ေရဘဲေတြဆီက သင္ယူႏိုင္သည့္ ေအာင္ျမင္ေရးသင္ခန္းစာမ်ား

ဘဲငန်းတွေဆီက သင်ယူနိုင်သည့် အောင်မြင်ရေးသင်ခန်းစာများ

၁။ ဘုံဦးတည္ခ်က္ရွိျခင္း

ဘဲငန္းတစ္ေကာင္ ေတာင္ပံခတ္လိုက္တိုင္းမွာ ေလခြင္းအားကိုျဖစ္ေစႏိုင္တဲ့ ပင့္အားတစ္ခုျဖစ္က်န္ခဲ့ပါတယ္။ ဒီပင့္အားကို အျခားအေကာင္ေတြက စီးေမ်ာပ်ံသန္းႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အဂၤလိပ္အကၡရာ (V) ပံုသ႑ာန္ပ်ံသန္းျခင္းအားျဖင့္ အုပ္စုတစ္ခုလံုးကို တစ္ေကာင္ခ်င္းပ်ံသန္းႏိုင္တဲ့အကြာအေ၀းထက္ (၇၀)ရာခိုင္ႏႈန္း ပိုၿပီခရီးေရာက္ေစပါတယ္။

ကၽြန္ေတာ္တို႔လူသားေတြအေနနဲ႔လည္း တူညီတဲ့ ဦးတည္ခ်က္၊ ရည္မွန္းခ်က္ပန္းတိုင္းဆီကို အတူတကြ ေလွ်ာက္လွမ္းၾကမယ္ဆိုရင္ အားစုိက္ထုတ္မႈနည္းနည္းနဲ႔ လွ်င္လွ်င္ျမန္ျမန္ေရာက္ရွိႏိုင္တာကို သင္ခန္းစာယူတတ္ရမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အဖြဲ႕အစည္းတစ္ခုလံုး၊ တစ္ဦးခ်င္းတစ္ေယာက္ခ်င္းစီတိုင္းမွာ တူညီတဲ့ရည္မွန္းခ်က္ရွိဖို႔ လိုအပ္ပါတယ္။

၂။ ျမင္ႏိုင္စြမ္း ျမင့္မားျခင္း

ဘဲငန္းေတြ (V) ပံုသ႑ာန္ပ်ံသန္းၾကတဲ့အခါမွာ ငွက္အုပ္ထဲက အေကာင္တိုင္းက ေရွ႕မွာဘာေတြျဖစ္ေနလဲ ဆိုတာကို ရွင္းရွင္းလင္းလင္းျမင္ႏိုင္ပါတယ္။

လုပ္ငန္းအဖြဲ႕အစည္းေတြမွာလည္း အားလံုးမွာ ျမင္ႏိုင္စြမ္းရွိဖို႔ လိုအပ္ပါတယ္။ အထက္လူႀကီးေတြက လက္ေအာက္ငယ္သားေတြရဲ႕ အေျခအေနကို သိျမင္ႏိုင္မွသာ အဖြဲ႕အစည္းတစ္ခုလံုးအတြက္ ပိုမိုေကာင္းမြန္တဲ့ ဆံုးျဖတ္ခ်က္ေတြခ်မွတ္ႏိုင္မွာ ျဖစ္ပါတယ္။ ဒီလိုပါပဲ။ ေအာက္ေျခ၀န္ထမ္းေတြက အထက္လူႀကီးေတြရဲ႕ ရည္ရြယ္ခ်က္ကို သိျမင္ႏိုင္ျခင္းအားျဖင့္ ေရရွည္အတြက္ေတြးေခၚႏိုင္ၿပီး အဖြဲ႕အစည္းရဲ႕ ရည္မွန္းခ်က္ေတြကို ပူးေပါင္းအေကာင္အထည္ေဖာ္ႏိုင္မွာျဖစ္ပါတယ္။

