သူေဌးျဖစ္ဖို႔ ေန႔စဥ္အေလ့အက်င့္မ်ား

သူဌေးဖြစ်ဖို့ နေ့စဉ်အလေ့အကျင့်များ

လူအမ်ားစုက သူေဌးျဖစ္ခ်င္တတ္ၾကပါတယ္။ ဒါေပမယ့္ သူတို႔ဘာလုပ္ရမလဲဆိုတာကိုေတာ့ ေသခ်ာမသိၾကပါဘူး။ သင့္ရဲ႕ဘ႑ာေရးအေျခအေနနဲ႔ ေအာင္ျမင္ေက်ာ္ၾကားမႈကို တည္ေဆာက္ေျပာင္းလဲရာမွာ အေရးအႀကီးဆံုးအခ်က္ကေတာ့ ေန႔စဥ္ဘ၀ အေလ့အက်င့္ေတြကို ေျပာင္းလဲပစ္ဖို႔ပဲ ျဖစ္ပါတယ္။ ေအာင္ျမင္ေက်ာ္ၾကားသူေတြ ေနသလို၊ သံုးသလို ေနခ်င္သံုးခ်င္ရင္ ေန႔စဥ္ဘ၀ကို သူတို႔ဘယ္လိုျဖတ္သန္းလဲဆိုတာကို သိရွိလိုက္နာေနထိုင္ႏိုင္ဖို႔ လိုပါတယ္။ ဒီလိုေျပာလို႔ သူေဌးသံုးေလွ်ာက္သံုးဖို႔ ဆိုလိုတာမဟုတ္ပါဘူး။ သူတို႔ဆီက ေန႔စဥ္ဘ၀ အေလ့အက်င့္ေကာင္းေတြကို အတုယူေနထုိင္ဖို႔ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သန္းၾကြယ္သူေဌးေတြမွာ ရွိတတ္တဲ့ ေန႔စဥ္ဘ၀အေလ့အက်င့္ေကာင္း ()ခုကုိ အတုယူႏိုင္ဖို႔ ေဖာ္ျပလိုက္ပါတယ္။

၁။ ေစာေစာထပါ။

ေငြေၾကးလြတ္ေျမာက္မႈရရွိခ်င္တယ္ဆိုရင္ အိပ္ရာကေနေစာေစာထတာကေန စတင္ပါ။ မနက္ေစာေစာ အိပ္ရာမထႏိုင္သူျဖစ္ရင္လည္း အခုကေန စၿပီးထႏိုင္ဖို႔ လိုပါတယ္။ ေစာေစာထပါ။ သတင္းေတြ ဖတ္ပါ။ အီးေမးလ္ေတြ စစ္ေဆးပါ။ အေသးအမႊားအလုပ္ေတြကို ၿပီးေအာင္လုပ္လိုက္ပါ။ ၿပီးရင္ သင့္ရဲ႕အရည္အခ်င္းေတြ တိုးတက္လာဖို႔အတြက္ သက္ဆိုင္ရာအေၾကာင္းအရာတစ္ခုကို ေလ့လာခ်ိန္ မိနစ္(၃၀)ေပးပါ။ ဒါဆိုရင္ တစ္ေန႔တာလံုးမွာ အျခားသူေတြထက္ ေရွ႕ကို တစ္လွမ္းႀကိဳေရာက္ေနမွာ ျဖစ္ၿပီး အလုပ္ၿပီးေျမာက္မႈလည္း တိုးတက္လာမွာ ျဖစ္ပါတယ္။

