ေျပာဆိုဆက္ဆံရာတြင္ မသံုးသင့္သည့္ စကားမ်ား

ပြောဆိုဆက်ဆံရာတွင် မသုံးသင့်သည့် စကားများ

ကၽြန္ေတာ္တို႔အမ်ားစုက တဖက္သူကို နားလည္မႈလြဲသြားေစႏိုင္မယ့္ စကားေတြကို ေျပာမိတတ္ၾကပါတယ္။ ဒီလိုျဖစ္ရတာဟာ ကၽြန္ေတာ္တို႔ေျပာလိုက္တဲ့စကားရဲ႕ ေနာက္ဆက္တြဲအက်ိဳးသက္ေရာက္မႈေတြနဲ႔ ပတ္သက္ၿပီး သတိမထားမိလို႔ ျဖစ္ပါတယ္။ ဒီအက်ိဳးသက္ေရာက္မႈေတြကို နားလည္ႏိုင္ဖို႔အတြက္က တစ္ဖက္သူရဲ႕ စိတ္ခံစားမႈနဲ႔ အေတြ႕အၾကံဳကို ခန္႔မွန္းႏိုင္တဲ့ Social Awareness ရွိဖို႔ လိုအပ္ပါတယ္။ လူသန္းေပါင္းမ်ားစြာရဲ႕ စိတ္ခံစားသိမွတ္မႈစြမ္းရည္ (Emotional Intelligence)ကို ေလ့လာစမ္းသပ္ခဲ့ရာမွာ အမ်ားစုဟာ Social Awareness မရွိတာကို ေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။ Social Awareness မရွိတဲ့အတြက္ ကိုယ္ေျပာလိုက္တဲ့စကားက တဖက္သားကို ဘယ္လိုသက္ေရာက္မႈရွိမလဲဆိုတာကို မေတြးႏိုင္ပဲ ေနာက္ထပ္ ဘာဆက္ေျပာရမလဲဆိုတာကိုပဲ စဥ္းစားေနတတ္ၾကပါတယ္။ ဒီလိုမျဖစ္ေအာင္ Social awareness တိုးတက္ေကာင္းမြန္လာဖို႔အတြက္ သင္စကားေျပာဆိုတဲ့အခါမွာ အနည္းငယ္ထိန္းခ်ဳပ္ျပဳျပင္လိုက္႐ုံနဲ႔ လုပ္ေဆာင္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ EQ ေကာင္းၿပီး လူမႈဆက္ဆံေရးေအာင္ျမင္သူေတြ ေျပာေလ့ေျပာထမရွိတဲ့ စကားေတြကို စုစည္းထားပါတယ္။ ဒီစကားေတြကို သတိထားၿပီး မေျပာမိေအာင္ ဆင္ျခင္သင့္ပါတယ္။

၁။ မင္း ပင္ပန္းေနပံုရတယ္။

ပင္ပန္းႏြမ္းနယ္ေနသူေတြက ရင္ထဲမွာ ပန္းေတြပြင့္ေနတာမဟုတ္ပါဘူး။ မ်က္တြင္းေတြက်၊ ဆံပင္ေတြ ဖြာလန္က်ဲၿပီး အာ႐ုံစူးစိုက္ႏုိင္စြမ္းနည္းေနတတ္ပါတယ္။ ပင္ပန္းေနသူေတြက ေျပာခ်င္ဆိုခ်င္စိတ္ နည္းေနတတ္သလို အားလံုးကို ကၽြဲၿမီးတို အလိုမက်ျဖစ္ေနတတ္ပါတယ္။ တစ္ေယာက္ေယာက္ကို သြားၿပီး ပင္ပန္းေနပံုပဲလို႔ ေျပာလိုက္တာက အေပၚကေျပာခဲ့တာေတြ ျဖစ္ေနတယ္လို႔ သြယ္၀ိုက္ေျပာလိုက္သလိုပါပဲ။ ဒီလိုေျပာမယ့္အစား အဆင္ေျပရဲ႕လားလို႔ ေမးသင့္ပါတယ္။ ဒီလိုေမးလိုက္တဲ့အတြက္ သူ႔ကို ဂရုစိုက္ရာေရာက္ၿပီး ေ၀မွ်ခံစားေပးလိုေၾကာင္း ေဖာ္ျပသလိုျဖစ္ေစပါတယ္။

