အလုပ်အကိုင် ပိုကောင်းစေဖို့ သင့်စိတ်ကို ပြုပြင်မယ့် နည်းလမ်း ၄ မျိုး
၁. ဓာတုေဗဒ နည္းလမ္းနဲ႔ ေပ်ာ္ရႊင္တဲ့ ေန႔တစ္ေန႔ရေအာင္ ႀကိဳးစားပါ
ပန္းေတြဟာ ရာသီအလိုက္ပြင့္ၾကတယ္။ ၾကက္ဥေတြ အခ်ိန္တန္ရင္ အက္ကြဲၿပီး ၾကက္ကေလးေတြ ေပါက္ၾကတယ္။ သစ္ပင္ေတြ ရြက္ေဟာင္းေခြၽ ရြက္သစ္ေဝၾကတယ္။ အရာအားလံုးဟာ ေန႔ေတြ၊ ရာသီေတြရဲ႕ စည္းဝါးအတိုင္း ျဖစ္ေနရတာပါ။ သင့္ကိုယ္သင္လဲ ရာသီစက္ဝုိင္းထဲက လြတ္ကင္းေနၿပီ မထင္ပါနဲ႔။
သင့္ရဲ႕ ဇီဝနာရီကို ထိန္းခ်ဳပ္တဲ့ ေနရာကေတာ့ မ်က္လံုးအိမ္အေနာက္ Hypothalamus မွာ ႐ွိတဲ့ အာရံုေၾကာ အစု ေသးေသးေလး ႏွစ္ခုပါ။ ဦးေႏွာက္ရဲ႕ အဲဒိ ဧရိယာဟာ သင့္ကို တက္ႂကြေစမလား၊ ထံုထိုင္းေစမလားဆိုတာ အဆံုးအျဖတ္ေပးပါတယ္။ သင့္ရဲ႕ အလုပ္အကိုင္ေတြကို ေဟာ္မုန္း level ေတြနဲ႔ ညႇိၿပီး လုပ္ကုိင္သင့္ပါတယ္။
၁. တက္စတိုစတီ႐ုန္း လယ္္ဗယ္ ျမင့္ေနတဲ့ အခ်ိန္ပါ။ လြတ္လြတ္လပ္လပ္ ပြင့္ပြင့္လင္းလင္း လႈပ္႐ွားဖို႔ သင့္ေတာ္ၿပီး အေႂကြးေတာင္းတဲ့ Email ေတြလို စာေတြ ေရးဖို႔ အေကာင္းဆံုးပါ။
၂. စိတ္ဖိစီးမႈေဟာ္မုန္း Cortisol လယ္ဗယ္ က်ေနခ်ိန္ပါ။ အစည္းအေဝးစေတြ လုပ္ဖို႔ သင့္ေတာ္ၿပီး ေခါင္းေအးေအးနဲ႔ ေဆြးေႏြးတာေတြကို လုပ္ႏိုင္ပါလိမ့္မယ္။
၃. အိပ္စက္ျခင္းေဟာ္မုန္း Melatonin စတင္ထြက္လာခ်ိန္ပါ။ တီထြင္ဖန္တီးဉာဏ္နဲ႔ မွတ္ဉာဏ္ အေကာင္းဆံုးျဖစ္ၿပီး ၾကာ႐ွည္မွတ္ရမယ့္ ကိစၥေတြ မွတ္သားလုပ္ကိုင္ဖို႔နဲ႔ စာက်က္ဖို႔ သင့္ေတာ္ပါတယ္။
၂. သင္ လုပ္တဲ့ အလုပ္ကို ခ်စ္ခင္ႏွစ္သက္ပါေစ
အလုပ္အကိုင္ လုပ္တာဟာ ပင္ပန္းေနဖို႔ သီးသန္႔မဟုတ္ပဲ အလုပ္ကို ခ်စ္ခင္ႏွစ္သက္ဖို႔ လိုပါေသးတယ္။ အဲဒိလို ျဖစ္ႏိုင္ေစမယ့္ အေၾကာင္းေတြကေတာ့
တိုးတက္ေအာင္လုပ္ပါ
သင္ လုပ္ေနတဲ့ အလုပ္ရဲ႕ တိုးတက္မႈတိုင္းကို သိေအာင္လုပ္ၿပီး အခ်ိဳးအေကြ႕တစ္ခုတိုင္းမွာ ကိုယ့္ဘာသာ ဆုခ်ီးျမႇင့္ျခင္းျဖင့္ အလုပ္လုပ္ရတာ ေပ်ာ္စရာပိုေကာင္းၿပီး အားပိုတက္ေစပါတယ္။
