မိန်းကလေးတွေအနေနဲ့ လူပျိုကြီးတွေကို ဘာကြောင့် အခွင့်အရေးပိုပေးသင့်တာလဲ ?
မိန္းကေလးအမ်ားစုက တစ္ကိုယ္တည္းဘ၀နဲ႔ အၾကာႀကီးေနတဲ့ ေယာကၤ်ားေတြနဲ႔ ဆံုဆည္းရရင္ စိုးရိမ္စိတ္ပိုတတ္ပါတယ္။ တကယ္ေတ့ အသက္အရြယ္တစ္ခုထိ အိမ္ေထာင္မရွိေသးတဲ့ ေယာကၤ်ားေတြကို အုပ္စုႏွစ္ခုခြဲၾကည့္ႏိုင္ပါတယ္။
ပထမတစ္စုက ေငြေၾကးခ်မ္းသာမယ္၊ မိန္းမတစ္ေယာက္ေယာက္နဲ႔ အနက္႐ႈိင္းဆံုးဆက္ဆံေရးေတြ ရွိခဲ့ဖူးမယ္၊ ၿပီးေတာ့ ဒီအတိတ္ကေန စိတ္ခံစားမႈပိုင္းဆိုင္ရာအရေရာ ေငြေရးေၾကးေရးအရပါ လြတ္ေျမာက္ဖို႔ႀကိဳးစားေနတဲ့ သူေတြျဖစ္ပါတယ္။ ဒီလိုေယာကၤ်ားမ်ိဳးေတြက ရည္းစားေဟာင္းကို အခ်ိန္အၾကာႀကီးေထာက္ပံ့ကူညီခဲ့ရတဲ့အတြက္ လက္ရွိအခ်ိန္မွာ ေငြေၾကးအက်ပ္အတည္းနဲ႔လည္း ရင္ဆိုင္ေနရႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေနာက္ထပ္တြဲမယ့္ မိန္းကေလးအတြက္ စိတ္ေက်နပ္စရာမျဖစ္ႏိုင္တာက ပံုမွန္ပါပဲ။
ဒုတိယအုပ္စုထဲမွာေတာ့ တစ္ႀကိမ္တစ္ခါမွ လက္မထပ္ဖူး၊ ခ်စ္သူရည္းစားမထားဖူးေသးတဲ့ လူပ်ိဳႀကီးေတြ ျဖစ္ပါတယ္။ ႐ုတ္တရက္ဆိုရင္ေတာ့ ဒီအသက္အရြယ္ထိ အၿမီးမေပါက္ေသးတာ တစ္ခုခုမွားေနလို႔လားလို႔ ထင္ခ်င္စရာျဖစ္ပါတယ္။ ဒါေပမယ့္ သူဘယ္လိုလူမ်ိဳးလဲဆိုတာနဲ႔ အနာဂတ္ဘ၀အတြက္ သူ႔မွာ ဘယ္လိုသႏၷဌာန္ေတြရွိလဲဆိုတာကို ေသခ်ာေလ့လာၾကည့္တာ မမွားပါဘူး။
ေယာကၤ်ားေလးေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈအဆင့္ေတြနဲ႔ ခြဲျခားေလ့လာၾကည့္မယ္ဆိုရင္ ႏွစ္မ်ိဳးထပ္ခြဲလို႔ ရပါေသးတယ္။ တစ္မ်ိဳးကေတာ့ သူ႔ကိုယ္ပိုင္အင္ပါယာကို တည္ေထာင္ေနခ်ိန္မွာ ခ်စ္သူမိန္းကေလးကို အနားမွာရွိေနေစခ်င္တဲ့သူေတြျဖစ္ပါတယ္။ ဒီလိုေယာကၤ်ားမ်ိဳးက အသက္(၂၀)ေက်ာ္၊ (၃၀)ေက်ာ္ေလာက္မွာတင္ အိမ္ေထာင္ျပဳတတ္ၾကၿပီး ခမ္းနားတဲ့ဘ၀ႀကီးကို တူႏွစ္ကိုယ္တဲအိုပ်က္ကေန စတင္တည္ေဆာက္ခ်င္သူေတြျဖစ္ပါတယ္။
ေနာက္တစ္မ်ိဳးကေတာ့ သူ႔ကိုယ္ပိုင္အင္ပါယာကို အရင္တည္ေဆာက္ၿပီးမွ ခ်စ္သူမိန္းကေလးကို ေတာ္၀င္နန္းထက္မွာ မိဖုရားအျဖစ္တင္ေျမွာက္ေနရာေပးခ်င္သူျဖစ္ပါတယ္။ ဒီလို ေယာကၤ်ားႏွစ္မ်ိဳးစလံုးကို ဘယ္တစ္မ်ိဳးက ေကာင္းတယ္ဆိုးတယ္လို႔ ေျပာလို႔မရပါဘူး။ ေရြးခ်ယ္သူရဲ႕ စိတ္ဆႏၵနဲ႔အမ်ားႀကီး သက္ဆိုင္ပါတယ္။ ဒါေပမယ့္ ကိုယ္ဘာလဲဆိုတာကို ကိုယ္တိုင္သိၿပီး လံုျခံဳစိတ္ခ်တည္ၿငိမ္ေအးခ်မ္းတဲ့ ဘ၀တစ္ခုကို တည္ေဆာက္ၿပီးသားကို လိုခ်င္တယ္ဆိုရင္ေတာ့ ဒုတိယတစ္မ်ိဳးက အသင့္ေတာ္ဆံုးပါပဲ။
မိန်းကလေးတွေအနေနဲ့ လူပျိုကြီးတွေကို ဘာကြောင့် အခွင့်အရေးပိုပေးသင့်တာလဲ ?
