အပန်းဖြေအနားယူချင်စိတ်ကို ဖျောက်ဖျက်ပြီး လုပ်ငန်းခွင်မှာတက်ကြွမှုရှိစေဖို့

ပြင့္လင္းရာသီေရာက္လာၿပီဆိုတာနဲ႔ ႐ုံးပိတ္ရက္၊ ေက်ာင္းပိတ္ရက္ေတြလည္း မ်ားလာၿပီျဖစ္ပါတယ္။ ဒီလို အခ်ိန္အခါမ်ိဳးမွာ ၀န္ထမ္းေတြရဲ႕စိတ္ထဲမွာ အပန္းေျဖခရီးထြက္ၿပီး အနားယူခ်င္စိတ္ေတြ ေပၚလာတတ္ပါတယ္။ အပန္းေျဖအနားယူခ်င္စိတ္ေတြ ျဖစ္ေပၚလာေနတဲ့အတြက္ အလုပ္မွာ အာ႐ုံမစိုက္ႏိုင္တာမ်ိဳးျဖစ္တတ္ပါတယ္။ ဒီအတြက္ ေခါင္းေဆာင္တစ္ဦးအေနနဲ႔ ၀န္ထမ္းေတြရဲ႕ ခရီးသြားခ်င္စိတ္ကိုအႏိုင္ယူၿပီး အလုပ္မွာ တက္ၾကြေနၾကေစမယ့္ နည္းလမ္း()ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ အပန္းေျဖခရီးထြက္အနားယူခ်င္စိတ္ကို အသိအမွတ္ျပဳပါ။

၀န္ထမ္းေတြရဲ႕ အပန္းေျဖခ်င္စိတ္ကို နားလည္ေပးပါ။ ႐ုံးပိတ္ရက္ေတြမွာ ဘာေတြလုပ္ဖို႔စီစဥ္ထားတယ္ ဆိုတာေတြကို ေျပာခြင့္ေပးလိုက္ပါ။ ဒီလို ေျပာဆိုခြင့္ေပးလိုက္တာက စိတ္ကူးယဥ္ၿပီး အလုပ္ထဲ စိတ္မေရာက္တာနဲ႔ယွဥ္ရင္ ပိုေကာင္းပါတယ္။ အားလံုးကို စုၿပီး ဘာအစီအစဥ္ရွိလဲ တစ္ေယာက္ခ်င္း ေ၀မွ်ေျပာဆိုခိုင္းပါ။ သူတို႔ေခါင္းေဆာင္ျဖစ္က သူတို႔ကိုဂရုစိုက္တာကို ၀န္ထမ္းေတြက သေဘာက်ေလ့ရွိပါတယ္။ သူတို႔စိတ္ထဲရွိတာ ပြင့္ပြင့္လင္းလင္းေျပာလိုက္ရရင္ အလုပ္မွာလည္း အာ႐ုံစိုက္ႏိုင္မွာျဖစ္ပါတယ္။

5-watch

၂။ ေအာင္ျမင္မႈေတြ ေ၀မွ်ခံစားပါ။

ဒီလိုအခ်ိန္မ်ိဳးမွာ သင့္လုပ္ငန္းရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ေတြကို ဆြဲထုတ္ၿပီး ဘယ္ေလာက္ထိ ေအာင္ျမင္ၿပီးေျမာက္ခဲ့သလဲဆိုတာကို ဆန္းစစ္ၾကည့္ပါ။ တကယ္လို႔ ရည္မွန္းခ်က္ေတြ ခ်မွတ္ထားခဲ့တာမ်ိဳး မရွိရင္ တစ္ႏွစ္လုံးမွာ သင္တို႔အားလံုး ဘာေတြၿပီးေျမာက္ေအာင္ျမင္ခဲ့လဲဆိုတာကုိ စာရင္းလုပ္ၿပီး ခ်ျပပါ။ လူအမ်ားစုက လက္ရွိကိစၥေပၚမွာ အာ႐ုံေရာက္ေနခဲ့တဲ့အတြက္ တကယ္ေအာင္ျမင္ခဲ့တဲ့ကိစၥေတြကိုေတာ့ ေမ့ေနတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕၀န္ထမ္းေတြကိုလည္း သူတို႔စြမ္းေဆာင္ရည္ဘယ္ေလာက္ရွိခဲ့လဲဆိုတာ သိရွိၿပီး သူတို႔ဟာ အဖြဲ႕အစည္းအတြက္ အေရးပါသူေတြျဖစ္ေၾကာင္း သေဘာေပါက္လာေအာင္ လုပ္ေဆာင္သင့္ပါတယ္။ အားလံုးကို ေန႔လယ္စာ၀ယ္ေကၽြးတာ၊ ပါတီလုပ္ေပးတာတို႔ ဖန္တီးၿပီး အားလံုးအရည္အခ်င္းနဲ႔ေအာင္ျမင္ခဲ့တာကို ေျပာျပခ်ီးက်ဴးပါ။ ၀န္ထမ္းေတြအားလံုး အင္အားသစ္ေတြရရွိၿပီး အလုပ္မွာ ျပန္အာ႐ုံစိုက္ႏိုင္ၿပီး တက္ၾကြေနမွာျဖစ္ပါတယ္။

