လူခ်စ္လူခင္မ်ားေစႏိုင္သည့္ အမူအက်င့္မ်ား

လူချစ်လူခင်များစေနိုင်သည့် အမူအကျင့်များ

လူအမ်ားက ခ်စ္ခင္ႏွစ္သက္ၾကတဲ့ စန္းရွိၿပီး ႏွစ္လိုဖြယ္ေကာင္းသူတစ္ဦးျဖစ္ခ်င္ပါသလား။ ဒီလို လူခ်စ္လူခင္မ်ားတဲ့ အရည္အေသြးက ေမြးရာပါလို႔ အမ်ားစုက ထင္မွတ္မွားတတ္ၾကပါတယ္။ တကယ္ေတာ့ Emotional Intelligence လို႔ေခၚတဲ့ မိမိကုိယ္တိုင္နဲ႔ အျခားလူမ်ားရဲ႕စိတ္ခံစားခ်က္ကို သိမွတ္ခံစားေပးႏိုင္စြမ္းနဲ႔သာ သက္ဆိုင္ပါတယ္။ ဒါ့ေၾကာင့္ စန္းပြင့္ၿပီး လူခ်စ္လူခင္မ်ားေစႏိုင္တဲ့ အမူအက်င့္ (၁၂)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

() ေမးခြန္းေတြေမးပါ။

လူအမ်ားစုဟာ တဖက္သားကစကားေျပာလာတဲ့အခါမွာ ဘယ္လိုတုံ႔ျပန္ေျပာဆိုရမလဲဆိုတာနဲ႔ ဘယ္လိုထိခိုက္ တဲ့စကားျဖစ္မလဲဆိုတာကိုပဲ အာ႐ုံစိုက္ေနတတ္ၾကတဲ့အတြက္ စကားလံုးေတြၾကားေနေပမယ့္ အဓိပၸါယ္ကို လြဲမွားစြာေကာက္ယူတတ္ၾကပါတယ္။ ဒီလိုမျဖစ္ဖို႔အတြက္ ေမးခြန္းေတြ ျပန္ေမးဖို႔လိုပါတယ္။ ေမးခြန္းေတြ ျပန္ေမးျခင္းအားျဖင့္ သင္နားေထာင္ေနေၾကာင္းေဖာ္ျပႏိုင္သလို တဖက္သူရဲ႕ေျပာစကားကို ဂ႐ုစိုက္ေၾကာင္း ျပသႏိုင္ပါတယ္။ ဒီအေလ့အက်င့္ေၾကာင့္ တဖက္လူက သင့္ကိုအသိအမွတ္ျပဳၿပီး ေလးစားသမႈရွိေနမွာ ျဖစ္ပါတယ္။

() စကားေျပာေနတုန္း ဖုန္းကို ေ၀းေ၀းမွာထားပါ။

တစ္ေယာက္ေယာက္နဲ႔ စကားေျပာေနတုန္းမွာ သင့္ဖုန္းက မက္ေဆ့ဂ်္၀င္လာတာတို႔၊ ဖုန္းကို အာ႐ုံေရာက္ ေနတာတို႔က တဖက္လူကို အာ႐ုံပ်က္ေစပါတယ္။ ဒါ့ေၾကာင့္ တစ္စံုတစ္ေယာက္နဲ႔ စကားေျပာမယ္ဆိုရင္ တျခား ဘယ္ကိုမွ စိတ္မပ်ံ႕လြင့္ပဲ အာ႐ုံစိုက္ထားဖို႔ လိုအပ္တယ္။ ဒီလိုဆိုရင္ စကားေျပာရတာ ပိုၿပီးအဆင္ေျပေခ်ာေမြ႕ လာမွာျဖစ္ပါတယ္။

() ႐ုိးသားေျဖာင့္မတ္ပါ။

လူခ်စ္လူခင္မ်ားသူတစ္ဦးျဖစ္ဖို႔ ႐ိုးသားေျဖာင့္မတ္ဖို႔လည္း လိုအပ္ပါတယ္။ ႐ုိးသားေျဖာင့္မတ္သူေတြကို လူေတြကယုံၾကည္ႏွစ္သက္ေလ့ရွိပါတယ္။ ဒါ့ေၾကာင့္ ဟိတ္ဟန္ကင္းကင္းနဲ႔ သင့္အရွိကိုအရွိအတိုင္း ေဖာ္ျပၿပီး ႐ုိးသားေျဖာင့္မတ္စြာ ေနထိုင္ျခင္းျဖင့္ လူအမ်ားရဲ႕ စိတ္၀င္စားခ်စ္ခင္မႈကို ရရွိႏိုင္ပါတယ္။