ကိုယ္ႀကိဳက္တဲ့အလုပ္ လုပ္ပါ
အေပ်ာ္ရႊင္ဆံုး လူေတြဟာ ကိုယ့္စိတ္ႀကိဳက္အလုပ္ကို အေပၚက Boss ရဲ႕ Permission အျမဲေတာင္းေနစရာမလိုပဲ လုပ္ေနရတဲ့ သူေတြပါ။ အဲဒိလို လူမ်ိဳးေတြဟာ တစ္ေန႔ၿပီးတဲ့ လုပ္ငန္းကို အလုပ္ရဲ႕ အစိတ္အပိုင္းအျဖစ္ ခံစားရတာ မဟုတ္ပဲ ကိုယ္တိုင္ရဲ႕ အစိတ္အပိုင္းတစ္ခုလို ခံစားေနရတတ္ပါတယ္။
သူငယ္ခ်င္း ႐ွာပါ
သင္ တတ္ႏိုင္ရင္ အလုပ္ခြင္မွာ သင္ ယံုၾကည္စိတ္ခ်ရတဲ့ သူငယ္ခ်င္း ႏွစ္ေယာက္ေလာက္ ႐ွာၿပီး တူတူ အလုပ္တြဲလုပ္ျခင္းဟာ အလုပ္ကို ပိုၿပီး ေပ်ာ္ဖို႔ ေကာင္းေစပါတယ္။
ေျပာင္းလဲပါ
သင္လုပ္ေနတဲ့ အလုပ္ကို မႀကိဳက္ရင္ ခ်က္ျခင္း ထြက္ၿပီး အလုပ္သစ္႐ွာပါ။ ကိုယ္မႀကိဳက္တဲ့ အလုပ္မွာ တစ္ႏွစ္လုပ္လိုက္ရတာဟာ တစ္သက္လံုးစာ ေနာင္တကို ေပးစြမ္းႏိုင္ပါတယ္။
အက်ိဳး႐ွိေအာင္လုပ္ပါ
သင္ေအာင္ျမင္ဖို႔ အေကာင္းဆံုးနည္းလမ္းဟာ ကိုယ္က်ိဳးမၾကည့္တဲ့ ေမ်ွာ္မွန္းခ်က္ေတြ ထားဖို႔ပါပဲ။ ဒီအလုပ္က ငါ့အတြက္ ဘာလုပ္ေပးႏိုင္သလဲအစား ငါ ဒီအလုပ္ကိုသံုးၿပီး ဘာလုပ္ႏိုင္သလဲဆိုတာ စဥ္းစားၾကည့္ပါ။
၃. အလုပ္ခြင္မွာ အိပ္ပါ
အလုပ္ခြင္မွာ ေမွးေနတာက အၾကည့္ရဆိုးပါတယ္။ ဒါေပမယ့္ ေန႔လည္ပ်င္းစရာေကာင္းခ်ိန္၊ ေလးတိေလးကန္ ျဖစ္ခ်ိန္ေတြမွာ ေကာ္ဖီဆက္တိုက္ ေသာက္တာထက္စာရင္ မိနစ္အနည္းငယ္ေလာက္ မွိန္းေနလိုက္တာက အက်ိဳးပို႐ွိပါတယ္။ ခဏေလာက္ မွိန္းလိုက္ရင္ ျပန္ႏိုးလာတဲ့အခါ လံုးဝ လန္းဆန္းေနတာ ေတြ႕ရပါလိမ့္မယ္။
၄. မ်က္လံုးေကာင္းေအာင္ ထားပါ
ဖုန္း၊ ကြန္ပ်ဴတာ စကရင္ကို တစ္ေန႔လံုးၾကည့္ေနရလို႔ ပင္ပန္းတာ၊ မ်က္စိမႈန္တာ၊ ေခါင္းကိုက္တာေတြကို တိုက္ဖ်က္ခ်င္ရင္ F.Lux ဆိုတဲ့ ပ႐ိုဂရမ္ကို သံုးၾကည့္ပါ။ ညေရာက္လာတာနဲ႔ သင့္ရဲ႕ ဦးေႏွာက္ကို အတင္းႏိႈးေနတဲ့ အျပာေရာင္အလင္းေတြကို သင့္စကရင္ကေန ဖယ္႐ွားေပးပါလိမ့္မယ္။ Android ဖုန္းမွာဆိုရင္ Twilight ဆိုတဲ့ App ကို Play Store က ႐ွာသံုးၾကည့္ပါ။
