ခႏၶာကိုယ္မွာ ဗီတာမင္ဓာတ္ခ်ိဳ႕တဲ့မႈ၏ လကၡဏာမ်ား

ခန္ဓာကိုယ်မှာ ဗီတာမင်ဓာတ်ချို့တဲ့မှု၏ လက္ခဏာများ

သင့္ရဲ႕ခႏၶာကိုယ္က ခ်ိဳ႕ယြင္းခ်က္တစ္ခုခုကို ေျပာျပႏိုင္တယ္ဆိုတာ သိပါသလား။ အထူးသျဖင့္ ဗီတာမင္ဓာတ္ ခ်ိဳ႕တဲ့မႈေတြလို လကၡဏာေတြျဖစ္ပါတယ္။ ယေန႔ေခတ္လို အသင့္ျပင္ဆင္ထားတဲ့စားစရာေတြကို အလြယ္တကူ စားသံုးၾကတဲ့အခါမွာ ဗီတာမင္ခ်ိဳ႕တဲ့မႈေတြ ၾကံဳေတြ႕ခံစားၾကရတတ္ပါတယ္။ ဗီတာမင္ဓာတ္ေတြဟာ ခႏၶာကိုယ္ရဲ႕ ဇီ၀ဓာတုျဖစ္စဥ္ေတြအတြက္ အေရးႀကီးတာေၾကာင့္ ဗီတာမင္ဓာတ္ခ်ိဳ႕တဲ့လာတဲ့အခါမွာ ေနထိုင္မေကာင္းျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ခႏၶာကိုယ္မွာ ဗီတာမင္ဓာတ္လိုအပ္ေနေၾကာင္း သိႏိုင္ဖို႔ လကၡဏာ()ခုနဲ႔ ကုသနည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ႏႈတ္ခမ္းေထာင့္ေတြ ကြဲအက္လာျခင္း

ဒီလကၡဏာကေတာ့ သံဓာတ္၊ ဇင့္ဓာတ္နဲ႔ ဗီတာမင္ B3 B2 B12 တို႔ခ်ိဳ႕တဲ့မႈေၾကာင့္ ျဖစ္တတ္ပါတယ္။ အထူးသျဖင့္ သံဓာတ္၊ ဇင့္ဓာတ္နဲ႔ ဗီတာမင္ B12 တို႔အလံုအေလာက္မရႏိုင္တဲ့ သားသတ္လြတ္သမားေတြမွာ အျဖစ္မ်ားပါတယ္။

ဒီလကၡဏာကို ျပန္ေကာင္းလာဖို႔အတြက္က ၾကက္သား၊ ဘဲသား၊ ေဆာ္လမြန္ငါး၊ တူနာငါး၊ ဥအမ်ိဳးမ်ိဳး၊ ခရမ္းခ်ဥ္သီး၊ ေျမပဲ စတဲ့စားစရာေတြကို မ်ားမ်ားစားေပးပါ။ ဒါ့အျပင္ ဒီအစားအစာေတြထဲက သံဓာတ္ကို ပိုမိုစုပ္ယူႏိုင္ဖို႔အတြက္ ဗီတာမင္ စီ ဓာတ္မ်ားတဲ့ ဘ႐ုိကုိလီ ပန္းေဂၚဖီစိမ္း၊ ပန္းငရုတ္ပြ၊ ပန္းေဂၚဖီတို႔နဲ႔ တြဲဖက္စားသံုးေပးသင့္ပါတယ္။

၂။ မ်က္ႏွာေပၚတြင္ အနီေရာင္အဖုအပိမ့္ေတြထြက္ျခင္း၊ ဆံပင္ကၽြတ္ျခင္း

ဒီလိုျဖစ္ရတာကေတာ့ ဗီတာမင္ B အုပ္စုထဲက B7 ဓာတ္ခ်ိဳ႕တဲ့လို႔ျဖစ္ပါတယ္။ သင့္ရဲ႕ခႏၶာကိုယ္က ဗီတာမင္ A, D, E, K တို႔လို အဆီမွာ ေပ်ာ္၀င္ေစႏိုင္တဲ့ ဗီတာမင္ဓာတ္ေတြကို သိုေလွာင္ထားခ်ိန္မွာ ေရမွာေပ်ာ္၀င္ႏိုင္တဲ့ ဗီတာမင္ B ဓာတ္သိုေလွာင္မႈမရွိတဲ့အတြက္ ျဖစ္တတ္ပါတယ္။ ကိုယ္ကာယအလွအတြက္ ေလ့က်င့္ေနသူေတြ အေနနဲ႔ဆိုရင္ ၾကက္ဥအစိမ္း မစားသံုးသင့္ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ ၾကက္ဥအစိမ္းမွာ ပါ၀င္တဲ့ အသားဓာတ္က B7 ဓာတ္ဆုပ္ယူမႈကို အဟန္႔အတားျဖစ္ေစႏိုင္လို႔ ျဖစ္ပါတယ္။