၃။ ရည္မွန္းခ်က္ပန္းတိုင္ေတြ ခ်မွတ္ပါ။

ပြင့္လင္းရာသီဟာ ရည္မွန္းခ်က္ပန္းတိုင္ေတြ ခ်မွတ္ဖို႔ အေကာင္းဆံုးအခ်ိန္ျဖစ္ပါတယ္။ ဒီအခ်ိန္မွာ ရာသီဥတု ၾကည္လင္ေနသလို လူေတြရဲ႕စိတ္ကလည္း ၾကည္လင္ေနတတ္တဲ့အတြက္ ရည္မွန္းခ်က္ပန္းတိုင္ေတြကို အာ႐ုံစိုက္ႏိုင္စြမ္းပိုရွိပါတယ္။ ဒါ့အျပင္ အားလပ္ရက္ေတြၿပီးရင္ ဘာေတြလုပ္ရမယ္ဆိုတဲ့ ဦးတည္ခ်က္ေတြကိုလည္း ရရွိသြားေစမွာျဖစ္ပါတယ္။


အပန်းဖြေအနားယူချင်စိတ်ကို ဖျောက်ဖျက်ပြီး လုပ်ငန်းခွင်မှာတက်ကြွမှုရှိစေဖို့

ပွင့်လင်းရာသီရောက်လာပြီဆိုတာနဲ့ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေလည်း များလာပြီဖြစ်ပါတယ်။ ဒီလို အချိန်အခါမျိုးမှာ ဝန်ထမ်းတွေရဲ့စိတ်ထဲမှာ အပန်းဖြေခရီးထွက်ပြီး အနားယူချင်စိတ်တွေ ပေါ်လာတတ်ပါတယ်။ အပန်းဖြေအနားယူချင်စိတ်တွေ ဖြစ်ပေါ်လာနေတဲ့အတွက် အလုပ်မှာ အာရုံမစိုက်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဒီအတွက် ခေါင်းဆောင်တစ်ဦးအနေနဲ့ ဝန်ထမ်းတွေရဲ့ ခရီးသွားချင်စိတ်ကိုအနိုင်ယူပြီး အလုပ်မှာ တက်ကြွနေကြစေမယ့် နည်းလမ်း(၃)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ အပန်းဖြေခရီးထွက်အနားယူချင်စိတ်ကို အသိအမှတ်ပြုပါ။
ဝန်ထမ်းတွေရဲ့ အပန်းဖြေချင်စိတ်ကို နားလည်ပေးပါ။ ရုံးပိတ်ရက်တွေမှာ ဘာတွေလုပ်ဖို့စီစဉ်ထားတယ် ဆိုတာတွေကို ပြောခွင့်ပေးလိုက်ပါ။ ဒီလို ပြောဆိုခွင့်ပေးလိုက်တာက စိတ်ကူးယဉ်ပြီး အလုပ်ထဲ စိတ်မရောက်တာနဲ့ယှဉ်ရင် ပိုကောင်းပါတယ်။ အားလုံးကို စုပြီး ဘာအစီအစဉ်ရှိလဲ တစ်ယောက်ချင်း ဝေမျှပြောဆိုခိုင်းပါ။ သူတို့ခေါင်းဆောင်ဖြစ်က သူတို့ကိုဂရုစိုက်တာကို ဝန်ထမ်းတွေက သဘောကျလေ့ရှိပါတယ်။ သူတို့စိတ်ထဲရှိတာ ပွင့်ပွင့်လင်းလင်းပြောလိုက်ရရင် အလုပ်မှာလည်း အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။

၂။ အောင်မြင်မှုတွေ ဝေမျှခံစားပါ။
ဒီလိုအချိန်မျိုးမှာ သင့်လုပ်ငန်းရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ဆွဲထုတ်ပြီး ဘယ်လောက်ထိ အောင်မြင်ပြီးမြောက်ခဲ့သလဲဆိုတာကို ဆန်းစစ်ကြည့်ပါ။ တကယ်လို့ ရည်မှန်းချက်တွေ ချမှတ်ထားခဲ့တာမျိုး မရှိရင် တစ်နှစ်လုံးမှာ သင်တို့အားလုံး ဘာတွေပြီးမြောက်အောင်မြင်ခဲ့လဲဆိုတာကို စာရင်းလုပ်ပြီး ချပြပါ။ လူအများစုက လက်ရှိကိစ္စပေါ်မှာ အာရုံရောက်နေခဲ့တဲ့အတွက် တကယ်အောင်မြင်ခဲ့တဲ့ကိစ္စတွေကိုတော့ မေ့နေတတ်ကြပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ဝန်ထမ်းတွေကိုလည်း သူတို့စွမ်းဆောင်ရည်ဘယ်လောက်ရှိခဲ့လဲဆိုတာ သိရှိပြီး သူတို့ဟာ အဖွဲ့အစည်းအတွက် အရေးပါသူတွေဖြစ်ကြောင်း သဘောပေါက်လာအောင် လုပ်ဆောင်သင့်ပါတယ်။ အားလုံးကို နေ့လယ်စာဝယ်ကျွေးတာ၊ ပါတီလုပ်ပေးတာတို့ ဖန်တီးပြီး အားလုံးအရည်အချင်းနဲ့အောင်မြင်ခဲ့တာကို ပြောပြချီးကျူးပါ။ ဝန်ထမ်းတွေအားလုံး အင်အားသစ်တွေရရှိပြီး အလုပ်မှာ ပြန်အာရုံစိုက်နိုင်ပြီး တက်ကြွနေမှာဖြစ်ပါတယ်။

၃။ ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ပါ။
ပွင့်လင်းရာသီဟာ ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ရာသီဥတု ကြည်လင်နေသလို လူတွေရဲ့စိတ်ကလည်း ကြည်လင်နေတတ်တဲ့အတွက် ရည်မှန်းချက်ပန်းတိုင်တွေကို အာရုံစိုက်နိုင်စွမ်းပိုရှိပါတယ်။ ဒါ့အပြင် အားလပ်ရက်တွေပြီးရင် ဘာတွေလုပ်ရမယ်ဆိုတဲ့ ဦးတည်ချက်တွေကိုလည်း ရရှိသွားစေမှာဖြစ်ပါတယ်။