စီးပွားရေးစိတ်ကူးတစ်ခုအတွက် ဈေးကွက်ရှိမရှိ ဘယ်လိုဆုံးဖြတ်မလဲ။
သင့္မွာ စီးပြားေရးလုပ္ငန္းတစ္ခု လုပ္ေဆာင္ဖို႔ စိတ္ကူးေကာင္းတစ္ခု ရွိတယ္ဆိုပါစို႔။ ဒီစိတ္ကူးကလည္း သံုးစြဲသူေတြရဲ႕ စိတ္ႏွလံုးကို ဆြဲေဆာင္ႏိုင္႐ုံသာမက အိတ္ထဲကပိုက္ဆံေတြကို ထုတ္သံုးခ်င္စိတ္ေပၚလာေလာက္ေအာင္ ေကာင္းေနၿပီ။ ဘယ္သူမွ မေပးေသးတဲ့ ၀န္ေဆာင္မႈတစ္ခုခု ဒါမွမဟုတ္ရင္လည္း သံုးစြဲသူေတြၾကားထဲမွာ လိုအပ္ခ်က္တစ္ခုျဖစ္ေနမယ္ ဆိုရင္ ဒါဟာ သင့္ရဲ႕အခြင့္အလမ္းပါပဲ။ တုံ႔ဆိုင္းမေနပါနဲ႔၊ လုပ္စရာရွိတာ လုပ္ခ်လိုက္ပါ။
ဒါေပမယ့္ စဥ္းစားစရာတစ္ခုရွိပါတယ္။ လုပ္ငန္းကို စတင္တည္ေထာင္ဖို႔ မႀကိဳးစားခင္မွာ သင့္ရဲ႕ထုတ္ကုန္ ဒါမွမဟုတ္ ၀န္ေဆာင္မႈအတြက္ ေစ်းကြက္ရွိမရွိဆိုတာကို ဆံုးျဖတ္ရမွာျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးပါဘူး။ ေစ်းကြက္ထဲမွာ ေနရာရဖို႔ ဘယ္လိုလုပ္ရမလဲဆိုတာကိုလည္း ေသခ်ာသိဖို႔လိုပါတယ္။ ဒီအတြက္ ေစ်းကြက္သုေတသနလုပ္ေဆာင္ဖို႔ မျဖစ္မေနလိုအပ္ပါတယ္။
စီးပြားေရးလုပ္ငန္းရွင္အမ်ားစုက ထုတ္ကုန္ ဒါမွမဟုတ္ ၀န္ေဆာင္မႈတစ္ခုကို ထုတ္လုပ္ေရာင္းခ်တဲ့အခါမွာ ဒီအဆင့္ကို လစ္လ်ဴ႐ႈထားတတ္ၾကပါတယ္။ သူတို႔ရဲ႕ထုတ္ကုန္၊ ၀န္ေဆာင္မႈက အေကာင္းဆံုးျဖစ္ေနၿပီလို႔ ယူဆထားတတ္ၾကၿပီး မေကာင္းျမင္ ေ၀ဖန္အၾကံျပဳခ်က္ေတြကို လက္ခံခ်င္တတ္တာေၾကာင့္ျဖစ္ပါတယ္။ တခ်ိဳ႕ လုပ္ငန္းရွင္ေတြက်ေတာ့လည္း ေစ်းကြက္သုေတသနလုပ္ရတာက အကုန္အက်မ်ားမွာကို စိုးရိမ္ၿပီး မလုပ္ပဲ ေနတတ္ၾကပါတယ္။ လုပ္ငန္းစတင္တည္ေထာင္ရာမွာ ကုန္က်မယ့္ အျခားကုန္က်စရိတ္ေတြလည္းရွိတဲ့အတြက္ ေစ်းကြက္သုေတသနလုပ္ဖို႔ကို လစ္လ်ဴ႐ႈတတ္ၾကတာျဖစ္ပါတယ္။
တကယ္ေတာ့ ေစ်းကြက္သုေတသနလုပ္ေဆာင္မႈကို အနာဂတ္ရင္းႏွီးျမဳပ္ႏွံမႈတစ္ခုအျဖစ္ မွတ္ယူသင့္ပါတယ္။ သင့္ရဲ႕ ထုတ္ကုန္၊ ၀န္ေဆာင္မႈကို သုေတသနရလဒ္နဲ႔အညီ ထိန္းညွိလုပ္ေဆာင္ျခင္းက ေရရွည္မွာ ေငြေၾကးေခၽြတာေပးႏိုင္ပါတယ္။
