အေရးႀကီးေသာ ေအာင္ျမင္မႈ၏ အဓိပၸါယ္

အရေးကြီးသော အောင်မြင်မှု၏ အဓိပ္ပါယ်

လူတိုင္းမွာ ဘ၀ေအာင္ျမင္မႈနဲ႔ပတ္သက္ၿပီး မတူကြဲျပားတဲ့ အယူအဆေတြရွိတတ္ၾကပါတယ္။ ေအာင္ျမင္မႈကို ဘယ္လိုပဲ အဓိပၸါယ္ဖြင့္ဆိုသည္ျဖစ္ေစ ေအာင္ျမင္မႈကို အဆံုးအျဖတ္ေပးဖို႔ကေတာ့ နည္းလမ္းတစ္ခုပဲ ရွိပါတယ္။ ဒီနည္းလမ္းကေတာ့ ေမးခြန္းတစ္ခုကို ေျဖၾကည့္ဖိုပါပဲ။

ငါ ဘယ္ေလာက္ ေပ်ာ္ရႊင္ရသလဲ ?

ထူးထူးျခားျခားေအာင္ျမင္လာတဲ့ စြန္႔ဦးလုပ္ငန္းရွင္အမ်ားစုဟာ သူတို႔လုပ္ငန္းေအာင္ျမင္ဖို႔အတြက္ နာရီေပါင္းမ်ားစြာ အလုပ္လုပ္တတ္ၾကၿပီး အာ႐ုံစူးစိုက္မႈလည္း သူမတူေအာင္ ရွိတတ္ၾကပါတယ္။ ဒီလို လုပ္ေဆာင္ရင္းနဲ႔ သူတို႔ရဲ႕ လူမႈေရးနဲ႔ မိသားစုဘ၀မွာ ထိခိုက္မႈေတြ ရွိလာတတ္ပါတယ္။

ဒီလိုထိခိုက္မႈက မွ်တမႈရွိလား၊ မရွိဘူးလားဆိုတာက အဓိကမက်ပါဘူး။ လုပ္ငန္းအတြက္ႀကိဳးစားေနခ်ိန္မွာ လူမႈေရးနဲ႔ မိသားစုေရးမွာ ထိခိုက္မႈေတြက ေရွာင္လႊဲလို႔မရႏိုင္ပါဘူး။ ေငြေၾကးအေျမာက္အမ်ားရွာေဖြႏိုင္ေပမယ့္ ေပ်ာ္ရႊင္မႈမရွိဘူးဆိုရင္ နည္းလမ္းမက်ေသးပါဘူး။ လုပ္ငန္းေအာင္ျမင္မႈအတြက္ လူမႈဘ၀မွာေပးဆပ္မႈေတြ မ်ားေနတဲ့သေဘာပဲျဖစ္ပါတယ္။ တကယ္တမ္းေတာ့ ေငြရွာဖို႔ထက္ ပိုၿပီးအေရးႀကီးတာေတြ အမ်ားႀကီးရွိေနပါေသးတယ္။

ေန႔စဥ္ေန႔တိုင္း ေငြေၾကးခ်မ္းသာျပည့္စံုတဲ့ ဘ၀တစ္ခုကိုရရွိဖို႔ ႀကိဳးစားရင္း မေပ်ာ္ရႊင္ရဘူးဆိုရင္ သင္လုပ္ေဆာင္ဖို႔ေရြးခ်ယ္ခဲ့တဲ့အရာဟာ သင့္ကို အမွန္တကယ္ ခ်မ္းသာေအာင္ လုပ္မေပးႏိုင္ေသးပါဘူး။ သင္လိုခ်င္တဲ့အရာေတြကို ခြဲျခမ္းစိတ္ျဖာဖို႔ ႀကိဳးစားၾကည့္ပါ။ စီးပြားေရးေအာင္ျမင္မႈ၊ မိသားစု၊ မိတ္ေဆြအေပါင္းအသင္း ၿပီးေတာ့ ဘ၀မွာဘယ္ကိစၥပဲျဖစ္ျဖစ္ တသီးတျခားဆီခြဲျခားလို႔ မရႏိုင္တာကို ေတြ႕ရပါလိမ့္မယ္။ အားလံုးက သာတူညီမွ်အေရးႀကီးတဲ့အတြက္ တစ္ခုခုကို အာ႐ုံစိုက္လိုက္ရင္ အျခားတစ္ခုမွာ အာ႐ံုစူးစိုက္မႈေလ်ာ့နည္းသြားမွာ ေသခ်ာပါတယ္။