() စိတ္တံခါးကိုဖြင့္ထားပါ။

လူအမ်ားက ႏွစ္သက္သေဘာက်တဲ့လူျဖစ္ဖို႔အတြက္ သင့္စိတ္ကိုရွင္းရွင္းလင္းလင္းထားဖို႔ လိုအပ္ပါတယ္။ တယူသန္စိတ္ရွိၿပီး တဖက္သူကို ႀကိဳတင္အကဲျဖတ္ေလ့ရွိသူေတြကို လူေတြက စကားသိပ္မေျပာခ်င္ၾကပါဘူး။ ဒါ့ေၾကာင့္ စိတ္တံခါးကိုဖြင့္ထားမယ္ဆိုရင္ တဖက္လူကို ပိုမိုနားလည္ေပးႏိုင္မွာျဖစ္သလို သင့္အေနနဲ႔လည္း ဆက္ဆံရလြယ္ကူသူအျဖစ္နဲ႔ စိတ္၀င္စားခံရမွာျဖစ္ပါတယ္။

() အာ႐ုံစိုက္ခံရေအာင္ တမင္မလုပ္ပါနဲ႔။

အမ်ားအာ႐ုံစိုက္ခံရဖို႔ တမင္ႀကီးဟန္လုပ္အားထုတ္ေနသူမ်ိဳးကိုလည္း လူေတြက မႏွစ္သက္ၾကပါဘူး။ ႐ုိး႐ိုး သားသား ရင္းႏွီးပ်ဴငွာမႈရွိၿပီး ကိုယ့္ကိုကိုယ္ယုံၾကည္မႈရွိ႐ုံနဲ႔တင္ လူေတြရဲ႕ စိတ္၀င္စားမႈကိုရရွိႏိုင္ပါတယ္။ ေအာင္ျမင္မႈတစ္ခုခုေၾကာင့္ အာ႐ုံစိုက္ခံေနရၿပီဆိုရင္လည္း သင္ေအာင္ျမင္ဖို႔ ကူညီေပးခဲ့သူေတြကိုပါ အသိအမွတ္ျပဳလာေအာင္ လုပ္ေဆာင္ေပးသင့္ပါတယ္။ ဒီအေလ့အက်င့္ေၾကာင့္ သင္ဟာ သိတတ္ၿပီး ႏွိမ့္ခ်တတ္သူတစ္ဦးအျဖစ္ ေပၚလြင္လာမွာျဖစ္ပါတယ္။

() တသမတ္တည္း ဆက္ဆံပါ။

ဘယ္သူ႔ကိုမဆို ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ တသမတ္တည္းဆက္ဆံတာဟာ လူအမ်ားႏွစ္သက္တဲ့ အမူအက်င့္ တစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္စိတ္ထဲမွာ ဘယ္လိုပဲျဖစ္ေနပါေစ လူေတြကို တသမတ္တည္းဆက္ဆံႏိုင္ဖို႔ လိုအပ္ပါတယ္။

() ကိုယ္ဟန္အမူအယာေကာင္းေတြရွိပါေစ။

သင့္ရဲ႕ကိုယ္အမူအယာ၊ မ်က္ႏွာအမူအယာနဲ႔ အသံေနအသံထားတို႔ကလည္း လူေတြကို ဆြဲေဆာင္ႏိုင္တဲ့ အခ်က္ေတြျဖစ္ပါတယ္။ စိတ္အားထက္သန္တဲ့ ေလယူေလသိမ္း၊ မ်က္လံုးအၾကည့္၊ ခပ္႐ုိ႕႐ို႕ကိုယ္ေနဟန္ထား တို႔က ႏွစ္လိုဖြယ္ေကာင္းတဲ့လူေတြရဲ႕ အမူအယာေတြပဲ ျဖစ္ပါတယ္။