၂။ ၀ိုး.. မင္း အေတာ္ကို ပိန္သြားတာပဲ

ဒီလိုေျပာတာက အခန္႔မသင့္ရင္ တစ္ဖက္သူက ခႏၶာကိုယ္ျပည့္ၿဖိဳးေနတုန္းက လွၿပီး အခုက်ေတာ့ ဆြဲေဆာင္မႈ မရွိေတာ့သလို ခံစားသြားရေစပါတယ္။ ဒီလုိေျပာမယ့္အစား မင္း လန္းေနပါလား လို႔ သံုးပါ။ ဒါဆိုရင္ အရင္က ပံုစံနဲ႔ အခုပံုစံကို ႏႈိင္းယွဥ္သလိုလည္း မျဖစ္သလို ၾကည့္ေကာင္းေနေၾကာင္း ခ်ီးက်ဴးရာလည္း ေရာက္ပါတယ္။

၃။ မင္းက ဘယ္လိုပဲျဖစ္ျဖစ္ သူမအတြက္ ေကာင္းလြန္းပါတယ္

ခ်စ္သူစံုတြဲေတြထဲက တစ္ေယာက္ေယာက္ကို ဒီလိုသြားေျပာလိုက္ရင္ တစ္ဖက္သူအတြက္ အေရြးမွားခဲ့သလိုႀကီး ခံစားသြားရေစပါတယ္။ ဒီလိုေျပာမယ့္အစား မင္းကို ေၾကြသြားတာေနမွာေပါ့ လို႔ ေျပာတာက အျပဳသေဘာနဲ႔ လိုက္ဖက္ေၾကာင္းေထာက္ခံလိုက္တာ ျဖစ္ပါတယ္။

၄။ အျမဲတမ္း…. (သို႔) ဘယ္ေတာ့မွ

ဘယ္သူကမွ ကိစၥတစ္ခုကုိ အျမဲတမ္းလုပ္ေနတာ၊ ဘယ္ေတာ့မွမလုပ္ဘူးဆိုတာ မရွိပါဘူး။ လူေတြကို ပံုေသတြက္ထားလို႔ မရပါဘူး။ အျမဲတမ္းတို႔၊ ဘယ္ေတာ့မွ တို႔လို စကားလံုးေတြ သံုးၿပီးေျပာမယ္ဆိုရင္ လူေတြကို စိတ္ပ်က္ေစၿပီး သင္ေျပာခ်င္တဲ့အေၾကာင္းအရာကို လက္ခံမွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ တစ္ဖက္သားရဲ႕ ဘယ္လိုအျပဳအမူမ်ိဳးက ျပႆနာျဖစ္ေနတယ္ ဆိုတာကို ခ်က္က်လက္က်ေထာက္ျပတတ္ဖို႔ လိုပါတယ္။ ဒီၾကားထဲကမွ ဆက္လုပ္ေနေသးရင္ မင္းဒီလို ခဏခဏလုပ္ေနသလိုပဲေနာ္ (ဒါမွမဟုတ္) မင္း လုပ္လြန္းလို႔ ငါေတာင္ မွတ္မိေနၿပီဆိုတာမ်ိဳးေလး ေျပာၿပီး သတိေပးႏိုင္ပါတယ္။

၅။ မင္းအသက္အရြယ္နဲ႔ ၾကည့္လို႔ေကာင္းတယ္

မင္းအရြယ္နဲ႔ဆိုတဲ့စကားက သံုးဖို႔ မသင့္ေတာ္ပါဘူး။ ဘယ္သူကမွ တျခားရြယ္တူတစ္စံုတစ္ေယာက္နဲ႔ ခိုင္းႏႈိင္း ေျပာတာမ်ိဳကို မႏွစ္သက္ပါဘူး။ ဒါ့ေၾကာင့္ မင္း ၾကည့္ေကာင္းေနတယ္ ဆိုတာေလာက္နဲ႔တင္ လုံေလာက္ပါတယ္။

၆။ ခုနက ေျပာခဲ့သလိုပဲ …….