၂။ နားရက္မွာ အခ်ိန္ျဖန္းတာကို မလုပ္ပါနဲ႔။

သူေဌးတစ္ေယာက္ ျဖစ္ဖို႔အတြက္ သင့္ရဲ႕နားရက္ကို အက်ိဳးရွိရွိအသံုးခ်ႏိုင္ဖို႔ လိုပါတယ္။ ဒီလို ေျပာလို႔ အလုပ္ခ်ည္းပဲ လုပ္ေနရမယ္လို႔ ဆိုလိုတာမဟုတ္ပါဘူး။ မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ အခ်ိန္ျဖန္းတာ၊ စိတ္ေပ်ာ္ရႊင္စရာေတြကို လုပ္ေဆာင္တာေတြကို လုပ္လို႔ရပါတယ္။ ဒါေပမယ့္ သင့္ရဲ႕ ရည္မွန္းခ်က္ေတြကို မေမ့ပါနဲ႔။ အျခားသူေတြ အခ်ိန္ျဖဳန္းေနတဲ့အခ်ိန္ကို အပိုဆုအခ်ိန္အျဖစ္သေဘာထားၿပီး သင့္လုပ္ငန္းအေၾကာင္း၊ ေငြေရးေၾကးေရးအေျခအေနအေၾကာင္း ေလ့လာဖို႔ အသုံးျပဳပါ။

၃။ ဘ႑ာေရးနဲ႔ စေတာ့ေစ်းကြက္အေၾကာင္းေတြ ေလ့လာပါ။

စေတာ့ေစ်းကြက္ဟာ စိတ္႐ႈပ္စရာအေၾကာင္းအရာတစ္ခု ျဖစ္ႏိုင္ပါတယ္။ ပ်င္းစရာလည္း ေကာင္းပါတယ္။ ဒါေပမယ့္ သင့္ကို ေငြေၾကးလြတ္ေျမာက္မႈေပးစြမ္းႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ရင္းႏွီးျမဳပ္ႏွံမႈသေဘာတရားေတြ၊ ေစ်းကြက္အေျခအေနေတြအေၾကာင္းကို လက္လွမ္းမွီသေလာက္ ေလ့လာသြားပါ။

၄။ ငယ္ရြယ္စဥ္ကတည္းက ေရရွည္ကိုေတြးၿပီး အစျပဳပါ။

ေအာင္ျမင္ခ်မ္းသာဖို႔အတြက္ အသက္အရြယ္ကန္႔သတ္ခ်က္မရွိပါဘူး။ သင့္အနာဂတ္အတြက္ ငယ္စဥ္ကတည္း စီစဥ္ထားႏိုင္တာနဲ႔အမွ် ပိုၿပီးအက်ိဳးရွိမွာျဖစ္ပါတယ္။ ေနာင္ေရးနဲ႔ပတ္သက္ၿပီး စဥ္းစားဖို႔ ငယ္ပါေသးတယ္ဆိုတာ မရွိပါဘူး။ ဒီလိုမွ ႀကိဳမေတြးထားဘူးဆိုရင္ သူမ်ားေနာက္မွာ က်န္ေနခဲ့မွာ ေသခ်ာပါတယ္။ တကယ္လို႔ ျဖစ္ခ်င္တဲ့ ရည္မွန္းခ်က္က အရမ္းေ၀းကြာလြန္းေနတယ္ဆိုရင္ေတာင္ ငယ္စဥ္ကတည္းက တတ္ႏိုင္သမွ် စီစဥ္ထားဖို႔ လိုပါတယ္။

၅။ အြန္လုိင္းမွာ ပညာရွာပါ။

အင္တာနက္ဟာ ပညာရွာဖို႔ အေကာင္းဆံုးအရင္းအျမစ္တစ္ခုျဖစ္ပါတယ္။ YouTube လို ဗီဒီယိုဆိုက္ဒ္ေတြနဲ႔ အျခား ပညာေရးအင္တာနက္စာမ်က္ႏွာေတြမွာ ေစ်းကြက္ပညာေတြ၊ ေငြေၾကးအေၾကာင္းအရာေတြ စသျဖင့္ သင္ယူေလ့လာစရာေတြ အမ်ားႀကီးရွိေနပါတယ္။ သင့္အေနနဲ႔ အင္တာနက္ကို စာၾကည့္တိုက္တစ္ခု အျဖစ္ မျမင္ဘူးဆိုရင္ လြဲမွားတဲ့နည္းလမ္းနဲ႔သံုးေနတာပဲ ျဖစ္ပါတယ္။

