ေဖာက္ထြက္တီထြင္ဖန္တီးမႈအတြက္ ေ႐ွး႐ုိးစြဲနည္းလမ္း

ဖောက်ထွက်တီထွင်ဖန်တီးမှုအတွက် ရှေးရိုးစွဲနည်းလမ်း

ပံုျပင္တစ္ပုဒ္ေျပာျပပါမယ္။

Albert Einstein ဟာ ပံုမွန္ေက်ာင္းကို ဆန္႔က်င့္ခဲ့ၿပီး အတန္းထဲမွာ အဆင့္ေနာက္ဆံုးရတဲ့ သူပုန္ေက်ာင္းသားတစ္ဦး ျဖစ္ခဲ့ပါတယ္။

သူ႔ တကၠသိုလ္ပညာေရးအၿပီးမွာ သူ႔ရဲ႕ စူး႐ွထက္ျမက္တဲ့ ဦးေႏွာက္ကို ေ႐ွး႐ိုးစြဲ ပညာေရး အကယ္ဒမီတစ္ခုက အသိအမွတ္မျပဳပဲ ပေရာ္ဖက္ဆာ ရာထူး မေပးခဲ့ပါဘူး။ ေငြျပတ္ၿပီး အလုပ္အကိုင္မ႐ွိတဲ့ Einstein ဟာ ေအာက္တန္းစာေရးအလုပ္ကို လုပ္ကိုင္ခဲ့ရပါတယ္။

ဒါေပမယ့္ အဲ့ဒါကပဲ သူ႔အတြက္ ကံေကာင္းသြားေစတာပါ။ ေ႐ွး႐ိုးစြဲ ပညာေရးကေန လြတ္ကင္းတဲ့ သူ႔ဦးေႏွာက္ဟာ ႐ူပေဗဒ ေလာကတစ္ခုလံုး ေျပာင္းလဲသြားေစႏိုင္တဲ့ ေခတ္မွီ ေတာ္လွန္တဲ့ အေတြးအေခၚေတြကို ထုတ္ေပးႏိုင္ခဲ့ပါတယ္။

ပံုျပင္ေလးကေတာ့ ဒါပါပဲ။

ဒါေပမယ့္ တကယ့္ အျဖစ္မွန္က အဲဒိထက္ ပိုၿပီး ႐ႈပ္ေထြးပါတယ္။

Einstein ဟာ သူပုန္ေက်ာင္းသားတစ္ဦး ျဖစ္ခဲ့ေပမယ့္ သခ်ၤာနဲ႔ ႐ူပေဗဒမွာ အျမဲတမ္း အဆင့္ျမင့္အမွတ္ေတြ ရခဲ့ပါတယ္။ ေကာလိပ္ၿပီးေနာက္မွာ ႐ုန္းကန္ခဲ့ရေပမယ့္ ပေရာ္ဖက္ဆာရာထူးကို ျငင္းပယ္မခံခဲ့ရပါဘူး။ PhD ရမွ ပေရာ္ဖက္ဆာ လုပ္လို႔ရတာပါ။ သူ ဘြဲ႔ရၿပီး ျငင္းပယ္ခံခဲ့ရတာက ေက်ာင္းသားတစ္ေယာက္ကို က်ဴတာ ျပေပးရင္ ပါရဂူဘြဲ႔ ဆက္တက္ႏိုင္မယ့္အခြင့္အေရးပါ။ အေမရိကန္မွာ Research Assistantship လို႔ ေခၚတဲ့ရာထူးပါ။

သူ႔ရဲ႕ ထူးခြၽန္မႈဟာ လ်စ္လ်ဴ႐ႈ ခံခဲ့ရတာ မဟုတ္ပါဘူး။ Einstein ဟာ အဲဒိအခ်ိန္ထိ ထူးခြၽန္တာ ဘာမွ မလုပ္ရေသးပါဘူး။ သူ႔ဘြဲ႔ယူစာတမ္းကလဲ ေသြးေၾကာမ်ွင္ေတြအေၾကာင္း ေရးထားတာျဖစ္ၿပီး ပံုမွန္အဆင့္ပဲ ႐ွိပါတယ္။သူ႔ က်ဴတာအခြင့္အေရး ျငင္းပယ္ခံရတာက သူ႔ကို မႀကိဳက္တဲ့ ပေရာ္ဖက္ဆာတစ္ေယာက္ ေရးလိုက္တဲ့ စာေၾကာင့္ပါ။

