အခက္အခက္ေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ဖို႔ နည္းလမ္း (၄)ခု

အခက်အခက်တွေကို ရင်ဆိုင်ကျော်ဖြတ်ဖို့ နည်းလမ်း (၄)ခု

ဘ၀ဆိုတာ ပန္းခင္းလမ္းတစ္ခု မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ေန႔စဥ္ဘ၀မွာ ခက္ခဲၾကမ္းတမ္းတဲ့ အေျခအေနေတြနဲ႔ ရင္ဆိုင္ၾကံဳေတြ႕ရေလ့ရွိပါတယ္။ ဒီလိုၾကံဳေတြ႕ရတဲ့အခါမွာ ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္ဖို႔ လိုပါတယ္။ တစ္ခါတစ္ေလမွာ အခက္အခဲကႀကီးမားလြန္းတဲ့အတြက္ ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္စြမ္း မရွိေတာ့ဘူးလို႔ေတာင္ ထင္ရတတ္ပါတယ္။ ဒါ့ေၾကာင့္ ဘယ္လိုအခက္အခဲေတြနဲ႔ပဲ ၾကံဳၾကံဳ ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္ဖို႔အတြက္ နည္းလမ္း()ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ အျမင္မွန္ရွိပါေစ။

ေလမုန္တုိင္းတိုက္လို႔ အိမ္ၿပိဳသြားတယ္ ဆိုပါစို႔။ ေနစရာ အိမ္မရွိေတာ့ပဲ တစ္မိသားစုလံုး အိမ္ေျခရာမဲ့ျဖစ္သြားတယ္ဆိုရင္ေတာင္ အဆိုးေတြကိုပ ဲျမင္ၿပီးေတြးၿပီး စိတ္ပ်က္ေနလို႔မျဖစ္ပါဘူး။ မိသားစု၀င္ေတြအားလံုး အသက္ရွင္က်န္းမာေနတယ္ဆိုရင္ပဲ ေကာင္းကြက္ရွိေနပါၿပီ။ ေကာင္းတဲ့အခ်က္ေတြကိုပဲ ေတြးပါ။ အဆိုးေတြကို အာ႐ုံထဲမထားပါနဲ႔။ အေကာင္းဘက္က ႐ႈျမင္သံုးသပ္ၿပီး အခက္အခဲကို စိန္ေခၚေက်ာ္ျဖတ္ပါ။

၂။ စစ္မွန္တဲ့ မိတ္ေဆြအေပါင္းအသင္းမ်ားနဲ႔ ၀န္းရံထားပါ။

သင္အခက္အခဲေတြ႕ေနခ်ိန္မွာ သူတို႔ေတြကပဲ ကူညီေပးႏိုင္မွာ ျဖစ္ပါတယ္။ အကူအညီလိုေနခ်ိန္မွာ အားေပးကူညီေပးမယ့္သူေတြ သင့္အနားမွာရွိေနမယ့္ဆိုရင္ ျပန္လည္ထူေထာင္ၿပီး ရင္ဆိုင္ႏုိင္စြမ္းရွိလာမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေပါင္းသင္းဆက္ဆံေရးးကို တန္ဖိုးထားပါ။

၃။ ဦးစားေပးရမယ့္ ကိစၥေတြကို အာ႐ုံစိုက္ပါ။

အဆင္မေျပမႈေတြဆိုတာက အေဖာ္အေပါင္းနဲ႔ လာတတ္ပါတယ္။ အခက္အခဲျဖစ္ေနၿပီဆိုရင္ ဘာေတြမွန္းမသိ ကိစၥ၀ိစၥေတြ အမ်ားႀကီးေပၚလာတတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာဆိုရင္ တကယ္ကိုအေရးတႀကီး ဂ႐ုစိုက္ရမယ့္ ကိစၥကိုပဲ အာ႐ုံစိုက္ပါ။ အျခားမဟုတ္တဲ့ကိစၥေတြကို ေနာက္မွေျဖရွင္းပါတယ္။

၄။ ေရွ႕ဆက္ႏိုင္ဖို႔ လုပ္စရာရွိတာ လုပ္ေဆာင္ပါ။

အခက္အခဲၾကားထဲမွာ အခ်ိန္ၾကာၾကာေနလို႔ မျဖစ္ပါဘူး။ အခ်ိန္ၾကာလာတာနဲ႔အမွ် စိတ္ဓာတ္က်လာၿပီး မေကာင္းတဲ့ ခံစားခ်က္ေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေရွ႕ဆက္ႏိုင္ဖို႔ လိုပါတယ္။ ျဖစ္ခဲ့သမွ်အေၾကာင္း အေကာင္းလို႔ မွတ္ၿပီး ေရွ႕ကို ပိုေကာင္းလာဖို႔ ႀကိဳးစားပါ။ ဒ့ါေၾကာင့္ ေရွ႕ဆက္ႏိုင္ဖို႔အတြက္ လုပ္စရာရွိတာကို လုပ္ေဆာင္ပါ။