၆။ ရည္မွန္းခ်က္ေတြကို အရင္ဆံုးအာ႐ုံစိုက္ပါ။

ရည္မွန္းခ်က္ဆိုတဲ့ေနရာမွာ ေငြေၾကးကိစၥေတြကိုခ်ည္းပဲ ဆိုလိုတာမဟုတ္ပါဘူး။ ကိုယ္ပိုင္ရည္မွန္းခ်က္ေတြ၊ အလုပ္နဲ႔ပတ္သက္တဲ့ ရည္မွန္းခ်က္တြ အားလံုးကို အျပည့္အ၀အာ႐ုံစိုက္ပါ။ ေငြေၾကးရည္မွန္းခ်က္ေတြမလာခင္မွာ ထုတ္ကုန္ေကာင္းေတြ ထုတ္လုပ္ႏိုင္ဖို႔၊ အမွတ္တံဆိပ္တစ္ခု ေအာင္ျမင္ဖို႔ စသျဖင့္ အျခားရည္မွန္းခ်က္ေတြ ရွိေနပါေသးတယ္။ အရည္အေသြးကို ဖန္တီးႏိုင္ဖို႔ အားစိုက္လုပ္ေဆာင္ရင္းနဲ႔ ေငြေၾကးအက်ိဳးအျမတ္ခံစားခြင့္ေတြပါ ရရွိလာမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေငြမ်က္ႏွာတစ္ခုတည္းကိုပဲ ၾကည့္မေနပဲ အျခားရည္မွန္းခ်က္ေတြ ေအာင္ျမင္ဖို႔ကိုလည္း အာ႐ုံစိုက္ပါ။

၇။ သင့္ရဲ႕အမွတ္တံဆိပ္ကို တည္ေဆာက္ႏိုင္ဖို႔အတြက္ လူမႈကြန္ယက္ကို အသံုးျပဳပါ။

သင့္ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာေတြက သင့္လုပ္ငန္းရဲ႕အမွတ္တံဆိပ္၊ သင့္ရဲ႕ရပ္တည္မႈေတြကို တည္ေဆာက္ဖို႔အတြက္ စြမ္းေဆာင္ႏိုင္ရမွာ ျဖစ္ပါတယ္။ လူမႈကြန္ယက္ေတြဟာ သင့္ရဲ႕ကၽြမ္းက်င္မႈ၊ သင့္ရဲ႕ အရည္အခ်င္းေတြကို ထုတ္ျပဖို႔ခ်ည္းသက္သက္မဟုတ္ပါဘူး။ လူေတြက ပ်င္းရိၿငီးေငြ႕လာတဲ့အခါမွာ လူမႈကြန္ယက္ေတြကို သံုးတတ္ၾကတာောကာင့္ သူတို႔ကို အပန္းေျပေစၿပီး လႊမ္းမိုးႏိုင္ေစမယ့္ နည္းလမ္းကို ရွာေဖြဖို႔ လိုပါတယ္။


သူဌေးဖြစ်ဖို့ နေ့စဉ်အလေ့အကျင့်များ

လူအများစုက သန်းကြွယ်သူဌေးဖြစ်ချင်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့ဘာလုပ်ရမလဲဆိုတာကိုတော့ သေချာမသိကြပါဘူး။ သင့်ရဲ့ဘဏ္ဍာရေးအခြေအနေနဲ့ အောင်မြင်ကျော်ကြားမှုကို တည်ဆောက်ပြောင်းလဲရာမှာ အရေးအကြီးဆုံးအချက်ကတော့ နေ့စဉ်ဘ၀ အလေ့အကျင့်တွေကို ပြောင်းလဲပစ်ဖို့ပဲ ဖြစ်ပါတယ်။ အောင်မြင်ကျော်ကြားသူတွေ နေသလို၊ သုံးသလို နေချင်သုံးချင်ရင် နေ့စဉ်ဘဝကို သူတို့ဘယ်လိုဖြတ်သန်းလဲဆိုတာကို သိရှိလိုက်နာနေထိုင်နိုင်ဖို့ လိုပါတယ်။ ဒီလိုပြောလို့ သူဌေးသုံးလျှောက်သုံးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ဆီက နေ့စဉ်ဘ၀ အလေ့အကျင့်ကောင်းတွေကို အတုယူနေထိုင်ဖို့ဖြစ်ပါတယ်။ ဒါ့ကြောင့် သန်းကြွယ်သူဌေးတွေမှာ ရှိတတ်တဲ့ နေ့စဉ်ဘဝအလေ့အကျင့်ကောင်း (၇)ခုကို အတုယူနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

