အဆိုးျမင္၀ါဒီ လူ႔ဂြစာေတြနဲ႔ အဆင္ေျပေျပစကားေျပာႏိုင္ဖို႔ နည္းလမ္း(၇)ခု

အဆိုးမြင်ဝါဒီ လူ့ဂွစာတွေနဲ့ အဆင်ပြေပြေစကားပြောနိုင်ဖို့ နည်းလမ်း(၇)ခု

သူတို႔ကို သင္ေတြ႕ဖူးမွာပါ။ အလုပ္အတူတူလုပ္ဖူး၊ တစ္အိမ္တည္းအတူေနဖူးတာမ်ိဳးလည္း ရွိခ်င္ရွိမွာပါ။ သူတို႔က ညည္းညဴမယ္၊ ေ၀ဖန္မယ္၊ အျပစ္တင္မယ္။ သူတို႔ေတြက ကမာၻႀကီးကို အျမဲတမ္းအျပစ္ျမင္ေနတတ္သူေတြပါ။ ဒီလို အဆိုးျမင္စိတ္မ်ားတဲ့ လူ႔ဂြစာေတြနဲ႔ ဆက္ဆံရတာ ပင္ပန္းပါသလား? ပင္ပန္းရင္လည္း ဘာမွမတတ္ႏိုင္ပါဘူး။ ဒီလိုလူေတြနဲ႔ ဆက္ဆံရတာက ေန႔စဥ္ဘ၀မွာ ေရွာင္လႊဲလို႔မရႏိုင္တဲ့ ကိစၥတစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အဆိုးျမင္၀ါဒီ လူ႔ဂြစာေတြနဲ႔ ဆက္ဆံတဲ့အခါမွာ လမ္းေၾကာင္းမလြဲပဲ အဆင္ေျပေျပစကားေျပာႏိုင္ဖို႔ နည္းလမ္း ()ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ မွ်ေ၀ခံစားပါ

တစ္ေယာက္ေယာက္ အဆိုးေတြပဲစေျပာလာၿပီဆိုရင္ သူတို႔ရဲ႕နာက်ဥ္မႈကို အသိအမွတ္ျပဳေပးလိုက္ပါ။ ၿပီးတာနဲ႔ ေျပာခ်င္တဲ့အေၾကာင္းအရာကို ဆက္ေျပာပါ။ ၾကားရတာစိတ္မေကာင္းလိုက္တာ ဆိုတာမ်ိဳးနဲ႔ ႏွစ္သိမ့္ေပးလိုက္ပါ။ ၿပီးရင္ အျပဳသေဘာေဆာင္တဲ့အၾကံဉာဏ္ေလးတစ္ခုနဲ႔ စကားကို လမ္းေၾကာင္းမွန္ ေရာက္ေအာင္ ဆြဲေဆာင္ပါ။

၂။ ခ်ီးက်ဴးစကားေျပာပါ။

သူတို႔ရဲ႕ အဆိုးျမင္စိတ္ကို အားေပးတာမ်ိဳးမဟုတ္ပဲ သူတို႔ကိုင္တြယ္ေျဖရွင္းပံုကို ခ်ီးက်ဴးေပးသင့္ပါတယ္။ မင္း ဒီလိုအေျခအေနကိုေတာင္ ေျဖရွင္းလိုက္ႏိုင္တာပဲ ဆိုတဲ့စကားမ်ိဳးေျပာေပးပါ။ ဒီလိုေျပာေပးျခင္းအားျဖင့္ စကား၀ိုင္းက အျပဳသေဘာျပန္ေဆာင္လာမွာျဖစ္ပါတယ္။

၃။ ကိုယ္ခ်င္းစာေၾကာင္း ျပပါ။

သူတို႔အတြက္ စိတ္ပ်က္စရာျဖစ္ေနတဲ့ အေၾကာင္းအရာမ်ိဳး သင္လည္း ၾကံဳဖူးႏိုင္ပါတယ္။ ဒါဆိုရင္ သင့္အေၾကာင္းကို ေျပာျပပါ။ အဆိုးထဲကအေကာင္းေတြ ျဖစ္လာႏိုင္ေၾကာင္း အေလးေပးေျပာပါ။ ဥပမာေျပာရရင္ ကားပ်က္လို႔ စိတ္ညစ္ေနတဲ့ လူတစ္ေယာက္ကို ဒီမနက္ မင္းကားပ်က္သြားတာ တကယ္ကိုစိတ္ပ်က္စရာပဲ။ ငါလည္း သိပ္မၾကာခင္က ျဖစ္ဖူးတယ္။ ဒါေပမယ့္ အရမ္းေတာ္တဲ့ စက္ျပင္ဆရာတစ္ေယာက္နဲ႔ ငါ ဆံုျဖစ္သြားတယ္ေလ။ မင္း သူ႔ဖုန္းနံပါတ္လိုခ်င္လား ဆိုတာမ်ိဳးေလး ေျပာေပးပါ။