ကၽြန္ေတာ္တို႔အားလံုးက အခ်ိန္နဲ႔အမွ် ေမ့တတ္ေလ်ာ့တတ္ၾကပါတယ္။ ဒီအတြက္ အစျပန္ေဖာ္တဲ့အေနနဲ႔ ခုနက ေျပာခဲ့သလိုပဲဆိုၿပီး ျပန္ေျပာတာက သင့္ကို စိတ္၀င္တစားနဲ႔နားေထာင္ေနသူေတြကို မေလးစားရာေရာက္ပါတယ္။ ဒီလိုေျပာမယ့္အစား ေနာက္တစ္ခါျပန္ေျပာဖို႔အေၾကာင္းရွိလာရင္ ပိုၿပီးေတာ့ ရွင္းရွင္းလင္းလင္းနဲ႔ စိတ္၀င္စားစရာေကာင္းေအာင္ ေျပာၾကည့္ပါ။

၇။ ကံေကာင္းပါေစ

ဒီစကားက အဓိပၸါယ္ေတြ အမ်ားႀကီးထြက္ပါတယ္။ ကမာၻပ်က္မတတ္ျဖစ္ေနတာမ်ိဳးမဟုတ္ရင္ တစ္ေယာက္ေယာက္ကို ကံေကာင္းပါေစလို႔ မေျပာသင့္ပါဘူး။ ဒီလိုေျပာတာက သူတို႔ကံေကာင္းမွပဲ ေအာင္ျမင္ႏိုင္မယ္လို႔ ေျပာလိုက္သလိုပါပဲ။ ဒီအစား မင္းလုပ္ႏိုင္မယ္ဆိုတာ ငါသိတယ္လို႔ ေျပာပါ။ ဒီစကားက ကံေကာင္းပါေစလို႔ ဆုေတာင္ေပးတာထက္ ပိုေကာင္းၿပီး တစ္ဖက္သူကို ေအာင္ေအာင္ျမင္ျမင္လုပ္ေဆာင္ႏိုင္ေစဖို႔ ယုံၾကည္မႈေတြ တိုးပြားေစပါတယ္။

၈။ ဒါက မင္းအေပၚမွာ မူတည္တယ္။ မင္းသေဘာပဲ လုပ္ခ်င္တာလုပ္

သင့္ရဲ႕ ထင္ျမင္ယူဆခ်က္၊ အၾကံဉာဏ္ကို ေတာင္းလာတာကို ဒီလိုေျပာမယ္ဆိုရင္ မသင့္ေတာ္ပါဘူး။ ငါလည္း ဘယ္လိုေျပာေပးရမွန္း မသိဘူး။ ဒါေပမယ့္ မင္းစဥ္းစားၾကည့္သင့္တာေတြက ဆိုၿပီး အေကာင္းအဆိုးကို ဆင္ျခင္ျပတာက အၾကံဉာဏ္ေတာင္းလာသူကို ဂ႐ုစိုက္ေၾကာင္း ေဖာ္ျပရာေရာက္ပါတယ္။