၁။ စောစောထပါ။

ငွေကြေးလွတ်မြောက်မှုရရှိချင်တယ်ဆိုရင် အိပ်ရာကနေစောစောထတာကနေ စတင်ပါ။ မနက်စောစော အိပ်ရာမထနိုင်သူဖြစ်ရင်လည်း အခုကနေ စပြီးထနိုင်ဖို့ လိုပါတယ်။ စောစောထပါ။ သတင်းတွေ ဖတ်ပါ။ အီးမေးလ်တွေ စစ်ဆေးပါ။ အသေးအမွှားအလုပ်တွေကို ပြီးအောင်လုပ်လိုက်ပါ။ ပြီးရင် သင့်ရဲ့အရည်အချင်းတွေ တိုးတက်လာဖို့အတွက် သက်ဆိုင်ရာအကြောင်းအရာတစ်ခုကို လေ့လာချိန် မိနစ်(၃၀)ပေးပါ။ ဒါဆိုရင် တစ်နေ့တာလုံးမှာ အခြားသူတွေထက် ရှေ့ကို တစ်လှမ်းကြိုရောက်နေမှာ ဖြစ်ပြီး အလုပ်ပြီးမြောက်မှုလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။

၂။ နားရက်မှာ အချိန်ဖြန်းတာကို မလုပ်ပါနဲ့။

သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်ဖို့အတွက် သင့်ရဲ့နားရက်ကို အကျိုးရှိရှိအသုံးချနိုင်ဖို့ လိုပါတယ်။ ဒီလို ပြောလို့ အလုပ်ချည်းပဲ လုပ်နေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အချိန်ဖြန်းတာ၊ စိတ်ပျော်ရွှင်စရာတွေကို လုပ်ဆောင်တာတွေကို လုပ်လို့ရပါတယ်။ ဒါပေမယ့် သင့်ရဲ့ ရည်မှန်းချက်တွေကို မမေ့ပါနဲ့။ အခြားသူတွေ အချိန်ဖြုန်းနေတဲ့အချိန်ကို အပိုဆုအချိန်အဖြစ်သဘောထားပြီး သင့်လုပ်ငန်းအကြောင်း၊ ငွေရေးကြေးရေးအခြေအနေအကြောင်း လေ့လာဖို့ အသုံးပြုပါ။

၃။ ဘဏ္ဍာရေးနဲ့ စတော့ဈေးကွက်အကြောင်းတွေ လေ့လာပါ။

စတော့ဈေးကွက်ဟာ စိတ်ရှုပ်စရာအကြောင်းအရာတစ်ခု ဖြစ်နိုင်ပါတယ်။ ပျင်းစရာလည်း ကောင်းပါတယ်။ ဒါပေမယ့် သင့်ကို ငွေကြေးလွတ်မြောက်မှုပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် ရင်းနှီးမြုပ်နှံမှုသဘောတရားတွေ၊ ဈေးကွက်အခြေအနေတွေအကြောင်းကို လက်လှမ်းမှီသလောက် လေ့လာသွားပါ။

၄။ ငယ်ရွယ်စဉ်ကတည်းက ရေရှည်ကိုတွေးပြီး အစပြုပါ။

အောင်မြင်ချမ်းသာဖို့အတွက် အသက်အရွယ်ကန့်သတ်ချက်မရှိပါဘူး။ သင့်အနာဂတ်အတွက် ငယ်စဉ်ကတည်း စီစဉ်ထားနိုင်တာနဲ့အမျှ ပိုပြီးအကျိုးရှိမှာဖြစ်ပါတယ်။ နောင်ရေးနဲ့ပတ်သက်ပြီး စဉ်းစားဖို့ ငယ်ပါသေးတယ်ဆိုတာ မရှိပါဘူး။ ဒီလိုမှ ကြိုမတွေးထားဘူးဆိုရင် သူများနောက်မှာ ကျန်နေခဲ့မှာ သေချာပါတယ်။ တကယ်လို့ ဖြစ်ချင်တဲ့ ရည်မှန်းချက်က အရမ်းဝေးကွာလွန်းနေတယ်ဆိုရင်တောင် ငယ်စဉ်ကတည်းက တတ်နိုင်သမျှ စီစဉ်ထားဖို့ လိုပါတယ်။