B7 ဗီတာမင္ဓာတ္ခ်ိဳ႕တဲ့မႈကို ေျဖရွင္းႏိုင္ဖို႔အတြက္ ခ်က္ျပဳတ္ၿပီးသား ဥေတြ၊ ေဆာ္လမြန္ငါး၊ ေထာပတ္သီး၊ မႈိအမ်ိဳးမ်ိဳး၊ ပန္းေဂၚဖီ၊ ပဲတီစိမ္းနဲ႔ ငွက္ေပ်ာသီးေတြ မ်ားမ်ားစားသံုးေပးရင္ ရပါၿပီ။

၃။ ပါး၊ လက္ေမာင္း၊ ေပါင္နဲ႔ တင္ပါးမွာ ၀က္ျခံနဲ႔တူတဲ့ အနီေရာင္အျဖဴေရာင္ အဖုေတြ ထြက္လာျခင္း

ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ အဆီဓာတ္နဲ႔ ဗီတာမင္ A ဗီတာမင္ D ခ်ိဳ႕တဲ့မႈေၾကာင့္ ျဖစ္ပါတယ္။

ခ်ိဳ႕တဲ့ေနတဲ့ အဆီဓာတ္ျပန္လည္ ျပည့္၀လာဖို႔အတြက္ ျပည့္၀ဆီမ်ားတဲ့အစားအစာေတြကို ေရွာင္က်ဥ္ပါ။ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္တဲ့ အဆီဓာတ္ပါ၀င္တဲ့ ေဆာ္လမြန္ငါး၊ ဆာဒင္းငါးေတြကို မ်ားမ်ားစားသံုးေပးပါ။ သစ္ၾကားသီး၊ သစ္မာသီးတို႔ကိုလည္း ပိုစားေပးပါ။ ဗီတာမင္ ေအ ခ်ိဳ႕တဲ့မႈအတြက္ကေတာ့ အစိမ္းေရာင္အရြက္ေတြ၊ မုန္လာဥနီ၊ ကန္စြန္းဥ၊ ပန္းင႐ုတ္ပြတို႔လို အေရာင္ပါတဲ့ ဟင္းသီးဟင္းရြက္ေတြကို မ်ားမ်ားသံုးေဆာင္ပါ။

၄။ နားအူျခင္း၊ ေျခေတြလက္ေတြ ထုံက်င္ျခင္း

ဗီတာမင္ B အုပ္စုထဲက B9, B6 နဲ႔ B12 တို႔ ခ်ဳိ႕တဲ့မႈေၾကာင့္ ျဖစ္ပါတယ္။ ဒီလကၡဏာေတြက စိုးရိမ္ေသာကမ်ားျခင္း၊ စိတ္က်ေရာဂါ၊ ေသြးအားနည္းေရာဂါ၊ ေမာပန္းႏြမ္းနယ္မႈနဲ႔ ေဟာ္မုန္းမညီမွ်တာေတြနဲ႔လည္း ဆက္စပ္မႈရွိႏိုင္ပါတယ္။

ဒီလကၡဏာေတြျဖစ္လာၿပီဆိုရင္ ဟင္းႏုႏြယ္၊ ကညြတ္၊ မုန္လာဥနီ၊ ပဲအမ်ိဳးမ်ိဳး၊ ဥအမ်ိဳးမ်ိဳး၊ ေရဘ၀ဲ၊ ေယာက္သြားနဲ႔ ၾကက္သားဘဲသားေတြ မ်ားမ်ားစားေပးဖို႔ လိုပါတယ္။

၅။ ေျခေခ်ာင္းေလးေတြ၊ ေျခသလံုး၊ ေျခဖမိုး ေတြမွာ နာက်င္ၿပီး ၾကြက္တက္သလိုခံစားရျခင္း

ဒီလကၡဏာေတြကေတာ့ မဂၢနီဆီယမ္ဓာတ္၊ ကယ္ဆီယမ္ဓာတ္နဲ႔ ပိုတက္ဆီယမ္ဓာတ္ေတြ ခ်ိဳ႕တဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ေလ့က်င့္ခန္းတစ္ခုခုကို အျပင္းအထန္ေလ့က်င့္မယ္ဆိုရင္ ေခၽြးထြက္မ်ားတတ္တာေၾကာင့္ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ဓာတ္ပစၥည္းေတြ ပိုမိုဆံုး႐ႈံးရတတ္ပါတယ္။