အခက်အခက်တွေကို ရင်ဆိုင်ကျော်ဖြတ်ဖို့ နည်းလမ်း (၄)ခု

ဘဝဆိုတာ ပန်းခင်းလမ်းတစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရလေ့ရှိပါတယ်။ ဒီလိုကြုံတွေ့ရတဲ့အခါမှာ ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ တစ်ခါတစ်လေမှာ အခက်အခဲကကြီးမားလွန်းတဲ့အတွက် ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်း မရှိတော့ဘူးလို့တောင် ထင်ရတတ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုအခက်အခဲတွေနဲ့ပဲ ကြုံကြုံ ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့အတွက် နည်းလမ်း(၄)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ အမြင်မှန်ရှိပါစေ။
လေမုန်တိုင်းတိုက်လို့ အိမ်ပြိုသွားတယ် ဆိုပါစို့။ နေစရာ အိမ်မရှိတော့ပဲ တစ်မိသားစုလုံး အိမ်ခြေရာမဲ့ဖြစ်သွားတယ်ဆိုရင်တောင် အဆိုးတွေကိုပ ဲမြင်ပြီးတွေးပြီး စိတ်ပျက်နေလို့မဖြစ်ပါဘူး။ မိသားစုဝင်တွေအားလုံး အသက်ရှင်ကျန်းမာနေတယ်ဆိုရင်ပဲ ကောင်းကွက်ရှိနေပါပြီ။ ကောင်းတဲ့အချက်တွေကိုပဲ တွေးပါ။ အဆိုးတွေကို အာရုံထဲမထားပါနဲ့။ အကောင်းဘက်က ရှုမြင်သုံးသပ်ပြီး အခက်အခဲကို စိန်ခေါ်ကျော်ဖြတ်ပါ။

၂။ စစ်မှန်တဲ့ မိတ်ဆွေအပေါင်းအသင်းများနဲ့ ဝန်းရံထားပါ။
သင်အခက်အခဲတွေ့နေချိန်မှာ သူတို့တွေကပဲ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ အကူအညီလိုနေချိန်မှာ အားပေးကူညီပေးမယ့်သူတွေ သင့်အနားမှာရှိနေမယ့်ဆိုရင် ပြန်လည်ထူထောင်ပြီး ရင်ဆိုင်နိုင်စွမ်းရှိလာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပေါင်းသင်းဆက်ဆံရေးကို တန်ဖိုးထားပါ။

၃။ ဦးစားပေးရမယ့် ကိစ္စတွေကို အာရုံစိုက်ပါ။
အဆင်မပြေမှုတွေဆိုတာက အဖော်အပေါင်းနဲ့ လာတတ်ပါတယ်။ အခက်အခဲဖြစ်နေပြီဆိုရင် ဘာတွေမှန်းမသိ ကိစ္စဝိစ္စတွေ အများကြီးပေါ်လာတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာဆိုရင် တကယ်ကိုအရေးတကြီး ဂရုစိုက်ရမယ့် ကိစ္စကိုပဲ အာရုံစိုက်ပါ။ အခြားမဟုတ်တဲ့ကိစ္စတွေကို နောက်မှဖြေရှင်းပါတယ်။

၄။ ရှေ့ဆက်နိုင်ဖို့ လုပ်စရာရှိတာ လုပ်ဆောင်ပါ။
အခက်အခဲကြားထဲမှာ အချိန်ကြာကြာနေလို့ မဖြစ်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ စိတ်ဓာတ်ကျလာပြီး မကောင်းတဲ့ ခံစားချက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ရှေ့ဆက်နိုင်ဖို့ လိုပါတယ်။ ဖြစ်ခဲ့သမျှအကြောင်း အကောင်းလို့ မှတ်ပြီး ရှေ့ကို ပိုကောင်းလာဖို့ ကြိုးစားပါ။ ဒါ့ကြောင့် ရှေ့ဆက်နိုင်ဖို့အတွက် လုပ်စရာရှိတာကို လုပ်ဆောင်ပါ။

Related Posts

%%footer%%