() ကနဦးအျမင္ေကာင္းရွိဖို႔လိုပါတယ္။

သုေတသနရလဒ္ေတြအရ လူေတြဟာ တစ္စံုတစ္ေယာက္ကို သူတို႔သေဘာက်မက်ကို ပထမဆံုးစတင္ ေတြ႕ဆံုခ်ိန္ ()စကၠန္႔အတြင္းမွာဆံုးျဖတ္တတ္ၾကတယ္လို႔ ဆိုပါတယ္။ ကနဦးအျမင္ေကာင္းေတြ ရရွိဖို႔က ကိုယ္ဟန္အမူအယာေကာင္းေတြ ရွိဖို႔လိုအပ္ပါတယ္။ ျပံဳးျပတာ၊ ေျဖာင့္မတ္တဲ့ ကိုယ္ေနကိုယ္ထားရွိတာ၊ ေႏြးေႏြးေထြးေထြးလက္ဆြဲႏႈတ္ဆက္တာနဲ႔ ယုံၾကည္မႈရွိရွိစကားေျပာတာတို႔က တဖက္လူကို သင္နဲ႔ပတ္သက္ၿပီး အျမင္ေကာင္းေတြ ရွိေစမွာျဖစ္ပါတယ္။

() လူေတြကို နာမည္ကို မွတ္မိေနပါေစ။

နာမည္ဆိုတာ လူတစ္ေယာက္ရဲ႕အမွတ္အသားျဖစ္ပါတယ္။ လူခ်စ္လူခင္မ်ားတဲ့ ပုဂၢိဳဟ္ေတြဟာ လူေတြရဲ႕ နာမည္ေတြကို မွတ္မိေနတတ္ၾကၿပီး ေတြ႕ဆံုတဲ့အခါမွာလည္း နာမည္ေခၚၿပီးနႈတ္ဆက္ေလ့ရွိၾကပါတယ္။ ဒီလို နာမည္ေခၚၿပီး ေျပာဆိုဆက္ဆံတာဟာ တဖက္လူကို အေလးအနက္ထားရာေရာက္ၿပီး ေက်နပ္ေစပါတယ္။ တစ္ေယာက္ေယာက္ရဲ႕နာမည္ကို ေမ့သြားခဲ့ရင္လည္း ဒုတိယအေခါက္ျပန္ေမးၿပီး ေသခ်ာမွတ္ထားဖို႔နဲ႔ ေနာက္တစ္ႀကိမ္ထပ္ေတြ႕ရင္ မွတ္မိေနဖို႔လိုပါတယ္။

(၁၀) ျပံဳးျပပါ

လူေတြဟာ မွန္လိုပဲ ဆက္ဆံတတ္ၾကပါတယ္။ သင္ကို လူေတြႏွစ္သက္သေဘာက်ေစခ်င္တယ္ဆိုရင္ေတာ့ စေတြ႕ခ်ိန္မွာပဲျဖစ္ျဖစ္၊ စကားေျပာေနတုန္းမွာပဲျဖစ္ျဖစ္ ျပံဳးျပဖို႔မေမ့ပါနဲ႔။ ဒီလိုျပံဳးျပတဲ့အတြက္ တဖက္လူကို သက္ေတာင့္သက္သာျဖစ္ေစၿပီး တန္ျပန္အျပံဳးေတြကို ရရွိမွျဖစ္ပါတယ္။

(၁၁) ရင္းရင္းႏွီးႏွီးထိေတြ႕ဆက္ဆံပါ။

ဆက္ဆံေရးတစ္ခုတည္ေဆာက္ရာမွာ စကားလံုးေတြနဲ႔တင္ မလုံေလာက္ပါဘူး။ ခံစားခ်က္ပါဖို႔လည္း လိုအပ္ပါတယ္။ ပုခုံးပုတ္တာ၊ ေပြ႕ဖက္တာနဲ႔ လႈိက္လွဲစြာ လက္စြဲႏႈတ္ဆက္တာတို႔လို ရင္းရင္းႏွီးႏွီးထိေတြ႕မႈ ေတြဟာ တဖက္လူကို သင္ဂ႐ုစိုက္ေၾကာင္းေဖာ္ျပဖို႔ အေကာင္းဆံုးနည္းလမ္းေတြျဖစ္သလို သင့္ကို ရင္းႏွီးယုံၾကည္မႈရွိေစမွာျဖစ္ပါတယ္။ ဒါေပမယ့္ ထိေတြ႕မႈကို မႀကိဳက္တတ္တဲ့လူေတြကိုေတာ့ သြားမထိမိဖို႔ သတိျပဳပါ။

