စီးပြားေရးနဲ႔ပတ္သက္ၿပီး သိထားရမည့္အခ်က္(၇)ခု

စီးပွားရေးနဲ့ပတ်သက်ပြီး သိထားရမည့်အချက်(၇)ခု

ေအာင္ျမင္တဲ့စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ျဖစ္ခ်င္ပါသလား။ စီးပြားေရးနဲ႔ပတ္သက္ၿပီး မသိမျဖစ္ သိထားရမယ့္ အခ်က္တခ်ိဳ႕ရွိပါတယ္။ ဒီအခ်က္ေတြကေတာ့

၁။ ကိန္းဂဏန္းေတြကို သိထားပါ။

စီးပြားေရးသမားေတာ္ေတာ္မ်ားမ်ားက သက္ဆိုင္ရာလုပ္ငန္းနယ္ပယ္ထဲက အခ်က္အလက္ေတြ၊ ကိန္းဂဏန္းေတြေတြကို ပဲသိတတ္ၾကပါတယ္။ တကယ္ဆိုရင္ သက္ဆိုင္ရာလုပ္ငန္းနဲ႔ပတ္သက္ၿပီး ႏႈန္းထားအမ်ိဳးမ်ိဳး၊ ရႈေထာင့္အမ်ိဳးမ်ိဳးကို သိထားရမွာျဖစ္ပါတယ္။ စီးပြားေရးသမားတစ္ေယာက္အေနနဲ႔ ကိုယ့္ကိုယ္ကို တန္ဖိုးျမွင့္တင္ရာမွာ လုပ္ငန္းနဲ႔ပတ္သက္ၿပီး ၿပီးျပည့္စံုတဲ့ အသိပညာဗဟုသုတရွိရမွာ ျဖစ္ပါတယ္။ ရရွိႏိုင္သမွ် သတင္းအခ်က္အလက္၊ ကိန္းဂဏန္းမွန္သမွ်ကို အက်ိဳးရွိရွိအသံုးခ်ပါ။

၂။ နည္းလမ္းမွန္သမွ်သိထားပါ။

လုပ္ငန္းတစ္ခု ေအာင္ျမင္ဖို႔အတြက္ သက္ဆိုင္ရာနည္းလမ္းေတြ၊ ကိရိယာေတြရွိပါတယ္။ ဒီနည္းလမ္းေတြကို ဘယ္လို ကၽြမ္းက်င္ပိုင္ႏိုင္စြာအသံုးခ်မလဲဆိုတာကို ေလ့လာဖို႔လိုအပ္ပါတယ္။ စားသံုးသူေတြကို သင္ကၽြမ္းက်င္တဲ့နည္းလမ္းနဲ႔ ၀န္ေဆာင္မႈေပးႏိုင္မယ္ဆိုရင္ အားေပးမႈေတြရရွိမွာျဖစ္ပါတယ္။

၃။ အခ်ိန္ကို သိပါ။

ကိုယ့္အခ်ိန္ကို ကိုယ္သိတဲ့သူေတြက သူတို႔ရဲ႕လုပ္စရာကိစၥေတြကို ထိန္းခ်ဳပ္ႏိုင္စြမ္းရွိပါတယ္။ သင့္အေနနဲ႔ ျဖည့္ဆည္းေပးရမယ့္ ၀န္ေဆာင္မႈေတြကို အျမဲေနာက္က်ေနမယ္ဆိုရင္ လုပ္ငန္းတိုးတက္ဖို႔ အခြင့္အလမ္း မရွိပါဘူး။ အခ်ိန္ကို ထိထိေရာက္ေရာက္အသံုးခ်တတ္မယ္ဆိုရင္ေတာ့ စားသံုးသူေတြအားလံုးရင္ထဲၿငိေစမယ့္ ၀န္ေဆာင္မႈေတြ ေပးစြမ္းႏိုင္မွာျဖစ္ပါတယ္။

၄။ ခြန္အားကို သိပါ။

အလုပ္ကို အင္အားသံုးၿပီး ႀကိဳးႀကိဳးစားစားလုပ္တိုင္းလည္း ေအာင္ျမင္တာမဟုတ္ပါဘူး။ နည္းစနစ္မွန္ကန္ရင္ ခြန္အားကို လိုတာထက္ပိုစိုက္ထုတ္စရာမလုိပဲ ေအာင္ျမင္ႏိုင္ပါတယ္။

