အလုပ်ကြောင့် အိမ်ထောင်ရေးကို မထိခိုက်စေဖို့ နည်းလမ်း (၅)ခု

စီးပြားေရးလုပ္ငန္းတစ္ခုတည္ေထာင္တာဟာ အိမ္ေထာင္ေရးကို ၿပိဳကဲြသြားေစႏိုင္တယ္ဆိုရင္ ေရွ႕ဆက္ဖုိ႔ျဖစ္ႏို္င္ပါဦးမလား။ ဒီအခ်က္ဟာ စြန္႔ဦးလုပ္ငန္းရွွင္က အမ်ားစုထည့္သြင္း မစဥ္စားမိၾကပဲ အလုပ္ကိုခ်ည္းဖိၿပီး လုပ္တတ္တာေၾကာင့္ အိမ္ေထာင္ေရးအဆင္မေျပမႈေတြ ရင္ဆိုင္ၾကံဳေတြ႕ရတတ္ပါတယ္။ အခုအခ်ိန္မွာ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းတစ္ခုကို တည္ေထာင္ဖို႔အတြက္ လိုအပ္တ့ဲ နည္းစနစ္ေတြ၊ သတင္းအခ်က္အလက္ေတြကို ရင္းျမစ္ေပါင္းစုံကေန အလြယ္တကူရရွိႏိုင္ပါတယ္။ ဒါေပမယ့္ လုပ္ငန္းအတြက္ အာ႐ံုစိုက္လုပ္ေဆာင္ေနခ်ိန္မွာ ခ်စ္ရသူေတြနဲ႔ ဆက္ဆံေရးအဆင္ေျပ ခိုင္ျမဲေနေစဖုိ႔ နည္းလမ္းေတြကေတာ့ ျမင္ရေတြ႕ရခဲပါတယ္။ ဒါေၾကာင့္ အိမ္ေထာင္ေရးက္ု မထိခိုက္ေစပဲ လုပ္ငန္းတစ္ခုကို ေအာင္ျမင္စြာ တည္ေထာင္ႏိုင္ေစမယ့္ နည္းလမ္း ()ခုကို ေဖာ္ျပလိုက္ပါတယ္။

Audi-Q7

၁။ ရည္မွန္းခ်က္ကို ေ၀မွ်ပါ။

သင့္လုပ္ငန္းနဲ႔ပတ္သက္ၿပီး ရည္မွန္းခ်က္ေတြ၊ ရည္ရြယ္ခ်က္ေတြ၊ ေအာင္ျမင္လာတ့ဲအခါ ရရွိမယ့္ရလဒ္ေတြကို သင့္ရဲ႕ပါတနာ သိျမင္နားလည္လာေအာင္ ေ၀မွ်ေဆြးေႏြးပါ။ ဒီရည္မွန္းခ်က္ေတြကို သင့္ပါတနာ ယုံၾကည္လက္ခံလာဖို႔ အေရးႀကီးပါတယ္။ ဒါမွာ အလုပ္မ်ားၿပီး အခ်ိန္မေပးႏိုင္တ့ဲအခါမွာ အျပန္မယအလွန္နားလည္ေပးႏိုင္မွာ ျဖစ္ပါတယ္။

၂။ လက္ေတြ႔ဆန္သည့္ ေမွ်ာ္လင့္ခ်က္မ်ား ခ်မွတ္ပါ။

သင္ေလွ်ာက္လွမ္းေနတ့ဲ လမ္းေၾကာင္းက ဘယ္ဆီကို ဦးတည္ေနသလဲဆိုတာကို သင့္ပါတနာလည္း နားလည္ထားဖို႔လိုပါတယ္။ လုပ္ငန္းေအာင္ျမင္တိုးတက္ဖို႔ ႀကိဳးစားေနခ်ိန္မွာ အသုံးစရိတ္ေခၽြတာရတာေတြ၊ ပိတ္ရက္မွာေတာင္ အလုပ္ေတြမ်ားေနၿပီး အခ်ိန္မေပးႏိုင္တာမ်ိဳးေတြ ရွိလာတတ္ပါတယ္။ ဒီလိုအေျခအေနေတြ ၾကံဳလာတ့ဲအခါမွာ သင္ရဲ႕ဦးတည္ခ်က္က ဘာလဲဆိုတာကို ေသခ်ာရွင္းျပထားၿပီး သင္နဲ႔အတူ ေရွ႕ဆက္ဖို႔ သေဘာတူလက္ခံလာေအာင္ ေျပာျပပါ။

