Benjamin Franklin ၏ အစီအစဥ္ျဖင့္ တစ္ရက္တာေနထိုင္ျခင္း

Benjamin Franklin ၏ အစီအစဉ်ဖြင့် တစ်ရက်တာနေထိုင်ခြင်း

တစ္ေန႔တာလုပ္ငန္းေဆာင္တာေတြကို မွတ္သားထားႏိုင္တဲ့ application ေတြမေပၚခင္က ေအာင္ျမင္မႈအတြက္ ေန႔စဥ္လုပ္ေဆာင္သင့္တဲ့အစီအစဥ္တစ္ခုကို Benjamin Franklin က ေဖာ္ထုတ္ျပသခဲ့ဖူးပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေပါင္း (၂၀၀)ေက်ာ္ေလာက္က အေမရိကန္ျပည္ေထာင္စုကို စတင္တည္ေထာင္သူ Benjamin Franklin ေရးဆြဲခဲ့တဲ့ တစ္ေန႔တာအစီအစဥ္က အခုေခတ္မွာ အလုပ္ျဖစ္ႏိုင္ေသးရဲ႕လားဆိုတာကို စမ္းသပ္ၾကည့္ဖို႔ လိုပါတယ္။ ဒီအတြက္ ၁၇၉၁ ခုႏွစ္တုန္းက Benjamin Franklin ကိုယ္တိုင္ေရးသားခဲ့တဲ့ ကိုယ္ေရးအထုပတၱိထဲက ေန႔စဥ္လုပ္ငန္းအစီအစဥ္ကို တစ္ရက္တာ လုိက္နာက်င့္သံုးၾကည့္ခဲ့ပါတယ္။

သူ႔ရဲ႕ အစီအစဥ္ကေတာ့

5 AM – 8 AM : The Morning Question

ဒီေန႔အတြက္ ေကာင္းက်ိဳးရွိတာ ဘာလုပ္မလဲ ?

အိပ္ရာကထ၊ မ်က္ႏွာသစ္၊ ေရခ်ိဳး၊ ေကာင္းခ်ီးေပး၊ တစ္ေန႔တာလုပ္ငန္းေဆာင္တာေတြ ျပင္ဆင္ၿပီး ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္၊ လက္ရွိေလ့လာေနတဲ့အရာကို ဆက္ေလ့လာၿပီးရင္ မနက္စာစားဖို႔ ပဲျဖစ္ပါတယ္။

Benjamin Franklin ရဲ႕အစီအစဥ္ကို လိုက္လုပ္ၾကည့္တဲ့အခါမွာေတာ့ မနက္()နာရီ အိပ္ရာကထေနက် မဟုတ္ရင္ အဆင္ေျပမွာမဟုတ္ပါဘူး။ ဒါေပမယ့္ က်န္တဲ့တစ္မနက္ခင္းလံုးမွာ ကပ်ာကယာ ျဖစ္စရာမလိုတဲ့အတြက္ အဆင္ေျပေခ်ာေမြ႕ေနတာကို ေတြ႕ရမွာပါ။ သြားတိုက္ဖို႔ မ်က္ႏွာသစ္ဖို႔ အခ်ိန္ပိုရသလို ၀တ္စံုကိုလည္း စိတ္ႀကိဳက္ေရြးခ်ယ္ႏိုင္ပါတယ္။ တစ္ေန႔တာလုပ္ငန္းေဆာင္တာေတြ ျပင္ဆင္တဲ့အေနနဲ႔ တစ္ေန႔တာအတြက္ ရည္မွန္းခ်က္ပန္းတိုင္ေတြ ခ်မွတ္ၿပီး အေကာင္အထည္ေပၚေအာင္ ဘယ္လိုလုပ္မလဲဆိုတာကို စီစဥ္ပါတယ္။ အလုပ္နဲ႔ပတ္သတ္တဲ့ တစ္ေန႔စာ ရည္မွန္းခ်က္ ()ခုနဲ႔ ဘ၀တိုးတက္ေရးအတြက္ ()ခု ခ်မွတ္ႏိုင္ခဲ့ပါတယ္။ ၿပီးရင္ေတာ့ အရင္တုန္းက မေတြးမိခဲ့တဲ့ ဘုရားသခင္၊ ကံတရား၊ ေလာကႀကီးအေၾကာင္းေတြကို စဥ္းစားသုံးသပ္ခ်ိန္ရပါတယ္။ ဘာသာတရားအတြက္ အလုပ္လုပ္ဖို႔ သိလာတာကို ဆိုလိုခ်င္တာပါ။

