ကိုယ်ပိုင်လုပ်ငန်းတည်ထောင်မည့်သူတိုင်း သတိပြုဆင်ခြင်သင့်သည့် အချက်(၅)ခု
ကိုယ္ပိုင္လုပ္ငန္းတစ္ခုလုပ္ေတာ့မယ္ဆိုရင္ ေလ့လာစရာေတြ၊ ျပင္ဆင္စရာေတြ၊ သတိျပဳဆင္ျခင္စရာေတြ အမ်ားႀကီးရွိပါတယ္။ ဒီထဲမွ အေရးတႀကီးသတိျပဳဆင္ျခင္သင့္တဲ့ အခ်က္(၅)ခုကို ေဖာ္ျပလိုက္ပါတယ္။
၁။ ဆက္သြယ္ေရးၾကားခံေတြအေပၚ အရမ္းအားမကိုးပါနဲ႔။
အလုပ္လုပ္တဲ့အခါမွာ ေဖာက္သည္ေတြ၊ သံုးစြဲသူေတြနဲ႔ ဆက္သြယ္ေျပာဆိုမႈေတြကို လူခ်င္းတိုက္႐ိုက္ထိေတြ႕မႈထက္ အင္တာနက္ေတြ၊ ဖုန္းလိုင္းေတြကေနတဆင့္ခံၿပီး ဆက္သြယ္ေျပာဆိုတာကို ေလွ်ာ့ခ်သင့္ပါတယ္။ တိုက္႐ိုက္ထိေတြ႕ဆက္ဆံမႈကို ပိုၿပီးအက်ိဳးမ်ားပါတယ္။
၂။ လိုအပ္သလိုေျပာင္းလဲပါ။
လက္ရွိအခ်ိန္မွာ အဆင္ေျပေနတဲ့အေနအထားက တိုးတက္ေျပာင္းလဲဖို႔အတြက္ အလုပ္ျဖစ္မွာမဟုတ္ပါဘူး။ စစ္မွန္တဲ့တိုးတက္ေျပာင္းလဲျခင္းအတြက္ စနစ္က အေရးႀကီးပါတယ္။ စနစ္ကို ေျပာင္းလဲရတာကလည္း သက္ေရာက္မႈမ်ားသလို အကုန္အက်လည္း မ်ားပါတယ္။ ဒါေပမယ့္ ေျပာင္းလဲမႈေတြကိုေတာ့ လိုအပ္သလို လုပ္ေပးရမွာျဖစ္ပါတယ္။
၃။ ဓေလ့ထံုးစံေတြက ယွဥ္ၿပိဳင္ႏိုင္စြမ္းကို ထိခိုက္ေစတယ္။
၀န္ထမ္းေတြကို ေခၚယူတဲ့အခါမွာ ကိုယ္ေရးအခ်က္အလက္ေတြကို ၾကည့္ၿပီး အဆင္ေျပႏိုင္မယ့္သူကို ေခၚတာမ်ိဳးက အလုပ္ျဖစ္ဖို႔ နည္းပါတယ္။ တကယ္တမ္း ယွဥ္ၿပိဳင္လုပ္ေဆာင္ရတဲ့အခါမွာ လုပ္ငန္းသေဘာတရားနဲ႔ ကိုက္ညီတဲ့၀န္ထမ္းေတြ အဖြဲ႕၀င္ေတြက ရလဒ္ေကာင္းေတြ ရရွိေအာင္ လုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။
၄။ လုပ္ငန္းတိုးခ်ဲ႕တဲ့အခါမွာ မလိုတာေတြ မသံုးမိပါေစနဲ႔။
လုပ္ငန္းတစ္ခု အရွိန္ရလာၿပီး တိုးတက္လာတဲ့အခါမွာ ၀င္ေငြရလိုစိတ္နဲ႔ အသံုးစရိတ္ကို မဆင္ျခင္ပဲ သံုးေနမိတတ္ပါတယ္။ ေသခ်ာဆန္းစစ္ၾကည့္မယ္ဆိုရင္ မလိုတာေတြအတြက္လည္း သံုးေနမိတတ္ပါတယ္။ ပံုမွန္ႏႈန္းနဲ႔ တိုးတက္ေနတယ္ဆိုေပမယ့္ မလိုအပ္ပဲယိုစိမ့္ေနတဲ့ ကုန္က်စရိတ္ေတြကို ဂ႐ုစိုက္ႏိုင္မယ္ဆိုရင္ ပိုၿပီး အက်ိဳးျဖစ္ထြန္းမွာေသခ်ာပါတယ္။
၅။ အလွ်င္အျမန္တိုးတက္မႈထက္ အႀကိမ္ႀကိမ္တိုးတက္မႈက ပိုအေရးႀကီးတယ္။
လုပ္ငန္းေတြ အလွ်င္အျမန္တိုးတက္ေအာင္ျမင္ဖို႔ စိတ္မေစာပါနဲ႔။ ျမန္ျမန္ဆန္ဆန္တိုးတက္လာေလေလ က်႐ႈံးဖို႔မ်ားေလပဲျဖစ္ပါတယ္။ တကယ္တမ္းအေရးႀကီးတာက အႀကိမ္ႀကိမ္တိုးတက္မႈေတြ ရွိေနဖို႔ပဲ ျဖစ္ပါတယ္။ ျဖည္းျဖည္းမွန္မွန္ ေအာင္ပြဲခံဆိုတဲ့အတိုင္းပဲ ပံုမွန္ႏႈန္းထားနဲ႔ တိုးတက္မႈေတြ ရရွိေအာင္ပဲ လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။
ကိုယ်ပိုင်လုပ်ငန်းတည်ထောင်မည့်သူတိုင်း သတိပြုဆင်ခြင်သင့်သည့် အချက်(၅)ခု
ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် လေ့လာစရာတွေ၊ ပြင်ဆင်စရာတွေ၊ သတိပြုဆင်ခြင်စရာတွေ အများကြီးရှိပါတယ်။ ဒီထဲမှ အရေးတကြီးသတိပြုဆင်ခြင်သင့်တဲ့ အချက်(၅)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ ဆက်သွယ်ရေးကြားခံတွေအပေါ် အရမ်းအားမကိုးပါနဲ့။
အလုပ်လုပ်တဲ့အခါမှာ ဖောက်သည်တွေ၊ သုံးစွဲသူတွေနဲ့ ဆက်သွယ်ပြောဆိုမှုတွေကို လူချင်းတိုက်ရိုက်ထိတွေ့မှုထက် အင်တာနက်တွေ၊ ဖုန်းလိုင်းတွေကနေတဆင့်ခံပြီး ဆက်သွယ်ပြောဆိုတာကို လျှော့ချသင့်ပါတယ်။ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကို ပိုပြီးအကျိုးများပါတယ်။
၂။ လိုအပ်သလိုပြောင်းလဲပါ။
လက်ရှိအချိန်မှာ အဆင်ပြေနေတဲ့အနေအထားက တိုးတက်ပြောင်းလဲဖို့အတွက် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ စစ်မှန်တဲ့တိုးတက်ပြောင်းလဲခြင်းအတွက် စနစ်က အရေးကြီးပါတယ်။ စနစ်ကို ပြောင်းလဲရတာကလည်း သက်ရောက်မှုများသလို အကုန်အကျလည်း များပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုတွေကိုတော့ လိုအပ်သလို လုပ်ပေးရမှာဖြစ်ပါတယ်။
၃။ ဓလေ့ထုံးစံတွေက ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေတယ်။
ဝန်ထမ်းတွေကို ခေါ်ယူတဲ့အခါမှာ ကိုယ်ရေးအချက်အလက်တွေကို ကြည့်ပြီး အဆင်ပြေနိုင်မယ့်သူကို ခေါ်တာမျိုးက အလုပ်ဖြစ်ဖို့ နည်းပါတယ်။ တကယ်တမ်း ယှဉ်ပြိုင်လုပ်ဆောင်ရတဲ့အခါမှာ လုပ်ငန်းသဘောတရားနဲ့ ကိုက်ညီတဲ့ဝန်ထမ်းတွေ အဖွဲ့ဝင်တွေက ရလဒ်ကောင်းတွေ ရရှိအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
၄။ လုပ်ငန်းတိုးချဲ့တဲ့အခါမှာ မလိုတာတွေ မသုံးမိပါစေနဲ့။
လုပ်ငန်းတစ်ခု အရှိန်ရလာပြီး တိုးတက်လာတဲ့အခါမှာ ဝင်ငွေရလိုစိတ်နဲ့ အသုံးစရိတ်ကို မဆင်ခြင်ပဲ သုံးနေမိတတ်ပါတယ်။ သေချာဆန်းစစ်ကြည့်မယ်ဆိုရင် မလိုတာတွေအတွက်လည်း သုံးနေမိတတ်ပါတယ်။ ပုံမှန်နှုန်းနဲ့ တိုးတက်နေတယ်ဆိုပေမယ့် မလိုအပ်ပဲယိုစိမ့်နေတဲ့ ကုန်ကျစရိတ်တွေကို ဂရုစိုက်နိုင်မယ်ဆိုရင် ပိုပြီး အကျိုးဖြစ်ထွန်းမှာသေချာပါတယ်။
၅။ အလျှင်အမြန်တိုးတက်မှုထက် အကြိမ်ကြိမ်တိုးတက်မှုက ပိုအရေးကြီးတယ်။
လုပ်ငန်းတွေ အလျှင်အမြန်တိုးတက်အောင်မြင်ဖို့ စိတ်မစောပါနဲ့။ မြန်မြန်ဆန်ဆန်တိုးတက်လာလေလေ ကျရှုံးဖို့များလေပဲဖြစ်ပါတယ်။ တကယ်တမ်းအရေးကြီးတာက အကြိမ်ကြိမ်တိုးတက်မှုတွေ ရှိနေဖို့ပဲ ဖြစ်ပါတယ်။ ဖြည်းဖြည်းမှန်မှန် အောင်ပွဲခံဆိုတဲ့အတိုင်းပဲ ပုံမှန်နှုန်းထားနဲ့ တိုးတက်မှုတွေ ရရှိအောင်ပဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။