ဒါဆိုရင္ ေစ်းကြက္ သုေတသန ဆိုတာက ဘာလဲ ? လြယ္လြယ္ေျပာရရင္ ျဖစ္ႏိုင္ေခ်ရွိတဲ့ ေစ်းကြက္ျပႆနာေတြကို ေရွာင္ရွား၊ ေျဖရွင္းႏိုင္ဖို႔ လိုအပ္တဲ့ သတင္းအခ်က္အလက္ေတြ စုစည္းတာပဲျဖစ္ပါတယ္။ ေစ်းကြက္သုေတသနေကာင္းတစ္ခုက အလုပ္ျဖစ္ေစႏိုင္မယ့္ ေစ်းကြက္ရွာေဖြေရး အစီအစဥ္ေကာင္းတစ္ခုေရးဆြဲႏိုင္ဖို႔ လိုအပ္တဲ့ သတင္းအခ်က္အလက္ေတြ ျဖည့္ဆည္းေပးႏိုင္ပါတယ္။ ေစ်းကြက္ထဲမွာ သင္ရည္ရြယ္ျဖန္႔ျဖဴးခ်င္တဲ့ အပိုင္းေတြကို အတိအက်သိရွိလာဖို႔နဲ႔ သင့္ရဲ႕ထုတ္ကုန္၊ ၀န္ေဆာင္မႈက ၿပိဳင္ဘက္ေတြနဲ႔ ကြဲျပားျခားနားတဲ့ပံုရိပ္ဖန္တီးႏိုင္ဖို႔ကိုလည္း အေထာက္အကူျဖစ္ေစႏိုင္ပါတယ္။ ဒါ့အျပင္ သင့္ရဲ႕လုပ္ငန္းအသစ္စက္စက္ေလးကို စတင္အေျခစိုက္တည္ေထာင္ဖို႔ ေနရာေကာင္းကို ေရြးခ်ယ္ႏိုင္ဖို႔လည္း ကူညီေပးပါတယ္။
ဒီေတာ့ သင့္လုပ္ငန္းအတြက္ ေစ်းကြက္ ဆန္းစစ္မႈလုပ္ေဆာင္ေတာ့မယ္ဆိုရင္ ေအာက္ပါအခ်က္ေတြကို သိလာမွ ထိေရာက္မႈရွိတယ္လို႔ ဆိုႏိုင္ပါတယ္။
၁။ လုပ္ငန္းနယ္ပယ္ဆိုင္ရာ သတင္းအခ်က္အလက္မ်ား
လုပ္ငန္းနယ္ပယ္တစ္ခုကို ဆန္းစစ္ၿပီဆိုရင္ ေနာက္ဆံုးျဖစ္ႏိုင္ေခ်ေတြ၊ အေျပာင္းအလဲေတြကို ရွာေဖြပါ။ သက္ဆိုင္ရာနယ္ပယ္အတြင္းက စာရင္းဇယားေတြ၊ ဖြံ႔ၿဖိဳးတိုးတက္မႈေတြကို ႏႈိင္းယွဥ္ၾကည့္ပါ။ လုပ္ငန္းနယ္ပယ္ရဲ႕ ဘယ္အပိုင္းက ဖြံ႔ၿဖိဳးလာေနၿပီး ဘယ္အပိုင္းက က်ဆင္းေနလဲဆိုတာကို ၾကည့္ပါ။ သံုးစြဲသူ ပုံစံသစ္ေတြ ရွိေနၿပီလား၊ နည္းပညာပိုင္းဆိုင္ရာ ဖြံ႔ၿဖိဳးတိုးတက္မႈေတြရဲ႕ သက္ေရာက္မႈေတြက ဘာေတြလဲ၊ ဘယ္လို အသံုးခ်ႏိုင္မလဲ၊ သင္လုပ္ေဆာင္မယ့္ လုပ္ငန္းနယ္ပယ္က တိုးတက္မႈက်ဆင္းေနလို႔ေတာ့ မျဖစ္ပါဘူး။
၂။ သံုးစြဲသူဆိုင္ရာ အခ်က္အလက္မ်ား
သံုးစြဲသူနဲ႔ ပတ္သက္လို႔ကေတာ့ သင့္ရဲ႕ေစ်းကြက္သုေတသနကို ေစ်းကြက္စစ္တမ္းနဲ႔ အစျပဳသင့္ပါတယ္။ ေစ့စပ္ေသခ်ာတဲ့ ေစ်းကြက္စစ္တမ္းေကာက္ယူမႈက လုပ္ငန္းအသစ္ေတြအတြက္ အေရာင္းပိုင္းကို အေထာက္အကူျဖစ္ေစႏိုင္ပါတယ္။ ေစ်းကြက္စစ္တမ္းေကာက္ယူဖို႔အတြက္ သင္ရည္ရြယ္ထားတဲ့ ေစ်းကြက္အတြက္ ကန္႔သတ္ခ်က္ေတြနဲ႔ နယ္နိမိတ္ေတြသတ္မွတ္ရမွာျဖစ္ပါတယ္။ ၿပီးရင္ေတာ့ သတ္မွတ္ထားတဲ့ ကန္႔သတ္နယ္ေျမအတြင္းက သံုးစြဲသူေတြရဲ႕အေျခအေနကို ေလ့လာဆန္းစစ္ရမွာ ျဖစ္ပါတယ္။ သံုးစြဲသူေတြရဲ႕ ပ်မ္းမွ်၀င္ေငြ၊ အလုပ္လက္မဲ့ႏႈန္း၊ လူဦးေရနဲ႔ အျခား လူမႈအေျခအျပဳအခ်က္အလက္ေတြေပၚမွာ အေျခခံၿပီး သတ္မွတ္နယ္ေျမရဲ႕ ၀ယ္ယူသံုးစြဲႏိုင္စြမ္းကို ခန္႔မွန္းပါ။ သင္ေရာင္းခ်မယ့္ ထုတ္ကုန္၊ ၀န္ေဆာင္မႈနဲ႔ အလားတူ ထုတ္ကုန္၊ ၀န္ေဆာင္မႈေတြရဲ႕ လက္ရွိေရာင္းအားကို ဆံုးျဖတ္ပါ။ ေနာက္ဆံုးအေနနဲ႔ သတ္မွတ္နယ္ေျမအတြင္းမွာ သင္ရရွိႏိုင္တဲ့ ေရာင္းအားကို ခန္႔မွန္းပါ။