၅။ အွန်လိုင်းမှာ ပညာရှာပါ။

အင်တာနက်ဟာ ပညာရှာဖို့ အကောင်းဆုံးအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ YouTube လို ဗီဒီယိုဆိုက်ဒ်တွေနဲ့ အခြား ပညာရေးအင်တာနက်စာမျက်နှာတွေမှာ ဈေးကွက်ပညာတွေ၊ ငွေကြေးအကြောင်းအရာတွေ စသဖြင့် သင်ယူလေ့လာစရာတွေ အများကြီးရှိနေပါတယ်။ သင့်အနေနဲ့ အင်တာနက်ကို စာကြည့်တိုက်တစ်ခု အဖြစ် မမြင်ဘူးဆိုရင် လွဲမှားတဲ့နည်းလမ်းနဲ့သုံးနေတာပဲ ဖြစ်ပါတယ်။

၆။ ရည်မှန်းချက်တွေကို အရင်ဆုံးအာရုံစိုက်ပါ။

ရည်မှန်းချက်ဆိုတဲ့နေရာမှာ ငွေကြေးကိစ္စတွေကိုချည်းပဲ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ပိုင်ရည်မှန်းချက်တွေ၊ အလုပ်နဲ့ပတ်သက်တဲ့ ရည်မှန်းချက်တွ အားလုံးကို အပြည့်အဝအာရုံစိုက်ပါ။ ငွေကြေးရည်မှန်းချက်တွေမလာခင်မှာ ထုတ်ကုန်ကောင်းတွေ ထုတ်လုပ်နိုင်ဖို့၊ အမှတ်တံဆိပ်တစ်ခု အောင်မြင်ဖို့ စသဖြင့် အခြားရည်မှန်းချက်တွေ ရှိနေပါသေးတယ်။ အရည်အသွေးကို ဖန်တီးနိုင်ဖို့ အားစိုက်လုပ်ဆောင်ရင်းနဲ့ ငွေကြေးအကျိုးအမြတ်ခံစားခွင့်တွေပါ ရရှိလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ငွေမျက်နှာတစ်ခုတည်းကိုပဲ ကြည့်မနေပဲ အခြားရည်မှန်းချက်တွေ အောင်မြင်ဖို့ကိုလည်း အာရုံစိုက်ပါ။

၇။ သင့်ရဲ့အမှတ်တံဆိပ်ကို တည်ဆောက်နိုင်ဖို့အတွက် လူမှုကွန်ယက်ကို အသုံးပြုပါ။

သင့်ရဲ့လူမှုကွန်ယက်စာမျက်နှာတွေက သင့်လုပ်ငန်းရဲ့အမှတ်တံဆိပ်၊ သင့်ရဲ့ရပ်တည်မှုတွေကို တည်ဆောက်ဖို့အတွက် စွမ်းဆောင်နိုင်ရမှာ ဖြစ်ပါတယ်။ လူမှုကွန်ယက်တွေဟာ သင့်ရဲ့ကျွမ်းကျင်မှု၊ သင့်ရဲ့ အရည်အချင်းတွေကို ထုတ်ပြဖို့ချည်းသက်သက်မဟုတ်ပါဘူး။ လူတွေက ပျင်းရိငြီးငွေ့လာတဲ့အခါမှာ လူမှုကွန်ယက်တွေကို သုံးတတ်ကြတာောကာင့် သူတို့ကို အပန်းပြေစေပြီး လွှမ်းမိုးနိုင်စေမယ့် နည်းလမ်းကို ရှာဖွေဖို့ လိုပါတယ်။

Related Posts

%%footer%%