စိတ္ဖိစီးမႈကို ေျဖ႐ွင္းဖို႔ နည္းလမ္း (၉) ခု

စိတ်ဖိစီးမှုကို ဖြေရှင်းဖို့ နည်းလမ်း (၉) ခု

စိတ္ဖိစီးမႈဟာ အလုပ္ၿပီးေျမာက္ႏိုင္စြမ္းနဲ႔ လုပ္ငန္းခြင္အတြင္းေအာင္ျမင္မႈအတြက္ အဟန္႔အတားတစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္ဖိစီးမႈကို ေလ်ာ့ပါးသက္သာေအာင္ စီမံခန္႔ခြဲနိုင္ဖို႔ အေရးႀကီးပါတယ္။ စိတ္ဖိစီးမႈကို အေကာင္းဆုံးစီမံခန္႔ခြဲၿပီးေအာင္ျမင္မႈေတြ ရရွိေစဖို႔ ေအာင္ျမင္ေနသူေတြရဲ႕ နည္းလမ္းအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ျပႆနာေတြကို ႐ႈေထာင့္ေျပာင္းၾကည့္ပါ။

စိတ္ဖိစီးမႈေတြမ်ားလာၿပီဆိုတာနဲ႔ အဆိုးျမင္လာၿပီး ကန္႔လန္႔တိုက္ခ်င္စိတ္ေတြ ပိုမ်ားလာတတ္ပါတယ္။ စိတ္ဓာတ္ၾကံ႕ခိုင္သူေတြကေတာ့ စိတ္ဖိစီးစရာ အေျခအေနေတြျဖစ္ေပၚလာတာကို နားလည္ၾကၿပီး မေကာင္းတ့ဲအေတြးေတြ လႊမ္းမိုးႀကီးစိုးမလာေအာင္ ထိန္းခ်ဳပ္တတ္ၾကပါတယ္။ သူတို႔က ျပႆနာကို အဆင္ေျပေစႏိုင္မယ့္ အျခား႐ႈေထာင့္တစ္ခုကေန ေျပာင္္းၾကည့္ၿပီး စိတ္ဖိစီးမႈမ်ားမလာေအာင္ စီမံတတ္ၾကပါတယ္။

၂။ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိပါ။

မိမိကိုယ္ကိုု အျပည့္အ၀ယုံၾကည္မႈရွိတာက စိတ္ဓာတ္ၾကံ႕ခိုင္သူေတြရဲ႕ လကၡဏာတစ္ခုျဖစ္ၿပီး စိတ္ဖိစီးမႈကို ေလ်ာ့ပါးေစဖို႔ အေထာက္အကူျဖစ္ေစပါတယ္။ ယုံၾကည္မႈရွိသူေတြက မလုပ္ႏိုင္ဘူးဆိုတာထက္ ဘာပဲျဖစ္ျဖစ္ ျဖစ္ေအာင္လုပ္မယ္ဆိုတာကိုပဲ ေျပာေလ့ရွိပါတယ္။

၃။ ထိန္းခ်ဳပ္ႏိုင္တဲ႔အရာကိုပဲ အာ႐ံုစိုက္ပါ။

တခ်ိဳ႕အေရးကိစၥေတြက ထိန္းခ်ဳပ္လို႔မရႏိုင္ပါဘူး။ ဒီလိုထိန္းခ်ဳပ္လို႔မရတာကပဲ လူအမ်ားစုအတြက္ စိတ္ဖိစီးမႈေတြျဖစ္လာေစပါတယ္။ စိတ္ဓာတ္ၾကံ႕ခိုင္သူေတြကေတာ့ သူတို႔ရဲ႕တာ၀န္၀တၱရားကို သိရွိနားလည္ထားၿပီး ျပႆနာကို နည္းလမ္းတက်ေျဖရွင္းတတ္ၾကပါတယ္။ ဒါေပမယ့္ သူတို႔ ေျဖရွင္းလို႔မရႏိုင္တ့ဲကိစၥေတြအတြက္ ခြန္အားနဲ႔ အခ်ိန္ကို ျပဳန္းတီးခံေလ့မရွိပါဘူး။

၄။ စိတ္ဖိစီးမႈျဖစ္ေစတ့ဲအေၾကာင္းကို သတိျပဳပါ။

စိတ္ဖိစီးမႈျဖစ္ေစတ့ဲအေၾကာင္းရင္းေတြြကို ေဖာ္ထုတ္သိရွိထားတာက စိတ္ဖိစီမႈကို ကိုင္တြယ္ေျဖရွင္းရာမွာ အဓိကေသာ့ခ်က္တစ္ခုျဖစ္ပါတယ္။ စိတ္ဓာတ္ၾကံ႕ခိုင္သူေတြက သူတို႔ကို စိတ္ဖိစီးေစႏိုင္ဆ့ဲအေၾကာင္းရင္းေတြကို သိရွိထားၿပီး လိုအပ္တ့ဲ လႈပ္ရွားမႈေတြ ဘ၀ေနထိုင္မႈနည္းလမ္းေတြနဲ႔ စိတ္ဖိစီးမႈကို ထိထိေရာက္ေရာက္ ထိန္းခ်ုဳပ္ႏိုင္ၾကပါတယ္။