၃။ အပတ္စဥ္ေတြ႕ဆုံေဆြးေႏြးဖို႔ အခ်ိန္သတ္မွတ္ပါ။

စီးပြားေရးလုပ္ငန္းတစ္ခုကို လုပ္ေဆာင္တ့ဲအခါမွာ ေန႔စဥ္ရက္ဆက္ဆိုသလို လုပ္ငန္းအတြက္ ေတြ႕ဆုံမႈေတြ၊ ေဆြးေႏြးမႈေတြ၊ အစည္းအေ၀းေတြနဲ႔ ျပည့္ေနတတ္ပါတယ္။ ျပကၡဒိန္ေပၚက ေန႔စြဲအားလုံးေလာက္နီးပါးမွာ လုပ္ငန္းစကားေျပာဖို႔ ႀကိဳတင္ခ်ိန္းဆိုမႈေတြနဲ႔ အျပည့္ျဖစ္ေနတတ္ပါတယ္။ ဒီလို လုပ္ငန္းအတြက္ ေတြ႕ဆုံမႈေတြက အေရးႀကီးတာမွန္ေပမယ့္ သင့္ရဲ႕ပါတနာနဲ႔ေတြ႕ဆုံေဆြးေႏြးဖို႔အတြက္ကိုလည္း ေမ့ထားလို႔မျဖစ္ပါဘူး။ သင့္ရဲ႕ ပါတနာ၊ အိမ္ေထာင္ဖက္နဲ႔ တပတ္ကို အခ်ိန္ တစ္နာရီခြဲေလာက္ေပးၿပီး ေဆြးေႏြးတိုင္ပင္ပါ။ ေဆြးေႏြးတ့ဲအခါမွာ လုပ္ငန္းကိစၥ၊ ေငြေရးေၾကးေရး၊ မိသားစုေရး၊ ကေလးေတြကိစၥကေနစၿပီး အိပ္ရာထဲက လိင္မႈကိစၥအထိ တစ္ခုမက်န္စုံလင္ေအာင္ ေဆြးေႏြးညိွႏိႈင္းပါ။ ဒီလိုနည္းလမ္းနဲ႔ သင္တို႔ႏွစ္ဦးၾကား ဆက္ဆံေရးမွာ အျပန္အလွန္နားလည္မႈနဲ႔ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္မွာ ျဖစ္ပါတယ္။

၄။ တစ္ေလွတည္း စီးေနရတာကို သတိထားပါ။

အပတ္စဥ္ေတြ႔ဆုံေဆြးေႏြးမႈ လုပ္ေဆာင္ေနတဲ့ ၾကားကေန တစ္ခါတစ္ေလမွာ သင့္အိမ္ေထာင္ဖက္က စိတ္႐ႈပ္ စိတ္ပ်က္လာတာမ်ိဳးေတြ ရွိတတ္ပါတယ္။ ဒီလိုအေျခအေနၾကံုလာတ့ဲအခါမွာ သင္တို႔ႏွစ္ေယာက္စလုံးဟာ တစ္ေလွတည္းစီးၿပီး ရည္မွန္းခ်က္ပန္းတိုင္တစ္ခုတည္းကို ၿပိဳင္တူေလွာ္ခတ္ေနၾကရတယ္ဆိုတာကို မေမ့ပါနဲ႕။ ငါ အလုပ္လုပ္ေနတာပဲဆိုတာမိ်ဳးနဲ႔ တဖက္သက္ဆန္ဆန္မေတြးပဲ သင့္ပါတနာ ဘာျဖစ္ခ်င္ေနတယ္၊ ဘာကိုလိုအပ္ေနတယ္ဆိုတာကို သိရွိနားလည္ေအာင္ ႀကိဳးစားပါ။