(၁၂) စိတ္အားထက္သန္မႈနဲ႔ ရႊင္လန္းတက္ၾကြမႈ ႏွစ္ခုစလံုးရွိပါေစ

လူအမ်ားစုဟာ စိတ္အားထက္သန္တက္ၾကြသူေတြကို သေဘာက်ႏွစ္သက္ေလ့ရွိပါတယ္။ လူခ်စ္လူခင္ ေပါမ်ားသူေတြဟာ စိတ္အားထက္သန္မႈနဲ႔ ရႊင္လန္းတက္ၾကြမႈကို ထိန္းညွိႏိုင္ၾကပါတယ္။ အလုပ္ကို အာ႐ုံစိုက္ၿပီး အေလးအနက္ထားေပမယ့္ လုပ္ေဖာ္ကိုင္ဖက္ေတြကို ေဖာ္ေရြစြာ ေျပာဆိုဆက္ဆံ တတ္ၾကပါတယ္။


လူချစ်လူခင်များစေနိုင်သည့် အမူအကျင့်များ

လူအများက ချစ်ခင်နှစ်သက်ကြတဲ့ စန်းရှိပြီး နှစ်လိုဖွယ်ကောင်းသူတစ်ဦးဖြစ်ချင်ပါသလား။ ဒီလို လူချစ်လူခင်များတဲ့ အရည်အသွေးက မွေးရာပါလို့ အများစုက ထင်မှတ်မှားတတ်ကြပါတယ်။ တကယ်တော့ Emotional Intelligence လို့ခေါ်တဲ့ မိမိကိုယ်တိုင်နဲ့ အခြားလူများရဲ့စိတ်ခံစားချက်ကို သိမှတ်ခံစားပေးနိုင်စွမ်းနဲ့သာ သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် စန်းပွင့်ပြီး လူချစ်လူခင်များစေနိုင်တဲ့ အမူအကျင့် (၁၂)ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မေးခွန်းတွေမေးပါ။
လူအများစုဟာ တဖက်သားကစကားပြောလာတဲ့အခါမှာ ဘယ်လိုတုံ့ပြန်ပြောဆိုရမလဲဆိုတာနဲ့ ဘယ်လိုထိခိုက် တဲ့စကားဖြစ်မလဲဆိုတာကိုပဲ အာရုံစိုက်နေတတ်ကြတဲ့အတွက် စကားလုံးတွေကြားနေပေမယ့် အဓိပ္ပါယ်ကို လွဲမှားစွာကောက်ယူတတ်ကြပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် မေးခွန်းတွေ ပြန်မေးဖို့လိုပါတယ်။ မေးခွန်းတွေ ပြန်မေးခြင်းအားဖြင့် သင်နားထောင်နေကြောင်းဖော်ပြနိုင်သလို တဖက်သူရဲ့ပြောစကားကို ဂရုစိုက်ကြောင်း ပြသနိုင်ပါတယ်။ ဒီအလေ့အကျင့်ကြောင့် တဖက်လူက သင့်ကိုအသိအမှတ်ပြုပြီး လေးစားသမှုရှိနေမှာ ဖြစ်ပါတယ်။

(၂) စကားပြောနေတုန်း ဖုန်းကို ဝေးဝေးမှာထားပါ။
တစ်ယောက်ယောက်နဲ့ စကားပြောနေတုန်းမှာ သင့်ဖုန်းက မက်ဆေ့ဂ်ျဝင်လာတာတို့၊ ဖုန်းကို အာရုံရောက် နေတာတို့က တဖက်လူကို အာရုံပျက်စေပါတယ်။ ဒါ့ကြောင့် တစ်စုံတစ်ယောက်နဲ့ စကားပြောမယ်ဆိုရင် တခြား ဘယ်ကိုမှ စိတ်မပျံ့လွင့်ပဲ အာရုံစိုက်ထားဖို့ လိုအပ်တယ်။ ဒီလိုဆိုရင် စကားပြောရတာ ပိုပြီးအဆင်ပြေချောမွေ့ လာမှာဖြစ်ပါတယ်။