ေငြေၾကးမ်ားမ်ားရွာခ်င္ရင္ တစ္ခုခုေတာ့ ျပန္လည္ေပးဆပ္ရမွာျဖစ္ပါတယ္။ ဒီလိုပါပဲ။ မိသားစုအတြက္ အခ်ိန္ေပးခ်င္တာ၊ အျခားလူေတြကို ကူညီခ်င္တာ၊ ၀ါသနာပါတာတစ္ခုခုကို လုပ္ေဆာင္တာ၊ ဘာပဲျဖစ္ျဖစ္ လုပ္ခ်င္တာတစ္ခုအတြက္ အျခားတစ္ခုကို ျပန္ေပးဆပ္ရမွာျဖစ္ပါတယ္။

ဘာက သင့္ကို လံႈ႕ေဆာ္တြန္းအားေပးႏိုင္မလဲ။ သင္ကိုယ္တိုင္နဲ႔ သင့္မိသားစုအတြက္ ဘာကိုရယူ ပိုင္ဆိုင္ခ်င္တာလဲ။ ဘာကို တန္ဖိုးအထားဆံုးလဲ ေသခ်ာစဥ္းစားပါ။ ၿပီးေတာ့မွ လုပ္ေဆာင္မယ္ဆိုရင္ သင့္ကို ေပ်ာ္ရႊင္ေစႏိုင္မွာျဖစ္ပါတယ္။ ဒီလိုမွမဟုတ္ရင္ေတာ့ လုပ္သာလုပ္ေနရတယ္၊ ေပ်ာ္ရႊင္ႏိုင္မွာမဟုတ္ပါဘူး။

႐ုိးရွင္းတယ္လို႔ထင္ပါသလား။ သင့္ပတ္၀န္းက်င္မွာရွိတဲ့လူတစ္ေယာက္ေယာက္ကို သူေရြးခ်ယ္ထားတဲ့ အလုပ္အကိုင္နဲ႔ပတ္သက္ၿပီး ရလဒ္ေတြကိုေက်နပ္မႈရွိမရွိေမးၾကည့္ပါ။ ဥပမာေျပာရရင္ ကၽြန္ေတာ္နဲ႔ သိတဲ့ ေက်ာင္းဆရာမတစ္ဦးကို ေမးၾကည့္ဖူးပါတယ္။ သူမက ရတဲ့လစာနည္းတာနဲ႔ပတ္သက္ၿပီးအျမဲတမ္း ညည္းညဴတတ္သူျဖစ္တဲ့အတြက္ အလုပ္ေျပာင္းဖို႔ အၾကံေပးၾကည့္ပါတယ္။ ဒါေပမယ့္ သူမက စာသင္ရတာကို ႏွစ္သက္လို႔ အလုပ္မေျပာင္းႏိုင္ဘူးလို႔ပဲ ေျဖပါတယ္။ ဒီမွာတင္ပဲ လြဲေနပါၿပီ။ စာသင္ရတာကို တကယ္ႏွစ္သက္တယ္ဆိုရင္ လစာနည္းတာကို လက္ခံႏိုင္ရမွာျဖစ္ပါတယ္။

ဒီေတာ့ သင္ေပ်ာ္ရႊင္ေနပါသလား ? ?

ေအာင္ျမင္မႈရဲ႕ အဓိပၸါယ္က အေရးႀကီးပါတယ္။ သင္ရဲ႕ကိုယ္ပိုင္အဓိပၸါယ္က ပိုၿပီးအေရးႀကီးပါတယ္။ ဒါေတြထက္ အေရးႀကီးတာက သင့္ရဲ႕ရည္ရြယ္ခ်က္ျဖစ္ပါတယ္။ လူမႈေရးအလုပ္ေတြလုပ္ေဆာင္ၿပီး အမ်ားကို ကူညီရတာက သင့္ေအာင္ျမင္မႈရဲ႕ အဓိပၸါယ္ျဖစ္မယ္ဆိုရင္ အဆင္ေျပေျပာလုပ္ေဆာင္ႏိုင္ေနေပမယ့္ ခ်မ္းသာလာမွာေတာ့မဟုတ္ပါဘူး။ ဒီအခ်က္ကိုလက္ခံႏိုင္မယ္ဆိုရင္ သင္ေပ်ာ္ရႊင္ရမွာေသခ်ာပါတယ္။