၅။ တာ၀န္ကန္႔သတ္မႈေတြ ထားရွိပါ။

စိတ္ဓာတ္ၾကံ႕ခိုင္သူေတြဟာ ကိုယ္နဲ႔မဆိုင္တ့ဲကိစၥေတြအတြက္ ကိုယ္ေရာစိတ္ပါ နစ္ေမ်ာခံစားေနေလ့မရွိပါဘူး။ ကိုယ့္လုပ္ေဆာင္ခ်က္အတြက္ လိုအပ္တ့ဲတာ၀န္ယူမႈေတြကို ကန္႔သတ္ထားရွိတတ္ၾကပါတယ္။ လိုအပ္တ့ဲအခ်ိန္မွာ ေျပာစရာရွိတာကို ေျပာတတ္ၾကၿပီး အခုပ္ၿပီးေျမာက္ဖို႔အတြက္ တာ၀န္ယူတတ္ၾကပါတယ္။

၆။ အေကာင္းျမင္သူေတြနဲ႔ အခ်ိန္ကုန္ဆုံးပါ။

စိတ္ဖိစီးမႈကို ေျဖရွင္းရာမွာ လူမႈ၀န္းက်င္ရဲ႕ အားေပးကူညီမႈကလည္း အေရးႀကီးပါတယ္။ စိတ္ဓာတ္ၾကံ႕ခိုင္သူေတြကေတာ့ အျပဳသေဘာေဆာင္ၿပီး အေကာင္းျမင္စိတ္မ်ားသူေတြကကိုပဲ ႐ွာေဖြေပါင္းသင္းေလ့ရွိပါတယ္။ ပတ္၀န္းက်င္မွာ အဆိုးျမင္သမားေတြနဲ႔ ၀န္းရံထားမယ္ဆိုရင္ အလားအလာေတြက ဘယ္လိုနည္းနဲ႔မွ ေကာင္းလာမွာမဟုတ္ပါဘူး။

၇။ အလုပ္ေတြကို ဦးစားေပးအဆင့္သတ္မွတ္လုပ္ေဆာင္ပါ။

အခ်ိန္က အဖိုးတန္ဆုံး ရင္းျမစ္တစ္ခုျဖစ္တယ္ဆိုတာကို နားလည္ထားရမွာ ျဖစ္ပါတယ္။ စိတ္ဓာတ္ခြန္အားရွိသူေတြက သူတို႔ကို အာ႐ံုမ်ားေစႏိုင္တဲ့ အေၾကာင္းကိစၥေတြကို ရွင္းထုတ္ပစ္လိုက္ဖို႔ ေႏွာင့္ေႏွးေနေလ့မရွိပါဘူး။ အေရးတႀကီးလုပ္စရာရွိဆာေတြကို အၿပီးသတ္ႏိုင္ဖို႔အတြက္ ဦးစားေပးအဆင့္ေတြ စနစ္တက်သတ္မွတ္ လုပ္ေဆာင္တတ္ၾကပါတယ္။

၈။ ေပ်ာ္ရႊင္ၾကည္ႏုူးစရာေတြအတြက္ အခ်ိန္ေပးပါ။

အားလပ္ခ်ိန္မွာ စိတ္ေပ်ာ္ရႊင္စရာကိစၥေတြ လုပ္ေဆာင္တာကလည္း စိတ္ဖိစီးမႈကို ေျဖရွင္းဖို႔ နည္းလမ္းေကာင္းတစ္ခုျဖစ္ပါတယ္။ မိသားစုနဲ႔ အခ်ိန္ျဖဳန္းတာပဲ ျဖစ္ျဖစ္၊ ၀ါသနာပါတာတစ္ခုခု လုပ္တာပဲျဖစ္ျဖစ္ စ္တ္ေပ်ာ္ရႊင္ေစမယ့္ အရာတိုင္းက သင့္စိတ္ကိုေျပေလ်ာ့ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အလုပ္ဘယ္ေလာက္မ်ားမ်ား အပန္းေျဖအနားယူဖို႔ အခ်ိန္ေပးရမွာ ျဖစ္ပါတယ္။

