သန်းကြွယ်သူဌေးတစ်ယောက်ကဲ့သို့ လူမှုဆက်ဆံရေးကောင်းမွန်စေဖို့

လူမႈဆက္ဆံေရးကြန္ယက္ကို ခ်ဲ႕ထြင္ဖို႔အတြက္ မွန္မွန္ကန္ကန္လႈပ္ရွားတတ္ဖို႔ လိုပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ေတြ႕ၿပီး မိတ္ဆက္စကားေျပာ၊ လိပ္စာကဒ္အျပန္အလွန္ဖလွယ္ၾက႐ုံနဲ႔ စစ္မွန္တဲ့ ေပါင္းသင္းဆက္ဆံေရးကို တည္ေဆာက္ႏိုင္မွာ မဟုတ္ပါဘူး။ လူမႈဆက္ဆံေရးမွာ အေရးႀကီးတဲ့အခ်က္တစ္ခုကေတာ့ လူအမ်ားစုလုပ္သလို မလုပ္မိဖို႔ပဲျဖစ္ပါတယ္။ ဒီအတိုင္း ေတြ႕ဆံုၾက႐ုံ၊ စားၾကေသာက္ၾကနဲ႔ လုပ္ငန္းအဆင္ေျပဖို႔အတြက္ပဲ ရည္ရြယ္ထားတယ္ဆိုရင္ ေအာင္ျမင္တဲ့ဆက္ဆံေရးကို တည္ေဆာက္ႏိုင္မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ သန္းၾကြယ္သူေဌးတစ္ေယာက္လို႔ လူမႈဆက္ဆံေရး ေကာင္းေစဖို႔အတြက္ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

3-plus-watch

၁။ အမ်ားေရွ႕မွာ စကားေျပာပါ။

လူအမ်ားစုက အမ်ားေရွ႕မွာ စကားေျပာဖို႔ စိုးရိမ္ထိတ္လန္႔တတ္ၾကပါတယ္။ ဒါေပမယ့္လည္း ဒီနည္းလမ္းက သင့္စိတ္ကူးေတြကို လူအမ်ားႀကီးဆီကိုေရာက္သြားေစႏိုင္ပါတယ္။ သင္က စီးပြားေရးလုပ္ငန္းလုပ္ေနတယ္ဆိုရင္ သင့္ရဲ႕ထုတ္ကုန္နဲ႔ ၀န္ေဆာင္မႈေတြကို လူေပါင္းမ်ားစြာဆီကို ေရာင္းခ်ဖို႔ အခြင့္အေရးရမွာျဖစ္ပါတယ္။

၂။ လူေတြကို ကူညီဆက္သြယ္ေပးပါ။

လူေတြကို အဆင္ေျပေအာင္ကူညီေပးမယ္ဆိုရင္ သင္လိုခ်င္တာကိုလည္း ရရွိမွာျဖစ္ပါတယ္။ တစ္ရက္မွာ ကၽြန္ေတာ္အိမ္တစ္လံုးလုိခ်င္လို႔ အိမ္ပြဲစားတစ္ေယာက္နဲ႔ ဆက္သြယ္ခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္လိုခ်င္တဲ့ အိမ္မ်ိဳး သူ႕ဆီမွာမရွိပါဘူး။ အိမ္ပြဲစားက ကၽြန္ေတာ္လိုခ်င္တဲ့အိမ္မ်ိဳးရွိႏိုင္တဲ့ သူ႔ၿပိဳင္ဘက္အိမ္ပြဲစားတစ္ေယာက္ နဲ႔ ဆက္သြယ္ေပးခဲ့ပါတယ္။ တကယ္ေတာ့ ဒီလိုေဖာက္သည္ကို ကိုယ့္ၿပိဳင္ဘက္လက္ထဲ ထည့္ေပးလိုက္ဖို႔က အမ်ားစုက စဥ္းစားမိမွာေတာင္မဟုတ္ပါဘူး။ ေနာက္ပိုင္းမွာေတာ့ သူ႔ၿပိဳင္ဘက္ အိမ္ပြဲစား ျပသတဲ့အိမ္ေတြကိုလည္ အႀကိဳက္မေတြ႕ခဲ့တာေၾကာင့္ သူ႔ဆီကပဲ အိမ္တစ္လံုးကို ၀ယ္ယူျဖစ္ခဲ့ပါတယ္။ ဒီလိုနဲ႔ ကၽြန္ေတာ္လည္း အဆင္ေျပ၊ သူလည္း ပြဲခရတဲ့အတြက္ အားလံုးအဆင္ေျပသြားခဲ့ပါတယ္။ ဒါဟာ သူက လူေတြကို ဆက္သြယ္ေပးတတ္တာေၾကာင့္ျဖစ္ပါတယ္။