ဒီလို ဓာတ္ပစၥည္းခ်ိဳ႕တဲ့မႈအတြက္ ငွက္ေပ်ာသီး၊ ဗာဒံသီး၊ သစ္အယ္သီး၊ သခြားေမႊး၊ ခ်ယ္ရီသီး၊ ပန္းသီး၊ ဂရိတ္ဖရုသီး၊ ပန္းေဂၚဖီစိမ္းတို႔နဲ႔ အစိမ္းရင့္ေရာင္ရွိတဲ့ ဟင္းသီးဟင္းရြက္ေတြ မ်ားမ်ားစားသံုးေပးျခင္းျဖင့္ ျပန္လည္ျပည့္၀လာေစႏိုင္ပါတယ္။


ခန္ဓာကိုယ်မှာ ဗီတာမင်ဓာတ်ချို့တဲ့မှု၏ လက္ခဏာများ

သင့်ရဲ့ခန္ဓာကိုယ်က ချို့ယွင်းချက်တစ်ခုခုကို ပြောပြနိုင်တယ်ဆိုတာ သိပါသလား။ အထူးသဖြင့် ဗီတာမင်ဓာတ် ချို့တဲ့မှုတွေလို လက္ခဏာတွေဖြစ်ပါတယ်။ ယနေ့ခေတ်လို အသင့်ပြင်ဆင်ထားတဲ့စားစရာတွေကို အလွယ်တကူ စားသုံးကြတဲ့အခါမှာ ဗီတာမင်ချို့တဲ့မှုတွေ ကြုံတွေ့ခံစားကြရတတ်ပါတယ်။ ဗီတာမင်ဓာတ်တွေဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဓာတုဖြစ်စဉ်တွေအတွက် အရေးကြီးတာကြောင့် ဗီတာမင်ဓာတ်ချို့တဲ့လာတဲ့အခါမှာ နေထိုင်မကောင်းဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်မှာ ဗီတာမင်ဓာတ်လိုအပ်နေကြောင်း သိနိုင်ဖို့ လက္ခဏာ(၅)ခုနဲ့ ကုသနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နှုတ်ခမ်းထောင့်တွေ ကွဲအက်လာခြင်း
ဒီလက္ခဏာကတော့ သံဓာတ်၊ ဇင့်ဓာတ်နဲ့ ဗီတာမင် B3၊ B2၊ B12 တို့ချို့တဲ့မှုကြောင့် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် သံဓာတ်၊ ဇင့်ဓာတ်နဲ့ ဗီတာမင် B12 တို့အလုံအလောက်မရနိုင်တဲ့ သားသတ်လွတ်သမားတွေမှာ အဖြစ်များပါတယ်။
ဒီလက္ခဏာကို ပြန်ကောင်းလာဖို့အတွက်က ကြက်သား၊ ဘဲသား၊ ဆော်လမွန်ငါး၊ တူနာငါး၊ ဥအမျိုးမျိုး၊ ခရမ်းချဉ်သီး၊ မြေပဲ စတဲ့စားစရာတွေကို များများစားပေးပါ။ ဒါ့အပြင် ဒီအစားအစာတွေထဲက သံဓာတ်ကို ပိုမိုစုပ်ယူနိုင်ဖို့အတွက် ဗီတာမင် စီ ဓာတ်များတဲ့ ဘရိုကိုလီ ပန်းဂေါ်ဖီစိမ်း၊ ပန်းငရုတ်ပွ၊ ပန်းဂေါ်ဖီတို့နဲ့ တွဲဖက်စားသုံးပေးသင့်ပါတယ်။