၉။ ေကာင္းၿပီေလ၊ အနည္းဆံုးေတာ့ ငါ ……

ဒီလိုစကားခံၿပီး ကိုယ့္ရဲ႕အျပစ္ကို ေပါ့ေအာင္ ေျပာတတ္ၾကပါတယ္။ ဒီစကားက ကိုယ့္အျပစ္အတြက္ တျခားသူနဲ႔ ႏႈိင္းယွဥ္ၿပီး တစ္ဖက္သူေလာက္မဆိုးပါဘူးလို႔ ေထာက္ျပတာျဖစ္ပါတယ္။ ဒီလိုေျပာတာထက္ ငါ ေတာင္းပန္ပါတယ္။ ငါ့အမွားပါလို႔ ၀န္ခံလိုက္တာက အေကာင္းဆံုးျဖစ္ပါတယ္။ အျပစ္ကို ၀န္ခံတာက ေနာက္ဆက္တြဲကိစၥေတြကို ကာကြယ္ၿပီးသားျဖစ္ေစပါတယ္။


ပြောဆိုဆက်ဆံရာတွင် မသုံးသင့်သည့် စကားများ

ကျွန်တော်တို့အများစုက တဖက်သူကို နားလည်မှုလွဲသွားစေနိုင်မယ့် စကားတွေကို ပြောမိတတ်ကြပါတယ်။ ဒီလိုဖြစ်ရတာဟာ ကျွန်တော်တို့ပြောလိုက်တဲ့စကားရဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး သတိမထားမိလို့ ဖြစ်ပါတယ်။ ဒီအကျိုးသက်ရောက်မှုတွေကို နားလည်နိုင်ဖို့အတွက်က တစ်ဖက်သူရဲ့ စိတ်ခံစားမှုနဲ့ အတွေ့အကြုံကို ခန့်မှန်းနိုင်တဲ့ Social Awareness ရှိဖို့ လိုအပ်ပါတယ်။ လူသန်းပေါင်းများစွာရဲ့ စိတ်ခံစားသိမှတ်မှုစွမ်းရည် (Emotional Intelligence)ကို လေ့လာစမ်းသပ်ခဲ့ရာမှာ အများစုဟာ Social Awareness မရှိတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ Social Awareness မရှိတဲ့အတွက် ကိုယ်ပြောလိုက်တဲ့စကားက တဖက်သားကို ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာကို မတွေးနိုင်ပဲ နောက်ထပ် ဘာဆက်ပြောရမလဲဆိုတာကိုပဲ စဉ်းစားနေတတ်ကြပါတယ်။ ဒီလိုမဖြစ်အောင် Social awareness တိုးတက်ကောင်းမွန်လာဖို့အတွက် သင်စကားပြောဆိုတဲ့အခါမှာ အနည်းငယ်ထိန်းချုပ်ပြုပြင်လိုက်ရုံနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဒါ့ကြောင့် EQ ကောင်းပြီး လူမှုဆက်ဆံရေးအောင်မြင်သူတွေ ပြောလေ့ပြောထမရှိတဲ့ စကားတွေကို စုစည်းထားပါတယ်။ ဒီစကားတွေကို သတိထားပြီး မပြောမိအောင် ဆင်ခြင်သင့်ပါတယ်။

၁။ မင်း ပင်ပန်းနေပုံရတယ်။
ပင်ပန်းနွမ်းနယ်နေသူတွေက ရင်ထဲမှာ ပန်းတွေပွင့်နေတာမဟုတ်ပါဘူး။ မျက်တွင်းတွေကျ၊ ဆံပင်တွေ ဖွာလန်ကျဲပြီး အာရုံစူးစိုက်နိုင်စွမ်းနည်းနေတတ်ပါတယ်။ ပင်ပန်းနေသူတွေက ပြောချင်ဆိုချင်စိတ် နည်းနေတတ်သလို အားလုံးကို ကျွဲမြီးတို အလိုမကျဖြစ်နေတတ်ပါတယ်။ တစ်ယောက်ယောက်ကို သွားပြီး ပင်ပန်းနေပုံပဲလို့ ပြောလိုက်တာက အပေါ်ကပြောခဲ့တာတွေ ဖြစ်နေတယ်လို့ သွယ်ဝိုက်ပြောလိုက်သလိုပါပဲ။ ဒီလိုပြောမယ့်အစား အဆင်ပြေရဲ့လားလို့ မေးသင့်ပါတယ်။ ဒီလိုမေးလိုက်တဲ့အတွက် သူ့ကို ဂရုစိုက်ရာရောက်ပြီး ဝေမျှခံစားပေးလိုကြောင်း ဖော်ပြသလိုဖြစ်စေပါတယ်။