၃။ ထပ္မံဆက္သြယ္ပါ။

လူေတြနဲ႔ ေတြ႕ဆံုမိတ္ဆက္ၿပီး ေနာက္ထပ္အဆက္အသြယ္မလုပ္ဘူးဆိုရင္ အလကားပါပဲ။ လူေတြဟာ တစ္ဦးနဲ႔ တစ္ဦးအျပန္အလွန္ ပူးေပါင္းေဆာင္ရြက္ရတာကို သေဘာက်တတ္ၾကပါတယ္။ ဒါေပမယ့္ တစ္ေနရာမွာ ေတြ႕ခဲ့ဆံုခဲ့ၾကတာကို ေမ့သြားတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ သူတို႔ကို ဆက္သြယ္ၿပီး သတိေပးဖို႔က သင့္ရဲ႕တာ၀န္ျဖစ္ပါတယ္။ သင္ကသာ စနစ္တက်နဲ႔ ဆက္သြယ္မႈေတြ လုပ္ေဆာင္တတ္မယ္ဆိုရင္ မထင္မွတ္ထားတဲ့ တုံျပန္မႈေတြ ရရွိမွာျဖစ္ပါတယ္။

၄။ မိတ္ဆက္ေပးဖို႔ ေတာင္းဆိုပါ။

မိတ္ဆက္စကားေျပာတာကို ဘယ္ေတာ့မွ ေလွ်ာ့မတြက္မိပါေစနဲ႔။ လူမႈကြန္ယက္တစ္ခုအတြင္းမွာ သင့္ကိုအေရးႀကီးပုဂၢိဳဟ္ေတြနဲ႔ မိတ္ဆက္ေပးႏိုင္မယ့္သူတစ္ေယာက္ကို ရွာၿပီး မိတ္ဆက္ေပးဖို႔ ေတာင္းဆိုပါ။

250

၅။ ပရဟိတလုပ္ပါ။

သင္က အမ်ားအက်ိဳးေဆာင္ရြက္တတ္သူတစ္ဦးဆိုတာ လူေတြသိၿပီဆိုတာနဲ႔ သင့္မွာ သူငယ္ခ်င္းမိတ္ေဆြေတြ အမ်ားႀကီးရွိလာမွာျဖစ္ပါတယ္။ ဘ၀ရွင္သန္မႈရဲ႕ လ်ိဳ႕၀ွက္ခ်က္က ေပးဆပ္ျခင္းပဲျဖစ္ပါတယ္။ သင့္ရဲ႕အမ်ားအက်ိဳး ေဆာင္ရြက္မႈေတြနဲ႔ ပရဟိတလုပ္ငန္းေတြက ေရရွည္တည္တံ့ေနၿပီး လူအမ်ားကို ကူညီႏိုင္ဖို႔ေတာ့လိုပါတယ္။

Bonus Tip

သင့္ရဲ႕လူမႈဆက္ဆံေရးကြန္ယက္ကို ခ်ဲ႕ထြင္ဖို႔အတြက္ ၀ါသနာအသစ္ေတြကိုလည္း ေလ့လာလိုက္စား သင့္ပါတယ္။ လူတိုင္းမွာ ၀ါသနာတစ္ခုခုရွိတတ္တာေၾကာင့္ ၀ါသနာကို အေျချပဳတဲ့ ေပါင္းသင္းဆက္ဆံေရးကို တည္ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္။


သန်းကြွယ်သူဌေးတစ်ယောက်ကဲ့သို့ လူမှုဆက်ဆံရေးကောင်းမွန်စေဖို့

လူမှုဆက်ဆံရေးကွန်ယက်ကို ချဲ့ထွင်ဖို့အတွက် မှန်မှန်ကန်ကန်လှုပ်ရှားတတ်ဖို့ လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တွေ့ပြီး မိတ်ဆက်စကားပြော၊ လိပ်စာကဒ်အပြန်အလှန်ဖလှယ်ကြရုံနဲ့ စစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးမှာ အရေးကြီးတဲ့အချက်တစ်ခုကတော့ လူအများစုလုပ်သလို မလုပ်မိဖို့ပဲဖြစ်ပါတယ်။ ဒီအတိုင်း တွေ့ဆုံကြရုံ၊ စားကြသောက်ကြနဲ့ လုပ်ငန်းအဆင်ပြေဖို့အတွက်ပဲ ရည်ရွယ်ထားတယ်ဆိုရင် အောင်မြင်တဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သန်းကြွယ်သူဌေးတစ်ယောက်လို့ လူမှုဆက်ဆံရေး ကောင်းစေဖို့အတွက် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ အများရှေ့မှာ စကားပြောပါ။
လူအများစုက အများရှေ့မှာ စကားပြောဖို့ စိုးရိမ်ထိတ်လန့်တတ်ကြပါတယ်။ ဒါပေမယ့်လည်း ဒီနည်းလမ်းက သင့်စိတ်ကူးတွေကို လူအများကြီးဆီကိုရောက်သွားစေနိုင်ပါတယ်။ သင်က စီးပွားရေးလုပ်ငန်းလုပ်နေတယ်ဆိုရင် သင့်ရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို လူပေါင်းများစွာဆီကို ရောင်းချဖို့ အခွင့်အရေးရမှာဖြစ်ပါတယ်။