(၃) ရိုးသားဖြောင့်မတ်ပါ။
လူချစ်လူခင်များသူတစ်ဦးဖြစ်ဖို့ ရိုးသားဖြောင့်မတ်ဖို့လည်း လိုအပ်ပါတယ်။ ရိုးသားဖြောင့်မတ်သူတွေကို လူတွေကယုံကြည်နှစ်သက်လေ့ရှိပါတယ်။ ဒါ့ကြောင့် ဟိတ်ဟန်ကင်းကင်းနဲ့ သင့်အရှိကိုအရှိအတိုင်း ဖော်ပြပြီး ရိုးသားဖြောင့်မတ်စွာ နေထိုင်ခြင်းဖြင့် လူအများရဲ့ စိတ်ဝင်စားချစ်ခင်မှုကို ရရှိနိုင်ပါတယ်။
(၄) စိတ်တံခါးကိုဖွင့်ထားပါ။
လူအများက နှစ်သက်သဘောကျတဲ့လူဖြစ်ဖို့အတွက် သင့်စိတ်ကိုရှင်းရှင်းလင်းလင်းထားဖို့ လိုအပ်ပါတယ်။ တယူသန်စိတ်ရှိပြီး တဖက်သူကို ကြိုတင်အကဲဖြတ်လေ့ရှိသူတွေကို လူတွေက စကားသိပ်မပြောချင်ကြပါဘူး။ ဒါ့ကြောင့် စိတ်တံခါးကိုဖွင့်ထားမယ်ဆိုရင် တဖက်လူကို ပိုမိုနားလည်ပေးနိုင်မှာဖြစ်သလို သင့်အနေနဲ့လည်း ဆက်ဆံရလွယ်ကူသူအဖြစ်နဲ့ စိတ်ဝင်စားခံရမှာဖြစ်ပါတယ်။

(၅) အာရုံစိုက်ခံရအောင် တမင်မလုပ်ပါနဲ့။
အများအာရုံစိုက်ခံရဖို့ တမင်ကြီးဟန်လုပ်အားထုတ်နေသူမျိုးကိုလည်း လူတွေက မနှစ်သက်ကြပါဘူး။ ရိုးရိုး သားသား ရင်းနှီးပျူငှာမှုရှိပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရုံနဲ့တင် လူတွေရဲ့ စိတ်ဝင်စားမှုကိုရရှိနိုင်ပါတယ်။ အောင်မြင်မှုတစ်ခုခုကြောင့် အာရုံစိုက်ခံနေရပြီဆိုရင်လည်း သင်အောင်မြင်ဖို့ ကူညီပေးခဲ့သူတွေကိုပါ အသိအမှတ်ပြုလာအောင် လုပ်ဆောင်ပေးသင့်ပါတယ်။ ဒီအလေ့အကျင့်ကြောင့် သင်ဟာ သိတတ်ပြီး နှိမ့်ချတတ်သူတစ်ဦးအဖြစ် ပေါ်လွင်လာမှာဖြစ်ပါတယ်။

(၆) တသမတ်တည်း ဆက်ဆံပါ။
ဘယ်သူ့ကိုမဆို ဘယ်အချိန်မှာပဲဖြစ်ဖြစ် တသမတ်တည်းဆက်ဆံတာဟာ လူအများနှစ်သက်တဲ့ အမူအကျင့် တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်စိတ်ထဲမှာ ဘယ်လိုပဲဖြစ်နေပါစေ လူတွေကို တသမတ်တည်းဆက်ဆံနိုင်ဖို့ လိုအပ်ပါတယ်။

(၇) ကိုယ်ဟန်အမူအယာကောင်းတွေရှိပါစေ။
သင့်ရဲ့ကိုယ်အမူအယာ၊ မျက်နှာအမူအယာနဲ့ အသံနေအသံထားတို့ကလည်း လူတွေကို ဆွဲဆောင်နိုင်တဲ့ အချက်တွေဖြစ်ပါတယ်။ စိတ်အားထက်သန်တဲ့ လေယူလေသိမ်း၊ မျက်လုံးအကြည့်၊ ခပ်ရို့ရို့ကိုယ်နေဟန်ထား တို့က နှစ်လိုဖွယ်ကောင်းတဲ့လူတွေရဲ့ အမူအယာတွေပဲ ဖြစ်ပါတယ်။

(၈) ကနဦးအမြင်ကောင်းရှိဖို့လိုပါတယ်။
သုတေသနရလဒ်တွေအရ လူတွေဟာ တစ်စုံတစ်ယောက်ကို သူတို့သဘောကျမကျကို ပထမဆုံးစတင် တွေ့ဆုံချိန် (၇)စက္ကန့်အတွင်းမှာဆုံးဖြတ်တတ်ကြတယ်လို့ ဆိုပါတယ်။ ကနဦးအမြင်ကောင်းတွေ ရရှိဖို့က ကိုယ်ဟန်အမူအယာကောင်းတွေ ရှိဖို့လိုအပ်ပါတယ်။ ပြုံးပြတာ၊ ဖြောင့်မတ်တဲ့ ကိုယ်နေကိုယ်ထားရှိတာ၊ နွေးနွေးထွေးထွေးလက်ဆွဲနှုတ်ဆက်တာနဲ့ ယုံကြည်မှုရှိရှိစကားပြောတာတို့က တဖက်လူကို သင်နဲ့ပတ်သက်ပြီး အမြင်ကောင်းတွေ ရှိစေမှာဖြစ်ပါတယ်။

