ထူးခၽြန္ထက္ျမက္သူတို႔၏ အမူအက်င့္မ်ား

ထူးချွန်ထက်မြက်သူတို့၏ အမူအကျင့်များ

၁။ ထိေရာက္ေသခ်ာတ့ဲ ဆုံးျဖတ္ခ်က္ေတြ ခ်တတ္တယ္။

ထူးခၽြန္ထက္ျမက္သူတိုင္းက သူတို႔ရဲ႕လုပ္ေဆာင္မႈတိုင္းမွာ အက်ိဳးဆက္ေတြရွိေနတာကို နားလည္သေဘာေပါက္ၾကပါတယ္။ ဒါ့ေၾကာင့္ ဆုံးျဖတ္ခ်က္တစ္ခ်မွတ္တိုင္းမွာ အက်ိဳးရလဒ္တစ္ခုခုရ႐ွိဖို႔ကို စဥ္းစားတတ္ၾကပါတယ္။ သူတို႔က စနစ္တက်နဲ႔ အာ႐ံုစိုက္ၿပီး အေကာင္းဆုံး ဆုံးျဖတ္ခ်က္ေတြကို အျမဲတမ္းခ်မွတ္ေလ့ရွိပါတယ္။

၂။ အမွားေတြကေန သင္ခန္းစာယူတတ္တယ္။

ကၽြန္ေတာ္တို႔ဘ၀လမ္းခရီးမွာ ပထမဆုံးေျခလွမ္းကေန ေနာက္ဆုံးအခ်ိန္အထိ အမွားေတြ အလြဲေတြနဲ႔ ၾကံဳေတြ႕ရတာ ထုံးစံပါပဲ။ ဒီလို အမွားေတြကေနမွတဆင့္ ပညာယူၾကရမွာျဖစ္ပါတယ္။ ထူးခၽြန္ထက္ျမက္သူတိုင္းက သူတို႔ရဲ႕အမွားေတြကေန သင္ခန္းစာယူတတ္ၾကပါတယ္။ အမ်ားကို လက္ခံၿပီး ကိုယ့္ကိုယ္ကို အ႐ိုးသားဆုံးအကဲမျဖတ္တတ္သ၍ေတာ့ ပိုေတာ္လာဖို႔ မျဖစ္ႏိုင္ပါဘူး။

၃။ အကုန္သိအကုန္တတ္ ပုံစံမလုပ္တတ္ၾကပါဘူး။

အမွန္တကယ္ထူးခၽြန္ထက္ျမက္သူေတြက ေနရာတကာ ဆရာႀကီးမလုပ္တတ္ၾကပါဘူး။ သူတို႔မသိေသးတာေတြကိုပဲ အာ႐ံုစိုက္တတ္ၾကၿပီး အျမဲေလ့လာေနၾကသူေတြျဖစ္ပါတယ္။

၄။ ပတ္၀န္းက်င္မွာ လူေတာ္ေတြနဲ႔ပဲ ၀န္းရံထားေလ့ရွိတယ္။

လူဆိုတာ အထီးက်န္ေနလုိ႔ မရပါဘူး။ တစ္ေယာက္ထဲ အရမ္းေတာ္ေနႏိုင္တယ္ဆိုေပမယ္ အဖြဲ႔အစည္းနဲ႔လုပ္ေဆာင္တာက အေကာင္းဆုံးရလဒ္ေတြကို ပိုမိုရရွိေစႏိုင္ပါတယ္။ Apple ရဲ႕ CEO ေဟာင္း Steve Jobs ဟာ ကိုယ္တိုင္က အရမ္းထူးခၽြန္ေပမယ့္ သူ႔ရဲ႕ေခါင္းေဆာင္မႈပုံစံမွာ အရည္အခ်င္းရွိသူေတြနဲ႔ဖြဲ႕စည္းထားၿပီး အေကာင္းဆုံးလုပ္ေဆာင္ႏိုင္ေအာင္ သင္ၾကားေပးခ့ဲပါတယ္။ ဒါမွတကယ္ကို စနစ္က်ထက္ျမက္တာျဖစ္ပါတယ္။

၅။ ၾကံဖန္လုပ္ကိုင္ႏိုင္စြမ္းရွိၾကတယ္။

ထူးခၽြန္ထက္ျမက္သူေတြဟာ လိုခ်င္တ့ဲ ရလဒ္ရရွိဖို႔အတြက္ ပတ္၀န္းက်င္ အေျခအေနကို သင့္ေတာ္ေအာင္စီမံခန္႔ခြဲၿပီး ဆန္းသစ္တီထြင္ႏုိင္စြမ္းရွိၾကပါတယ္။