၂။ လူတွေကို ကူညီဆက်သွယ်ပေးပါ။
လူတွေကို အဆင်ပြေအောင်ကူညီပေးမယ်ဆိုရင် သင်လိုချင်တာကိုလည်း ရရှိမှာဖြစ်ပါတယ်။ တစ်ရက်မှာ ကျွန်တော်အိမ်တစ်လုံးလိုချင်လို့ အိမ်ပွဲစားတစ်ယောက်နဲ့ ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်လိုချင်တဲ့ အိမ်မျိုး သူ့ဆီမှာမရှိပါဘူး။ အိမ်ပွဲစားက ကျွန်တော်လိုချင်တဲ့အိမ်မျိုးရှိနိုင်တဲ့ သူ့ပြိုင်ဘက်အိမ်ပွဲစားတစ်ယောက် နဲ့ ဆက်သွယ်ပေးခဲ့ပါတယ်။ တကယ်တော့ ဒီလိုဖောက်သည်ကို ကိုယ့်ပြိုင်ဘက်လက်ထဲ ထည့်ပေးလိုက်ဖို့က အများစုက စဉ်းစားမိမှာတောင်မဟုတ်ပါဘူး။ နောက်ပိုင်းမှာတော့ သူ့ပြိုင်ဘက် အိမ်ပွဲစား ပြသတဲ့အိမ်တွေကိုလည် အကြိုက်မတွေ့ခဲ့တာကြောင့် သူ့ဆီကပဲ အိမ်တစ်လုံးကို ဝယ်ယူဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း အဆင်ပြေ၊ သူလည်း ပွဲခရတဲ့အတွက် အားလုံးအဆင်ပြေသွားခဲ့ပါတယ်။ ဒါဟာ သူက လူတွေကို ဆက်သွယ်ပေးတတ်တာကြောင့်ဖြစ်ပါတယ်။

၃။ ထပ်မံဆက်သွယ်ပါ။
လူတွေနဲ့ တွေ့ဆုံမိတ်ဆက်ပြီး နောက်ထပ်အဆက်အသွယ်မလုပ်ဘူးဆိုရင် အလကားပါပဲ။ လူတွေဟာ တစ်ဦးနဲ့ တစ်ဦးအပြန်အလှန် ပူးပေါင်းဆောင်ရွက်ရတာကို သဘောကျတတ်ကြပါတယ်။ ဒါပေမယ့် တစ်နေရာမှာ တွေ့ခဲ့ဆုံခဲ့ကြတာကို မေ့သွားတတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့ကို ဆက်သွယ်ပြီး သတိပေးဖို့က သင့်ရဲ့တာဝန်ဖြစ်ပါတယ်။ သင်ကသာ စနစ်တကျနဲ့ ဆက်သွယ်မှုတွေ လုပ်ဆောင်တတ်မယ်ဆိုရင် မထင်မှတ်ထားတဲ့ တုံပြန်မှုတွေ ရရှိမှာဖြစ်ပါတယ်။

၄။ မိတ်ဆက်ပေးဖို့ တောင်းဆိုပါ။
မိတ်ဆက်စကားပြောတာကို ဘယ်တော့မှ လျှော့မတွက်မိပါစေနဲ့။ လူမှုကွန်ယက်တစ်ခုအတွင်းမှာ သင့်ကိုအရေးကြီးပုဂ္ဂိုဟ်တွေနဲ့ မိတ်ဆက်ပေးနိုင်မယ့်သူတစ်ယောက်ကို ရှာပြီး မိတ်ဆက်ပေးဖို့ တောင်းဆိုပါ။

၅။ ပရဟိတလုပ်ပါ။
သင်က အများအကျိုးဆောင်ရွက်တတ်သူတစ်ဦးဆိုတာ လူတွေသိပြီဆိုတာနဲ့ သင့်မှာ သူငယ်ချင်းမိတ်ဆွေတွေ အများကြီးရှိလာမှာဖြစ်ပါတယ်။ ဘဝရှင်သန်မှုရဲ့ လျို့ဝှက်ချက်က ပေးဆပ်ခြင်းပဲဖြစ်ပါတယ်။ သင့်ရဲ့အများအကျိုး ဆောင်ရွက်မှုတွေနဲ့ ပရဟိတလုပ်ငန်းတွေက ရေရှည်တည်တံ့နေပြီး လူအများကို ကူညီနိုင်ဖို့တော့လိုပါတယ်။

Bonus Tip
သင့်ရဲ့လူမှုဆက်ဆံရေးကွန်ယက်ကို ချဲ့ထွင်ဖို့အတွက် ဝါသနာအသစ်တွေကိုလည်း လေ့လာလိုက်စား သင့်ပါတယ်။ လူတိုင်းမှာ ဝါသနာတစ်ခုခုရှိတတ်တာကြောင့် ဝါသနာကို အခြေပြုတဲ့ ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။