နည်းနည်းအိပ်ပြီး အလုပ်များများ ပြီးစေဖို့
ကမၻာႀကီးကို လႊမ္းမိုးဖို႔ ႀကိဳးစားခဲ့တဲ့ Alexander The Great ဘုရင္ႀကီးဟာ အခ်ိန္နည္းနည္းပဲ အိပ္ပါသတဲ့။ ဥေရာပကို အသက္ ၂၆ ႏွစ္မွာ လႊမ္းမိုးႏိုင္ခဲ့ဲ့ စစ္ဘုရင္ နပိုလီယံရဲ႕ ေဆာင္ပုဒ္က ” ေယာက္်ားဆိုတာ ၆ နာရီအိပ္ရမယ္။ မိန္းမက ၇ နာရီ အိပ္ရမယ္။ အ႐ူးေတြပဲ ၈ နာရီ ၾကာေအာင္ အိပ္ရမယ္” ပါတဲ့။ ေသာမတ္ အယ္ဒီဆင္၊ ဝင္စတန္ ခ်ာခ်ီ၊ ဘီလ္ ကလင္တန္၊ အားလံုးဟာ အိပ္ခိ်န္ နည္းနည္းပဲ ယူၾကတာပါ။ ကြၽန္ေတာ္တို႔ကေတာ့ တစ္ေန႔ကို ၈ နာရီ ၉ နာရီေလာက္ အိပ္ၿပီး အခ်ိန္ ကုန္ေနၾကရင္ ေအာင္ျမင္မႈ ရပါဦးမလား။
လူေတြဟာ အိပ္မေပ်ာ္မွာ ေၾကာက္တတ္ၾကပါတယ္။ အိပ္မေပ်ာ္လို႔ အင္အား မျပည့္ရင္ ေနာက္တစ္ရက္က် အလုပ္ေကာင္းေကာင္း မလုပ္ႏိုင္မွာ ေၾကာက္ၾကပါတယ္။ အဲဒိေတာ့ အိပ္ခ်ိန္ ေလ်ာ့ရမွာကို စိုးရြံ႔လာၾကတာပါပဲ။ အိပ္ခ်ိန္ေလ်ာ့ရမွာကို မစိုးရြံဖို႔က အိပ္စက္ျခင္းရဲ႕ သေဘာ သဘာဝကို သိနားလည္ထားရမွာပါ။
ဘာေၾကာင့္ လူေတြ အိပ္ၾကတာလဲ ဆိုတာကို သိပၸံ ပညာ႐ွင္ေတြ မေျဖ႐ွင္းႏိုင္ၾကေသးပါဘူး။ သိသေလာက္နဲ႔ ေျပာရရင္ေတာ့ အိပ္ခ်ိန္မွာ ခႏၶာကိုယ္ရဲ႕ ယိုယြင္းေနတဲ့ အပိုင္းေတြကို ျပင္ဆင္ၾကၿပီး သန္႔႐ွင္းေရးေတြ လုပ္ေဆာင္ၾကပါတယ္။ အိပ္စက္ျခင္းမွာ အဆင့္ေလးဆင့္ ႐ွိပါတယ္။ ပထမဆင့္က မွိန္းေနတဲ့ အဆင့္ပါ။ အဲဒိအဆင့္မွာ ျပင္ဆင္ျခင္း ဘာမွ မလုပ္ၾကပါဘူး။ ဒုတိယအဆင့္က ဘာလဲဆိုတာ မ႐ွင္းလင္းေသးပါဘူး။ ဒါေပမယ့္ အဲ့ဒီ အဆင့္ဟာ စိတ္ခံစားခ်က္ကို ျပန္လည္ျပင္ဆင္မႈနဲ႔ ဆိုင္ပါတယ္။ တတိယဆင့္နဲ႔ စတုထၳဆင့္က နက္နက္႐ိႈင္း႐ိႈင္း ျပင္ဆင္မႈေတြ ျပဳလုပ္ၾကၿပီး အေရးႀကီးဆံုးပါ။ ႏိုးခါနီးေလးမွာ အိပ္မက္မက္တဲ့ အဆင့္တစ္ဆင့္ ႐ွိၿပီး အဲဒိအဆင့္က သင့္ရဲ႕ မွတ္ဉာဏ္ကို ျပင္ဆင္ေပးတာပါ။