၂။ ဝိုး.. မင်း အတော်ကို ပိန်သွားတာပဲ
ဒီလိုပြောတာက အခန့်မသင့်ရင် တစ်ဖက်သူက ခန္ဓာကိုယ်ပြည့်ဖြိုးနေတုန်းက လှပြီး အခုကျတော့ ဆွဲဆောင်မှု မရှိတော့သလို ခံစားသွားရစေပါတယ်။ ဒီလိုပြောမယ့်အစား မင်း လန်းနေပါလား လို့ သုံးပါ။ ဒါဆိုရင် အရင်က ပုံစံနဲ့ အခုပုံစံကို နှိုင်းယှဉ်သလိုလည်း မဖြစ်သလို ကြည့်ကောင်းနေကြောင်း ချီးကျူးရာလည်း ရောက်ပါတယ်။

၃။ မင်းက ဘယ်လိုပဲဖြစ်ဖြစ် သူမအတွက် ကောင်းလွန်းပါတယ်
ချစ်သူစုံတွဲတွေထဲက တစ်ယောက်ယောက်ကို ဒီလိုသွားပြောလိုက်ရင် တစ်ဖက်သူအတွက် အရွေးမှားခဲ့သလိုကြီး ခံစားသွားရစေပါတယ်။ ဒီလိုပြောမယ့်အစား မင်းကို ကြွေသွားတာနေမှာပေါ့ လို့ ပြောတာက အပြုသဘောနဲ့ လိုက်ဖက်ကြောင်းထောက်ခံလိုက်တာ ဖြစ်ပါတယ်။

၄။ အမြဲတမ်း…. (သို့) ဘယ်တော့မှ…
ဘယ်သူကမှ ကိစ္စတစ်ခုကို အမြဲတမ်းလုပ်နေတာ၊ ဘယ်တော့မှမလုပ်ဘူးဆိုတာ မရှိပါဘူး။ လူတွေကို ပုံသေတွက်ထားလို့ မရပါဘူး။ အမြဲတမ်းတို့၊ ဘယ်တော့မှ တို့လို စကားလုံးတွေ သုံးပြီးပြောမယ်ဆိုရင် လူတွေကို စိတ်ပျက်စေပြီး သင်ပြောချင်တဲ့အကြောင်းအရာကို လက်ခံမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ဖက်သားရဲ့ ဘယ်လိုအပြုအမူမျိုးက ပြဿနာဖြစ်နေတယ် ဆိုတာကို ချက်ကျလက်ကျထောက်ပြတတ်ဖို့ လိုပါတယ်။ ဒီကြားထဲကမှ ဆက်လုပ်နေသေးရင် မင်းဒီလို ခဏခဏလုပ်နေသလိုပဲနော် (ဒါမှမဟုတ်) မင်း လုပ်လွန်းလို့ ငါတောင် မှတ်မိနေပြီဆိုတာမျိုးလေး ပြောပြီး သတိပေးနိုင်ပါတယ်။

၅။ မင်းအသက်အရွယ်နဲ့ ကြည့်လို့ကောင်းတယ်
မင်းအရွယ်နဲ့ဆိုတဲ့စကားက သုံးဖို့ မသင့်တော်ပါဘူး။ ဘယ်သူကမှ တခြားရွယ်တူတစ်စုံတစ်ယောက်နဲ့ ခိုင်းနှိုင်း ပြောတာမျိုကို မနှစ်သက်ပါဘူး။ ဒါ့ကြောင့် မင်း ကြည့်ကောင်းနေတယ် ဆိုတာလောက်နဲ့တင် လုံလောက်ပါတယ်။