8 AM – 12 PM : Work

အလုပ္ကိုေရာက္ၿပီဆိုတာနဲ႔ မနက္ခင္းမွာ ခ်မွတ္ထားတဲ့ တစ္ေန႔စာ ရည္မွန္းခ်က္ပန္းတိုင္ေတြကို ခ်ေရးၿပီး အလုပ္စားပြဲမွာ ကပ္ထားလိုက္ပါတယ္။ ဒီရည္မွန္းခ်က္ေတြကို စိတ္ထဲမွာ ထည့္ထားၿပီး လုပ္တဲ့အခါမွာ လုပ္စရာရွိတာေတြကို အာ႐ုံစူးစိုက္ႏိုင္စြမ္းအျပည့္နဲ႔ လုပ္ႏိုင္တာကို ေတြ႕ရပါတယ္။ မနက္ ()နာရီထခဲ့ရတဲ့အတြက္ အက်င့္မရွိေသးရင္ နည္းနည္းေတာ့ ပင္ပန္းပါလိမ့္မယ္။

12PM – 2 PM : Read or overlook my accounts and dine

ေန႔လည္ ၁၂ နာရီကေန နာရီအထိကေတာ့ ေန႔လည္စာစားခ်ိန္၊ စာဖတ္ခ်ိန္ ဒါမွမဟုတ္ စာရင္းေတြစစ္ေဆးရတဲ့အခ်ိန္ျဖစ္ပါတယ္။

Benjamin Franklin က ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ျဖစ္တဲ့အတြက္ ၾကည့္႐ႈစစ္ေဆးစရာ စာရင္းအင္းေတြ အမ်ားႀကီးရွိႏိုင္ပါတယ္။ သူ႔အစီအစဥ္အတိုင္း က်င့္သံုးၾကည့္တဲ့အေနနဲ႔ ကၽြန္ေတာ္အတြက္ စစ္ေဆးစရာရွိတဲ့ စာရင္းအင္းေတြကို ဒီအခ်ိန္မွာ စစ္ေဆးသလို ယေန႔ေခတ္ရဲ႕ ဆိုရွယ္မီဒီယာေတြျဖစ္တဲ့ Twitter, Facebook, Instagram နဲ႔ Youtube အေကာင့္ေတြကိုလည္း စစ္ေဆးၾကည့္႐ႈပါတယ္။ ဒီလိုလုပ္ရင္း မိတ္ေဆြအေပါင္းအသင္းေတြရဲ႕ ေမြးေန႔အတြက္ ေမြးေန႔ဆုေတာင္းေပးတာ၊ tweet လုပ္တာ၊ Like ေပးသင့္တာေတြကို ေပးလိုက္ပါတယ္။ ဒီလိုေတြ လုပ္ေဆာင္လုိက္ရတဲ့အတြက္ တကယ္ကို ေက်နပ္မႈကို ခံစားလိုက္ရပါတယ္။ ၿပီးရင္ေတာ့ ေန႔လည္စာ စားလိုက္ပါတယ္။ ဒီအစီအစဥ္ရဲ႕ အေကာင္းဆံုးအပိုင္းက ရတဲ့အခ်ိန္အတြင္းမွာ စာဖတ္တာပဲျဖစ္ပါတယ္။ စာဖတ္လိုက္ျခင္းအားျဖင့္ ဦးေႏွာက္ကို စြမ္းအင္ျပန္ၿပီး ျပည့္သြားေစပါတယ္။