၆။ က်ိဳးေၾကာင္းဆင္ျခင္သုံးသပ္ႏိုင္ၾကတယ္။

လူအမ်ားစုက သူတို႔အမွားကို မျငင္းႏိုင္ေလာက္ေအာင္ ေထာက္ျပထားခ်ိန္မွာေတာင္မွ အတင္းဘူးကြယ္ၿပီး ဖင္ပိတ္ျငင္းတတ္ၾကပါတယ္။ ထူးခၽြန္ထက္ျမက္သူေတြကေတာ့ အက်ိဳးအေၾကာင္းကို ဆင္ျခင္သုံးသပ္ၿပီး လိုအပ္သလိုျပဳျပင္ဖို႔ ၀န္မေလးတတ္ၾကပါဘူး။ စိစစ္ေ၀ဖန္သုံးသပ္မႈ၊ ယုတိၱဆန္ဆန္ ေတြးေခၚႏိုင္မႈ၊ သိပၸံနည္းက် လက္ေတြ႔က်က် စဥ္းစားႏိုင္မႈေတြ မရွိရင္ေတာ့ အ႐ႈံးကေန နာလန္ထူႏိုင္မွာ မဟုတ္ပါဘူး။

၇။ ေပၚပင္မလုပ္တတ္ၾကပါဘူး။

ကၽြန္ေတာ္တို႔ အခုလက္ရိွျဖတ္သန္းေနတ့ဲ ေခတ္ကာလမွာ သူမ်ားေယာင္တိုင္းခိုက္ေယာင္ၿပီး အတုေယာင္ေတြ၊ ေပၚပင္ေတြ အရမ္းလုပ္တတ္ၾကပါတယ္။ ထူးခၽြန္ထက္ျမက္သူေတြကေတာ့ ေပၚပင္လုပ္ဖို႔ စိတ္မ၀င္စားတတ္ၾကပါဘူး။ ရင္ထဲက အမွန္တကယ္လုပ္ခ်င္စိတ္ရွိလာမွ ဘယ္သူ႔မွ အေဖာ္ညိွမေနပဲ လုပ္စရာရွိတာကို ကိုယ္တိုင္ဦးေဆာင္ၿပီး လုပ္တတ္ၾကပါတယ္။

၈။ ကိုယ့္ဘ၀နဲ႕ကိုယ္ ေနတတ္ၾကတယ္။

ကၽြန္ေတာ္တို႔ေတြ အားလုံးက လိုအင္ဆႏၵေတြ အရမ္းမ်ားၾကပါတယ္။ လိုခ်င္တာေတြရၿပီးျပန္ေတာ့လည္း ဆုံး႐ႈံးရမွာကို စိုးရိမ္ေနတတ္ၾကပါတယ္။ တကယ္ေတာ့ ဘ၀ကို အရွိအတိုင္းမေနတတ္ပဲ လိုအင္ဆႏၵေနာက္ကို လိုက္ေနတာဟာ မွန္ကန္တ့ဲလုပ္ရပ္မဟုတ္ပါဘူး။ ထူးခၽြန္ထက္ျမက္သူေတြကေတာ့ ကိုယ့္ဘ၀ကိုယ္ ေက်နပ္စြာ လက္ခံတတ္ၾကပါတယ္။

၉။ သူတို႔အတြက္ သူတို႔ကိုယ္တိုင္က အဆိုးဆုံးရန္သူျဖစ္ေနတတ္တယ္။

ဦးေႏွာက္ဖြံ႕ၿဖိဳးလာတာနဲ႔အမွ် လူတိုင္းမွာ ကိုယ့္စိတ္ကိုယ္ေျခာက္လွန္႔ေနတ့ဲ စိတ္ခံစားမႈေတြ႐ွိတတ္ပါတယ္။ တစ္ခါဆစ္ေလမွာ ဒီလိုစိတ္ခံစားမႈေတြကပဲ ထူးခၽြန္ထက္ျမက္သြားေစတဲ့ အေၾကာင္းရင္းေတြ ျဖစ္ေနတတ္ပါတယ္။ ရင္နဲ႕ယန္လိုပါပဲ။ ထူးခၽြန္းထက္ျမက္မႈနဲ႔ စိတ္ခံစားမႈေတြဟာ အတူတကြ တည္ရွိေနတတ္ၾကပါတယ္။