ပံုျပင္ေတြထဲမွာ လိုအပ္တဲ့ အခ်က္ကေတာ့ Einstein ဟာ စာေရးလုပ္ရင္း သူ႔ရဲ႕ ပါရဂူဘြဲ႔အတြက္ပါ အလုပ္လုပ္ေနတယ္ဆိုတာပါပဲ။ သူ႔မွာ ဆရာတစ္ေယာက္႐ွိတယ္၊ စာက်က္တယ္၊ စာေရးတယ္၊ အတူတူ စာလုပ္တဲ့ အဖြဲ႔တစ္ခုေတာင္ ႐ွိပါေသးတယ္။

သူ႔ရဲ႕ နာမည္ေက်ာ္ Special Relativity Theory ကို ခ်ျပခဲ့တဲ့ ႏွစ္မွပဲ သူပါရဂူဘြဲ႔ကို ရ႐ွိခဲ့ပါတယ္။ ၿပီးေတာ့ ပေရာ္ဖက္ဆာလုပ္ဖို႔ ကမ္းလွမ္းမႈေတြ ရ႐ွိခဲ့ၿပီး သူ႔ရဲ႕ စာသင္တဲ့ အလုပ္ စတင္ခဲ့ပါတယ္။

Einstein ဟာ PhD တက္ရင္း သူ႔မိသားစုကို ႐ွာေကြၽးဖို႔ စာေရး အလုပ္ လုပ္ခဲ့ရပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ပညာေရးလမ္းေၾကာင္းကေတာ့ ပံုမွန္ပါပဲ။

ေဖာက္ထြက္တီထြင္ဖန္တီးမႈအတြက္ ေ႐ွး႐ုိးစြဲနည္းလမ္း

ဒီပံုျပင္ကို ေျပာျပေနတာ အေၾကာင္း႐ွိပါတယ္။ လူေတြဟာ ေဖာက္ထြက္ နည္းလမ္းသစ္တီထြင္သူေတြကို ေ႐ွး႐ိုးစြဲ နည္းလမ္းေတြကေန ႐ုန္းထြက္ၿပီး လြတ္လပ္မႈကို ႐ွာေဖြကာ ကမၻာႀကီးကို ေျပာင္းလဲခဲ့တဲ့ ကြၽန္ေတာ္တို႔နဲ႔ မတူတဲ့ အထူးလူသားေတြ အျဖစ္ မွတ္ယူထားတတ္လို႔ပါပဲ။

တကယ္ေတာ့ ေဖာက္ထြက္တီထြင္ဖို႔ဆိုတာ ေ႐ွး႐ုိးစြဲနည္းလမ္းနဲ႔ အခ်ိန္အၾကာႀကီး အရင္ ေလ့လာသင္ၾကားရပါေသးတယ္။

Einstein ဟာ ထူးခြၽန္ၿပီး ႐ူပေဗဒ အေတြးအေခၚသစ္ေတြကို ခ်ျပႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ပညာေရးလမ္းေၾကာင္း ဆံုးသည့္တိုင္ေအာင္ ေ႐ွး႐ိုးစြဲထက္ ပိုေကာင္းတဲ့ ႐ူပေဗဒတစ္ခုကို မသိ႐ွိႏိုင္ေသးပါဘူး။

တျခား ေဖာက္ထြက္ တီထြင္သူေတြလဲ အလားတူပါပဲ။

Steve Jobs ကို ၾကည့္ပါ။ Apple 2 က အခ်ိန္ကိုက္ ျဖစ္သြားလို႔ပါ။ Jobs ဟာ ဆယ္စုႏွစ္ ႏွစ္ခုေလာက္ ၾကာတာေတာင္ စီးပြားေရးေလာက ကို နားလည္ဖို႔ ႀကိဳးစားတုန္းပဲ ႐ွိေသးၿပီး CEO ေကာင္းတစ္ေယာက္ မဟုတ္ခဲ့ပါဘူး။ သူ႔ရဲ႕စြမ္းရည္ျပည့္ဝတာနဲ႔ Apple ကို ျပန္ေရာက္လာၿပီး သူ႔ရဲ႕ ထူးခြၽန္ထက္ျမက္မႈနဲ႔ ၿပိဳလဲမလိုျဖစ္ေနတဲ့ Apple ကို ထြက္ေပါက္႐ွာေပးခဲ့ပါတယ္။

ဒါဟာ တီထြင္ဖန္တီးမႈရဲ႕ ခက္ခဲတဲ့ အပုိင္းပါပဲ။ လူေတြကို ကမၻာႀကီးကို ေျပာင္းလဲေစခ်င္ရင္ အရင္ဆံုး ေ႐ွး႐ိုးစြဲ နည္းစနစ္ေတြကို အရင္ေလ့လာရပါမယ္။ ေသတၱာ အျပင္ထြက္မၾကည့္ပဲ ေသတၱာထဲမွာ အရင္ ႏွံ႔စပ္ေအာင္ လုပ္ရပါမယ္။

