စမတ္ဖုန္းေတြေၾကာင့္ တိမ္ေကာေပ်ာက္ကြယ္လာသည့္ အရာမ်ား

စမတ်ဖုန်းတွေကြောင့် တိမ်ကောပျောက်ကွယ်လာသည့် အရာများ

ယေန႔ေခတ္မွာ စမတ္ဖုန္းေတြ အသံုးမ်ားလာတာေၾကာင့္ ဘ၀ေနထိုင္မႈပံုစံေတြ ေျပာင္းလဲလာၾကပါတယ္။ စမတ္ဖုန္းေတြေၾကာင့္ အရင္ကကၽြန္ေတာ္တို႔ ေန႔စဥ္ဘ၀မွာ သံုးစြဲေနက်အရာေတြကို လစ္လ်ဴ႐ႈပစ္ပယ္လာၾကပါတယ္။ စမတ္ဖုန္းေတြကိုအစားထိုး အသံုးျပဳလာတာေၾကာင့္ ပစ္ပယ္ထားတတ္ၾကတဲ့ ပစၥည္း(၁၁)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ ဓာတ္မီးေတြ

စမတ္ဖုန္းေတြမွာ Flashlight app ေတြ ပါ၀င္လာတဲ့အတြက္ ဖုန္းမ်က္ႏွာျပင္ကို လက္ကေလးနဲ႔ပြတ္လိုက္႐ုံနဲ႔ လိုအပ္တဲ့မီးအလင္းေရာင္ကို ရေနမွေတာ့ လက္ႏွိပ္ဓာတ္မီးေတြကို ဘာေၾကာင့္ အေလးခံၿပီး သယ္ခ်င္ၾကေတာ့မွာလဲ။

၂။ လက္ပတ္နာရီ၊ ႏႈီးစက္နာရီ၊ ခ်ိန္မွတ္နာရီေတြ

အခ်ိန္နဲ႔ပတ္သက္တဲ့ ပစၥည္းကိရိယာေတြ ေတာ္ေတာ္မ်ားမ်ားက စမတ္ဖုန္းေတြေၾကာင့္ မ်ိဳးသုဥ္းလုနီးပါးျဖစ္ေနပါၿပီ။ ဒါေပမယ့္လည္း လက္ပတ္နာရီအခ်ိဳ႕ကို ၀တ္ဆင္ႏိုင္တဲ့ စမတ္နာရီေတြအျဖစ္နဲ႔ ေျပာင္းလဲပံုသြင္းလာၾကၿပီျဖစ္ပါတယ္။ တန္ဖိုးႀကီးစက္နာရီေတြကေတာ့ လက္၀တ္တန္ဆာတစ္ခုအေန ရွိေနဦးမွာျဖစ္ပါတယ္။

၃။ ေျမပံုေတြ၊ GPS ကိရိယာေတြ

စမတ္ဖုန္းေတြမွာ Google maps သံုးလို႔ရႏိုင္တာေၾကာင့္ ေစ်းႀကီးၿပီး သယ္ရပိုးရမလြယ္တဲ့ စကၠဴေျမပံုေတြက ေခတ္ေနာက္က်သြားပါၿပီ။ ဒီလိုပါပဲ တည္ေနရာျပကိရိယာ (GPS) ေတြကလည္း စမတ္ဖုန္းရွိသူေတြအတြက္ အသံုးမ၀င္ေတာ့သလို ျဖစ္လာပါၿပီ။

၄။ ခ်က္လက္မွတ္ေတြ

မုိဘိုင္းဖုန္းေတြကေန ေငြေပးေခ်ႏိုင္တဲ့ App ေတြ ေပၚထြက္လာတာေၾကာင့္ စကၠဴနဲ႔ျပဳလုပ္ထားတဲ့ ခ်က္လက္မွတ္ေတြက အမႈိက္ေတြလို ျဖစ္သြားရပါတယ္။ ဒါေပမယ့္ သူတို႔မွာက လုံျခံဳေရးအရ အားသာခ်က္ေတာ့ ရွိေနပါေသးတယ္။

၅။ အသံဖမ္းစက္ေတြ

တကယ္ကို အသံေကာင္းေကာင္းကို ဖမ္းယူခ်င္တယ္ဆိုရင္ေတာ့ မိုက္ခ႐ိုဖုန္းေတြကို အသံုးျပဳတာေကာင္းပါတယ္။ ဒါေပမယ့္ တစ္ေယာက္ေယာက္စကားေျပာတာကို အသံဖမ္းထားခ်င္႐ုံေလာက္ပဲ ဆိုရင္ေတာ့ ဖုန္းရွိရုံနဲ႔ အဆင္ေျပႏိုင္ပါတယ္။