၆။ ခုနက ပြောခဲ့သလိုပဲ …….
ကျွန်တော်တို့အားလုံးက အချိန်နဲ့အမျှ မေ့တတ်လျော့တတ်ကြပါတယ်။ ဒီအတွက် အစပြန်ဖော်တဲ့အနေနဲ့ ခုနက ပြောခဲ့သလိုပဲဆိုပြီး ပြန်ပြောတာက သင့်ကို စိတ်ဝင်တစားနဲ့နားထောင်နေသူတွေကို မလေးစားရာရောက်ပါတယ်။ ဒီလိုပြောမယ့်အစား နောက်တစ်ခါပြန်ပြောဖို့အကြောင်းရှိလာရင် ပိုပြီးတော့ ရှင်းရှင်းလင်းလင်းနဲ့ စိတ်ဝင်စားစရာကောင်းအောင် ပြောကြည့်ပါ။

၇။ ကံကောင်းပါစေ
ဒီစကားက အဓိပ္ပါယ်တွေ အများကြီးထွက်ပါတယ်။ ကမ္ဘာပျက်မတတ်ဖြစ်နေတာမျိုးမဟုတ်ရင် တစ်ယောက်ယောက်ကို ကံကောင်းပါစေလို့ မပြောသင့်ပါဘူး။ ဒီလိုပြောတာက သူတို့ကံကောင်းမှပဲ အောင်မြင်နိုင်မယ်လို့ ပြောလိုက်သလိုပါပဲ။ ဒီအစား မင်းလုပ်နိုင်မယ်ဆိုတာ ငါသိတယ်လို့ ပြောပါ။ ဒီစကားက ကံကောင်းပါစေလို့ ဆုတောင်ပေးတာထက် ပိုကောင်းပြီး တစ်ဖက်သူကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်စေဖို့ ယုံကြည်မှုတွေ တိုးပွားစေပါတယ်။

၈။ ဒါက မင်းအပေါ်မှာ မူတည်တယ်။ မင်းသဘောပဲ လုပ်ချင်တာလုပ်
သင့်ရဲ့ ထင်မြင်ယူဆချက်၊ အကြံဉာဏ်ကို တောင်းလာတာကို ဒီလိုပြောမယ်ဆိုရင် မသင့်တော်ပါဘူး။ ငါလည်း ဘယ်လိုပြောပေးရမှန်း မသိဘူး။ ဒါပေမယ့် မင်းစဉ်းစားကြည့်သင့်တာတွေက ဆိုပြီး အကောင်းအဆိုးကို ဆင်ခြင်ပြတာက အကြံဉာဏ်တောင်းလာသူကို ဂရုစိုက်ကြောင်း ဖော်ပြရာရောက်ပါတယ်။

၉။ ကောင်းပြီလေ၊ အနည်းဆုံးတော့ ငါ ……
ဒီလိုစကားခံပြီး ကိုယ့်ရဲ့အပြစ်ကို ပေါ့အောင် ပြောတတ်ကြပါတယ်။ ဒီစကားက ကိုယ့်အပြစ်အတွက် တခြားသူနဲ့ နှိုင်းယှဉ်ပြီး တစ်ဖက်သူလောက်မဆိုးပါဘူးလို့ ထောက်ပြတာဖြစ်ပါတယ်။ ဒီလိုပြောတာထက် ငါ တောင်းပန်ပါတယ်။ ငါ့အမှားပါလို့ ဝန်ခံလိုက်တာက အကောင်းဆုံးဖြစ်ပါတယ်။ အပြစ်ကို ဝန်ခံတာက နောက်ဆက်တွဲကိစ္စတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

Related Posts

%%footer%%