Glass-Ads-4

၅။ ေအာင္ျမင္မႈတိုင္းကို ေ၀မွ်ခံစားပါ။

လုပ္ငန္းလုပ္ေဆာင္ရာမွာ ဘယ္လိုေအာင္ျမင္မႈမ်ိဳးပဲ ျဖစ္ျဖစ္ အတူတူေ၀မွ်ခံစားတတ္ဖို႔ လိုပါတယ္။ သင့္ပါတနာရဲ႕ ေထာက္ပ့ံကူညီမႈ မပါပဲ လုပ္ငန္းကို အာ႐ံုစိုက္လုပ္ေဆာင္ဖို႔ မျဖစ္ႏိုင္တာေၾကာင့္ သင့္ပါတနာရဲ႕ ကူညီမႈ၊ နားလည္မႈတို႔ကို အသိအမွတ္ျပဳေပးဖို႔လည္း လိုပါတယ္။ ဒါ့ေၾကာင့္ လုပ္ငန္းခြင္အတြင္းက ေအာင္ျမင္မႈတိုင္းကို အသိေပးၿပီး သင္ရဲ႕ေက်ာ္ရႊင္ေက်နပ္မႈေတြကို ေ၀မွ်ခံစားေပးလိုက္ပါ။


အလုပ်ကြောင့် အိမ်ထောင်ရေးကို မထိခိုက်စေဖို့ နည်းလမ်း (၅)ခု

စီးပွားရေးလုပ်ငန်းတစ်ခုတည်ထောင်တာဟာ အိမ်ထောင်ရေးကို ပြိုကွဲသွားစေနိုင်တယ်ဆိုရင် ရှေ့ဆက်ဖို့ဖြစ်န်ိုင်ပါဦးမလား။ ဒီအချက်ဟာ စွန့်ဦးလုပ်ငန်းရှင်က အများစုထည့်သွင်း မစဉ်စားမိကြပဲ အလုပ်ကိုချည်းဖိပြီး လုပ်တတ်တာကြောင့် အိမ်ထောင်ရေးအဆင်မပြေမှုတွေ ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။ အခုအချိန်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ဖို့အတွက် လိုအပ်တဲ့ နည်းစနစ်တွေ၊ သတင်းအချက်အလက်တွေကို ရင်းမြစ်ပေါင်းစုံကနေ အလွယ်တကူရရှိနိုင်ပါတယ်။ ဒါပေမယ့် လုပ်ငန်းအတွက် အာရုံစိုက်လုပ်ဆောင်နေချိန်မှာ ချစ်ရသူတွေနဲ့ ဆက်ဆံရေးအဆင်ပြေ ခိုင်မြဲနေစေဖို့ နည်းလမ်းတွေကတော့ မြင်ရတွေ့ရခဲပါတယ်။ ဒါကြောင့် အိမ်ထောင်ရေးက်ု မထိခိုက်စေပဲ လုပ်ငန်းတစ်ခုကို အောင်မြင်စွာ တည်ထောင်နိုင်စေမယ့် နည်းလမ်း (၅)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ရည်မှန်းချက်ကို ဝေမျှပါ။

သင့်လုပ်ငန်းနဲ့ပတ်သက်ပြီး ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေ၊ အောင်မြင်လာတဲ့အခါ ရရှိမယ့်ရလဒ်တွေကို သင့်ရဲ့ပါတနာ သိမြင်နားလည်လာအောင် ဝေမျှဆွေးနွေးပါ။ ဒီရည်မှန်းချက်တွေကို သင့်ပါတနာ ယုံကြည်လက်ခံလာဖို့ အရေးကြီးပါတယ်။ ဒါမှာ အလုပ်များပြီး အချိန်မပေးနိုင်တဲ့အခါမှာ အပြန်မယအလှန်နားလည်ပေးနိုင်မှာ ဖြစ်ပါတယ်။

၂။ လက်တွေ့ဆန်သည့် မျှော်လင့်ချက်များ ချမှတ်ပါ။

သင်လျှောက်လှမ်းနေတဲ့ လမ်းကြောင်းက ဘယ်ဆီကို ဦးတည်နေသလဲဆိုတာကို သင့်ပါတနာလည်း နားလည်ထားဖို့လိုပါတယ်။ လုပ်ငန်းအောင်မြင်တိုးတက်ဖို့ ကြိုးစားနေချိန်မှာ အသုံးစရိတ်ချွေတာရတာတွေ၊ ပိတ်ရက်မှာတောင် အလုပ်တွေများနေပြီး အချိန်မပေးနိုင်တာမျိုးတွေ ရှိလာတတ်ပါတယ်။ ဒီလိုအခြေအနေတွေ ကြုံလာတဲ့အခါမှာ သင်ရဲ့ဦးတည်ချက်က ဘာလဲဆိုတာကို သေချာရှင်းပြထားပြီး သင်နဲ့အတူ ရှေ့ဆက်ဖို့ သဘောတူလက်ခံလာအောင် ပြောပြပါ။