၃။ အကူအညီရရွိဖို႔ ႏွိမ့္ခ်တတ္ျခင္း

ဘဲငန္းတစ္ေကာင္က အုပ္စုလိုက္ပံုစံဖြဲ႕ပ်ံသန္းေနရာကေန ထြက္ၿပီး တစ္ေကာင္းတည္းပံ်သန္းတာနဲ႔ ေလထုပြတ္တိုက္အားကို ခံစားရၿပီး ပင္ပန္းတႀကီး ပ်ံသန္းရပါတယ္။ ဒီလိုျဖစ္တဲ့အခါမွာ သူ႔ရဲ႕အမွားကို ထိန္းညွိၿပီး ပံုစံအတြင္းသို႔ ျပန္၀င္ေလ့ရွိပါတယ္။ ဒီအခါမွာ ပင့္အားျပန္လည္ရရွိၿပီး သက္ေတာင့္သက္သာနဲ႔ ျမန္ျမန္ဆန္ဆန္ခရီးဆက္ႏိုင္ပါတယ္။

ဒီအခ်က္က သင္ခန္းစာယူႏိုင္တာကေတာ့ ကၽြန္ေတာ္တို႔လူသားေတြမွာလည္း အခက္အခဲေတြႀကံဳလာၿပီဆိုရင္ အကူအညီရဖို႔ ႏွိမ့္ခ်တတ္ဖို႔ လိုတယ္ဆိုတာပါပဲ။ ဒီလိုႏွိမ့္ခ်ၿပီး အားလံုးနဲ႔ပူးေပါင္းလုပ္ေဆာင္ျခင္းက သင္ကိုယ္တိုင္ကိုေရာ၊ သင့္ရဲ႕အဖြဲ႕အစည္းကိုပါ ေအာင္ျမင္မႈအလွ်င္အျမန္ရရွိေစႏိုင္မွာျဖစ္ပါတယ္။

၄။ ဦးေဆာင္ခြင့္ေပးအပ္ျခင္း

V ပံုသ႑ာန္ပ်ံသန္းေနတဲ့ ဘဲငန္းအုပ္မွာ ေရွ႕ဆံုးကပ်ံသန္းရတဲ့ေကာင္က အပင္ပန္းဆံုးျဖစ္ပါတယ္။ သူပင္ပန္းလာၿပီဆိုရင္ အျခားဘဲငန္းတစ္ေကာင္ကို ဦးေဆာင္ပ်ံသန္းေစၿပီး သူကေတာ့ ေနာက္ဖက္မွာ ပင့္အားကို စီးေမ်ာလိုက္ကာ အနားယူေလ့ရွိပါတယ္။

ဒီအခ်က္ကေတာ့ လိုအပ္ရင္ အျခားသူေတြကို ဦးေဆာင္ခြင့္ေပးဖို႔ပဲျဖစ္ပါတယ္။ ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ အဖြဲ႕အစည္းအတြင္းမွာ အေသးစိတ္အထိ စီမံခန္႔ခြဲထိန္းခ်ဳပ္တာက သူ႔အတြက္ ပင္ပန္းရသလို အျခားလူေတြအတြက္လည္း စိတ္႐ႈပ္စရာျဖစ္ေစပါတယ္။ လူတိုင္းမွာ ထူးျခားတဲ့ အရည္အခ်င္းေတြ၊ စြမ္းေဆာင္ရည္ေတြရွိတတ္ပါတယ္။ သူတို႔ကို ယုံယုံၾကည္ၾကည္နဲ႔ လိုအပ္သလို ဦးေဆာင္ခြင့္ေပးလိုက္ရင္ ရလဒ္ေကာင္းေတြကို ရရွိေစႏိုင္မွာျဖစ္ပါတယ္။

၅။ အလုပ္တိုင္းကို အသိအမွတ္ျပျခင္း

ဘဲငန္းေတြ ပ်ံသန္းတဲ့အခါမွာ ေအာ္ျမည္သံေတြ လုပ္တတ္ၾကပါတယ္။ ဒီလို ေအာ္ျမည္တာဟာ အခ်င္းခ်င္း အရွိန္မပ်က္ ဆက္လက္ပ်ံသန္းႏိုင္ေအာင္ အားေပးအသိအမွတ္ျပဳတာျဖစ္ပါတယ္။