ခက္ခဲတဲ့ အပိုင္းကေတာ့ လိုအပ္တဲ့ ေ႐ွး႐ိုးစြဲမႈကို ဖက္တြယ္ရင္း သင္ တကယ္ ေတြးေတာႏိုင္တဲ့အထိ သင့္ရဲ႕ ေဖာက္ထြက္ေတြးေတာလိုစိတ္ကေလးကို ထိန္းသိမ္းထားႏိုင္ဖို႔ပါပဲ။


ဖောက်ထွက်တီထွင်ဖန်တီးမှုအတွက် ရှေးရိုးစွဲနည်းလမ်း

ပုံပြင်တစ်ပုဒ်ပြောပြပါမယ်။

Albert Einstein ဟာ ပုံမှန်ကျောင်းကို ဆန့်ကျင့်ခဲ့ပြီး အတန်းထဲမှာ အဆင့်နောက်ဆုံးရတဲ့ သူပုန်ကျောင်းသားတစ်ဦး ဖြစ်ခဲ့ပါတယ်။

သူ့ တက္ကသိုလ်ပညာရေးအပြီးမှာ သူ့ရဲ့ စူးရှထက်မြက်တဲ့ ဦးနှောက်ကို ရှေးရိုးစွဲ ပညာရေး အကယ်ဒမီတစ်ခုက အသိအမှတ်မပြုပဲ ပရော်ဖက်ဆာ ရာထူး မပေးခဲ့ပါဘူး။ ငွေပြတ်ပြီး အလုပ်အကိုင်မရှိတဲ့ Einstein ဟာ အောက်တန်းစာရေးအလုပ်ကို လုပ်ကိုင်ခဲ့ရပါတယ်။

ဒါပေမယ့် အဲ့ဒါကပဲ သူ့အတွက် ကံကောင်းသွားစေတာပါ။ ရှေးရိုးစွဲ ပညာရေးကနေ လွတ်ကင်းတဲ့ သူ့ဦးနှောက်ဟာ ရူပဗေဒ လောကတစ်ခုလုံး ပြောင်းလဲသွားစေနိုင်တဲ့ ခေတ်မှီ တော်လှန်တဲ့ အတွေးအခေါ်တွေကို ထုတ်ပေးနိုင်ခဲ့ပါတယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။

ဒါပေမယ့် တကယ့် အဖြစ်မှန်က အဲဒိထက် ပိုပြီး ရှုပ်ထွေးပါတယ်။

Einstein ဟာ သူပုန်ကျောင်းသားတစ်ဦး ဖြစ်ခဲ့ပေမယ့် သင်္ချာနဲ့ ရူပဗေဒမှာ အမြဲတမ်း အဆင့်မြင့်အမှတ်တွေ ရခဲ့ပါတယ်။ ကောလိပ်ပြီးနောက်မှာ ရုန်းကန်ခဲ့ရပေမယ့် ပရော်ဖက်ဆာရာထူးကို ငြင်းပယ်မခံခဲ့ရပါဘူး။ PhD ရမှ ပရော်ဖက်ဆာ လုပ်လို့ရတာပါ။ သူ ဘွဲ့ရပြီး ငြင်းပယ်ခံခဲ့ရတာက ကျောင်းသားတစ်ယောက်ကို ကျူတာ ပြပေးရင် ပါရဂူဘွဲ့ ဆက်တက်နိုင်မယ့်အခွင့်အရေးပါ။ အမေရိကန်မှာ Research Assistantship လို့ ခေါ်တဲ့ရာထူးပါ။

သူ့ရဲ့ ထူးချွန်မှုဟာ လျစ်လျူရှု ခံခဲ့ရတာ မဟုတ်ပါဘူး။ Einstein ဟာ အဲဒိအချိန်ထိ ထူးချွန်တာ ဘာမှ မလုပ်ရသေးပါဘူး။ သူ့ဘွဲ့ယူစာတမ်းကလဲ သွေးကြောမျှင်တွေအကြောင်း ရေးထားတာဖြစ်ပြီး ပုံမှန်အဆင့်ပဲ ရှိပါတယ်။သူ့ ကျူတာအခွင့်အရေး ငြင်းပယ်ခံရတာက သူ့ကို မကြိုက်တဲ့ ပရော်ဖက်ဆာတစ်ယောက် ရေးလိုက်တဲ့ စာကြောင့်ပါ။