ပံုမွန္ဆို အဆင့္ တစ္ခုနဲ႔ တစ္ခုၾကား မိနစ္ ၉၀ ကြာပါတယ္။ အိပ္ခ်ိန္ကို ေလ်ာ့လိုက္ရင္ ပထမဆင့္ကို အဓ္က ေလ်ာ့ပစ္တာမို႔ အႏၱရာယ္မ႐ွိပါဘူး။ ဟုတ္ပါၿပီ။ အဲဒီေတာ့ ဘယ္လို ေလ်ာ့အိပ္ရမလဲ။
အိပ္ခ်ိန္ ေလ်ာ့ဖို႔ အေကာင္းဆံုး နည္းလမ္းကေတာ့ ေလ်ာ့အိပ္ဖို႔ပါပဲ။ အတည္ေျပာတာပါ။ သင္ အိပ္ရာထဲမွာ ႐ွိတဲ့ အခ်ိန္ကို ေလ်ာ့လိုက္ရင္ ခႏၶာကိုယ္က ပထမဆင့္ အိပ္စက္ျခင္းကို ေလ်ာ့ၿပီး စတုတၳဆင့္ကို တိုးလိုက္ပါတယ္။ ပထမ တစ္ရက္ႏွစ္ရက္ကေတာ့ အိပ္ေရးမဝဒဏ္ကို ခံစားရမွာပါ။ တစ္ပတ္ႏွစ္ပါတ္ ၾကာရင္ေတာ့ ခႏၶာကိုယ္က ခ်ိန္ညႇိႏိုင္သြားၿပီး လူေကာင္းတစ္ေယာက္လို ျပန္ျဖစ္သြားပါမယ္။ ဒီထက္ပိုၿပီး နည္းနည္း နည္းနည္းနဲ႔ အိပ္ခ်ိန္ကို ေလ်ာ့သြားႏိုင္ပါတယ္။
ပထမအဆင့္ သင္ အိပ္ခ်ိန္ဘယ္ေလာက္လိုအပ္လဲ ႐ွာရပါမယ္။ အဲဒါလုပ္ဖို႔ ေလးရက္ အခ်ိန္ ေပးရပါမယ္။ ပထမသံုးရက္မွာ အိပ္ႏိုင္သေလာက္ လံုးဝ အိပ္ရပါမယ္။ အခ်ိန္႐ွိတိုင္း အိပ္ရပါမယ္။ ဒါဆို ေနာက္ဆံုးရက္မွာ အိပ္ခ်ိန္ သိသိသာသာ ေလ်ာ့သြားပါမယ္။ အဲဒါ သင္ လိုအပ္တဲ့ အိပ္ခ်ိန္ပါပဲ။ ၿပီးရင္ေတာ့ သင့္ကိုယ္သင္ အဲဒီထက္ ပိုမအိပ္မိေစဖို႔ ကန္႔သတ္ရပါမယ္။ ေက်ာင္းပိတ္ရက္ေတြေတာင္ ဆက္မအိပ္ရပါဘူး။ အိပ္စက္ျခင္းပံုစံ ပ်က္သြားမွာ စိုးလို႔ပါ။ သင္ ေသာၾကာေန႔ည အျပင္ထြက္လို႔ ညနက္သြားရင္ေတာင္ ပံုမွန္ပဲ ထရမွာ ျဖစ္ၿပီး ေန႔ခင္းမွ တစ္ေရးေလာက္ အိပ္လိုက္ပါ။
ပထမ ရက္ပိုင္းေတြကေတာ့ ခက္ခဲေနမွာပါ။ အရမ္းအရမ္း အိပ္ခ်င္လြန္းလို႔ ႏိႈးစက္ကို ပိတ္ၿပီး ဆက္အိပ္ျဖစ္တာေတြလဲ ၾကံဳရမွာပါ။ ဒါေပမယ့္ အဲဒီအခက္အခဲေတြကို လက္မေလ်ာ့ပဲ ဆက္လက္ ႀကိဳးစားရင္ ေနာက္ဆံုးေတာ့ သင္လဲ အိပ္ခ်ိန္နည္းနည္းနဲ႔ အခ်ိန္မ်ားမ်ား ရလာမွာပါ။ တစ္ပါတ္ႏွစ္ပါတ္ ပါပဲ။
ပံုမွန္လူတစ္ေယာက္ဟာ ဘဝရဲ႕ ၂၅ ႏွစ္ကို အိပ္စက္ျခင္းနဲ႔ ကုန္ဆံုးေလ့ ႐ွိပါတယ္ တဲ့။ ႏွေမ်ာစရာ မေကာင္းပါလား။ အိပ္စက္ခ်ိန္ကို ေလ်ာ့လိုက္ရင္ သင့္ရဲ႕ ဘဝမွာလဲ အခ်ိန္ အမ်ားႀကီး ပို ထြက္လာမွာပါ။