2 PM – 5 PM : Work

Benjamin Franklin ရဲ႕ အစီအစဥ္တိုင္းဆိုရင္ ညေန ()နာရီမွာ အလုပ္ၿပီးရမွာျဖစ္ေပမယ့္ ကၽြန္ေတာ္ကေတာ့ အစည္းအေ၀းတစ္ခုရွိတဲ့အတြက္ ()နာရီမွ ၿပီးခဲ့ပါတယ္။ ဒါေပမယ့္ Benjamin Franklin ဆိုရင္လည္း အေရးႀကီးကိစၥရွိရင္ အစီအစဥ္ကို ေျပာင္းလဲႏိုင္တယ္လို႔ ေတြးၿပီး ေျဖသိမ့္လိုက္ပါတယ္။ အလုပ္ကေနျပန္လာတဲ့အခ်ိန္မွာ မနက္က ခ်မွတ္ထားတဲ့ ရည္မွန္းခ်က္()ခုထဲက ()ခု ၿပီးေအာင္လုပ္ႏိုင္ခဲ့ပါတယ္။

5 PM – 10 PM : Evening question

ဒီေန႔အတြက္ ေကာင္းက်ိဳးရွိတာ ဘာလုပ္ခဲ့လဲ?

ပစၥည္းေတြ ေနရာတက်ျပန္ထား၊ ညစာစား၊ ေတးဂီတာနားေထာင္၊ စကားစျမည္ေျပာ၊ တစ္ေန႔စာအတြက္ ျပန္လည္သံုးသပ္ဖို႔ပဲ ျဖစ္ပါတယ္။

Benjamin Franklin ရဲ႕ အစီအစဥ္ကို မလိုက္နာရင္လည္း လူတိုင္း အိမ္ကိုျပန္ေရာက္တာနဲ႔ သန္႔ရွင္းသြားေအာင္ ေရမိုးခ်ိဳး၊ ညစာစား ၿပီး အနားယူတတ္ၾကပါတယ္။ ဒါေပမယ့္ Benjamin ရဲ႕ အစီအစဥ္မွာ ေဖာ္ျပထားတဲ့ တစ္ေန႔စာအတြက္ ျပန္လည္သံုးသပ္တာကေတာ့ အေရးႀကီးပါတယ္။ မနက္ခင္းပိုင္းမွာ ခ်မွတ္ခဲ့ၿပီး အေကာင္အထည္ေဖာ္ႏိုင္ခဲ့တဲ့ ရည္မွန္းခ်က္ ()ခုနဲ႔ မေဖာ္ႏိုင္ခဲ့တဲ့ ()ခုအေၾကာင္းကို ျပန္ေတြးၿပီး မနက္ျဖန္အတြက္ ရည္မွန္းခ်က္အသစ္ေတြနဲ႔ လုပ္ေဆာင္ခ်က္ေတြကို ခ်ေရးထားလိုက္ပါတယ္။ ၿပီးေတာ့ တစ္ေန႔တာလံုးမွာ လုပ္ေဆာင္ခဲ့တဲ့ အက်ိဳးရွိတဲ့အရာေတြကို ျပန္လည္သံုးသပ္လိုက္ပါတယ္။ ဒီလိုဆင္ျခင္သံုးသပ္တာက ကၽြန္ေတာ္ကို ေနာက္ထပ္တစ္ရက္ဆက္လက္ရွင္သန္ေနခ်င္ေအာင္ တြန္းအားေပး ႏိုင္ပါတယ္။