၃။ အပတ်စဉ်တွေ့ဆုံဆွေးနွေးဖို့ အချိန်သတ်မှတ်ပါ။

စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ဆောင်တဲ့အခါမှာ နေ့စဉ်ရက်ဆက်ဆိုသလို လုပ်ငန်းအတွက် တွေ့ဆုံမှုတွေ၊ ဆွေးနွေးမှုတွေ၊ အစည်းအဝေးတွေနဲ့ ပြည့်နေတတ်ပါတယ်။ ပြက္ခဒိန်ပေါ်က နေ့စွဲအားလုံးလောက်နီးပါးမှာ လုပ်ငန်းစကားပြောဖို့ ကြိုတင်ချိန်းဆိုမှုတွေနဲ့ အပြည့်ဖြစ်နေတတ်ပါတယ်။ ဒီလို လုပ်ငန်းအတွက် တွေ့ဆုံမှုတွေက အရေးကြီးတာမှန်ပေမယ့် သင့်ရဲ့ပါတနာနဲ့တွေ့ဆုံဆွေးနွေးဖို့အတွက်ကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။ သင့်ရဲ့ ပါတနာ၊ အိမ်ထောင်ဖက်နဲ့ တပတ်ကို အချိန် တစ်နာရီခွဲလောက်ပေးပြီး ဆွေးနွေးတိုင်ပင်ပါ။ ဆွေးနွေးတဲ့အခါမှာ လုပ်ငန်းကိစ္စ၊ ငွေရေးကြေးရေး၊ မိသားစုရေး၊ ကလေးတွေကိစ္စကနေစပြီး အိပ်ရာထဲက လိင်မှုကိစ္စအထိ တစ်ခုမကျန်စုံလင်အောင် ဆွေးနွေးညှိနှိုင်းပါ။ ဒီလိုနည်းလမ်းနဲ့ သင်တို့နှစ်ဦးကြား ဆက်ဆံရေးမှာ အပြန်အလှန်နားလည်မှုနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

၄။ တစ်လှေတည်း စီးနေရတာကို သတိထားပါ။

အပတ်စဉ်တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်နေတဲ့ ကြားကနေ တစ်ခါတစ်လေမှာ သင့်အိမ်ထောင်ဖက်က စိတ်ရှုပ် စိတ်ပျက်လာတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုအခြေအနေကြုံလာတဲ့အခါမှာ သင်တို့နှစ်ယောက်စလုံးဟာ တစ်လှေတည်းစီးပြီး ရည်မှန်းချက်ပန်းတိုင်တစ်ခုတည်းကို ပြိုင်တူလှော်ခတ်နေကြရတယ်ဆိုတာကို မမေ့ပါနဲ့။ ငါ အလုပ်လုပ်နေတာပဲဆိုတာမျိုးနဲ့ တဖက်သက်ဆန်ဆန်မတွေးပဲ သင့်ပါတနာ ဘာဖြစ်ချင်နေတယ်၊ ဘာကိုလိုအပ်နေတယ်ဆိုတာကို သိရှိနားလည်အောင် ကြိုးစားပါ။

၅။ အောင်မြင်မှုတိုင်းကို ဝေမျှခံစားပါ။

လုပ်ငန်းလုပ်ဆောင်ရာမှာ ဘယ်လိုအောင်မြင်မှုမျိုးပဲ ဖြစ်ဖြစ် အတူတူဝေမျှခံစားတတ်ဖို့ လိုပါတယ်။ သင့်ပါတနာရဲ့ ထောက်ပံ့ကူညီမှု မပါပဲ လုပ်ငန်းကို အာရုံစိုက်လုပ်ဆောင်ဖို့ မဖြစ်နိုင်တာကြောင့် သင့်ပါတနာရဲ့ ကူညီမှု၊ နားလည်မှုတို့ကို အသိအမှတ်ပြုပေးဖို့လည်း လိုပါတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်အတွင်းက အောင်မြင်မှုတိုင်းကို အသိပေးပြီး သင်ရဲ့ကျော်ရွှင်ကျေနပ်မှုတွေကို ဝေမျှခံစားပေးလိုက်ပါ။