ပုံပြင်တွေထဲမှာ လိုအပ်တဲ့ အချက်ကတော့ Einstein ဟာ စာရေးလုပ်ရင်း သူ့ရဲ့ ပါရဂူဘွဲ့အတွက်ပါ အလုပ်လုပ်နေတယ်ဆိုတာပါပဲ။ သူ့မှာ ဆရာတစ်ယောက်ရှိတယ်၊ စာကျက်တယ်၊ စာရေးတယ်၊ အတူတူ စာလုပ်တဲ့ အဖွဲ့တစ်ခုတောင် ရှိပါသေးတယ်။

သူ့ရဲ့ နာမည်ကျော် Special Relativity Theory ကို ချပြခဲ့တဲ့ နှစ်မှပဲ သူပါရဂူဘွဲ့ကို ရရှိခဲ့ပါတယ်။ ပြီးတော့ ပရော်ဖက်ဆာလုပ်ဖို့ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပြီး သူ့ရဲ့ စာသင်တဲ့ အလုပ် စတင်ခဲ့ပါတယ်။

Einstein ဟာ PhD တက်ရင်း သူ့မိသားစုကို ရှာကျွေးဖို့ စာရေး အလုပ် လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပညာရေးလမ်းကြောင်းကတော့ ပုံမှန်ပါပဲ။

ဖောက်ထွက်တီထွင်ဖန်တီးမှုအတွက် ရှေးရိုးစွဲနည်းလမ်း

ဒီပုံပြင်ကို ပြောပြနေတာ အကြောင်းရှိပါတယ်။ လူတွေဟာ ဖောက်ထွက် နည်းလမ်းသစ်တီထွင်သူတွေကို ရှေးရိုးစွဲ နည်းလမ်းတွေကနေ ရုန်းထွက်ပြီး လွတ်လပ်မှုကို ရှာဖွေကာ ကမ္ဘာကြီးကို ပြောင်းလဲခဲ့တဲ့ ကျွန်တော်တို့နဲ့ မတူတဲ့ အထူးလူသားတွေ အဖြစ် မှတ်ယူထားတတ်လို့ပါပဲ။

တကယ်တော့ ဖောက်ထွက်တီထွင်ဖို့ဆိုတာ ရှေးရိုးစွဲနည်းလမ်းနဲ့ အချိန်အကြာကြီး အရင် လေ့လာသင်ကြားရပါသေးတယ်။

Einstein ဟာ ထူးချွန်ပြီး ရူပဗေဒ အတွေးအခေါ်သစ်တွေကို ချပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပညာရေးလမ်းကြောင်း ဆုံးသည့်တိုင်အောင် ရှေးရိုးစွဲထက် ပိုကောင်းတဲ့ ရူပဗေဒတစ်ခုကို မသိရှိနိုင်သေးပါဘူး။

တခြား ဖောက်ထွက် တီထွင်သူတွေလဲ အလားတူပါပဲ။

Steve Jobs ကို ကြည့်ပါ။ Apple 2 က အချိန်ကိုက် ဖြစ်သွားလို့ပါ။ Jobs ဟာ ဆယ်စုနှစ် နှစ်ခုလောက် ကြာတာတောင် စီးပွားရေးလောက ကို နားလည်ဖို့ ကြိုးစားတုန်းပဲ ရှိသေးပြီး CEO ကောင်းတစ်ယောက် မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့စွမ်းရည်ပြည့်ဝတာနဲ့ Apple ကို ပြန်ရောက်လာပြီး သူ့ရဲ့ ထူးချွန်ထက်မြက်မှုနဲ့ ပြိုလဲမလိုဖြစ်နေတဲ့ Apple ကို ထွက်ပေါက်ရှာပေးခဲ့ပါတယ်။

ဒါဟာ တီထွင်ဖန်တီးမှုရဲ့ ခက်ခဲတဲ့ အပိုင်းပါပဲ။ လူတွေကို ကမ္ဘာကြီးကို ပြောင်းလဲစေချင်ရင် အရင်ဆုံး ရှေးရိုးစွဲ နည်းစနစ်တွေကို အရင်လေ့လာရပါမယ်။ သေတ္တာ အပြင်ထွက်မကြည့်ပဲ သေတ္တာထဲမှာ အရင် နှံ့စပ်အောင် လုပ်ရပါမယ်။

ခက်ခဲတဲ့ အပိုင်းကတော့ လိုအပ်တဲ့ ရှေးရိုးစွဲမှုကို ဖက်တွယ်ရင်း သင် တကယ် တွေးတောနိုင်တဲ့အထိ သင့်ရဲ့ ဖောက်ထွက်တွေးတောလိုစိတ်ကလေးကို ထိန်းသိမ်းထားနိုင်ဖို့ပါပဲ။

Related Posts

%%footer%%