အလုပ်အကိုင် ပိုကောင်းစေဖို့ သင့်စိတ်ကို ပြုပြင်မယ့် နည်းလမ်း ၄ မျိုး
၁. ဓာတုဗေဒ နည်းလမ်းနဲ့ ပျော်ရွှင်တဲ့ နေ့တစ်နေ့ရအောင် ကြိုးစားပါ
ပန်းတွေဟာ ရာသီအလိုက်ပွင့်ကြတယ်။ ကြက်ဥတွေ အချိန်တန်ရင် အက်ကွဲပြီး ကြက်ကလေးတွေ ပေါက်ကြတယ်။ သစ်ပင်တွေ ရွက်ဟောင်းချွေ ရွက်သစ်ဝေကြတယ်။ အရာအားလုံးဟာ နေ့တွေ၊ ရာသီတွေရဲ့ စည်းဝါးအတိုင်း ဖြစ်နေရတာပါ။ သင့်ကိုယ်သင်လဲ ရာသီစက်ဝိုင်းထဲက လွတ်ကင်းနေပြီ မထင်ပါနဲ့။
သင့်ရဲ့ ဇီဝနာရီကို ထိန်းချုပ်တဲ့ နေရာကတော့ မျက်လုံးအိမ်အနောက် Hypothalamus မှာ ရှိတဲ့ အာရုံကြော အစု သေးသေးလေး နှစ်ခုပါ။ ဦးနှောက်ရဲ့ အဲဒိ ဧရိယာဟာ သင့်ကို တက်ကြွစေမလား၊ ထုံထိုင်းစေမလားဆိုတာ အဆုံးအဖြတ်ပေးပါတယ်။ သင့်ရဲ့ အလုပ်အကိုင်တွေကို ဟော်မုန်း level တွေနဲ့ ညှိပြီး လုပ်ကိုင်သင့်ပါတယ်။
၁. တက်စတိုစတီရုန်း လယ်ဗယ် မြင့်နေတဲ့ အချိန်ပါ။ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း လှုပ်ရှားဖို့ သင့်တော်ပြီး အကြွေးတောင်းတဲ့ Email တွေလို စာတွေ ရေးဖို့ အကောင်းဆုံးပါ။
၂. စိတ်ဖိစီးမှုဟော်မုန်း Cortisol လယ်ဗယ် ကျနေချိန်ပါ။ အစည်းအဝေစတွေ လုပ်ဖို့ သင့်တော်ပြီး ခေါင်းအေးအေးနဲ့ ဆွေးနွေးတာတွေကို လုပ်နိုင်ပါလိမ့်မယ်။
၃. အိပ်စက်ခြင်းဟော်မုန်း Melatonin စတင်ထွက်လာချိန်ပါ။ တီထွင်ဖန်တီးဉာဏ်နဲ့ မှတ်ဉာဏ် အကောင်းဆုံးဖြစ်ပြီး ကြာရှည်မှတ်ရမယ့် ကိစ္စတွေ မှတ်သားလုပ်ကိုင်ဖို့နဲ့ စာကျက်ဖို့ သင့်တော်ပါတယ်။
၂. သင် လုပ်တဲ့ အလုပ်ကို ချစ်ခင်နှစ်သက်ပါစေ
အလုပ်အကိုင် လုပ်တာဟာ ပင်ပန်းနေဖို့ သီးသန့်မဟုတ်ပဲ အလုပ်ကို ချစ်ခင်နှစ်သက်ဖို့ လိုပါသေးတယ်။ အဲဒိလို ဖြစ်နိုင်စေမယ့် အကြောင်းတွေကတော့
တိုးတက်အောင်လုပ်ပါ
သင် လုပ်နေတဲ့ အလုပ်ရဲ့ တိုးတက်မှုတိုင်းကို သိအောင်လုပ်ပြီး အချိုးအကွေ့တစ်ခုတိုင်းမှာ ကိုယ့်ဘာသာ ဆုချီးမြှင့်ခြင်းဖြင့် အလုပ်လုပ်ရတာ ပျော်စရာပိုကောင်းပြီး အားပိုတက်စေပါတယ်။
