အတိုင်ပင်ခံဆရာတစ်ယောက်နဲ့ လက်တွဲနိုင်ဖို့ နည်းလမ်းများ
အတိုင္ပင္ခံဆရာတစ္ေယာက္နဲ႔ လက္တြဲႏိုင္ဖို႔ နည္းလမ္းမ်ား
လူမႈေရး၊ စီးပြားေရး၊ ပညာေရး၊ စတဲ့ ဘယ္နယ္ပယ္မွာပဲျဖစ္ျဖစ္ အၾကံျပဳ လမ္းညႊန္ဆံုးမေပးႏိုင္မယ့္ ဆရာေကာင္းသမားေကာင္းရွိဖို႔ လိုအပ္ပါတယ္။ အတိုင္ပင္ခံ ဆရာေကာင္းတစ္ေယာက္ရွိထားျခင္းက အခက္အခဲေတြနဲ႔ ရင္ဆိုင္ရတဲ့အခါမွာပဲျဖစ္ျဖစ္၊ ေျခလွမ္းသစ္ေတြ စတင္ရာမွာပဲျဖစ္ျဖစ္ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ေတြခ်ႏိုင္ဖို႔ အေထာက္အကူျဖစ္ေစပါတယ္။ ဒီေတာ့ ဆရာေကာင္းတစ္ေယာက္ကို ဘယ္လိုရွာရမလဲ ? ဆရာေကာင္းတစ္ေယာက္ကို ရွာေဖြဆည္းကပ္ႏိုင္ဖို႔အတြက္ နည္းလမ္း (၅)ခုကို ေဖာ္ျပလိုက္ပါတယ္။
၁။ သင့္ရဲ႕ရည္မွန္းခ်က္ကို အျပည့္အ၀နားလည္ထားပါ။
သင့္ရဲ႕ ရည္မွန္းခ်က္ေတြကို သင္ကိုယ္တိုင္က အျပည့္အ၀နားလည္ထားဖို႔ လိုအပ္ပါတယ္။ ဒါမွသာ သင့္ကို လမ္းညႊန္ေပးမယ့္ ဆရာသမားက မွန္ကန္တဲ့ နည္းစနစ္ေတြ၊ အၾကံဉာဏ္ေတြကို ေပးႏိုင္မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ကိုယ္သင္ ေမးခြန္းတစ္ခ်ိဳ႕ေမးၾကည့္ပါ။ ငါ ဘာေတြ ေလ့လာသင္ယူခ်င္တာလဲ၊ ငါဘယ္ေနရာမွာ စိတ္အားတက္ၾကြဖို႔ လိုေနလဲ၊ စသျဖင့္ ဆင္ျခင္သံုးသပ္ပါ။ သင့္မွာ လိုအပ္ေနတာကို ပိုသိလာၿပီဆိုရင္ ျဖည့္ဆည္းေပးႏိုင္မယ့္သူကို ရွာေတြ႕ဖို႔ ပိုနီးစပ္လာမွာျဖစ္ပါတယ္။
၂။ သင့္ရဲ႕လူမႈအသိုင္းအ၀ိုင္းအတြင္းကို ေသခ်ာဆန္းစစ္ပါ။
သင့္အေနနဲ႔ အမွန္တကယ္ေလးစားသမႈရွိၿပီး အျမင္ခ်င္းတူညီတဲ့ လူေတြကို အာ႐ုံစိုက္ေလ့လာပါ။ လူခ်င္း အရမ္း ရင္းႏွီးဖို႔ အေရးမႀကီးပါဘူး။ အေတာ္အသင့္သိကၽြမ္းထားဖို႔ပဲ လိုအပ္တာပါ။ သင့္လုပ္ငန္းနဲ႔ မတူညီတဲ့ နယ္ပယ္က တစ္ေယာက္ေယာက္ကိုလည္း အတိုင္ပင္ခံအျဖစ္သတ္မွတ္ထားႏိုင္ပါတယ္။ တစ္ခါတစ္ေလမွာ သက္ဆိုင္ရာလုပ္ငန္းနယ္ပယ္အျပင္ဖက္မွာ ရွိသူေတြက အဖိုးတန္တဲ့ အျမင္ေတြရွိေနတတ္တာေၾကာင့္ ျဖစ္ပါတယ္။
၃။ သာမန္ဆက္ဆံေရးပဲ တည္ေဆာက္ပါ။
အတိုင္ပင္ခံဆရာတစ္ေယာက္ကို အလုပ္ခ်ိန္သတ္မွတ္ၿပီး ခန္႔အပ္ထားတာမ်ိဳးမလုပ္သင့္ပါဘူး။ သူတို႔မွာလည္း သီးျခားလုပ္စရာေတြရွိေနတတ္တာေၾကာင့္ သူတို႔ကိုယ္တိုင္ကလည္း ရာထူးတစ္ခုယူၿပီး သင့္ကိုကူညီေပးဖို႔ အခ်ိန္မေပးခ်င္တတ္ၾကပါဘူး။ ဒါ့ေၾကာင့္ သူတို႔ရဲ႕အခ်ိန္ကိုေလးစားတတ္ဖို႔လည္း လိုအပ္ပါတယ္။
၄။ အလိုက္သင့္ေျပာင္းလဲႏိုင္ပါေစ။