၁၀။ စြန္႔ဦးလုပ္ငန္းရွင္အေနနဲ႔ အျမဲတမ္းမေအာင္ျမင္တတ္ၾကပါဘူး။

စီးပြားေရးေအာင္ျမင္မႈအတြက္ေျပာရမယ္ဆိုရင္ ဉာဏ္ရည္ထူးခၽြန္ထက္ျမက္တာက လိုအပ္ေပမယ့္ ဉာဏ္ေကာင္း႐ံုနဲ႔ပဲ မလုံေလာက္ပါဘူး။ ေအာင္ျမင္တ့ဲစီးပြားေရးလုပ္ငန္းတစ္ခုကို တည္ေထာင္လုပ္ေဆာင္ႏိုင္ဖို႔ အဘက္ဘက္က ထူးခၽြန္ေနဖို႔လိုအပ္ပါတယ္။


ထူးချွန်ထက်မြက်သူတို့၏ အမူအကျင့်များ

၁။ ထိရောက်သေချာတဲ့ ဆုံးဖြတ်ချက်တွေ ချတတ်တယ်။
ထူးချွန်ထက်မြက်သူတိုင်းက သူတို့ရဲ့လုပ်ဆောင်မှုတိုင်းမှာ အကျိုးဆက်တွေရှိနေတာကို နားလည်သဘောပေါက်ကြပါတယ်။ ဒါ့ကြောင့် ဆုံးဖြတ်ချက်တစ်ချမှတ်တိုင်းမှာ အကျိုးရလဒ်တစ်ခုခုရရှိဖို့ကို စဉ်းစားတတ်ကြပါတယ်။ သူတို့က စနစ်တကျနဲ့ အာရုံစိုက်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို အမြဲတမ်းချမှတ်လေ့ရှိပါတယ်။

၂။ အမှားတွေကနေ သင်ခန်းစာယူတတ်တယ်။
ကျွန်တော်တို့ဘဝလမ်းခရီးမှာ ပထမဆုံးခြေလှမ်းကနေ နောက်ဆုံးအချိန်အထိ အမှားတွေ အလွဲတွေနဲ့ ကြုံတွေ့ရတာ ထုံးစံပါပဲ။ ဒီလို အမှားတွေကနေမှတဆင့် ပညာယူကြရမှာဖြစ်ပါတယ်။ ထူးချွန်ထက်မြက်သူတိုင်းက သူတို့ရဲ့အမှားတွေကနေ သင်ခန်းစာယူတတ်ကြပါတယ်။ အများကို လက်ခံပြီး ကိုယ့်ကိုယ်ကို အရိုးသားဆုံးအကဲမဖြတ်တတ်သ၍တော့ ပိုတော်လာဖို့ မဖြစ်နိုင်ပါဘူး။

၃။ အကုန်သိအကုန်တတ် ပုံစံမလုပ်တတ်ကြပါဘူး။
အမှန်တကယ်ထူးချွန်ထက်မြက်သူတွေက နေရာတကာ ဆရာကြီးမလုပ်တတ်ကြပါဘူး။ သူတို့မသိသေးတာတွေကိုပဲ အာရုံစိုက်တတ်ကြပြီး အမြဲလေ့လာနေကြသူတွေဖြစ်ပါတယ်။

၄။ ပတ်ဝန်းကျင်မှာ လူတော်တွေနဲ့ပဲ ဝန်းရံထားလေ့ရှိတယ်။
လူဆိုတာ အထီးကျန်နေလို့ မရပါဘူး။ တစ်ယောက်ထဲ အရမ်းတော်နေနိုင်တယ်ဆိုပေမယ် အဖွဲ့အစည်းနဲ့လုပ်ဆောင်တာက အကောင်းဆုံးရလဒ်တွေကို ပိုမိုရရှိစေနိုင်ပါတယ်။ Apple ရဲ့ CEO ဟောင်း Steve Jobs ဟာ ကိုယ်တိုင်က အရမ်းထူးချွန်ပေမယ့် သူ့ရဲ့ခေါင်းဆောင်မှုပုံစံမှာ အရည်အချင်းရှိသူတွေနဲ့ဖွဲ့စည်းထားပြီး အကောင်းဆုံးလုပ်ဆောင်နိုင်အောင် သင်ကြားပေးခဲ့ပါတယ်။ ဒါမှတကယ်ကို စနစ်ကျထက်မြက်တာဖြစ်ပါတယ်။

၅။ ကြံဖန်လုပ်ကိုင်နိုင်စွမ်းရှိကြတယ်။
ထူးချွန်ထက်မြက်သူတွေဟာ လိုချင်တဲ့ ရလဒ်ရရှိဖို့အတွက် ပတ်ဝန်းကျင် အခြေအနေကို သင့်တော်အောင်စီမံခန့်ခွဲပြီး ဆန်းသစ်တီထွင်နိုင်စွမ်းရှိကြပါတယ်။