၃။ လုပ္ငန္းတူၿပိဳင္ဘက္ဆိုင္ရာ အခ်က္အလက္မ်ား
လုပ္ငန္းနယ္ပယ္နဲ႔ သံုးစြဲသူဆိုင္ရာ အခ်က္အလက္ေတြကို သုေတသနလုပ္ၿပီးတဲ့အခါမွာ သင့္ရဲ႕ၿပိဳင္ဘက္ေတြကို အထင္အရွားေတြ႕ရပါလိမ့္မယ္။ သူတို႔ကို ဘယ္ေတာ့မွ ေလွ်ာ့မတြက္မိပါေစနဲ႔။ ေနာက္ထပ္ ေပၚလာႏိုင္တဲ့ ၿပိဳင္ဘက္ေတြေရာ လက္ရွိၿပိဳင္ဘက္ေတြကိုပါ သတိထားေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ လက္ရွိၿပိဳင္ဘက္ေတြရဲ႕ အေရအတြက္ကို အကဲျဖတ္ပါ။ သူတို႔ရဲ႕နည္းဗ်ဴဟာနဲ႔ လုပ္ငန္းလည္ပတ္မႈကို ေလ့လာပါ။ သင့္ရဲ႕ေလ့လာစိစစ္မႈက ျဖစ္လာႏိုင္ေခ်ရွိတဲ့ အခက္အခဲေတြ၊ အခြင့္အလမ္းေတြနဲ႔ ၿပိဳင္ဘက္ေတြရဲ႕ အားနည္းခ်က္၊ အားသာခ်က္ေတြကိုပါ ျမင္သာလာေစမွာျဖစ္ပါတယ္။ ၿပိဳင္ဘက္ေတြကို ေလ့လာဖို႔ ရႏိုင္သမွ် အရင္းအျမစ္ေတြကို အသံုးခ်ပါ။
စီးပွားရေးစိတ်ကူးတစ်ခုအတွက် ဈေးကွက်ရှိမရှိ ဘယ်လိုဆုံးဖြတ်မလဲ။
သင့်မှာ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ဆောင်ဖို့ စိတ်ကူးကောင်းတစ်ခု ရှိတယ်ဆိုပါစို့။ ဒီစိတ်ကူးကလည်း သုံးစွဲသူတွေရဲ့ စိတ်နှလုံးကို ဆွဲဆောင်နိုင်ရုံသာမက အိတ်ထဲကပိုက်ဆံတွေကို ထုတ်သုံးချင်စိတ်ပေါ်လာလောက်အောင် ကောင်းနေပြီ။ ဘယ်သူမမပေးသေးတဲ့ ဝန်ဆောင်မှုတစ်ခုခု ဒါမှမဟုတ်ရင်လည်း သုံးစွဲသူတွေကြားထဲမှာ လိုအပ်ချက်တစ်ခုဖြစ်နေမယ် ဆိုရင် ဒါဟာ သင့်ရဲ့အခွင့်အလမ်းပါပဲ။ တုံ့ဆိုင်းမနေပါနဲ့၊ လုပ်စရာရှိတာ လုပ်ချလိုက်ပါ။
ဒါပေမယ့် စဉ်းစားစရာတစ်ခုရှိပါတယ်။ လုပ်ငန်းကို စတင်တည်ထောင်ဖို့ မကြိုးစားခင်မှာ သင့်ရဲ့ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုအတွက် ဈေးကွက်ရှိမရှိဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။ ဈေးကွက်ထဲမှာ နေရာရဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း သေချာသိဖို့လိုပါတယ်။ ဒီအတွက် ဈေးကွက်သုတေသနလုပ်ဆောင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်အများစုက ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို ထုတ်လုပ်ရောင်းချတဲ့အခါမှာ ဒီအဆင့်ကို လစ်လျူရှုထားတတ်ကြပါတယ်။ သူတို့ရဲ့ထုတ်ကုန်၊ ဝန်ဆောင်မှုက