Benjamin Franklin ရဲ႕ တစ္ေန႔တာအစီအစဥ္အတိုင္း လိုက္နာေနထိုင္ၾကည့္တဲ့အခါမွာ လက္ရွိဘ၀ေနထိုင္မႈနဲ႔ တူညီမႈေတြေရာ ကြဲျပားမႈေတြကိုပဲ ေတြ႕ရပါတယ္။ တူညီမႈကေတာ့ သူကလည္း ယေန႔ေခတ္မွာရွိတဲ့ လူေတြလိုပဲ တစ္ေန႔တာရဲ႕အခ်ိန္အမ်ားစုကို အလုပ္လုပ္ရင္းနဲ႔ ကုန္ဆံုးေနတာျဖစ္ပါတယ္။ မတူတာကေတာ့ သူ႔ရဲ႕တစ္ေန႔တာကို ရည္မွန္းခ်က္ေတြနဲ႔ ျဖတ္သန္းေနတာပဲျဖစ္ပါတယ္။ Benjamin Franklin ရဲ႕ တစ္ေန႔တာအစီအစဥ္ကေနမွတဆင့္ ကၽြန္ေတာ္တို႔ရဲ႕ အခ်ိန္ေတြကို ဘယ္လိုသံုးေနလဲ၊ ဘာေၾကာင့္၊ ဘာအတြက္ သံုးေနရသလဲဆိုတာကို သိလာခဲ့ရပါတယ္။


Benjamin Franklin ၏ အစီအစဉ်ဖြင့် တစ်ရက်တာနေထိုင်ခြင်း

တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို မှတ်သားထားနိုင်တဲ့ application တွေမပေါ်ခင်က အောင်မြင်မှုအတွက် နေ့စဉ်လုပ်ဆောင်သင့်တဲ့အစီအစဉ်တစ်ခုကို Benjamin Franklin က ဖော်ထုတ်ပြသခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀၀)ကျော်လောက်က အမေရိကန်ပြည်ထောင်စုကို စတင်တည်ထောင်သူ Benjamin Franklin ရေးဆွဲခဲ့တဲ့ တစ်နေ့တာအစီအစဉ်က အခုခေတ်မှာ အလုပ်ဖြစ်နိုင်သေးရဲ့လားဆိုတာကို စမ်းသပ်ကြည့်ဖို့ လိုပါတယ်။ ဒီအတွက် ၁၇၉၁ ခုနှစ်တုန်းက Benjamin Franklin ကိုယ်တိုင်ရေးသားခဲ့တဲ့ ကိုယ်ရေးအထုပတ္တိထဲက နေ့စဉ်လုပ်ငန်းအစီအစဉ်ကို တစ်ရက်တာ လိုက်နာကျင့်သုံးကြည့်ခဲ့ပါတယ်။

သူ့ရဲ့ အစီအစဉ်ကတော့ –

5 AM – 8 AM : The Morning Question

ဒီနေ့အတွက် ကောင်းကျိုးရှိတာ ဘာလုပ်မလဲ ?

အိပ်ရာကထ၊ မျက်နှာသစ်၊ ရေချိုး၊ ကောင်းချီးပေး၊ တစ်နေ့တာလုပ်ငန်းဆောင်တာတွေ ပြင်ဆင်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်၊ လက်ရှိလေ့လာနေတဲ့အရာကို ဆက်လေ့လာပြီးရင် မနက်စာစားဖို့ ပဲဖြစ်ပါတယ်။

Benjamin Franklin ရဲ့အစီအစဉ်ကို လိုက်လုပ်ကြည့်တဲ့အခါမှာတော့ မနက်(၅)နာရီ အိပ်ရာကထနေကျ မဟုတ်ရင် အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျန်တဲ့တစ်မနက်ခင်းလုံးမှာ ကပျာကယာ ဖြစ်စရာမလိုတဲ့အတွက် အဆင်ပြေချောမွေ့နေတာကို တွေ့ရမှာပါ။ သွားတိုက်ဖို့ မျက်နှာသစ်ဖို့ အချိန်ပိုရသလို ဝတ်စုံကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ တစ်နေ့တာလုပ်ငန်းဆောင်တာတွေ ပြင်ဆင်တဲ့အနေနဲ့ တစ်နေ့တာအတွက် ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ပြီး အကောင်အထည်ပေါ်အောင် ဘယ်လိုလုပ်မလဲဆိုတာကို စီစဉ်ပါတယ်။ အလုပ်နဲ့ပတ်သတ်တဲ့ တစ်နေ့စာ ရည်မှန်းချက် (၄)ခုနဲ့ ဘဝတိုးတက်ရေးအတွက် (၃)ခု ချမှတ်နိုင်ခဲ့ပါတယ်။ ပြီးရင်တော့ အရင်တုန်းက မတွေးမိခဲ့တဲ့ ဘုရားသခင်၊ ကံတရား၊ လောကကြီးအကြောင်းတွေကို စဉ်းစားသုံးသပ်ချိန်ရပါတယ်။ ဘာသာတရားအတွက် အလုပ်လုပ်ဖို့ သိလာတာကို ဆိုလိုချင်တာပါ။