ကၽြန္ေတာ္တို႔ လူသားေတြအေနနဲ႔လည္း အျခားသူေတြကို သူတို႔နဲ႔ထိုက္တန္တဲ့ အသိအမွတ္ျပဳမႈေတြ ေပးသင့္ပါတယ္။ အသိအမွတ္အျပဳမခံရတဲ့အတြက္ ၀န္ထမ္းေတြက အလုပ္ကိုစိတ္ပ်က္ၿပီး ႏႈတ္ထြက္သြားတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ အဖြဲ႕အစည္းအတြင္းမွာ ပံုမွန္အသိအမွတ္ျပဳ အားေပးတတ္တာဟာ အေရးႀကီးၿပီး ရည္မွန္းခ်က္ပန္းတိုင္ကို ေလွ်ာက္လွမ္းရာမွာ တက္ၾကြေနေစမွာျဖစ္ပါတယ္။

၆။ အခက္အခဲေတြ႕ၾကံဳခ်ိန္မွာ အားေပးကူညီတတ္ျခင္း

ငွက္အုပ္ထဲက ဘဲငန္းတစ္ေကာင္ေကာင္ ေနမေကာင္းလို႔ပဲျဖစ္ျဖစ္ ဒဏ္ရာရတဲ့အခါမွာပဲျဖစ္ျဖစ္ ဆက္မပ်ံသန္းႏိုင္တဲ့အခါမွာ အျခားဘဲငန္းႏွစ္ေကာင္ကေနခဲ့ၿပီး ကူညီေစာင့္ေရွာက္ေပးေလ့ရွိပါတယ္။ မပ်ံႏိုင္တဲ့ အေကာင္ ပ်ံႏိုင္တဲ့အခ်ိန္ ဒါမွမဟုတ္ ေသသြားခ်ိန္အထိ အတူေနေပးတတ္ၾကပါတယ္။ ၿပီးရင္ေတာ့ သက္ဆိုင္ရာ ငွက္အုပ္ကို အမွီလိုက္ရင္လိုက္၊ မလိုက္ရင္လည္း ေနာက္ဘဲငန္းအုပ္အတြင္းမွာ ၀င္ေရာက္ပ်ံသန္းၿပီး ခရီးဆက္ၾကပါတယ္။

ဒီအခ်က္ကေန သင္ခန္းစာယူႏိုင္တာက ခက္ခဲၾကမ္းတမ္းတဲ့အခ်ိန္ေတြ ရင္ဆိုင္ရတဲ့အခါမွာ လက္တြဲမျဖဳတ္ၾကဖို႔ပဲျဖစ္ပါတယ္။ ေအာင္ျမင္ေနခ်ိန္မွာ ပါ၀င္ဖို႔က လြယ္ကူပါတယ္။ ဒါေပမယ့္ အခက္အခဲေတြ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ အျပန္အလွန္အားေပးကူညီမႈက အလိုအပ္ဆံုးျဖစ္ပါတယ္။

၇။ ရည္ရြယ္ခ်က္ တန္ဖိုးမ်ားကို ထိန္းသိမ္းတတ္ျခင္း

ဘဲငန္းေတြရဲ႕ ရာသီအလိုက္ေဒသေျပာင္းပ်ံသန္းမႈေတြဟာ ဘယ္ေတာ့မွမေျပာင္းလဲသြားတတ္ပါဘူး။ ႏွစ္တိုင္းႏွစ္တိုင္း အေကာင္အေရအတြက္သာ အေျပာင္းအလဲရွိၿပီး ပ်ံသန္းတဲ့လမ္းေၾကာင္းကေတာ့ အတူတူပဲ ျဖစ္ပါတယ္။ အေကာင္ငယ္ေလးေတြက အႀကီးေတြဆီကေန လမ္းေၾကာင္းကို ေလ့လာမွတ္သားရပါတယ္။