၄။ တုံျပန္ေျပာဆိုပါ။

သင္ၾကားရတဲ့အေၾကာင္းအရာကို အေျခခံၿပီး အဆိုးျမင္တစ္ခုခုျပန္ေျပာတာမ်ိဳးျဖစ္ပါတယ္။ ဥပမာေျပာရရင္ တစ္ေယာက္ေယာက္ အလုပ္အဆင္မေျပမႈနဲ႔ ပတ္သက္ၿပီး ျမည္တြန္ေတာက္တီးေနတယ္ဆိုပါစို႔။ ဒါဆိုရင္ မင္းက အခုလိုတာ၀န္ယူလုပ္ေပးဖို႔ကို အဆင္မေျပဘူးလို႔ ေျပာခ်င္တာလားလို႔ ေမးၾကည့္လိုက္ပါ။ မဟုတ္ပါဘူးလို႔ပဲ ေျဖပါလိမ့္မယ္။ ဒီေတာ့မွ ေျပာစရာရွိတာကို ဆက္ေျပာပါ။

၅။ ကူညီဖို႔ ကမ္းလွမ္းပါ။

တစ္ဖက္လူကေျပာလာတဲ့အေၾကာင္းအရာက အကူအညီလိုအပ္ေနတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ တစ္ခါတစ္ေလမွာ လူေတြက အကူအညီေတာင္းဖို႔ကို ခက္ေနတာေၾကာင့္ သူတို႔အဆင္မေျပတာေတြကိုပဲ ညည္းညဴေနတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ကူညီေပးႏိုင္တာကို ကူညီေပးဖို႔ ကမ္းလွမ္းလိုက္တာက သူတို႔အတြက္ အဆင္ေျပသြားေစႏိုင္ပါတယ္။

၆။ အေၾကာင္းအရာကို ေျပာင္းပါ။

သူတို႔ေျပာလာတာကို နားေထာင္ေပးၿပီးတာနဲ႔ အျပဳသေဘာေဆာင္တဲ့ အေၾကာင္းအရာဖက္ကို စကားလမ္းေၾကာင္း ေျပာင္းလဲပါ။ သူငယ္ခ်င္းနဲ႔အဆင္မေျပျဖစ္ေနတဲ့အေၾကာင္း လာညည္းျပေနသူတစ္ေယာက္ကို မင္းသူငယ္ခ်င္းနဲ႔ အဆင္မေျပတာ ငါလည္း စိတ္မေကာင္းပါဘူး။ မင္း ညွိႏႈိင္းႏိုင္လိမ့္မယ္လို႔ ငါထင္တယ္။ ဒါနဲ႔ ဒီတစ္ပတ္႐ုံးပိတ္ရက္က်ရင္ မင္းဘာအစီအစဥ္ရွိလဲ ဆိုတာမ်ိဳး ေျပာၿပီး စကားလမ္းေၾကာင္းကို ေျပာင္းလိုက္ပါ။

၇။ ဆက္မေျပာဖို႔ ျငင္းဆိုပါ။

တစ္ေယာက္ေယာက္ အဆင္မေျပတဲ့အေၾကာင္းေတြ ေျပာလာတာကို နားမေထာင္ခ်င္ဘူးဆိုရင္ ဆက္မေျပာဖို႔ကို ျငင္းဆိုတတ္ရမွာ ျဖစ္ပါတယ္။ ေဒါသေတြ၊ စိတ္ပ်က္လက္ပ်က္ျဖစ္တာေတြ မပါ၀င္ပဲနဲ႔ ပံုမွန္အသံနဲ႔ပဲ စိတ္မ၀င္စားေၾကာင္း ေျပာဆိုပါ။