၆။ ၾကည့္မွန္ေတြ

သင့္စမတ္ဖုန္းမွာ ပါ၀င္တဲ့အေရွ႕ကင္မရာက Selfies ပံုေတြ ႐ုိက္ဖို႔ထက္ ပိုၿပီးသံုးလို႔ရတာကို သိၿပီးသားျဖစ္မွာပါ။ ဒီကင္မရာကေနတဆင့္ ဆံပင္ပံုစံပ်က္ေနလားၾကည့္ႏိုင္သလို ႏႈတ္ခမ္းနီဆိုးမယ္ဆိုရင္လည္း ၾကည့္မွန္တစ္ခုအျဖစ္သံုးလို႔ ရပါတယ္။ ဒါမွမဟုတ္ရင္လည္း ကင္မရာမသံုးပဲ ဖုန္းမ်က္ႏွာျပင္ကို ဒီအတိုင္ၾကည့္ၿပီး အလွျပင္တတ္ၾကတာပါပဲ။

၇။ စကၠဴလက္မွတ္ေတြ

ဂီတေဖ်ာ္ေျဖပြဲေတြ၊ ႐ုပ္ရွင္႐ုံေတြအစ ေနရာေတာ္ေတာ္မ်ားမ်ားမွာ အီလက္ထေရာနစ္လက္မွတ္ေတြကို လက္ခံလာၾကၿပီျဖစ္ပါတယ္။ အီလက္ထေရာနစ္လက္မွတ္ကို scan ဖတ္ဖို႔ ဖုန္းမ်က္ႏွာျပင္အလင္းေရာင္ကို တိုးျမွင့္ေပးရတာတစ္ခုကလြဲလို႔ အားလံုးအဆင္ေျပပါတယ္။

၈။ ဓာတ္ပံု၊ ဗီဒီယို ကင္မရာေတြ

iPhone 6 လိုမ်ိဳး အရည္အေသြးျမင့္ စမတ္ဖုန္းနဲ႔ ႐ုိက္ကူးထားတဲ့ ဗီဒီယိုေတြ၊ ဓာတ္ပံုေတြရဲ႕ အရည္အေသြးက တကယ့္ကို အံ့မခန္းပါပဲ။ i Phone ေတြနဲ႔ ႐ုိက္ကူးထားတဲ့ ႐ုပ္ရွင္ေတြေတာင္ ထြက္ေပၚေနၿပီျဖစ္ပါတယ္။

၉။ i Pod, CD player နဲ႔ ေရဒီယိုေတြ

စမတ္ဖုန္းေတြမွာ သီခ်င္းနားေထာင္ဖို႔ ေရဒီယိုနားေထာင္ဖို႔ App ေတြ ပါ၀င္လာတာေၾကာင့္ ဒီပစၥည္းေတြက ေနာက္ဆို ျမင္ရေတာ့မွာေတာင္မဟုတ္ပါဘူး။

၁၀။ အေ၀းဖုန္းေခၚဆိုခေတြ၊ စာပို႔ခေတြ

စမတ္ဖုန္းေတြေပၚမွာ အင္တာနက္ရွိရုံနဲ႔ ဖုန္းေျပာႏိုင္၊ စာပို႔ႏိုင္တဲ့ App ေတြရွိေနတာေၾကာင့္ တစ္ေယာက္န႔ဲ တစ္ေယာက္ ဘယ္ေလာက္ပဲ ေ၀းကြာေနပါေစ အေ၀းဖုန္းေခၚဆိုခေပးရမွာကို ထည့္စဥ္းစားစရာမလိုသလို စာပို႔ခ်င္ရင္လည္း အဆင္ေျပမွာျဖစ္ပါတယ္။