၆။ ကျိုးကြောင်းဆင်ခြင်သုံးသပ်နိုင်ကြတယ်။
လူအများစုက သူတို့အမှားကို မငြင်းနိုင်လောက်အောင် ထောက်ပြထားချိန်မှာတောင်မှ အတင်းဘူးကွယ်ပြီး ဖင်ပိတ်ငြင်းတတ်ကြပါတယ်။ ထူးချွန်ထက်မြက်သူတွေကတော့ အကျိုးအကြောင်းကို ဆင်ခြင်သုံးသပ်ပြီး လိုအပ်သလိုပြုပြင်ဖို့ ဝန်မလေးတတ်ကြပါဘူး။ စိစစ်ဝေဖန်သုံးသပ်မှု၊ ယုတ္တိဆန်ဆန် တွေးခေါ်နိုင်မှု၊ သိပ္ပံနည်းကျ လက်တွေ့ကျကျ စဉ်းစားနိုင်မှုတွေ မရှိရင်တော့ အရှုံးကနေ နာလန်ထူနိုင်မှာ မဟုတ်ပါဘူး။
၇။ ပေါ်ပင်မလုပ်တတ်ကြပါဘူး။
ကျွန်တော်တို့ အခုလက်ရှိဖြတ်သန်းနေတဲ့ ခေတ်ကာလမှာ သူများယောင်တိုင်းခိုက်ယောင်ပြီး အတုယောင်တွေ၊ ပေါ်ပင်တွေ အရမ်းလုပ်တတ်ကြပါတယ်။ ထူးချွန်ထက်မြက်သူတွေကတော့ ပေါ်ပင်လုပ်ဖို့ စိတ်မဝင်စားတတ်ကြပါဘူး။ ရင်ထဲက အမှန်တကယ်လုပ်ချင်စိတ်ရှိလာမှ ဘယ်သူ့မှ အဖော်ညှိမနေပဲ လုပ်စရာရှိတာကို ကိုယ်တိုင်ဦးဆောင်ပြီး လုပ်တတ်ကြပါတယ်။

၈။ ကိုယ့်ဘဝနဲ့ကိုယ် နေတတ်ကြတယ်။
ကျွန်တော်တို့တွေ အားလုံးက လိုအင်ဆန္ဒတွေ အရမ်းများကြပါတယ်။ လိုချင်တာတွေရပြီးပြန်တော့လည်း ဆုံးရှုံးရမှာကို စိုးရိမ်နေတတ်ကြပါတယ်။ တကယ်တော့ ဘဝကို အရှိအတိုင်းမနေတတ်ပဲ လိုအင်ဆန္ဒနောက်ကို လိုက်နေတာဟာ မှန်ကန်တဲ့လုပ်ရပ်မဟုတ်ပါဘူး။ ထူးချွန်ထက်မြက်သူတွေကတော့ ကိုယ့်ဘဝကိုယ် ကျေနပ်စွာ လက်ခံတတ်ကြပါတယ်။

၉။ သူတို့အတွက် သူတို့ကိုယ်တိုင်က အဆိုးဆုံးရန်သူဖြစ်နေတတ်တယ်။
ဦးနှောက်ဖွံ့ဖြိုးလာတာနဲ့အမျှ လူတိုင်းမှာ ကိုယ့်စိတ်ကိုယ်ခြောက်လှန့်နေတဲ့ စိတ်ခံစားမှုတွေရှိတတ်ပါတယ်။ တစ်ခါဆစ်လေမှာ ဒီလိုစိတ်ခံစားမှုတွေကပဲ ထူးချွန်ထက်မြက်သွားစေတဲ့ အကြောင်းရင်းတွေ ဖြစ်နေတတ်ပါတယ်။ ရင်နဲ့ယန်လိုပါပဲ။ ထူးချွန်းထက်မြက်မှုနဲ့ စိတ်ခံစားမှုတွေဟာ အတူတကွ တည်ရှိနေတတ်ကြပါတယ်။

၁၀။ စွန့်ဦးလုပ်ငန်းရှင်အနေနဲ့ အမြဲတမ်းမအောင်မြင်တတ်ကြပါဘူး။
စီးပွားရေးအောင်မြင်မှုအတွက်ပြောရမယ်ဆိုရင် ဉာဏ်ရည်ထူးချွန်ထက်မြက်တာက လိုအပ်ပေမယ့် ဉာဏ်ကောင်းရုံနဲ့ပဲ မလုံလောက်ပါဘူး။ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်လုပ်ဆောင်နိုင်ဖို့ အဘက်ဘက်က ထူးချွန်နေဖို့လိုအပ်ပါတယ်။

Related Posts

%%footer%%