အကောင်းဆုံးဖြစ်နေပြီလို့ ယူဆထားတတ်ကြပြီး မကောင်းမြင် ဝေဖန်အကြံပြုချက်တွေကို လက်ခံချင်တတ်တာကြောင့်ဖြစ်ပါတယ်။ တချို့ လုပ်ငန်းရှင်တွေကျတော့လည်း ဈေးကွက်သုတေသနလုပ်ရတာက အကုန်အကျများမှာကို စိုးရိမ်ပြီး မလုပ်ပဲ နေတတ်ကြပါတယ်။ လုပ်ငန်းစတင်တည်ထောင်ရာမှာ ကုန်ကျမယ့် အခြားကုန်ကျစရိတ်တွေလည်းရှိတဲ့အတွက် ဈေးကွက်သုတေသနလုပ်ဖို့ကို လစ်လျူရှုတတ်ကြတာဖြစ်ပါတယ်။
တကယ်တော့ ဈေးကွက်သုတေသနလုပ်ဆောင်မှုကို အနာဂတ်ရင်းနှီးမြုပ်နှံမှုတစ်ခုအဖြစ် မှတ်ယူသင့်ပါတယ်။ သင့်ရဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှုကို သုတေသနရလဒ်နဲ့အညီ ထိန်းညှိလုပ်ဆောင်ခြင်းက ရေရှည်မှာ ငွေကြေးချွေတာပေးနိုင်ပါတယ်။
ဒါဆိုရင် ဈေးကွက် သုတေသန ဆိုတာက ဘာလဲ ? လွယ်လွယ်ပြောရရင် ဖြစ်နိုင်ချေရှိတဲ့ ဈေးကွက်ပြဿနာတွေကို ရှောင်ရှား၊ ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေ စုစည်းတာပဲဖြစ်ပါတယ်။ ဈေးကွက်သုတေသနကောင်းတစ်ခုက အလုပ်ဖြစ်စေနိုင်မယ့် ဈေးကွက်ရှာဖွေရေး အစီအစဉ်ကောင်းတစ်ခုရေးဆွဲနိုင်ဖို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေ ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဈေးကွက်ထဲမှာ သင်ရည်ရွယ်ဖြန့်ဖြူးချင်တဲ့ အပိုင်းတွေကို အတိအကျသိရှိလာဖို့နဲ့ သင့်ရဲ့ထုတ်ကုန်၊ ဝန်ဆောင်မှုက ပြိုင်ဘက်တွေနဲ့ ကွဲပြားခြားနားတဲ့ပုံရိပ်ဖန်တီးနိုင်ဖို့ကိုလည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့လုပ်ငန်းအသစ်စက်စက်လေးကို စတင်အခြေစိုက်တည်ထောင်ဖို့ နေရာကောင်းကို ရွေးချယ်နိုင်ဖို့လည်း ကူညီပေးပါတယ်။
ဒီတော့ သင့်လုပ်ငန်းအတွက် ဈေးကွက် ဆန်းစစ်မှုလုပ်ဆောင်တော့မယ်ဆိုရင် အောက်ပါအချက်တွေကို သိလာမှ ထိရောက်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။
၁။ လုပ်ငန်းနယ်ပယ်ဆိုင်ရာ သတင်းအချက်အလက်များ
လုပ်ငန်းနယ်ပယ်တစ်ခုကို ဆန်းစစ်ပြီဆိုရင် နောက်ဆုံးဖြစ်နိုင်ချေတွေ၊ အပြောင်းအလဲတွေကို ရှာဖွေပါ။ သက်ဆိုင်ရာနယ်ပယ်အတွင်းက စာရင်းဇယားတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို နှိုင်းယှဉ်ကြည့်ပါ။ လုပ်ငန်းနယ်ပယ်ရဲ့ ဘယ်အပိုင်းက ဖွံ့ဖြိုးလာနေပြီး ဘယ်အပိုင်းက ကျဆင်းနေလဲဆိုတာကို ကြည့်ပါ။ သုံးစွဲသူ ပုံစံသစ်တွေ ရှိနေပြီလား၊ နည်းပညာပိုင်းဆိုင် ဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ သက်ရောက်မှုတွေက ဘာတွေလဲ၊ ဘယ်လို အသုံးချနိုင်မလဲ၊ သင်လုပ်ဆောင်မယ့် လုပ်ငန်းနယ်ပယ်က တိုးတက်မှုကျဆင်းနေလို့တော့ မဖြစ်ပါဘူး။