၁၁။ တယ္လီဖုန္းဆိုတာ ဖုန္းေျပာဖို႔သက္သက္ဆိုတဲ့ စိတ္ကူးေတြ

စမတ္ဖုန္းေတြဟာ ဖုန္းခ်ည္းပဲသက္သက္ မဟုတ္ေတာ့ပါဘူး။ သူတို႔ေတြက ကၽြန္ေတာ္တို႔ အိပ္ကပ္ထဲက ကြန္ပ်ဴတာအေသးစားေလးေတြပဲျဖစ္ပါတယ္။ စမတ္ဖုန္းေတြကေနတဆင့္ သီခ်င္းနားေထာင္မယ္။ ညစာ ေအာ္ဒါမွာမယ္၊ အငွားယာဥ္ေခၚမယ္၊ ဆိုရွယ္မီဒီယာေတြကေန ဆက္သြယ္ၾကမယ္ စသျဖင့္ ကိစၥေတာ္ေတာ္မ်ားမ်ားကို လုပ္ေဆာင္ႏုိင္ပါတယ္။ တစ္ခါတစ္ေလေတာ့လည္း ဖုန္းဆက္စကားေျပာၾကတာေပါ့။


စမတ်ဖုန်းတွေကြောင့် တိမ်ကောပျောက်ကွယ်လာသည့် အရာများ

ယနေ့ခေတ်မှာ စမတ်ဖုန်းတွေ အသုံးများလာတာကြောင့် ဘ၀နေထိုင်မှုပုံစံတွေ ပြောင်းလဲလာကြပါတယ်။ စမတ်ဖုန်းတွေကြောင့် အရင်ကကျွန်တော်တို့ နေ့စဉ်ဘဝမှာ သုံးစွဲနေကျအရာတွေကို လစ်လျူရှုပစ်ပယ်လာကြပါတယ်။ စမတ်ဖုန်းတွေကိုအစားထိုး အသုံးပြုလာတာကြောင့် ပစ်ပယ်ထားတတ်ကြတဲ့ ပစ္စည်း(၁၁)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ဓာတ်မီးတွေ
စမတ်ဖုန်းတွေမှာ Flashlight app တွေ ပါဝင်လာတဲ့အတွက် ဖုန်းမျက်နှာပြင်ကို လက်ကလေးနဲ့ပွတ်လိုက်ရုံနဲ့ လိုအပ်တဲ့မီးအလင်းရောင်ကို ရနေမှတော့ လက်နှိပ်ဓာတ်မီးတွေကို ဘာကြောင့် အလေးခံပြီး သယ်ချင်ကြတော့မှာလဲ။

၂။ လက်ပတ်နာရီ၊ နှီုးစက်နာရီ၊ ချိန်မှတ်နာရီတွေ
အချိန်နဲ့ပတ်သက်တဲ့ ပစ္စည်းကိရိယာတွေ တော်တော်များများက စမတ်ဖုန်းတွေကြောင့် မျိုးသုဉ်းလုနီးပါးဖြစ်နေပါပြီ။ ဒါပေမယ့်လည်း လက်ပတ်နာရီအချို့ကို ဝတ်ဆင်နိုင်တဲ့ စမတ်နာရီတွေအဖြစ်နဲ့ ပြောင်းလဲပုံသွင်းလာကြပြီဖြစ်ပါတယ်။ တန်ဖိုးကြီးစက်နာရီတွေကတော့ လက်ဝတ်တန်ဆာတစ်ခုအနေ ရှိနေဦးမှာဖြစ်ပါတယ်။

၃။ မြေပုံတွေ၊ GPS ကိရိယာတွေ
စမတ်ဖုန်းတွေမှာ Google maps သုံးလို့ရနိုင်တာကြောင့် ဈေးကြီးပြီး သယ်ရပိုးရမလွယ်တဲ့ စက္ကူမြေပုံတွေက ခေတ်နောက်ကျသွားပါပြီ။ ဒီလိုပါပဲ တည်နေရာပြကိရိယာ (GPS) တွေကလည်း စမတ်ဖုန်းရှိသူတွေအတွက် အသုံးမဝင်တော့သလို ဖြစ်လာပါပြီ။

၄။ ချက်လက်မှတ်တွေ
မိုဘိုင်းဖုန်းတွေကနေ ငွေပေးချေနိုင်တဲ့ App တွေ ပေါ်ထွက်လာတာကြောင့် စက္ကူနဲ့ပြုလုပ်ထားတဲ့ ချက်လက်မှတ်တွေက အမှိုက်တွေလို ဖြစ်သွားရပါတယ်။ ဒါပေမယ့် သူတို့မှာက လုံခြုံရေးအရ အားသာချက်တော့ ရှိနေပါသေးတယ်။