အတိုင္ပင္ခံဆရာတစ္ေယာက္နဲ႔ ေတြ႕ဆံုဖို႔ ဆက္သြယ္ဖို႔အတြက္ ႏွစ္ဖက္စလံုးအတြက္ အဆင္ေျပမယ့္ အခ်ိန္ေတြကိုပဲ သတ္မွတ္ပါ။ ႏွစ္ဦးႏွစ္ဖက္ဆက္ဆံေရးမွာ လိုအပ္သလို အေျပာင္းအလဲလုပ္ရမယ္ဆိုတာကိုလည္း နားလည္ထားပါ။ တကယ္ကို အသင့္ေတာ္ဆံုး အေကာင္းဆံုး ဆရာတစ္ေယာက္ကို ေတြ႕ၿပီဆိုရင္ေတာ့ ေရရွည္လက္တြဲထားရမွာျဖစ္ပါတယ္။ ပံုေသသတ္မွတ္ခ်က္မထားပဲ လိုအပ္သလို အတိုင္ပင္ခံဆရာေျပာင္းလဲၿပီး အၾကံဉာဏ္ယူတတ္မယ္ဆိုရင္ ပိုၿပီးအက်ိဳးသက္ေရာက္မႈရွိမွာ ျဖစ္ပါတယ္။
၅။ ပံုမွန္ေတြ႕ဆံုပါ။
ႏွစ္ဦးစလံုးအတြက္ ၀န္ထုပ္၀န္ပိုးမျဖစ္ဖို႔ေတာ့လိုပါတယ္။ သက္ေတာင့္သက္သာနဲ႔ အဆင္ေျပေျပေတြ႕ဆံုႏိုင္ဖို႔ စီစဥ္ပါ။ အခ်ိန္ကိုေလးစားတဲ့အေနနဲ႔ ေတြ႕ဆံုခ်ိန္ကိုလည္း လိုအပ္သေလာက္ပဲ သတ္မွတ္ပါ။ အရမ္းႀကီး ၾကာမေနပါေစနဲ႔။ ဆရာေကာင္းသမားေကာင္းေတြက သင့္ကို ယုံၾကည္မႈရွိမွ သင့္ကိစၥေတြကို စိတ္၀င္တစား အၾကံေပးမွာျဖစ္ပါတယ္။ သူတို႔ရဲ႕အၾကံျပဳခ်က္ေတြက သင့္အတြက္ ဘယ္ေလာက္ထိအက်ိဳးရွိေစလဲဆိုတာကို ေျပာျပေပးပါ။
သင့္အေနနဲ႔ ထူးခၽြန္ထက္ျမက္ၿပီး လႈံ႔ေဆာ္ေပးႏိုင္တဲ့ ပုဂၢိဳဟ္ေတြကို အတိုင္ပင္ခံဆရာသမားေတြအျဖစ္ ဆက္ဆံေရးတည္ေဆာက္ႏိုင္ၿပီဆိုရင္ သင့္ရဲ႕ေအာင္ျမင္တိုးတက္မႈေတြလည္း ျမင့္မားလာမွာျဖစ္ပါတယ္။
အတိုင်ပင်ခံဆရာတစ်ယောက်နဲ့ လက်တွဲနိုင်ဖို့ နည်းလမ်းများ
လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ စတဲ့ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အကြံပြု လမ်းညွှန်ဆုံးမပေးနိုင်မယ့် ဆရာကောင်းသမားကောင်းရှိဖို့ လိုအပ်ပါတယ်။ အတိုင်ပင်ခံ ဆရာကောင်းတစ်ယောက်ရှိထားခြင်းက အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာပဲဖြစ်ဖြစ်၊ ခြေလှမ်းသစ်တွေ စတင်ရာမှာပဲဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒီတော့ ဆရာကောင်းတစ်ယောက်ကို ဘယ်လိုရှာရမလဲ ? ဆရာကောင်းတစ်ယောက်ကို ရှာဖွေဆည်းကပ်နိုင်ဖို့အတွက် နည်းလမ်း (၅)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ သင့်ရဲ့ရည်မှန်းချက်ကို အပြည့်အဝနားလည်ထားပါ။
သင့်ရဲ့ ရည်မှန်းချက်တွေကို သင်ကိုယ်တိုင်က အပြည့်အဝနားလည်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ သင့်ကို လမ်းညွှန်ပေးမယ့် ဆရာသမားက မှန်ကန်တဲ့ နည်းစနစ်တွေ၊ အကြံဉာဏ်တွေကို ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကိုယ်သင် မေးခွန်းတစ်ချို့မေးကြည့်ပါ။ ငါ ဘာတွေ လေ့လာသင်ယူချင်တာလဲ၊ ငါဘယ်နေရာမှာ စိတ်အားတက်ကြွဖို့ လိုနေလဲ၊ စသဖြင့် ဆင်ခြင်သုံးသပ်ပါ။ သင့်မှာ လိုအပ်နေတာကို ပိုသိလာပြီဆိုရင် ဖြည့်ဆည်းပေးနိုင်မယ့်သူကို ရှာတွေ့ဖို့ ပိုနီးစပ်လာမှာဖြစ်ပါတယ်။