၂။ သုံးစွဲသူဆိုင်ရာ အချက်အလက်များ
သုံးစွဲသူနဲ့ ပတ်သက်လို့ကတော့ သင့်ရဲ့ဈေးကွက်သုတေသနကို ဈေးကွက်စစ်တမ်းနဲ့ အစပြုသင့်ပါတယ်။ စေ့စပ်သေချာတဲ့ ဈေးကွက်စစ်တမ်းကောက်ယူမှုက လုပ်ငန်းအသစ်တွေအတွက် အရောင်းပိုင်းကို အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဈေးကွက်စစ်တမ်းကောက်ယူဖို့အတွက် သင်ရည်ရွယ်ထားတဲ့ ဈေးကွက်အတွက် ကန့်သတ်ချက်တွေနဲ့ နယ်နိမိတ်တွေသတ်မှတ်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ သတ်မှတ်ထားတဲ့ ကန့်သတ်နယ်မြေအတွင်းက သုံးစွဲသူတွေရဲ့အခြေအနေကို လေ့လာဆန်းစစ်ရမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေရဲ့ ပျမ်းမျှဝင်ငွေ၊ အလုပ်လက်မဲ့နှုန်း၊ လူဦးရေနဲ့ အခြား လူမှုအခြေအပြုအချက်အလက်တွေပေါ်မှာ အခြေခံပြီး သတ်မှတ်နယ်မြေရဲ့ ဝယ်ယူသုံးစွဲနိုင်စွမ်းကို ခန့်မှန်းပါ။ သင်ရောင်းချမယ့် ထုတ်ကုန်၊ ဝန်ဆောင်မှုနဲ့ အလားတူ ထုတ်ကုန်၊ ဝန်ဆောင်မှုတွေရဲ့ လက်ရှိရောင်းအားကို ဆုံးဖြတ်ပါ။ နောက်ဆုံးအနေနဲ့ သတ်မှတ်နယ်မြေအတွင်းမှာ သင်ရရှိနိုင်တဲ့ ရောင်းအားကို ခန့်မှန်းပါ။
၃။ လုပ်ငန်းတူပြိုင်ဘက်ဆိုင်ရာ အချက်အလက်များ
လုပ်ငန်းနယ်ပယ်နဲ့ သုံးစွဲသူဆိုင်ရာ အချက်အလက်တွေကို သုတေသနလုပ်ပြီးတဲ့အခါမှာ သင့်ရဲ့ပြိုင်ဘက်တွေကို အထင်အရှားတွေ့ရပါလိမ့်မယ်။ သူတို့ကို ဘယ်တော့မှ လျှော့မတွက်မိပါစေနဲ့။ နောက်ထပ် ပေါ်လာနိုင်တဲ့ ပြိုင်ဘက်တွေရော လက်ရှိပြိုင်ဘက်တွေကိုပါ သတိထားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လက်ရှိပြိုင်ဘက်တွေရဲ့ အရေအတွက်ကို အကဲဖြတ်ပါ။ သူတို့ရဲ့နည်းဗျူဟာနဲ့ လုပ်ငန်းလည်ပတ်မှုကို လေ့လာပါ။ သင့်ရဲ့လေ့လာစိစစ်မှုက ဖြစ်လာနိုင်ချေရှိတဲ့ အခက်အခဲတွေ၊ အခွင့်အလမ်းတွေနဲ့ ပြိုင်ဘက်တွေရဲ့ အားနည်းချက်၊ အားသာချက်တွေကိုပါ မြင်သာလာစေမှာဖြစ်ပါတယ်။ ပြိုင်ဘက်တွေကို လေ့လာဖို့ ရနိုင်သမျှ အရင်းအမြစ်တွေကို အသုံးချပါ။