တစ္ေယာက္ေယာက္က သူ႔ဘ၀မွာ ၾကံဳေတြ႕ရတဲ့ အဆင္မေျပမႈေတြ ေျပာတာကိုနားေထာင္ၿပီး အဖိုးတန္တဲ့အခ်ိန္ေတြကို ကုန္ဆံုးမသြားပါေစနဲ႔။ သင့္စိတ္ရဲ႕ ၿငိမ္းခ်မ္းမႈနဲ႔ အလုပ္ၿပီးေျမာက္မႈကို ထိခိုက္ပါတယ္။ ဒါ့ေၾကာင့္ အဆိုးျမင္တတ္သူေတြကို အားမေပးပါနဲ႔။ ဒါေပမယ့္ သူတို႔နဲ႔ အဆင္ေျပေျပ ဆက္ဆံတတ္ဖို႔ေတာ့ လိုပါတယ္။


အဆိုးမြင်ဝါဒီ လူ့ဂွစာတွေနဲ့ အဆင်ပြေပြေစကားပြောနိုင်ဖို့ နည်းလမ်း(၇)ခု

သူတို့ကို သင်တွေ့ဖူးမှာပါ။ အလုပ်အတူတူလုပ်ဖူး၊ တစ်အိမ်တည်းအတူနေဖူးတာမျိုးလည်း ရှိချင်ရှိမှာပါ။ သူတို့က ညည်းညူမယ်၊ ဝေဖန်မယ်၊ အပြစ်တင်မယ်။ သူတို့တွေက ကမ္ဘာကြီးကို အမြဲတမ်းအပြစ်မြင်နေတတ်သူတွေပါ။ ဒီလို အဆိုးမြင်စိတ်များတဲ့ လူ့ဂွစာတွေနဲ့ ဆက်ဆံရတာ ပင်ပန်းပါသလား? ပင်ပန်းရင်လည်း ဘာမှမတတ်နိုင်ပါဘူး။ ဒီလိုလူတွေနဲ့ ဆက်ဆံရတာက နေ့စဉ်ဘဝမှာ ရှောင်လွှဲလို့မရနိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုးမြင်ဝါဒီ လူ့ဂွစာတွေနဲ့ ဆက်ဆံတဲ့အခါမှာ လမ်းကြောင်းမလွဲပဲ အဆင်ပြေပြေစကားပြောနိုင်ဖို့ နည်းလမ်း (၇)ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မျှဝေခံစားပါ
တစ်ယောက်ယောက် အဆိုးတွေပဲစပြောလာပြီဆိုရင် သူတို့ရဲ့နာကျဉ်မှုကို အသိအမှတ်ပြုပေးလိုက်ပါ။ ပြီးတာနဲ့ ပြောချင်တဲ့အကြောင်းအရာကို ဆက်ပြောပါ။ ကြားရတာစိတ်မကောင်းလိုက်တာ ဆိုတာမျိုးနဲ့ နှစ်သိမ့်ပေးလိုက်ပါ။ ပြီးရင် အပြုသဘောဆောင်တဲ့အကြံဉာဏ်လေးတစ်ခုနဲ့ စကားကို လမ်းကြောင်းမှန် ရောက်အောင် ဆွဲဆောင်ပါ။

၂။ ချီးကျူးစကားပြောပါ။
သူတို့ရဲ့ အဆိုးမြင်စိတ်ကို အားပေးတာမျိုးမဟုတ်ပဲ သူတို့ကိုင်တွယ်ဖြေရှင်းပုံကို ချီးကျူးပေးသင့်ပါတယ်။ မင်း ဒီလိုအခြေအနေကိုတောင် ဖြေရှင်းလိုက်နိုင်တာပဲ ဆိုတဲ့စကားမျိုးပြောပေးပါ။ ဒီလိုပြောပေးခြင်းအားဖြင့် စကားဝိုင်းက အပြုသဘောပြန်ဆောင်လာမှာဖြစ်ပါတယ်။

၃။ ကိုယ်ချင်းစာကြောင်း ပြပါ။
သူတို့အတွက် စိတ်ပျက်စရာဖြစ်နေတဲ့ အကြောင်းအရာမျိုး သင်လည်း ကြုံဖူးနိုင်ပါတယ်။ ဒါဆိုရင် သင့်အကြောင်းကို ပြောပြပါ။ အဆိုးထဲကအကောင်းတွေ ဖြစ်လာနိုင်ကြောင်း အလေးပေးပြောပါ။ ဥပမာပြောရရင် ကားပျက်လို့ စိတ်ညစ်နေတဲ့ လူတစ်ယောက်ကို ဒီမနက် မင်းကားပျက်သွားတာ တကယ်ကိုစိတ်ပျက်စရာပဲ။ ငါလည်း သိပ်မကြာခင်က ဖြစ်ဖူးတယ်။ ဒါပေမယ့် အရမ်းတော်တဲ့ စက်ပြင်ဆရာတစ်ယောက်နဲ့ ငါ ဆုံဖြစ်သွားတယ်လေ။ မင်း သူ့ဖုန်းနံပါတ်လိုချင်လား ဆိုတာမျိုးလေး ပြောပေးပါ။