8 AM – 12 PM : Work

အလုပ်ကိုရောက်ပြီဆိုတာနဲ့ မနက်ခင်းမှာ ချမှတ်ထားတဲ့ တစ်နေ့စာ ရည်မှန်းချက်ပန်းတိုင်တွေကို ချရေးပြီး အလုပ်စားပွဲမှာ ကပ်ထားလိုက်ပါတယ်။ ဒီရည်မှန်းချက်တွေကို စိတ်ထဲမှာ ထည့်ထားပြီး လုပ်တဲ့အခါမှာ လုပ်စရာရှိတာတွေကို အာရုံစူးစိုက်နိုင်စွမ်းအပြည့်နဲ့ လုပ်နိုင်တာကို တွေ့ရပါတယ်။ မနက် (၅)နာရီထခဲ့ရတဲ့အတွက် အကျင့်မရှိသေးရင် နည်းနည်းတော့ ပင်ပန်းပါလိမ့်မယ်။

12PM – 2 PM : Read or overlook my accounts and dine

နေ့လည် ၁၂ နာရီကနေ ၂ နာရီအထိကတော့ နေ့လည်စာစားချိန်၊ စာဖတ်ချိန် ဒါမှမဟုတ် စာရင်းတွေစစ်ဆေးရတဲ့အချိန်ဖြစ်ပါတယ်။

Benjamin Franklin က အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အတွက် ကြည့်ရှုစစ်ဆေးစရာ စာရင်းအင်းတွေ အများကြီးရှိနိုင်ပါတယ်။ သူ့အစီအစဉ်အတိုင်း ကျင့်သုံးကြည့်တဲ့အနေနဲ့ ကျွန်တော်အတွက် စစ်ဆေးစရာရှိတဲ့ စာရင်းအင်းတွေကို ဒီအချိန်မှာ စစ်ဆေးသလို ယနေ့ခေတ်ရဲ့ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Twitter, Facebook, Instagram နဲ့ Youtube အကောင့်တွေကိုလည်း စစ်ဆေးကြည့်ရှုပါတယ်။ ဒီလိုလုပ်ရင်း မိတ်ဆွေအပေါင်းအသင်းတွေရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးတာ၊ tweet လုပ်တာ၊ Like ပေးသင့်တာတွေကို ပေးလိုက်ပါတယ်။ ဒီလိုတွေ လုပ်ဆောင်လိုက်ရတဲ့အတွက် တကယ်ကို ကျေနပ်မှုကို ခံစားလိုက်ရပါတယ်။ ပြီးရင်တော့ နေ့လည်စာ စားလိုက်ပါတယ်။ ဒီအစီအစဉ်ရဲ့ အကောင်းဆုံးအပိုင်းက ရတဲ့အချိန်အတွင်းမှာ စာဖတ်တာပဲဖြစ်ပါတယ်။ စာဖတ်လိုက်ခြင်းအားဖြင့် ဦးနှောက်ကို စွမ်းအင်ပြန်ပြီး ပြည့်သွားစေပါတယ်။