နည်းနည်းအိပ်ပြီး အလုပ်များများ ပြီးစေဖို့
ကမ္ဘာကြီးကို လွှမ်းမိုးဖို့ ကြိုးစားခဲ့တဲ့ Alexander The Great ဘုရင်ကြီးဟာ အချိန်နည်းနည်းပဲ အိပ်ပါသတဲ့။ ဥရောပကို အသက် ၂၆ နှစ်မှာ လွှမ်းမိုးနိုင်ခဲ့ စစ်ဘုရင် နပိုလီယံရဲ့ ဆောင်ပုဒ်က ” ယောက်ျားဆိုတာ ၆ နာရီအိပ်ရမယ်။ မိန်းမက ၇ နာရီ အိပ်ရမယ်။ အရူးတွေပဲ ၈ နာရီ ကြာအောင် အိပ်ရမယ်” ပါတဲ့။ သောမတ် အယ်ဒီဆင်၊ ဝင်စတန် ချာချီ၊ ဘီလ် ကလင်တန်၊ အားလုံးဟာ အိပ်ချိန် နည်းနည်းပဲ ယူကြတာပါ။ ကျွန်တော်တို့ကတော့ တစ်နေ့ကို ၈ နာရီ ၉ နာရီလောက် အိပ်ပြီး အချိန် ကုန်နေကြရင် အောင်မြင်မှု ရပါဦးမလား။
လူတွေဟာ အိပ်မပျော်မှာ ကြောက်တတ်ကြပါတယ်။ အိပ်မပျော်လို့ အင်အား မပြည့်ရင် နောက်တစ်ရက်ကျ အလုပ်ကောင်းကောင်း မလုပ်နိုင်မှာ ကြောက်ကြပါတယ်။ အဲဒိတော့ အိပ်ချိန် လျော့ရမှာကို စိုးရွံ့လာကြတာပါပဲ။ အိပ်ချိန်လျော့ရမှာကို မစိုးရွံဖို့က အိပ်စက်ခြင်းရဲ့ သဘော သဘာဝကို သိနားလည်ထားရမှာပါ။
ဘာကြောင့် လူတွေ အိပ်ကြတာလဲ ဆိုတာကို သိပ္ပံ ပညာရှင်တွေ မဖြေရှင်းနိုင်ကြသေးပါဘူး။ သိသလောက်နဲ့ ပြောရရင်တော့ အိပ်ချိန်မှာ ခန္ဓာကိုယ်ရဲ့ ယိုယွင်းနေတဲ့ အပိုင်းတွေကို ပြင်ဆင်ကြပြီး သန့်ရှင်းရေးတွေ လုပ်ဆောင်ကြပါတယ်။ အိပ်စက်ခြင်းမှာ အဆင့်လေးဆင့် ရှိပါတယ်။ ပထမဆင့်က မှိန်းနေတဲ့ အဆင့်ပါ။ အဲဒိအဆင့်မှာ ပြင်ဆင်ခြင်း ဘာမှ မလုပ်ကြပါဘူး။ ဒုတိယအဆင့်က ဘာလဲဆိုတာ မရှင်းလင်းသေးပါဘူး။ ဒါပေမယ့် အဲ့ဒီ အဆင့်ဟာ စိတ်ခံစားချက်ကို ပြန်လည်ပြင်ဆင်မှုနဲ့ ဆိုင်ပါတယ်။ တတိယဆင့်နဲ့ စတုထ္ထဆင့်က နက်နက်ရှိုင်းရှိုင်း ပြင်ဆင်မှုတွေ ပြုလုပ်ကြပြီး အရေးကြီးဆုံးပါ။ နိုးခါနီးလေးမှာ အိပ်မက်မက်တဲ့ အဆင့်တစ်ဆင့် ရှိပြီး အဲဒိအဆင့်က သင့်ရဲ့ မှတ်ဉာဏ်ကို ပြင်ဆင်ပေးတာပါ။
ပုံမှန်ဆို အဆင့် တစ်ခုနဲ့ တစ်ခုကြား မိနစ် ၉၀ ကွာပါတယ်။ အိပ်ချိန်ကို လျော့လိုက်ရင် ပထမဆင့်ကို အဓ်က လျော့ပစ်တာမို့ အန္တရာယ်မရှိပါဘူး။ ဟုတ်ပါပြီ။ အဲဒီတော့ ဘယ်လို လျော့အိပ်ရမလဲ။