၂။ မျက်နှာပေါ်တွင် အနီရောင်အဖုအပိမ့်တွေထွက်ခြင်း၊ ဆံပင်ကျွတ်ခြင်း
ဒီလိုဖြစ်ရတာကတော့ ဗီတာမင် B အုပ်စုထဲက B7 ဓာတ်ချို့တဲ့လို့ဖြစ်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်က ဗီတာမင် A, D, E, K တို့လို အဆီမှာ ပျော်ဝင်စေနိုင်တဲ့ ဗီတာမင်ဓာတ်တွေကို သိုလှောင်ထားချိန်မှာ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် B ဓာတ်သိုလှောင်မှုမရှိတဲ့အတွက် ဖြစ်တတ်ပါတယ်။ ကိုယ်ကာယအလှအတွက် လေ့ကျင့်နေသူတွေ အနေနဲ့ဆိုရင် ကြက်ဥအစိမ်း မစားသုံးသင့်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကြက်ဥအစိမ်းမှာ ပါဝင်တဲ့ အသားဓာတ်က B7 ဓာတ်ဆုပ်ယူမှုကို အဟန့်အတားဖြစ်စေနိုင်လို့ ဖြစ်ပါတယ်။
B7 ဗီတာမင်ဓာတ်ချို့တဲ့မှုကို ဖြေရှင်းနိုင်ဖို့အတွက် ချက်ပြုတ်ပြီးသား ဥတွေ၊ ဆော်လမွန်ငါး၊ ထောပတ်သီး၊ မှိုအမျိုးမျိုး၊ ပန်းဂေါ်ဖီ၊ ပဲတီစိမ်းနဲ့ ငှက်ပျောသီးတွေ များများစားသုံးပေးရင် ရပါပြီ။

၃။ ပါး၊ လက်မောင်း၊ ပေါင်နဲ့ တင်ပါးမှာ ဝက်ခြံနဲ့တူတဲ့ အနီရောင်အဖြူရောင် အဖုတွေ ထွက်လာခြင်း
ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အဆီဓာတ်နဲ့ ဗီတာမင် A ၊ ဗီတာမင် D ချို့တဲ့မှုကြောင့် ဖြစ်ပါတယ်။
ချို့တဲ့နေတဲ့ အဆီဓာတ်ပြန်လည် ပြည့်ဝလာဖို့အတွက် ပြည့်ဝဆီများတဲ့အစားအစာတွေကို ရှောင်ကျဉ်ပါ။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့ အဆီဓာတ်ပါဝင်တဲ့ ဆော်လမွန်ငါး၊ ဆာဒင်းငါးတွေကို များများစားသုံးပေးပါ။ သစ်ကြားသီး၊ သစ်မာသီးတို့ကိုလည်း ပိုစားပေးပါ။ ဗီတာမင် အေ ချို့တဲ့မှုအတွက်ကတော့ အစိမ်းရောင်အရွက်တွေ၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ ပန်းငရုတ်ပွတို့လို အရောင်ပါတဲ့ ဟင်းသီးဟင်းရွက်တွေကို များများသုံးဆောင်ပါ။

၄။ နားအူခြင်း၊ ခြေတွေလက်တွေ ထုံကျင်ခြင်း
ဗီတာမင် B အုပ်စုထဲက B9, B6 နဲ့ B12 တို့ ချို့တဲ့မှုကြောင့် ဖြစ်ပါတယ်။ ဒီလက္ခဏာတွေက စိုးရိမ်သောကများခြင်း၊ စိတ်ကျရောဂါ၊ သွေးအားနည်းရောဂါ၊ မောပန်းနွမ်းနယ်မှုနဲ့ ဟော်မုန်းမညီမျှတာတွေနဲ့လည်း ဆက်စပ်မှုရှိနိုင်ပါတယ်။
ဒီလက္ခဏာတွေဖြစ်လာပြီဆိုရင် ဟင်းနုနွယ်၊ ကညွတ်၊ မုန်လာဥနီ၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ရေဘဝဲ၊ ယောက်သွားနဲ့ ကြက်သားဘဲသားတွေ များများစားပေးဖို့ လိုပါတယ်။

၅။ ခြေချောင်းလေးတွေ၊ ခြေသလုံး၊ ခြေဖမိုး တွေမှာ နာကျင်ပြီး ကြွက်တက်သလိုခံစားရခြင်း
ဒီလက္ခဏာတွေကတော့ မဂ္ဂနီဆီယမ်ဓာတ်၊ ကယ်ဆီယမ်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ ချို့တဲ့တာကြောင့် ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတစ်ခုခုကို အပြင်းအထန်လေ့ကျင့်မယ်ဆိုရင် ချွေးထွက်များတတ်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဓာတ်ပစ္စည်းတွေ ပိုမိုဆုံးရှုံးရတတ်ပါတယ်။

ဒီလို ဓာတ်ပစ္စည်းချို့တဲ့မှုအတွက် ငှက်ပျောသီး၊ ဗာဒံသီး၊ သစ်အယ်သီး၊ သခွားမွှေး၊ ချယ်ရီသီး၊ ပန်းသီး၊ ဂရိတ်ဖရုသီး၊ ပန်းဂေါ်ဖီစိမ်းတို့နဲ့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ များများစားသုံးပေးခြင်းဖြင့် ပြန်လည်ပြည့်ဝလာစေနိုင်ပါတယ်။

Related Posts

%%footer%%