၅။ အသံဖမ်းစက်တွေ
တကယ်ကို အသံကောင်းကောင်းကို ဖမ်းယူချင်တယ်ဆိုရင်တော့ မိုက်ခရိုဖုန်းတွေကို အသုံးပြုတာကောင်းပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်စကားပြောတာကို အသံဖမ်းထားချင်ရုံလောက်ပဲ ဆိုရင်တော့ ဖုန်းရှိရုံနဲ့ အဆင်ပြေနိုင်ပါတယ်။

၆။ ကြည့်မှန်တွေ
သင့်စမတ်ဖုန်းမှာ ပါဝင်တဲ့အရှေ့ကင်မရာက Selfies ပုံတွေ ရိုက်ဖို့ထက် ပိုပြီးသုံးလို့ရတာကို သိပြီးသားဖြစ်မှာပါ။ ဒီကင်မရာကနေတဆင့် ဆံပင်ပုံစံပျက်နေလားကြည့်နိုင်သလို နှုတ်ခမ်းနီဆိုးမယ်ဆိုရင်လည်း ကြည့်မှန်တစ်ခုအဖြစ်သုံးလို့ ရပါတယ်။ ဒါမှမဟုတ်ရင်လည်း ကင်မရာမသုံးပဲ ဖုန်းမျက်နှာပြင်ကို ဒီအတိုင်ကြည့်ပြီး အလှပြင်တတ်ကြတာပါပဲ။

၇။ စက္ကူလက်မှတ်တွေ
ဂီတဖျော်ဖြေပွဲတွေ၊ ရုပ်ရှင်ရုံတွေအစ နေရာတော်တော်များများမှာ အီလက်ထရောနစ်လက်မှတ်တွေကို လက်ခံလာကြပြီဖြစ်ပါတယ်။ အီလက်ထရောနစ်လက်မှတ်ကို scan ဖတ်ဖို့ ဖုန်းမျက်နှာပြင်အလင်းရောင်ကို တိုးမြှင့်ပေးရတာတစ်ခုကလွဲလို့ အားလုံးအဆင်ပြေပါတယ်။

၈။ ဓာတ်ပုံ၊ ဗီဒီယို ကင်မရာတွေ
iPhone 6 လိုမျိုး အရည်အသွေးမြင့် စမတ်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေရဲ့ အရည်အသွေးက တကယ့်ကို အံ့မခန်းပါပဲ။ i Phone တွေနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေတောင် ထွက်ပေါ်နေပြီဖြစ်ပါတယ်။

၉။ i Pod, CD player နဲ့ ရေဒီယိုတွေ
စမတ်ဖုန်းတွေမှာ သီချင်းနားထောင်ဖို့ ရေဒီယိုနားထောင်ဖို့ App တွေ ပါဝင်လာတာကြောင့် ဒီပစ္စည်းတွေက နောက်ဆို မြင်ရတော့မှာတောင်မဟုတ်ပါဘူး။

၁၀။ အဝေးဖုန်းခေါ်ဆိုခတွေ၊ စာပို့ခတွေ
စမတ်ဖုန်းတွေပေါ်မှာ အင်တာနက်ရှိရုံနဲ့ ဖုန်းပြောနိုင်၊ စာပို့နိုင်တဲ့ App တွေရှိနေတာကြောင့် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ပဲ ဝေးကွာနေပါစေ အဝေးဖုန်းခေါ်ဆိုခပေးရမှာကို ထည့်စဉ်းစားစရာမလိုသလို စာပို့ချင်ရင်လည်း အဆင်ပြေမှာဖြစ်ပါတယ်။

၁၁။ တယ်လီဖုန်းဆိုတာ ဖုန်းပြောဖို့သက်သက်ဆိုတဲ့ စိတ်ကူးတွေ
စမတ်ဖုန်းတွေဟာ ဖုန်းချည်းပဲသက်သက် မဟုတ်တော့ပါဘူး။ သူတို့တွေက ကျွန်တော်တို့ အိပ်ကပ်ထဲက ကွန်ပျူတာအသေးစားလေးတွေပဲဖြစ်ပါတယ်။ စမတ်ဖုန်းတွေကနေတဆင့် သီချင်းနားထောင်မယ်။ ညစာ အော်ဒါမှာမယ်၊ အငှားယာဉ်ခေါ်မယ်၊ ဆိုရှယ်မီဒီယာတွေကနေ ဆက်သွယ်ကြမယ် စသဖြင့် ကိစ္စတော်တော်များများကို လုပ်ဆောင်နိုင်ပါတယ်။ တစ်ခါတစ်လေတော့လည်း ဖုန်းဆက်စကားပြောကြတာပေါ့။

Related Posts

%%footer%%