၂။ သင့်ရဲ့လူမှုအသိုင်းအဝိုင်းအတွင်းကို သေချာဆန်းစစ်ပါ။
သင့်အနေနဲ့ အမှန်တကယ်လေးစားသမှုရှိပြီး အမြင်ချင်းတူညီတဲ့ လူတွေကို အာရုံစိုက်လေ့လာပါ။ လူချင်း အရမ်း ရင်းနှီးဖို့ အရေးမကြီးပါဘူး။ အတော်အသင့်သိကျွမ်းထားဖို့ပဲ လိုအပ်တာပါ။ သင့်လုပ်ငန်းနဲ့ မတူညီတဲ့ နယ်ပယ်က တစ်ယောက်ယောက်ကိုလည်း အတိုင်ပင်ခံအဖြစ်သတ်မှတ်ထားနိုင်ပါတယ်။ တစ်ခါတစ်လေမှာ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အပြင်ဖက်မှာ ရှိသူတွေက အဖိုးတန်တဲ့ အမြင်တွေရှိနေတတ်တာကြောင့် ဖြစ်ပါတယ်။
၃။ သာမန်ဆက်ဆံရေးပဲ တည်ဆောက်ပါ။
အတိုင်ပင်ခံဆရာတစ်ယောက်ကို အလုပ်ချိန်သတ်မှတ်ပြီး ခန့်အပ်ထားတာမျိုးမလုပ်သင့်ပါဘူး။ သူတို့မှာလည်း သီးခြားလုပ်စရာတွေရှိနေတတ်တာကြောင့် သူတို့ကိုယ်တိုင်ကလည်း ရာထူးတစ်ခုယူပြီး သင့်ကိုကူညီပေးဖို့ အချိန်မပေးချင်တတ်ကြပါဘူး။ ဒါ့ကြောင့် သူတို့ရဲ့အချိန်ကိုလေးစားတတ်ဖို့လည်း လိုအပ်ပါတယ်။
၄။ အလိုက်သင့်ပြောင်းလဲနိုင်ပါစေ။
အတိုင်ပင်ခံဆရာတစ်ယောက်နဲ့ တွေ့ဆုံဖို့ ဆက်သွယ်ဖို့အတွက် နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့် အချိန်တွေကိုပဲ သတ်မှတ်ပါ။ နှစ်ဦးနှစ်ဖက်ဆက်ဆံရေးမှာ လိုအပ်သလို အပြောင်းအလဲလုပ်ရမယ်ဆိုတာကိုလည်း နားလည်ထားပါ။ တကယ်ကို အသင့်တော်ဆုံး အကောင်းဆုံး ဆရာတစ်ယောက်ကို တွေ့ပြီဆိုရင်တော့ ရေရှည်လက်တွဲထားရမှာဖြစ်ပါတယ်။ ပုံသေသတ်မှတ်ချက်မထားပဲ လိုအပ်သလို အတိုင်ပင်ခံဆရာပြောင်းလဲပြီး အကြံဉာဏ်ယူတတ်မယ်ဆိုရင် ပိုပြီးအကျိုးသက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။
၅။ ပုံမှန်တွေ့ဆုံပါ။
နှစ်ဦးစလုံးအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့တော့လိုပါတယ်။ သက်တောင့်သက်သာနဲ့ အဆင်ပြေပြေတွေ့ဆုံနိုင်ဖို့ စီစဉ်ပါ။ အချိန်ကိုလေးစားတဲ့အနေနဲ့ တွေ့ဆုံချိန်ကိုလည်း လိုအပ်သလောက်ပဲ သတ်မှတ်ပါ။ အရမ်းကြီး ကြာမနေပါစေနဲ့။ ဆရာကောင်းသမားကောင်းတွေက သင့်ကို ယုံကြည်မှုရှိမှ သင့်ကိစ္စတွေကို စိတ်ဝင်တစား အကြံပေးမှာဖြစ်ပါတယ်။ သူတို့ရဲ့အကြံပြုချက်တွေက သင့်အတွက် ဘယ်လောက်ထိအကျိုးရှိစေလဲဆိုတာကို ပြောပြပေးပါ။
သင့်အနေနဲ့ ထူးချွန်ထက်မြက်ပြီး လှုံ့ဆော်ပေးနိုင်တဲ့ ပုဂ္ဂိုဟ်တွေကို အတိုင်ပင်ခံဆရာသမားတွေအဖြစ် ဆက်ဆံရေးတည်ဆောက်နိုင်ပြီဆိုရင် သင့်ရဲ့အောင်မြင်တိုးတက်မှုတွေလည်း မြင့်မားလာမှာဖြစ်ပါတယ်။