ကၽြန္ေတာ္တို႔ေတြအေနနဲ႔လည္း အဖြဲ႕အစည္းရဲ႕ အဓိက ရည္ရြယ္ခ်က္ေတြ၊ တန္ဖိုးေတြကို ထိန္းသိမ္းထားရမွာ ျဖစ္ပါတယ္။ အဖြဲ႕အစည္းရဲ႕ မဟာဗ်ဴဟာေတြ၊ နည္းဗ်ဴဟာေတြနဲ႔ ထုတ္ကုန္ေတြကေတာ့ လိုအပ္ခ်က္အရ ေျပာင္းလဲႏိုင္ေပမယ့္ အဓိက တန္ဖုိးထားရမယ့္ အခ်က္ေတြနဲ႔ ရည္ရြယ္ခ်က္ေတြကိုေတာ့ အျမဲတမ္းေစာင့္ထိန္းရမွာျဖစ္ပါတယ္။


ဘဲငန်းတွေဆီက သင်ယူနိုင်သည့် အောင်မြင်ရေးသင်ခန်းစာများ

၁။ ဘုံဦးတည်ချက်ရှိခြင်း
ဘဲငန်းတစ်ကောင် တောင်ပံခတ်လိုက်တိုင်းမှာ လေခွင်းအားကိုဖြစ်စေနိုင်တဲ့ ပင့်အားတစ်ခုဖြစ်ကျန်ခဲ့ပါတယ်။ ဒီပင့်အားကို အခြားအကောင်တွေက စီးမျောပျံသန်းနိုင်ပါတယ်။ ဒါ့ကြောင့် အင်္ဂလိပ်အက္ခရာ (V) ပုံသဏ္ဍာန်ပျံသန်းခြင်းအားဖြင့် အုပ်စုတစ်ခုလုံးကို တစ်ကောင်ချင်းပျံသန်းနိုင်တဲ့အကွာအဝေးထက် (၇၀)ရာခိုင်နှုန်း ပိုပြီခရီးရောက်စေပါတယ်။

ကျွန်တော်တို့လူသားတွေအနေနဲ့လည်း တူညီတဲ့ ဦးတည်ချက်၊ ရည်မှန်းချက်ပန်းတိုင်းဆီကို အတူတကွ လျှောက်လှမ်းကြမယ်ဆိုရင် အားစိုက်ထုတ်မှုနည်းနည်းနဲ့ လျှင်လျှင်မြန်မြန်ရောက်ရှိနိုင်တာကို သင်ခန်းစာယူတတ်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အဖွဲ့အစည်းတစ်ခုလုံး၊ တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းမှာ တူညီတဲ့ရည်မှန်းချက်ရှိဖို့ လိုအပ်ပါတယ်။

၂။ မြင်နိုင်စွမ်း မြင့်မားခြင်း
ဘဲငန်းတွေ (V) ပုံသဏ္ဍာန်ပျံသန်းကြတဲ့အခါမှာ ငှက်အုပ်ထဲက အကောင်တိုင်းက ရှေ့မှာဘာတွေဖြစ်နေလဲ ဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။

လုပ်ငန်းအဖွဲ့အစည်းတွေမှာလည်း အားလုံးမှာ မြင်နိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ အထက်လူကြီးတွေက လက်အောက်ငယ်သားတွေရဲ့ အခြေအနေကို သိမြင်နိုင်မှသာ အဖွဲ့အစည်းတစ်ခုလုံးအတွက် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ။ အောက်ခြေဝန်ထမ်းတွေက အထက်လူကြီးတွေရဲ့ ရည်ရွယ်ချက်ကို သိမြင်နိုင်ခြင်းအားဖြင့် ရေရှည်အတွက်တွေးခေါ်နိုင်ပြီး အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေကို ပူးပေါင်းအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။