၉။ မွန္ကန္တ့ဲနည္းလမ္းကို ေရြးခ်ယ္ပါ။

စိတ္ဖိစီးမႈေတြနဲ႔ ရင္ဆိုင္ရတ့ဲ အခါမွာ ရင္ဆိုင္ေျဖရွင္းဖို႔ နည္းလမ္းေတြရွိပါတယ္။ အရက္ေသာက္တာ၊ အစားေတြပိုစားတာတို႔ နည္းလမ္းမွန္မဟုတ္ပါဘူး။ တရားထိုင္တာ၊ လမ္းေလွ်ာက္တာ စသျဖင့္ က်န္မာေရးနဲ႔ညီညြတ္တဲ့နည္းလမ္းေတြကိုပဲ လုပ္ေဆာင္သင့္ပါတယ္။ သင့္တင္မွ်တတ့ဲ စားေသာက္မႈ၊ ကိုယ္လက္လႈပ္ရွားမႈေတြက ကိုယ္ေရာစိတ္ပါ က်န္ူမာၾကံ႕ခိုင္ေစၿပီး စိတ္ဖိစီးမႈကို နည္းပါးေစမွာ ျဖစ္ပါတယ္။


စိတ်ဖိစီးမှုကို ဖြေရှင်းဖို့ နည်းလမ်း (၉) ခု

စိတ်ဖိစီးမှုဟာ အလုပ်ပြီးမြောက်နိုင်စွမ်းနဲ့ လုပ်ငန်းခွင်အတွင်းအောင်မြင်မှုအတွက် အဟန့်အတားတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို လျော့ပါးသက်သာအောင် စီမံခန့်ခွဲနိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ဖိစီးမှုကို အကောင်းဆုံးစီမံခန့်ခွဲပြီးအောင်မြင်မှုတွေ ရရှိစေဖို့ အောင်မြင်နေသူတွေရဲ့ နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပြဿနာတွေကို ရှုထောင့်ပြောင်းကြည့်ပါ။
စိတ်ဖိစီးမှုတွေများလာပြီဆိုတာနဲ့ အဆိုးမြင်လာပြီး ကန့်လန့်တိုက်ချင်စိတ်တွေ ပိုများလာတတ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်သူတွေကတော့ စိတ်ဖိစီးစရာ အခြေအနေတွေဖြစ်ပေါ်လာတာကို နားလည်ကြပြီး မကောင်းတဲ့အတွေးတွေ လွှမ်းမိုးကြီးစိုးမလာအောင် ထိန်းချုပ်တတ်ကြပါတယ်။ သူတို့က ပြဿနာကို အဆင်ပြေစေနိုင်မယ့် အခြားရှုထောင့်တစ်ခုကနေ ပြောင်းကြည့်ပြီး စိတ်ဖိစီးမှုများမလာအောင် စီမံတတ်ကြပါတယ်။

၂။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။
မိမိကိုယ်ကို အပြည့်အဝယုံကြည်မှုရှိတာက စိတ်ဓာတ်ကြံ့ခိုင်သူတွေရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး စိတ်ဖိစီးမှုကို လျော့ပါးစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ယုံကြည်မှုရှိသူတွေက မလုပ်နိုင်ဘူးဆိုတာထက် ဘာပဲဖြစ်ဖြစ် ဖြစ်အောင်လုပ်မယ်ဆိုတာကိုပဲ ပြောလေ့ရှိပါတယ်။

၃။ ထိန်းချုပ်နိုင်တဲ့အရာကိုပဲ အာရုံစိုက်ပါ။
တချို့အရေးကိစ္စတွေက ထိန်းချုပ်လို့မရနိုင်ပါဘူး။ ဒီလိုထိန်းချုပ်လို့မရတာကပဲ လူအများစုအတွက် စိတ်ဖိစီးမှုတွေဖြစ်လာစေပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်သူတွေကတော့ သူတို့ရဲ့တာဝန်ဝတ္တရားကို သိရှိနားလည်ထားပြီး ပြဿနာကို နည်းလမ်းတကျဖြေရှင်းတတ်ကြပါတယ်။ ဒါပေမယ့် သူတို့ ဖြေရှင်းလို့မရနိုင်တဲ့ကိစ္စတွေအတွက် ခွန်အားနဲ့ အချိန်ကို ပြုန်းတီးခံလေ့မရှိပါဘူး။

၄။ စိတ်ဖိစီးမှုဖြစ်စေတဲ့အကြောင်းကို သတိပြုပါ။
စိတ်ဖိစီးမှုဖြစ်စေတဲ့အကြောင်းရင်းတွေကို ဖော်ထုတ်သိရှိထားတာက စိတ်ဖိစီမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်သူတွေက သူတို့ကို စိတ်ဖိစီးစေနိုင်ဆဲ့အကြောင်းရင်းတွေကို သိရှိထားပြီး လိုအပ်တဲ့ လှုပ်ရှားမှုတွေ ဘ၀နေထိုင်မှုနည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ကြပါတယ်။