အိပ်ချိန် လျော့ဖို့ အကောင်းဆုံး နည်းလမ်းကတော့ လျော့အိပ်ဖို့ပါပဲ။ အတည်ပြောတာပါ။ သင် အိပ်ရာထဲမှာ ရှိတဲ့ အချိန်ကို လျော့လိုက်ရင် ခန္ဓာကိုယ်က ပထမဆင့် အိပ်စက်ခြင်းကို လျော့ပြီး စတုတ္ထဆင့်ကို တိုးလိုက်ပါတယ်။ ပထမ တစ်ရက်နှစ်ရက်ကတော့ အိပ်ရေးမဝဒဏ်ကို ခံစားရမှာပါ။ တစ်ပတ်နှစ်ပါတ် ကြာရင်တော့ ခန္ဓာကိုယ်က ချိန်ညှိနိုင်သွားပြီး လူကောင်းတစ်ယောက်လို ပြန်ဖြစ်သွားပါမယ်။ ဒီထက်ပိုပြီး နည်းနည်း နည်းနည်းနဲ့ အိပ်ချိန်ကို လျော့သွားနိုင်ပါတယ်။
ပထမအဆင့် သင် အိပ်ချိန်ဘယ်လောက်လိုအပ်လဲ ရှာရပါမယ်။ အဲဒါလုပ်ဖို့ လေးရက် အချိန် ပေးရပါမယ်။ ပထမသုံးရက်မှာ အိပ်နိုင်သလောက် လုံးဝ အိပ်ရပါမယ်။ အချိန်ရှိတိုင်း အိပ်ရပါမယ်။ ဒါဆို နောက်ဆုံးရက်မှာ အိပ်ချိန် သိသိသာသာ လျော့သွားပါမယ်။ အဲဒါ သင် လိုအပ်တဲ့ အိပ်ချိန်ပါပဲ။ ပြီးရင်တော့ သင့်ကိုယ်သင် အဲဒီထက် ပိုမအိပ်မိစေဖို့ ကန့်သတ်ရပါမယ်။ ကျောင်းပိတ်ရက်တွေတောင် ဆက်မအိပ်ရပါဘူး။ အိပ်စက်ခြင်းပုံစံ ပျက်သွားမှာ စိုးလို့ပါ။ သင် သောကြာနေ့ည အပြင်ထွက်လို့ ညနက်သွားရင်တောင် ပုံမှန်ပဲ ထရမှာ ဖြစ်ပြီး နေ့ခင်းမှ တစ်ရေးလောက် အိပ်လိုက်ပါ။
ပထမ ရက်ပိုင်းတွေကတော့ ခက်ခဲနေမှာပါ။ အရမ်းအရမ်း အိပ်ချင်လွန်းလို့ နှိုးစက်ကို ပိတ်ပြီး ဆက်အိပ်ဖြစ်တာတွေလဲ ကြုံရမှာပါ။ ဒါပေမယ့် အဲဒီအခက်အခဲတွေကို လက်မလျော့ပဲ ဆက်လက် ကြိုးစားရင် နောက်ဆုံးတော့ သင်လဲ အိပ်ချိန်နည်းနည်းနဲ့ အချိန်များများ ရလာမှာပါ။ တစ်ပါတ်နှစ်ပါတ် ပါပဲ။
ပုံမှန်လူတစ်ယောက်ဟာ ဘဝရဲ့ ၂၅ နှစ်ကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးလေ့ ရှိပါတယ် တဲ့။ နှမျောစရာ မကောင်းပါလား။ အိပ်စက်ချိန်ကို လျော့လိုက်ရင် သင့်ရဲ့ ဘဝမှာလဲ အချိန် အများကြီး ပို ထွက်လာမှာပါ။