၃။ အကူအညီရရှိဖို့ နှိမ့်ချတတ်ခြင်း
ဘဲငန်းတစ်ကောင်က အုပ်စုလိုက်ပုံစံဖွဲ့ပျံသန်းနေရာကနေ ထွက်ပြီး တစ်ကောင်းတည်းပျံသန်းတာနဲ့ လေထုပွတ်တိုက်အားကို ခံစားရပြီး ပင်ပန်းတကြီး ပျံသန်းရပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ သူ့ရဲ့အမှားကို ထိန်းညှိပြီး ပုံစံအတွင်းသို့ ပြန်ဝင်လေ့ရှိပါတယ်။ ဒီအခါမှာ ပင့်အားပြန်လည်ရရှိပြီး သက်တောင့်သက်သာနဲ့ မြန်မြန်ဆန်ဆန်ခရီးဆက်နိုင်ပါတယ်။

ဒီအချက်က သင်ခန်းစာယူနိုင်တာကတော့ ကျွန်တော်တို့လူသားတွေမှာလည်း အခက်အခဲတွေကြုံလာပြီဆိုရင် အကူအညီရဖို့ နှိမ့်ချတတ်ဖို့ လိုတယ်ဆိုတာပါပဲ။ ဒီလိုနှိမ့်ချပြီး အားလုံးနဲ့ပူးပေါင်းလုပ်ဆောင်ခြင်းက သင်ကိုယ်တိုင်ကိုရော၊ သင့်ရဲ့အဖွဲ့အစည်းကိုပါ အောင်မြင်မှုအလျှင်အမြန်ရရှိစေနိုင်မှာဖြစ်ပါတယ်။

၄။ ဦးဆောင်ခွင့်ပေးအပ်ခြင်း
V ပုံသဏ္ဍာန်ပျံသန်းနေတဲ့ ဘဲငန်းအုပ်မှာ ရှေ့ဆုံးကပျံသန်းရတဲ့ကောင်က အပင်ပန်းဆုံးဖြစ်ပါတယ်။ သူပင်ပန်းလာပြီဆိုရင် အခြားဘဲငန်းတစ်ကောင်ကို ဦးဆောင်ပျံသန်းစေပြီး သူကတော့ နောက်ဖက်မှာ ပင့်အားကို စီးမျောလိုက်ကာ အနားယူလေ့ရှိပါတယ်။

ဒီအချက်ကတော့ လိုအပ်ရင် အခြားသူတွေကို ဦးဆောင်ခွင့်ပေးဖို့ပဲဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အဖွဲ့အစည်းအတွင်းမှာ အသေးစိတ်အထိ စီမံခန့်ခွဲထိန်းချုပ်တာက သူ့အတွက် ပင်ပန်းရသလို အခြားလူတွေအတွက်လည်း စိတ်ရှုပ်စရာဖြစ်စေပါတယ်။ လူတိုင်းမှာ ထူးခြားတဲ့ အရည်အချင်းတွေ၊ စွမ်းဆောင်ရည်တွေရှိတတ်ပါတယ်။ သူတို့ကို ယုံယုံကြည်ကြည်နဲ့ လိုအပ်သလို ဦးဆောင်ခွင့်ပေးလိုက်ရင် ရလဒ်ကောင်းတွေကို ရရှိစေနိုင်မှာဖြစ်ပါတယ်။

၅။ အလုပ်တိုင်းကို အသိအမှတ်ပြခြင်း
ဘဲငန်းတွေ ပျံသန်းတဲ့အခါမှာ အော်မြည်သံတွေ လုပ်တတ်ကြပါတယ်။ ဒီလို အော်မြည်တာဟာ အချင်းချင်း အရှိန်မပျက် ဆက်လက်ပျံသန်းနိုင်အောင် အားပေးအသိအမှတ်ပြုတာဖြစ်ပါတယ်။