(၉) လူတွေကို နာမည်ကို မှတ်မိနေပါစေ။
နာမည်ဆိုတာ လူတစ်ယောက်ရဲ့အမှတ်အသားဖြစ်ပါတယ်။ လူချစ်လူခင်များတဲ့ ပုဂ္ဂိုဟ်တွေဟာ လူတွေရဲ့ နာမည်တွေကို မှတ်မိနေတတ်ကြပြီး တွေ့ဆုံတဲ့အခါမှာလည်း နာမည်ခေါ်ပြီးနှုတ်ဆက်လေ့ရှိကြပါတယ်။ ဒီလို နာမည်ခေါ်ပြီး ပြောဆိုဆက်ဆံတာဟာ တဖက်လူကို အလေးအနက်ထားရာရောက်ပြီး ကျေနပ်စေပါတယ်။ တစ်ယောက်ယောက်ရဲ့နာမည်ကို မေ့သွားခဲ့ရင်လည်း ဒုတိယအခေါက်ပြန်မေးပြီး သေချာမှတ်ထားဖို့နဲ့ နောက်တစ်ကြိမ်ထပ်တွေ့ရင် မှတ်မိနေဖို့လိုပါတယ်။

(၁၀) ပြုံးပြပါ
လူတွေဟာ မှန်လိုပဲ ဆက်ဆံတတ်ကြပါတယ်။ သင်ကို လူတွေနှစ်သက်သဘောကျစေချင်တယ်ဆိုရင်တော့ စတွေ့ချိန်မှာပဲဖြစ်ဖြစ်၊ စကားပြောနေတုန်းမှာပဲဖြစ်ဖြစ် ပြုံးပြဖို့မမေ့ပါနဲ့။ ဒီလိုပြုံးပြတဲ့အတွက် တဖက်လူကို သက်တောင့်သက်သာဖြစ်စေပြီး တန်ပြန်အပြုံးတွေကို ရရှိမှဖြစ်ပါတယ်။

(၁၁) ရင်းရင်းနှီးနှီးထိတွေ့ဆက်ဆံပါ။
ဆက်ဆံရေးတစ်ခုတည်ဆောက်ရာမှာ စကားလုံးတွေနဲ့တင် မလုံလောက်ပါဘူး။ ခံစားချက်ပါဖို့လည်း လိုအပ်ပါတယ်။ ပုခုံးပုတ်တာ၊ ပွေ့ဖက်တာနဲ့ လှိုက်လှဲစွာ လက်စွဲနှုတ်ဆက်တာတို့လို ရင်းရင်းနှီးနှီးထိတွေ့မှု တွေဟာ တဖက်လူကို သင်ဂရုစိုက်ကြောင်းဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းတွေဖြစ်သလို သင့်ကို ရင်းနှီးယုံကြည်မှုရှိစေမှာဖြစ်ပါတယ်။ ဒါပေမယ့် ထိတွေ့မှုကို မကြိုက်တတ်တဲ့လူတွေကိုတော့ သွားမထိမိဖို့ သတိပြုပါ။

(၁၂) စိတ်အားထက်သန်မှုနဲ့ ရွှင်လန်းတက်ကြွမှု နှစ်ခုစလုံးရှိပါစေ
လူအများစုဟာ စိတ်အားထက်သန်တက်ကြွသူတွေကို သဘောကျနှစ်သက်လေ့ရှိပါတယ်။ လူချစ်လူခင် ပေါများသူတွေဟာ စိတ်အားထက်သန်မှုနဲ့ ရွှင်လန်းတက်ကြွမှုကို ထိန်းညှိနိုင်ကြပါတယ်။ အလုပ်ကို အာရုံစိုက်ပြီး အလေးအနက်ထားပေမယ့် လုပ်ဖော်ကိုင်ဖက်တွေကို ဖော်ရွေစွာ ပြောဆိုဆက်ဆံ တတ်ကြပါတယ်။

Related Posts

%%footer%%