၄။ တုံပြန်ပြောဆိုပါ။
သင်ကြားရတဲ့အကြောင်းအရာကို အခြေခံပြီး အဆိုးမြင်တစ်ခုခုပြန်ပြောတာမျိုးဖြစ်ပါတယ်။ ဥပမာပြောရရင် တစ်ယောက်ယောက် အလုပ်အဆင်မပြေမှုနဲ့ ပတ်သက်ပြီး မြည်တွန်တောက်တီးနေတယ်ဆိုပါစို့။ ဒါဆိုရင် မင်းက အခုလိုတာဝန်ယူလုပ်ပေးဖို့ကို အဆင်မပြေဘူးလို့ ပြောချင်တာလားလို့ မေးကြည့်လိုက်ပါ။ မဟုတ်ပါဘူးလို့ပဲ ဖြေပါလိမ့်မယ်။ ဒီတော့မှ ပြောစရာရှိတာကို ဆက်ပြောပါ။

၅။ ကူညီဖို့ ကမ်းလှမ်းပါ။
တစ်ဖက်လူကပြောလာတဲ့အကြောင်းအရာက အကူအညီလိုအပ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ လူတွေက အကူအညီတောင်းဖို့ကို ခက်နေတာကြောင့် သူတို့အဆင်မပြေတာတွေကိုပဲ ညည်းညူနေတတ်ကြပါတယ်။ ဒါ့ကြောင့် ကူညီပေးနိုင်တာကို ကူညီပေးဖို့ ကမ်းလှမ်းလိုက်တာက သူတို့အတွက် အဆင်ပြေသွားစေနိုင်ပါတယ်။

၆။ အကြောင်းအရာကို ပြောင်းပါ။
သူတို့ပြောလာတာကို နားထောင်ပေးပြီးတာနဲ့ အပြုသဘောဆောင်တဲ့ အကြောင်းအရာဖက်ကို စကားလမ်းကြောင်း ပြောင်းလဲပါ။ သူငယ်ချင်းနဲ့အဆင်မပြေဖြစ်နေတဲ့အကြောင်း လာညည်းပြနေသူတစ်ယောက်ကို မင်းသူငယ်ချင်းနဲ့ အဆင်မပြေတာ ငါလည်း စိတ်မကောင်းပါဘူး။ မင်း ညှိနှိုင်းနိုင်လိမ့်မယ်လို့ ငါထင်တယ်။ ဒါနဲ့ ဒီတစ်ပတ်ရုံးပိတ်ရက်ကျရင် မင်းဘာအစီအစဉ်ရှိလဲ ဆိုတာမျိုး ပြောပြီး စကားလမ်းကြောင်းကို ပြောင်းလိုက်ပါ။

၇။ ဆက်မပြောဖို့ ငြင်းဆိုပါ။
တစ်ယောက်ယောက် အဆင်မပြေတဲ့အကြောင်းတွေ ပြောလာတာကို နားမထောင်ချင်ဘူးဆိုရင် ဆက်မပြောဖို့ကို ငြင်းဆိုတတ်ရမှာ ဖြစ်ပါတယ်။ ဒေါသတွေ၊ စိတ်ပျက်လက်ပျက်ဖြစ်တာတွေ မပါဝင်ပဲနဲ့ ပုံမှန်အသံနဲ့ပဲ စိတ်မဝင်စားကြောင်း ပြောဆိုပါ။

တစ်ယောက်ယောက်က သူ့ဘဝမှာ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေ ပြောတာကိုနားထောင်ပြီး အဖိုးတန်တဲ့အချိန်တွေကို ကုန်ဆုံးမသွားပါစေနဲ့။ သင့်စိတ်ရဲ့ ငြိမ်းချမ်းမှုနဲ့ အလုပ်ပြီးမြောက်မှုကို ထိခိုက်ပါတယ်။ ဒါ့ကြောင့် အဆိုးမြင်တတ်သူတွေကို အားမပေးပါနဲ့။ ဒါပေမယ့် သူတို့နဲ့ အဆင်ပြေပြေ ဆက်ဆံတတ်ဖို့တော့ လိုပါတယ်။

Related Posts

%%footer%%