ကိုယ်ကြိုက်တဲ့အလုပ် လုပ်ပါ
အပျော်ရွှင်ဆုံး လူတွေဟာ ကိုယ့်စိတ်ကြိုက်အလုပ်ကို အပေါ်က Boss ရဲ့ Permission အမြဲတောင်းနေစရာမလိုပဲ လုပ်နေရတဲ့ သူတွေပါ။ အဲဒိလို လူမျိုးတွေဟာ တစ်နေ့ပြီးတဲ့ လုပ်ငန်းကို အလုပ်ရဲ့ အစိတ်အပိုင်းအဖြစ် ခံစားရတာ မဟုတ်ပဲ ကိုယ်တိုင်ရဲ့ အစိတ်အပိုင်းတစ်ခုလို ခံစားနေရတတ်ပါတယ်။
သူငယ်ချင်း ရှာပါ
သင် တတ်နိုင်ရင် အလုပ်ခွင်မှာ သင် ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်း နှစ်ယောက်လောက် ရှာပြီး တူတူ အလုပ်တွဲလုပ်ခြင်းဟာ အလုပ်ကို ပိုပြီး ပျော်ဖို့ ကောင်းစေပါတယ်။
ပြောင်းလဲပါ
သင်လုပ်နေတဲ့ အလုပ်ကို မကြိုက်ရင် ချက်ခြင်း ထွက်ပြီး အလုပ်သစ်ရှာပါ။ ကိုယ်မကြိုက်တဲ့ အလုပ်မှာ တစ်နှစ်လုပ်လိုက်ရတာဟာ တစ်သက်လုံးစာ နောင်တကို ပေးစွမ်းနိုင်ပါတယ်။
အကျိုးရှိအောင်လုပ်ပါ
သင်အောင်မြင်ဖို့ အကောင်းဆုံးနည်းလမ်းဟာ ကိုယ်ကျိုးမကြည့်တဲ့ မျှော်မှန်းချက်တွေ ထားဖို့ပါပဲ။ ဒီအလုပ်က ငါ့အတွက် ဘာလုပ်ပေးနိုင်သလဲအစား ငါ ဒီအလုပ်ကိုသုံးပြီး ဘာလုပ်နိုင်သလဲဆိုတာ စဉ်းစားကြည့်ပါ။
၃. အလုပ်ခွင်မှာ အိပ်ပါ
အလုပ်ခွင်မှာ မှေးနေတာက အကြည့်ရဆိုးပါတယ်။ ဒါပေမယ့် နေ့လည်ပျင်းစရာကောင်းချိန်၊ လေးတိလေးကန် ဖြစ်ချိန်တွေမှာ ကော်ဖီဆက်တိုက် သောက်တာထက်စာရင် မိနစ်အနည်းငယ်လောက် မှိန်းနေလိုက်တာက အကျိုးပိုရှိပါတယ်။ ခဏလောက် မှိန်းလိုက်ရင် ပြန်နိုးလာတဲ့အခါ လုံးဝ လန်းဆန်းနေတာ တွေ့ရပါလိမ့်မယ်။
၄. မျက်လုံးကောင်းအောင် ထားပါ
ဖုန်း၊ ကွန်ပျူတာ စကရင်ကို တစ်နေ့လုံးကြည့်နေရလို့ ပင်ပန်းတာ၊ မျက်စိမှုန်တာ၊ ခေါင်းကိုက်တာတွေကို တိုက်ဖျက်ချင်ရင် F.Lux ဆိုတဲ့ ပရိုဂရမ်ကို သုံးကြည့်ပါ။ ညရောက်လာတာနဲ့ သင့်ရဲ့ ဦးနှောက်ကို အတင်းနှိုးနေတဲ့ အပြာရောင်အလင်းတွေကို သင့်စကရင်ကနေ ဖယ်ရှားပေးပါလိမ့်မယ်။ Android ဖုန်းမှာဆိုရင် Twilight ဆိုတဲ့ App ကို Play Store က ရှာသုံးကြည့်ပါ။