သင္ေပ်ာ္ႏိုင္ၿပီလား ကိုယ့္ကိုယ္ကို ျပန္ေမးပါ။ သင္ေပ်ာ္ႏိုင္ရင္ သင္ေအာင္ျမင္ေနပါၿပီ။ သင္ပိုၿပီးေပ်ာ္ရႊင္ေလေလ၊ ပိုၿပီးေအာင္ျမင္လာေလပါပဲ။ အကယ္၍ မေပ်ာ္ဘူးဆိုရင္ေတာ့ အေျပာင္းအလဲလုပ္ဖို႔ အခ်ိန္ပဲျဖစ္ပါတယ္။


အရေးကြီးသော အောင်မြင်မှု၏ အဓိပ္ပါယ်

လူတိုင်းမှာ ဘ၀အောင်မြင်မှုနဲ့ပတ်သက်ပြီး မတူကွဲပြားတဲ့ အယူအဆတွေရှိတတ်ကြပါတယ်။ အောင်မြင်မှုကို ဘယ်လိုပဲ အဓိပ္ပါယ်ဖွင့်ဆိုသည်ဖြစ်စေ အောင်မြင်မှုကို အဆုံးအဖြတ်ပေးဖို့ကတော့ နည်းလမ်းတစ်ခုပဲ ရှိပါတယ်။ ဒီနည်းလမ်းကတော့ မေးခွန်းတစ်ခုကို ဖြေကြည့်ဖိုပါပဲ။

ငါ ဘယ်လောက် ပျော်ရွှင်ရသလဲ ?

ထူးထူးခြားခြားအောင်မြင်လာတဲ့ စွန့်ဦးလုပ်ငန်းရှင်အများစုဟာ သူတို့လုပ်ငန်းအောင်မြင်ဖို့အတွက် နာရီပေါင်းများစွာ အလုပ်လုပ်တတ်ကြပြီး အာရုံစူးစိုက်မှုလည်း သူမတူအောင် ရှိတတ်ကြပါတယ်။ ဒီလို လုပ်ဆောင်ရင်းနဲ့ သူတို့ရဲ့ လူမှုရေးနဲ့ မိသားစုဘဝမှာ ထိခိုက်မှုတွေ ရှိလာတတ်ပါတယ်။

ဒီလိုထိခိုက်မှုက မျှတမှုရှိလား၊ မရှိဘူးလားဆိုတာက အဓိကမကျပါဘူး။ လုပ်ငန်းအတွက်ကြိုးစားနေချိန်မှာ လူမှုရေးနဲ့ မိသားစုရေးမှာ ထိခိုက်မှုတွေက ရှောင်လွှဲလို့မရနိုင်ပါဘူး။ ငွေကြေးအမြောက်အများရှာဖွေနိုင်ပေမယ့် ပျော်ရွှင်မှုမရှိဘူးဆိုရင် နည်းလမ်းမကျသေးပါဘူး။ လုပ်ငန်းအောင်မြင်မှုအတွက် လူမှုဘဝမှာပေးဆပ်မှုတွေ များနေတဲ့သဘောပဲဖြစ်ပါတယ်။ တကယ်တမ်းတော့ ငွေရှာဖို့ထက် ပိုပြီးအရေးကြီးတာတွေ အများကြီးရှိနေပါသေးတယ်။

နေ့စဉ်နေ့တိုင်း ငွေကြေးချမ်းသာပြည့်စုံတဲ့ ဘဝတစ်ခုကိုရရှိဖို့ ကြိုးစားရင်း မပျော်ရွှင်ရဘူးဆိုရင် သင်လုပ်ဆောင်ဖို့ရွေးချယ်ခဲ့တဲ့အရာဟာ သင့်ကို အမှန်တကယ် ချမ်းသာအောင် လုပ်မပေးနိုင်သေးပါဘူး။ သင်လိုချင်တဲ့အရာတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ကြိုးစားကြည့်ပါ။ စီးပွားရေးအောင်မြင်မှု၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း ပြီးတော့ ဘဝမှာဘယ်ကိစ္စပဲဖြစ်ဖြစ် တသီးတခြားဆီခွဲခြားလို့ မရနိုင်တာကို တွေ့ရပါလိမ့်မယ်။ အားလုံးက သာတူညီမျှအရေးကြီးတဲ့အတွက် တစ်ခုခုကို အာရုံစိုက်လိုက်ရင် အခြားတစ်ခုမှာ အာရုံစူးစိုက်မှုလျော့နည်းသွားမှာ သေချာပါတယ်။

