ်။ အရှေ့ကနေပဲဖြစ်ဖြစ် အနောက်ကနေပဲဖြစ်ဖြစ် ခံစားသိရှိနိုင်ပါတယ်။ ဒါ့အပြင်နောက်ပေါက်မှာရှိတဲ့ ကျုံ့ချဲ့ကြွက်သားတွေမှာ အာရုံခံနိုင်စွမ်းရှိတဲ့အတွက် ထူးခြားတဲ့အရသာကို ခံစားရနိုင်ပါသေးတယ်။
၅။ မိန်းကလေးတွေက ရှည်တာထက် ကြီးတာကို ပိုသဘောကျတယ်။
အမျိုးသမီးတွေအတွက် အရှည်က သိပ်အရေးမကြီးပါဘူး။ သူတို့က ကနဦး(၅)လက်မလောက်အထိပဲ ခံစားနိုင်ပါတယ်။ ရှည်လွန်းတဲ့ လိင်အင်္ဂါတွေက သားအိမ်ခေါင်းကို သွားထိမိပြီး နာကျင်ရတတ်တဲ့အတွက် ရှည်တာကို သိပ်မကြိုက်တတ်ကြပါဘူး။ ခဲတံတစ်ချောင်းလို ပိန်ရှည်ရှည်ဖြစ်နေတာမျိုးက မိန်းကလေးတွေကို စိတ်ကျေနပ်မှုပေးနိုင်မှာမဟုတ်ပဲ ဆိုက်ဒ်ကြီးတာမျိုးကိုမှ ခံစားလို့ကောင်းတယ်လို့ ထင်တတ်ကြပါတယ်။
၆။ တစ်ချို့မိန်းကလေးတွေက ကိစ္စမပြီးနိုင်ကြဘူး။
သင့်အနေနဲ့ လိင်မှုကိစ္စမှာ စွမ်းဆောင်ရည်ပြည့်၀အောင် နည်းမျိုးစုံကြိုးစားပြီး အသုံးချခဲ့ပေမယ့် သင့်မိန်းကလေး ကိစ္စပြီးအောင် မလုပ်နိုင်ဘူးဆိုရင် ဒီလိုတွေးမိလာမှာဖြစ်ပါတယ်။ အမျိုးသမီးအားလုံးရဲ့ (၁၀)ရာခိုင်နှုန်းလောက်က ကိစ္စပြီးတဲ့အရသာကို မခံစားဖူးခဲ့ကြပါဘူး။ ဒီလိုဖြစ်ရတာဟာ သူတို့ ကိစ္စမပြီးနိုင်တာကြောင့်မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရ ချို့ယွင်းချက်မဟုတ်ပဲ စိတ်အခြေအနေကြောင့် သာဖြစ်ပါတယ်။
၇။ မနက်ပိုင်းမှာ လိင်ဆက်ဆံတာပိုကောင်းတယ်။ ဒါပေမယ့် ညမှာပိုစွမ်းဆောင်နိုင်တယ်။
အမျိုးသားတွေဟာ မနက်အိပ်ရာကထရင် လိင်တံထောင်မတ်ပြီးနိုးလာတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် ညဘက်မှာ တက်စတိုစတီရုန်းပမာဏမြင့်တက်လာတာကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် မနက်မှာ လိင်ဆက်ဆံချင်တတ်ကြပါတယ်။ ဒါပေမယ့်လည်း မနက်ခင်းမှာ အပေါ့သွားဖို့ လိုအပ်နေတတ်ပြီး ဆီးအိတ်ထဲမှာ ဆီးအပြည့်နဲ့ လိင်ဆက်ဆံတာက ကိစ္စပြီးဖို့ အဟန့်အတားဖြစ်စေနိုင်တဲ့အတွက် မနက်ခင်းမှာဆိုရင် ပိုတောင်ကြာကြာစွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။