မိန်းကလေးအများစုက တစ်ကိုယ်တည်းဘဝနဲ့ အကြာကြီးနေတဲ့ ယောင်္ကျားတွေနဲ့ ဆုံဆည်းရရင် စိုးရိမ်စိတ်ပိုတတ်ပါတယ်။ တကယ်တေ့ အသက်အရွယ်တစ်ခုထိ အိမ်ထောင်မရှိသေးတဲ့ ယောင်္ကျားတွေကို အုပ်စုနှစ်ခုခွဲကြည့်နိုင်ပါတယ်။
ပထမတစ်စုက ငွေကြေးချမ်းသာမယ်၊ မိန်းမတစ်ယောက်ယောက်နဲ့ အနက်ရှိုင်းဆုံးဆက်ဆံရေးတွေ ရှိခဲ့ဖူးမယ်၊ ပြီးတော့ ဒီအတိတ်ကနေ စိတ်ခံစားမှုပိုင်းဆိုင်ရာအရရော ငွေရေးကြေးရေးအရပါ လွတ်မြောက်ဖို့ကြိုးစားနေတဲ့ သူတွေဖြစ်ပါတယ်။ ဒီလိုယောင်္ကျားမျိုးတွေက ရည်းစားဟောင်းကို အချိန်အကြာကြီးထောက်ပံ့ကူညီခဲ့ရတဲ့အတွက် လက်ရှိအချိန်မှာ ငွေကြေးအကျပ်အတည်းနဲ့လည်း ရင်ဆိုင်နေရနိုင်ပါတယ်။ ဒါ့ကြောင့် နောက်ထပ်တွဲမယ့် မိန်းကလေးအတွက် စိတ်ကျေနပ်စရာမဖြစ်နိုင်တာက ပုံမှန်ပါပဲ။
ဒုတိယအုပ်စုထဲမှာတော့ တစ်ကြိမ်တစ်ခါမှ လက်မထပ်ဖူး၊ ချစ်သူရည်းစားမထားဖူးသေးတဲ့ လူပျိုကြီးတွေ ဖြစ်ပါတယ်။ ရုတ်တရက်ဆိုရင်တော့ ဒီအသက်အရွယ်ထိ အမြီးမပေါက်သေးတာ တစ်ခုခုမှားနေလို့လားလို့ ထင်ချင်စရာဖြစ်ပါတယ်။ ဒါပေမယ့် သူဘယ်လိုလူမျိုးလဲဆိုတာနဲ့ အနာဂတ်ဘဝအတွက် သူ့မှာ ဘယ်လိုသန္နဌာန်တွေရှိလဲဆိုတာကို သေချာလေ့လာကြည့်တာ မမှားပါဘူး။
ယောင်္ကျားလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်တွေနဲ့ ခွဲခြားလေ့လာကြည့်မယ်ဆိုရင် နှစ်မျိုးထပ်ခွဲလို့ ရပါသေးတယ်။ တစ်မျိုးကတော့ သူ့ကိုယ်ပိုင်အင်ပါယာကို တည်ထောင်နေချိန်မှာ ချစ်သူမိန်းကလေးကို အနားမှာရှိနေစေချင်တဲ့သူတွေဖြစ်ပါတယ်။ ဒီလိုယောင်္ကျားမျိုးက အသက်(၂၀)ကျော်၊ (၃၀)ကျော်လောက်မှာတင် အိမ်ထောင်ပြုတတ်ကြပြီး ခမ်းနားတဲ့ဘ၀ကြီးကို တူနှစ်ကိုယ်တဲအိုပျက်ကနေ စတင်တည်ဆောက်ချင်သူတွေဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ သူ့ကိုယ်ပိုင်အင်ပါယာကို အရင်တည်ဆောက်ပြီးမှ ချစ်သူမိန်းကလေးကို တော်ဝင်နန်းထက်မှာ မိဖုရားအဖြစ်တင်မြှောက်နေရာပေးချင်သူဖြစ်ပါတယ်။ ဒီလို ယောင်္ကျားနှစ်မျိုးစလုံးကို ဘယ်တစ်မျိုးက ကောင်းတယ်ဆိုးတယ်လို့ ပြောလို့မရပါဘူး။ ရွေးချယ်သူရဲ့ စိတ်ဆန္ဒနဲ့အများကြီး သက်ဆိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဘာလဲဆိုတာကို ကိုယ်တိုင်သိပြီး လုံခြုံစိတ်ချတည်ငြိမ်အေးချမ်းတဲ့ ဘဝတစ်ခုကို တည်ဆောက်ပြီးသားကို လိုချင်တယ်ဆိုရင်တော့ ဒုတိယတစ်မျိုးက အသင့်တော်ဆုံးပါပဲ။