2 PM – 5 PM : Work

Benjamin Franklin ရဲ့ အစီအစဉ်တိုင်းဆိုရင် ညနေ (၅)နာရီမှာ အလုပ်ပြီးရမှာဖြစ်ပေမယ့် ကျွန်တော်ကတော့ အစည်းအဝေးတစ်ခုရှိတဲ့အတွက် (၆)နာရီမှ ပြီးခဲ့ပါတယ်။ ဒါပေမယ့် Benjamin Franklin ဆိုရင်လည်း အရေးကြီးကိစ္စရှိရင် အစီအစဉ်ကို ပြောင်းလဲနိုင်တယ်လို့ တွေးပြီး ဖြေသိမ့်လိုက်ပါတယ်။ အလုပ်ကနေပြန်လာတဲ့အချိန်မှာ မနက်က ချမှတ်ထားတဲ့ ရည်မှန်းချက်(၄)ခုထဲက (၃)ခု ပြီးအောင်လုပ်နိုင်ခဲ့ပါတယ်။

5 PM – 10 PM : Evening question

ဒီနေ့အတွက် ကောင်းကျိုးရှိတာ ဘာလုပ်ခဲ့လဲ?

ပစ္စည်းတွေ နေရာတကျပြန်ထား၊ ညစာစား၊ တေးဂီတာနားထောင်၊ စကားစမြည်ပြော၊ တစ်နေ့စာအတွက် ပြန်လည်သုံးသပ်ဖို့ပဲ ဖြစ်ပါတယ်။

Benjamin Franklin ရဲ့ အစီအစဉ်ကို မလိုက်နာရင်လည်း လူတိုင်း အိမ်ကိုပြန်ရောက်တာနဲ့ သန့်ရှင်းသွားအောင် ရေမိုးချိုး၊ ညစာစား ပြီး အနားယူတတ်ကြပါတယ်။ ဒါပေမယ့် Benjamin ရဲ့ အစီအစဉ်မှာ ဖော်ပြထားတဲ့ တစ်နေ့စာအတွက် ပြန်လည်သုံးသပ်တာကတော့ အရေးကြီးပါတယ်။ မနက်ခင်းပိုင်းမှာ ချမှတ်ခဲ့ပြီး အကောင်အထည်ဖော်နိုင်ခဲ့တဲ့ ရည်မှန်းချက် (၃)ခုနဲ့ မဖော်နိုင်ခဲ့တဲ့ (၁)ခုအကြောင်းကို ပြန်တွေးပြီး မနက်ဖြန်အတွက် ရည်မှန်းချက်အသစ်တွေနဲ့ လုပ်ဆောင်ချက်တွေကို ချရေးထားလိုက်ပါတယ်။ ပြီးတော့ တစ်နေ့တာလုံးမှာ လုပ်ဆောင်ခဲ့တဲ့ အကျိုးရှိတဲ့အရာတွေကို ပြန်လည်သုံးသပ်လိုက်ပါတယ်။ ဒီလိုဆင်ခြင်သုံးသပ်တာက ကျွန်တော်ကို နောက်ထပ်တစ်ရက်ဆက်လက်ရှင်သန်နေချင်အောင် တွန်းအားပေး နိုင်ပါတယ်။

Benjamin Franklin ရဲ့ တစ်နေ့တာအစီအစဉ်အတိုင်း လိုက်နာနေထိုင်ကြည့်တဲ့အခါမှာ လက်ရှိဘ၀နေထိုင်မှုနဲ့ တူညီမှုတွေရော ကွဲပြားမှုတွေကိုပဲ တွေ့ရပါတယ်။ တူညီမှုကတော့ သူကလည်း ယနေ့ခေတ်မှာရှိတဲ့ လူတွေလိုပဲ တစ်နေ့တာရဲ့အချိန်အများစုကို အလုပ်လုပ်ရင်းနဲ့ ကုန်ဆုံးနေတာဖြစ်ပါတယ်။ မတူတာကတော့ သူ့ရဲ့တစ်နေ့တာကို ရည်မှန်းချက်တွေနဲ့ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ Benjamin Franklin ရဲ့ တစ်နေ့တာအစီအစဉ်ကနေမှတဆင့် ကျွန်တော်တို့ရဲ့ အချိန်တွေကို ဘယ်လိုသုံးနေလဲ၊ ဘာကြောင့်၊ ဘာအတွက် သုံးနေရသလဲဆိုတာကို သိလာခဲ့ရပါတယ်။

Related Posts

%%footer%%