ငွေကြေးများများရှာချင်ရင် တစ်ခုခုတော့ ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။ ဒီလိုပါပဲ။ မိသားစုအတွက် အချိန်ပေးချင်တာ၊ အခြားလူတွေကို ကူညီချင်တာ၊ ဝါသနာပါတာတစ်ခုခုကို လုပ်ဆောင်တာ၊ ဘာပဲဖြစ်ဖြစ် လုပ်ချင်တာတစ်ခုအတွက် အခြားတစ်ခုကို ပြန်ပေးဆပ်ရမှာဖြစ်ပါတယ်။

ဘာက သင့်ကို လှုံ့ဆော်တွန်းအားပေးနိုင်မလဲ။ သင်ကိုယ်တိုင်နဲ့ သင့်မိသားစုအတွက် ဘာကိုရယူ ပိုင်ဆိုင်ချင်တာလဲ။ ဘာကို တန်ဖိုးအထားဆုံးလဲ သေချာစဉ်းစားပါ။ ပြီးတော့မှ လုပ်ဆောင်မယ်ဆိုရင် သင့်ကို ပျော်ရွှင်စေနိုင်မှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ လုပ်သာလုပ်နေရတယ်၊ ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။

ရိုးရှင်းတယ်လို့ထင်ပါသလား။ သင့်ပတ်ဝန်းကျင်မှာရှိတဲ့လူတစ်ယောက်ယောက်ကို သူရွေးချယ်ထားတဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီး ရလဒ်တွေကိုကျေနပ်မှုရှိမရှိမေးကြည့်ပါ။ ဥပမာပြောရရင် ကျွန်တော်နဲ့ သိတဲ့ ကျောင်းဆရာမတစ်ဦးကို မေးကြည့်ဖူးပါတယ်။ သူမက ရတဲ့လစာနည်းတာနဲ့ပတ်သက်ပြီးအမြဲတမ်း ညည်းညူတတ်သူဖြစ်တဲ့အတွက် အလုပ်ပြောင်းဖို့ အကြံပေးကြည့်ပါတယ်။ ဒါပေမယ့် သူမက စာသင်ရတာကို နှစ်သက်လို့ အလုပ်မပြောင်းနိုင်ဘူးလို့ပဲ ဖြေပါတယ်။ ဒီမှာတင်ပဲ လွဲနေပါပြီ။ စာသင်ရတာကို တကယ်နှစ်သက်တယ်ဆိုရင် လစာနည်းတာကို လက်ခံနိုင်ရမှာဖြစ်ပါတယ်။

ဒီတော့ သင်ပျော်ရွှင်နေပါသလား ? ?

အောင်မြင်မှုရဲ့ အဓိပ္ပါယ်က အရေးကြီးပါတယ်။ သင်ရဲ့ကိုယ်ပိုင်အဓိပ္ပါယ်က ပိုပြီးအရေးကြီးပါတယ်။ ဒါတွေထက် အရေးကြီးတာက သင့်ရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ လူမှုရေးအလုပ်တွေလုပ်ဆောင်ပြီး အများကို ကူညီရတာက သင့်အောင်မြင်မှုရဲ့ အဓိပ္ပါယ်ဖြစ်မယ်ဆိုရင် အဆင်ပြေပြောလုပ်ဆောင်နိုင်နေပေမယ့် ချမ်းသာလာမှာတော့မဟုတ်ပါဘူး။ ဒီအချက်ကိုလက်ခံနိုင်မယ်ဆိုရင် သင်ပျော်ရွှင်ရမှာသေချာပါတယ်။

သင်ပျော်နိုင်ပြီလား ကိုယ့်ကိုယ်ကို ပြန်မေးပါ။ သင်ပျော်နိုင်ရင် သင်အောင်မြင်နေပါပြီ။ သင်ပိုပြီးပျော်ရွှင်လေလေ၊ ပိုပြီးအောင်မြင်လာလေပါပဲ။ အကယ်၍ မပျော်ဘူးဆိုရင်တော့ အပြောင်းအလဲလုပ်ဖို့ အချိန်ပဲဖြစ်ပါတယ်။

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%