၅။ တာဝန်ကန့်သတ်မှုတွေ ထားရှိပါ။
စိတ်ဓာတ်ကြံ့ခိုင်သူတွေဟာ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေအတွက် ကိုယ်ရောစိတ်ပါ နစ်မျောခံစားနေလေ့မရှိပါဘူး။ ကိုယ့်လုပ်ဆောင်ချက်အတွက် လိုအပ်တဲ့တာဝန်ယူမှုတွေကို ကန့်သတ်ထားရှိတတ်ကြပါတယ်။ လိုအပ်တဲ့အချိန်မှာ ပြောစရာရှိတာကို ပြောတတ်ကြပြီး အခုပ်ပြီးမြောက်ဖို့အတွက် တာဝန်ယူတတ်ကြပါတယ်။

၆။ အကောင်းမြင်သူတွေနဲ့ အချိန်ကုန်ဆုံးပါ။
စိတ်ဖိစီးမှုကို ဖြေရှင်းရာမှာ လူမှုဝန်းကျင်ရဲ့ အားပေးကူညီမှုကလည်း အရေးကြီးပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်သူတွေကတော့ အပြုသဘောဆောင်ပြီး အကောင်းမြင်စိတ်များသူတွေကကိုပဲ ရှာဖွေပေါင်းသင်းလေ့ရှိပါတယ်။ ပတ်ဝန်းကျင်မှာ အဆိုးမြင်သမားတွေနဲ့ ဝန်းရံထားမယ်ဆိုရင် အလားအလာတွေက ဘယ်လိုနည်းနဲ့မှ ကောင်းလာမှာမဟုတ်ပါဘူး။

၇။ အလုပ်တွေကို ဦးစားပေးအဆင့်သတ်မှတ်လုပ်ဆောင်ပါ။
အချိန်က အဖိုးတန်ဆုံး ရင်းမြစ်တစ်ခုဖြစ်တယ်ဆိုတာကို နားလည်ထားရမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်ခွန်အားရှိသူတွေက သူတို့ကို အာရုံများစေနိုင်တဲ့ အကြောင်းကိစ္စတွေကို ရှင်းထုတ်ပစ်လိုက်ဖို့ နှောင့်နှေးနေလေ့မရှိပါဘူး။ အရေးတကြီးလုပ်စရာရှိဆာတွေကို အပြီးသတ်နိုင်ဖို့အတွက် ဦးစားပေးအဆင့်တွေ စနစ်တကျသတ်မှတ် လုပ်ဆောင်တတ်ကြပါတယ်။

၈။ ပျော်ရွှင်ကြည်နူးစရာတွေအတွက် အချိန်ပေးပါ။
အားလပ်ချိန်မှာ စိတ်ပျော်ရွှင်စရာကိစ္စတွေ လုပ်ဆောင်တာကလည်း စိတ်ဖိစီးမှုကို ဖြေရှင်းဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ မိသားစုနဲ့ အချိန်ဖြုန်းတာပဲ ဖြစ်ဖြစ်၊ ဝါသနာပါတာတစ်ခုခု လုပ်တာပဲဖြစ်ဖြစ် စ်တ်ပျော်ရွှင်စေမယ့် အရာတိုင်းက သင့်စိတ်ကိုပြေလျော့စေနိုင်ပါတယ်။ ဒါ့ကြောင့် အလုပ်ဘယ်လောက်များများ အပန်းဖြေအနားယူဖို့ အချိန်ပေးရမှာ ဖြစ်ပါတယ်။

၉။ မှန်ကန်တဲ့နည်းလမ်းကို ရွေးချယ်ပါ။
စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်းတွေရှိပါတယ်။ အရက်သောက်တာ၊ အစားတွေပိုစားတာတို့ နည်းလမ်းမှန်မဟုတ်ပါဘူး။ တရားထိုင်တာ၊ လမ်းလျှောက်တာ စသဖြင့် ကျန်မာရေးနဲ့ညီညွတ်တဲ့နည်းလမ်းတွေကိုပဲ လုပ်ဆောင်သင့်ပါတယ်။ သင့်တင်မျှတတဲ့ စားသောက်မှု၊ ကိုယ်လက်လှုပ်ရှားမှုတွေက ကိုယ်ရောစိတ်ပါ ကျန်ူမာကြံ့ခိုင်စေပြီး စိတ်ဖိစီးမှုကို နည်းပါးစေမှာ ဖြစ်ပါတယ်။

Related Posts

%%footer%%