၅။ လူမႈအသိုင္းအ၀ိုင္းကို သိပါ။

သင့္ပတ္၀န္းက်င္က လူေတြရဲ႕ အရည္အခ်င္းေတြကို သိထားတာက အမွားကင္းတဲ့လုပ္ငန္းတစ္ခုကို တည္ေဆာက္ႏိုင္ေစပါတယ္။ သင့္လုပ္ငန္းနဲ႔ပတ္သက္ၿပီး သင့္ကို၀န္းရံေပးဖို႔ မွန္ကန္တဲ့လူေတြရွိေနမယ္ဆိုရင္ ေအာင္ျမင္မႈကို ရပ္တန္႔မရႏိုင္ေတာ့ပါဘူး။ သင့္လုပ္ငန္းက ေတာင္းဆိုလာတဲ့ေနရာမွန္သမွ်မွ သင့္ေတာ္ရာ လူမွန္ေနရာမွန္ ထည့္သြင္းတတ္ရမွာ ျဖစ္ပါတယ္။ ၿပီးရင္ ေပးႏိုင္သမွ် အျမင့္ဆံုးခံစားခြင့္ေတြ ေပးထားပါ။

၆။ ေငြေၾကးကို သိပါ။

သင့္ကိုယ္ပိုင္ေငြေၾကးအေၾကာင္းကို ေသခ်ာသိရင္ ေငြေၾကးကို ပြားမ်ားလာေအာင္ လုပ္တတ္လာပါလိမ့္္မယ္။ သင့္အေနနဲ႔ ဘယ္ေလာက္ရတယ္၊ ဘယ္ေလာက္သံုးတယ္၊ ဘယ္ေလာက္စုေဆာင္းတယ္ဆိုတာကို အတိအက် သိထားဖို႔လိုပါတယ္။ ဒါ့အျပင္ လစဥ္လတိုင္းလည္း အပိုေငြက်န္ေနေအာင္ ႀကိဳးစားပါ။ ဒီလိုဆိုရင္ သင့္ရဲ႕အျမတ္ေငြေတြ တိုးတက္လာမွာေသခ်ာပါတယ္။ မိမိရဲ႕ဘ႑ာေရးအေျခအေနကို ေသခ်ာသိထားတာက ခ်မ္းသာၾကြယ္၀ဖို႔ အေသခ်ာဆံုးနည္းလမ္းပါပဲ။

၇။ စားသံုးသူအေၾကာင္းကို သိပါ။

သင့္ရဲ႕အလုပ္ရွင္ကလည္း သင့္ရဲ႕စားသံုးသူပါပဲ။ ရွင္းရွင္းေျပာရရင္ အျခားသူတစ္ေယာက္ေယာက္ဆီက ေငြေၾကးအက်ိဳးအျမတ္ရတိုင္းမွာ သူတို႔ကို ေသခ်ာဂ႐ုစိုက္ဖို႔ လိုပါတယ္။ သင့္ရဲ႕စားသံုးသူစိတ္ေက်နပ္မႈရရွိဖို႔က သင့္ရဲ႕ပထမဦးစားေပးျဖစ္ေနဖို႔ လိုပါတယ္။ တတ္ႏိုင္သမွ် လိုတာထက္ပိုၿပီး ျဖည့္ဆည္းေပးပါ။ သူတို႔အေၾကာင္းကို သိထားၿပီး သူတို႔ရဲ႕လုိအပ္ခ်က္ေတြကို နားလည္ေနပါေစ။ ဘယ္လိုလုပ္ငန္းနယ္ပယ္ထဲမွာမဆို စားသံုးသူအေၾကာင္းကို သိထားတာက သင့္လုပ္ငန္းတိုးတက္ေစဖို႔ အထိေရာက္ဆံုးနည္းလမ္းပဲျဖစ္ပါတယ္။


စီးပွားရေးနဲ့ပတ်သက်ပြီး သိထားရမည့်အချက်(၇)ခု

အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်ပါသလား။ စီးပွားရေးနဲ့ပတ်သက်ပြီး မသိမဖြစ် သိထားရမယ့် အချက်တချို့ရှိပါတယ်။ ဒီအချက်တွေကတော့ –

၁။ ကိန်းဂဏန်းတွေကို သိထားပါ။

စီးပွားရေးသမားတော်တော်များများက သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်ထဲက အချက်အလက်တွေ၊ ကိန်းဂဏန်းတွေတွေကို မသိတတ်ကြပါတယ်။ တကယ်ဆိုရင် သက်ဆိုင်ရာလုပ်ငန်းနဲ့ပတ်သက်ပြီး နှုန်းထားအမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးကို သိထားရမှာဖြစ်ပါတယ်။ စီးပွားရေးသမားတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမြှင့်တင်ရာမှာ လုပ်ငန်းနဲ့ပတ်သက်ပြီး ပြီးပြည့်စုံတဲ့ အသိပညာဗဟုသုတရှိရမှာ ဖြစ်ပါတယ်။ ရရှိနိုင်သမျှ သတင်းအချက်အလက်၊ ကိန်းဂဏန်းမှန်သမျှကို အကျိုးရှိရှိအသုံးချပါ။

၂။ နည်းလမ်းမှန်သမျှသိထားပါ။

လုပ်ငန်းတစ်ခု အောင်မြင်ဖို့အတွက် သက်ဆိုင်ရာနည်းလမ်းတွေ၊ ကိရိယာတွေရှိပါတယ်။ ဒီနည်းလမ်းတွေကို ဘယ်လို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချမလဲဆိုတာကို လေ့လာဖို့လိုအပ်ပါတယ်။ စားသုံးသူတွေကို သင်ကျွမ်းကျင်တဲ့နည်းလမ်းနဲ့ ဝန်ဆောင်မှုပေးနိုင်မယ်ဆိုရင် အားပေးမှုတွေရရှိမှာဖြစ်ပါတယ်။