ကျွန်တော်တို့ လူသားတွေအနေနဲ့လည်း အခြားသူတွေကို သူတို့နဲ့ထိုက်တန်တဲ့ အသိအမှတ်ပြုမှုတွေ ပေးသင့်ပါတယ်။ အသိအမှတ်အပြုမခံရတဲ့အတွက် ဝန်ထမ်းတွေက အလုပ်ကိုစိတ်ပျက်ပြီး နှုတ်ထွက်သွားတတ်ကြပါတယ်။ ဒါ့ကြောင့် အဖွဲ့အစည်းအတွင်းမှာ ပုံမှန်အသိအမှတ်ပြု အားပေးတတ်တာဟာ အရေးကြီးပြီး ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းရာမှာ တက်ကြွနေစေမှာဖြစ်ပါတယ်။

၆။ အခက်အခဲတွေ့ကြုံချိန်မှာ အားပေးကူညီတတ်ခြင်း
ငှက်အုပ်ထဲက ဘဲငန်းတစ်ကောင်ကောင် နေမကောင်းလို့ပဲဖြစ်ဖြစ် ဒဏ်ရာရတဲ့အခါမှာပဲဖြစ်ဖြစ် ဆက်မပျံသန်းနိုင်တဲ့အခါမှာ အခြားဘဲငန်းနှစ်ကောင်ကနေခဲ့ပြီး ကူညီစောင့်ရှောက်ပေးလေ့ရှိပါတယ်။ မပျံနိုင်တဲ့ အကောင် ပျံနိုင်တဲ့အချိန် ဒါမှမဟုတ် သေသွားချိန်အထိ အတူနေပေးတတ်ကြပါတယ်။ ပြီးရင်တော့ သက်ဆိုင်ရာ ငှက်အုပ်ကို အမှီလိုက်ရင်လိုက်၊ မလိုက်ရင်လည်း နောက်ဘဲငန်းအုပ်အတွင်းမှာ ဝင်ရောက်ပျံသန်းပြီး ခရီးဆက်ကြပါတယ်။

ဒီအချက်ကနေ သင်ခန်းစာယူနိုင်တာက ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေ ရင်ဆိုင်ရတဲ့အခါမှာ လက်တွဲမဖြုတ်ကြဖို့ပဲဖြစ်ပါတယ်။ အောင်မြင်နေချိန်မှာ ပါဝင်ဖို့က လွယ်ကူပါတယ်။ ဒါပေမယ့် အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အပြန်အလှန်အားပေးကူညီမှုက အလိုအပ်ဆုံးဖြစ်ပါတယ်။

၇။ ရည်ရွယ်ချက် တန်ဖိုးများကို ထိန်းသိမ်းတတ်ခြင်း
ဘဲငန်းတွေရဲ့ ရာသီအလိုက်ဒေသပြောင်းပျံသန်းမှုတွေဟာ ဘယ်တော့မှမပြောင်းလဲသွားတတ်ပါဘူး။ နှစ်တိုင်းနှစ်တိုင်း အကောင်အရေအတွက်သာ အပြောင်းအလဲရှိပြီး ပျံသန်းတဲ့လမ်းကြောင်းကတော့ အတူတူပဲ ဖြစ်ပါတယ်။ အကောင်ငယ်လေးတွေက အကြီးတွေဆီကနေ လမ်းကြောင်းကို လေ့လာမှတ်သားရပါတယ်။

ကျွန်တော်တို့တွေအနေနဲ့လည်း အဖွဲ့အစည်းရဲ့ အဓိက ရည်ရွယ်ချက်တွေ၊ တန်ဖိုးတွေကို ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့ မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေနဲ့ ထုတ်ကုန်တွေကတော့ လိုအပ်ချက်အရ ပြောင်းလဲနိုင်ပေမယ့် အဓိက တန်ဖိုးထားရမယ့် အချက်တွေနဲ့ ရည်ရွယ်ချက်တွေကိုတော့ အမြဲတမ်းစောင့်ထိန်းရမှာဖြစ်ပါတယ်။

Related Posts

%%footer%%