၃။ အချိန်ကို သိပါ။

ကိုယ့်အချိန်ကို ကိုယ်သိတဲ့သူတွေက သူတို့ရဲ့လုပ်စရာကိစ္စတွေကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ သင့်အနေနဲ့ ဖြည့်ဆည်းပေးရမယ့် ဝန်ဆောင်မှုတွေကို အမြဲနောက်ကျနေမယ်ဆိုရင် လုပ်ငန်းတိုးတက်ဖို့ အခွင့်အလမ်း မရှိပါဘူး။ အချိန်ကို ထိထိရောက်ရောက်အသုံးချတတ်မယ်ဆိုရင်တော့ စားသုံးသူတွေအားလုံးရင်ထဲငြိစေမယ့် ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

၄။ ခွန်အားကို သိပါ။

အလုပ်ကို အင်အားသုံးပြီး ကြိုးကြိုးစားစားလုပ်တိုင်းလည်း အောင်မြင်တာမဟုတ်ပါဘူး။ နည်းစနစ်မှန်ကန်ရင် ခွန်အားကို လိုတာထက်ပိုစိုက်ထုတ်စရာမလိုပဲ အောင်မြင်နိုင်ပါတယ်။

၅။ လူမှုအသိုင်းအဝိုင်းကို သိပါ။

သင့်ပတ်ဝန်းကျင်က လူတွေရဲ့ အရည်အချင်းတွေကို သိထားတာက အမှားကင်းတဲ့လုပ်ငန်းတစ်ခုကို တည်ဆောက်နိုင်စေပါတယ်။ သင့်လုပ်ငန်းနဲ့ပတ်သက်ပြီး သင့်ကိုဝန်းရံပေးဖို့ မှန်ကန်တဲ့လူတွေရှိနေမယ်ဆိုရင် အောင်မြင်မှုကို ရပ်တန့်မရနိုင်တော့ပါဘူး။ သင့်လုပ်ငန်းက တောင်းဆိုလာတဲ့နေရာမှန်သမျှမှ သင့်တော်ရာ လူမှန်နေရာမှန် ထည့်သွင်းတတ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် ပေးနိုင်သမျှ အမြင့်ဆုံးခံစားခွင့်တွေ ပေးထားပါ။

၆။ ငွေကြေးကို သိပါ။

သင့်ကိုယ်ပိုင်ငွေကြေးအကြောင်းကို သေချာသိရင် ငွေကြေးကို ပွားများလာအောင် လုပ်တတ်လာပါလိမ့်မယ်။ သင့်အနေနဲ့ ဘယ်လောက်ရတယ်၊ ဘယ်လောက်သုံးတယ်၊ ဘယ်လောက်စုဆောင်းတယ်ဆိုတာကို အတိအကျ သိထားဖို့လိုပါတယ်။ ဒါ့အပြင် လစဉ်လတိုင်းလည်း အပိုငွေကျန်နေအောင် ကြိုးစားပါ။ ဒီလိုဆိုရင် သင့်ရဲ့အမြတ်ငွေတွေ တိုးတက်လာမှာသေချာပါတယ်။ မိမိရဲ့ဘဏ္ဍာရေးအခြေအနေကို သေချာသိထားတာက ချမ်းသာကြွယ်ဝဖို့ အသေချာဆုံးနည်းလမ်းပါပဲ။

၇။ စားသုံးသူအကြောင်းကို သိပါ။

သင့်ရဲ့အလုပ်ရှင်ကလည်း သင့်ရဲ့စားသုံးသူပါပဲ။ ရှင်းရှင်းပြောရရင် အခြားသူတစ်ယောက်ယောက်ဆီက ငွေကြေးအကျိုးအမြတ်ရတိုင်းမှာ သူတို့ကို သေချာဂရုစိုက်ဖို့ လိုပါတယ်။ သင့်ရဲ့စားသုံးသူစိတ်ကျေနပ်မှုရရှိဖို့က သင့်ရဲ့ပထမဦးစားပေးဖြစ်နေဖို့ လိုပါတယ်။ တတ်နိုင်သမျှ လိုတာထက်ပိုပြီး ဖြည့်ဆည်းပေးပါ။ သူတို့အကြောင်းကို သိထားပြီး သူတို့ရဲ့လိုအပ်ချက်တွေကို နားလည်နေပါစေ။ ဘယ်လိုလုပ်ငန်းနယ်ပယ်ထဲမှာမဆို စားသုံးသူအကြောင်းကို သိထားတာက သင့်လုပ်ငန်းတိုးတက်စေဖို့ အထိရောက်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

Related Posts

%%footer%%